menu

Sunday, 21 October 2012

မြေပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

Photo: မြေပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

မောင်ရမ္မာ

ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များနှင့်  ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် ရောက်ရှိနေသည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာ သို့ ပြောသည်။

“ အခုအခါမှာ မူဆလင်တွေနဲ့ ရခိုင်တွေကို သီးခြားခွဲခြားထားဖို့ ဆိုတာက မြေပုံမြို့ အတိုင်းအတာနဲ့ ပြောတာ ဖြစ်ပါတယ်။ အခု စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသဖြင့် ဒီဒေသတွေမှာ မူဆလင်တွေနဲ့ ရခိုင်တွေဟာ အခုအ ချိန်မှာ တတ်နိုင်သလောက် သီးသီး ခြားခြားနေကြပါတယ်။ ရခိုင်တွေနေတဲ့ နေရာကို မူဆလင်တွေ ၀င်မရသ လို မူဆလင်တွေနေတဲ့ နေရာတွေကိုလည်း ရခိုင်တွေကလည်း မသွားပါ။ ဒီလို သီးသီးခြားခြားနေကြတဲ့ အချိန် မှာ မြေပုံမြို့နယ်မှာ မူဆလင်နဲ့ ရခိုင် အတူတကွ နေကြတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိပါတယ်။ တနေ့နေ့မှာ ပြ ဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မူဆလင်နဲ့ ရခိုင်ကို သီးခြား ခွဲခြားထားဖို့အတွက် တောင်းဆို ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။”

ဆန္ဒပြပွဲတွင် ဘင်္ဂလီနှင့် ရခိုင်များကို သီးခြား ခွဲထားပေးရန်၊ မြေပုံမြို့အ တွင်း တခြားနေရာအသီးသီးက ရောက်ရှိနေကြသော မူဆလင်များကို မိမိနေ ထိုင်ရာနေရာများသို့ ပြန်ပို့ပေးရန်၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု အက်ဥပဒေ အတိုင်း ထောက်ခံပါကြောင်း၊  ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရခိုင်များနှင့် ဗုဒ္ဓ ဘာသာဝင်များကို မူဆလင်များက ၀င်ရောက်ဖျက်ဆီးမှုများကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေ့ဖြင့် တားမြစ် ပေးရန် အတွက် နိုင်ငံတော်အစိုးက ကူညီပေးရန်နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများကို စခန်းသွင်းပြီး တတိယနိုင်ငံသို့ ပို့ဆောင်မည်ဟု သမ္မတကြီး ကြေငြာချက်ကို ထောက်ခံကြောင်းတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မြို့ဦးဘုရားကနေပြီးစထွက်ပါတယ်။ အဲဒီကနေ တောင်းဆိုမူတွေ လုပ်သွားပါတယ်။ ငါးလုပ်ငန်းရုံးရှေ့ကပြန်ပတ်ပြီးတော့ မြို့ဦးဘုရား ကို ပြန် ပတ်လာကြပါတယ်။ မြို့တပတ် ပတ်ကြပါတယ်။ လူကတော့ခါ ၂၀၀၀ ကျော် ၃၀၀၀ ခန့်ရှိပါတယ်။ အစ တုန်းက နယ်ကလူတွေပါ ပါဝင်ဖို့လို့ ခန်းမှန်း ထားပေမယ့် နယ်ကလူတွေက မရောက်ကြပါဘူး။ မြို့တပတ် လှည့် လည်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်” ဟု ဆန္ဒဖေါ်ထုတ်ပွဲကို အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့်  ကိုမောင်မောင်က နိရဉ္စရာ သို့ ပြောသည်။

ယခုကဲ့သို့  အခြေအနေများသည် မြေပုံတမြို့တည်းသာမဟုတ်ဘဲ တခြားမြို့နယ်များတွင်လည်း ဖြစ်နေသည့်အ တွက် ယခုအချိန်မှာ သီးခြားစီ ခွဲခြားထားသင့်သည်ဟု ဦးဖေသန်းက ပြောသည်။

“ အခု ဖြစ်နေတာက တမြို့တည်းမဟုတ်။ မြို့တိုင်းမြို့တိုင်းမှာ ဖြစ်နေပါတယ်။ စစ်တွေမှာဆိုရင် အင်ဘာလာ ရပ် ကွက်မှာ ဖြစ်နေပါတယ်။ ဒီအချိန်ကာလမှာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက တဖြည်းဖြည်း လုပ်ယူ သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ခါ အုပ်စုနှစ်စုဟာ မျက်နှာချင်းဆိုင် မဆိုင်ဘဲနဲ့ ခွဲခြား ထားနိုင်ရင် လောလော ဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်မှာဖြစ်ပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်ဒေသရဲ့ ဥပဒေ လွှမ်းမိုးလာတဲ့အချိန်၊ တဦးနဲ့တဦး အချင်းချင်း နာလည်လာတဲ့အချိန်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ယုံ ကြည် ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ခွဲခြားထားတာဟာ အသင့် တော်ဆုံး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့တို့တွင်လည်း OIC ကို ကန့်ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင်ပိုစတာများကိုင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။
 
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။

မူရင်းသတင်း----Narinjara
Post By :  အေးချမ်းမွန်
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။
ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာ မြို့ထဲရှိ မွတ်ဆလင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒပြ
ခဲ့ကြသည်ဟု သိရသည်။

၎င်းဆန္ဒဖေါ်ထုတ်ပွဲကို ရဟန်းတော်များနှင့် ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြုလုပ် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့် ပတ်သက်ပြီး နေပြည်တော်တွင် ရောက်ရှိနေသည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာ သို့ ပြောသည်။

“ အခုအခါမှာ မူဆလင်တွေနဲ့ ရခိုင်တွေကို သီးခြားခွဲခြားထားဖို့ ဆိုတာက မြေပုံမြို့ အတိုင်းအတာနဲ့ ပြောတာ ဖြစ်ပါတယ်။ အခု စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသဖြင့် ဒီဒေသတွေမှာ မူဆလင်တွေနဲ့ ရခိုင်တွေဟာ အခုအ ချိန်မှာ တတ်နိုင်သလောက် သီးသီး ခြားခြားနေကြပါတယ်။ ရခိုင်တွေနေတဲ့ နေရာကို မူဆလင်တွေ ၀င်မရသ လို မူဆလင်တွေနေတဲ့ နေရာတွေကိုလည်း ရခိုင်တွေကလည်း မသွားပါ။ ဒီလို သီးသီးခြားခြားနေကြတဲ့ အချိန် မှာ မြေပုံမြို့နယ်မှာ မူဆလင်နဲ့ ရခိုင် အတူတကွ နေကြတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိပါတယ်။ တနေ့နေ့မှာ ပြ ဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မူဆလင်နဲ့ ရခိုင်ကို သီးခြား ခွဲခြားထားဖို့အတွက် တောင်းဆို ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။”

ဆန္ဒပြပွဲတွင် ဘင်္ဂလီနှင့် ရခိုင်များကို သီးခြား ခွဲထားပေးရန်၊ မြေပုံမြို့အ တွင်း တခြားနေရာအသီးသီးက ရောက်ရှိနေကြသော မူဆလင်များကို မိမိနေ ထိုင်ရာနေရာများသို့ ပြန်ပို့ပေးရန်၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု အက်ဥပဒေ အတိုင်း ထောက်ခံပါကြောင်း၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရခိုင်များနှင့် ဗုဒ္ဓ ဘာသာဝင်များကို မူဆလင်များက ၀င်ရောက်ဖျက်ဆီးမှုများကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေ့ဖြင့် တားမြစ် ပေးရန် အတွက် နိုင်ငံတော်အစိုးက ကူညီပေးရန်နှင့် တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂလီများကို စခန်းသွင်းပြီး တတိယနိုင်ငံသို့ ပို့ဆောင်မည်ဟု သမ္မတကြီး ကြေငြာချက်ကို ထောက်ခံကြောင်းတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မြို့ဦးဘုရားကနေပြီးစထွက်ပါတယ်။ အဲဒီကနေ တောင်းဆိုမူတွေ လုပ်သွားပါတယ်။ ငါးလုပ်ငန်းရုံးရှေ့ကပြန်ပတ်ပြီးတော့ မြို့ဦးဘုရား ကို ပြန် ပတ်လာကြပါတယ်။ မြို့တပတ် ပတ်ကြပါတယ်။ လူကတော့ခါ ၂၀၀၀ ကျော် ၃၀၀၀ ခန့်ရှိပါတယ်။ အစ တုန်းက နယ်ကလူတွေပါ ပါဝင်ဖို့လို့ ခန်းမှန်း ထားပေမယ့် နယ်ကလူတွေက မရောက်ကြပါဘူး။ မြို့တပတ် လှည့် လည်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆိုခဲ့ကြပါတယ်” ဟု ဆန္ဒဖေါ်ထုတ်ပွဲကို အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင်ခဲ့သည့် ကိုမောင်မောင်က နိရဉ္စရာ သို့ ပြောသည်။

ယခုကဲ့သို့ အခြေအနေများသည် မြေပုံတမြို့တည်းသာမဟုတ်ဘဲ တခြားမြို့နယ်များတွင်လည်း ဖြစ်နေသည့်အ တွက် ယခုအချိန်မှာ သီးခြားစီ ခွဲခြားထားသင့်သည်ဟု ဦးဖေသန်းက ပြောသည်။

“ အခု ဖြစ်နေတာက တမြို့တည်းမဟုတ်။ မြို့တိုင်းမြို့တိုင်းမှာ ဖြစ်နေပါတယ်။ စစ်တွေမှာဆိုရင် အင်ဘာလာ ရပ် ကွက်မှာ ဖြစ်နေပါတယ်။ ဒီအချိန်ကာလမှာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာက တဖြည်းဖြည်း လုပ်ယူ သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ခါ အုပ်စုနှစ်စုဟာ မျက်နှာချင်းဆိုင် မဆိုင်ဘဲနဲ့ ခွဲခြား ထားနိုင်ရင် လောလော ဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်မှာဖြစ်ပါတယ်။ နောက်မှ တဖြည်းဖြည်း ကိုယ့်ဒေသရဲ့ ဥပဒေ လွှမ်းမိုးလာတဲ့အချိန်၊ တဦးနဲ့တဦး အချင်းချင်း နာလည်လာတဲ့အချိန်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ယုံ ကြည် ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ခွဲခြားထားတာဟာ အသင့် တော်ဆုံး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

အလားတူ ယနေ့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့တို့တွင်လည်း OIC ကို ကန့်ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင်ပိုစတာများကိုင်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

Narinjara

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis