လာမည့် ဇူလိုင် ၄ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထ အကြိမ် လွှတ်တော် ပုံမှန်
အစည်းအဝေး များတွင် နိုင်ငံတော် သမ္မတမှ အကြောင်းကြား လာပါက ဒုတိယ သမ္မတနေရာ
ပြန်လည်ရွေး ချယ်အ တည်ပြုမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။
“ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်ဖို့က ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ပြီးတော့ သူအနားယူဖို့အတွက်ကိုလည်း သမ္မတဆီကို အကြောင်းကြားပြီးသား။ ဒီတော့ သမ္မတကသာ လက်ခံပြီး အကြောင်း ကြားလာမယ်ဆိုရင် ခုကျင်းပမည့် လွှတ်တော်အစည်း အဝေးမှာ ဒုတိယသမ္မတတစ်ဦး ထပ်မံရွေးချယ်သွားမှာပါ”ပာု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။