အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်း၌ အောက်တိုဘာ ၁၉ ရက်က မင်္ဂလာပွဲ အခမ်း
အနား တစ်ခုသို့ သွားရောက်မည့် ခရီးသည် များကိုတင်ဆောင် လာသော မီနီ ဘတ်စကား
တစ်စီး မောင်းနှင် လာစဉ်
လမ်းဘေး ထောင်
ဗုံး ပေါက် ကွဲမှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး ၁၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း ဒေသခံ အာဏာ ပိုင်များက ပြောကြားခဲ့ သည်။
အဆိုပါ ဘတ်စကားသည် ကဘူးလ် မြို့တော် အနောက် မြောက်ပိုင်း ၄၅ဝ ကီလို မီတာ ခန့်ရှိဘတ်ပြည်နယ် မြောက်ပိုင်း၏ ဒေါ်လတ် အေဘတ် ဒေသ အတွင်းရှိ မင်္ဂလာပွဲ တစ်ခုသို့ ဧည့်သည်များ တင်ဆောင် လာစဉ် လမ်းဘေးဗုံး ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗုံးပေါက် ကွဲမှုသည် ဒေသ စံတော်ချိန် နံနက် ၆ နာရီခန့်က ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲ မှုကြောင့် အမျိုးသမီး ၇ ဦးနှင့် ကလေး ၆ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ကင်းလှည့် လုံခြုံရေး ရဲတပ်ဖွဲ့ ခေါင်း ဆောင် ဘစ်မူ လတ်မူ စလင်ရာက ပြောကြား ခဲ့သည်။
ယခုနှစ် ၆လ အတွင်း သေဆုံးသူ ၇၇ ရာခိုင်နှုန်းသည် သောင်းကျန်း သူများ၏ လက် ချက် ဖြစ်ကြောင်း သိရ သည်။
-မြ၀တီ

No comments:
Post a Comment