menu

Friday, 15 November 2013

အထက်မင်းလှ မလွန်မြိ့ဟောင်းမှ မဟာဗန္ဓုလ အရိုးဂူ စေတီ

Photo: အထက်မင်းလှ မလွန်မြိ့ဟောင်းမှ မဟာဗန္ဓုလ အရိုးဂူ စေတီ

မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မလွန်မြို့ဟောင်း မြသပိတ်စေတီ၏ တောင်ဘက် ဆင်ခြေလျှောတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ၏ ဗိမာန် ကြေးရုပ်ကြီးနှင့် အတူ အရိုးဂူ စေတီကိုလည်း တွေ့ရသည်။ စစ်သူကြီး မဟာဗန္ဓုလ၏ ဗိမာန်တွင် ကမ္ပည်းစာတန်း ထိုးထားပြီး ကြေးရုပ်၏ အနောက်ဘက်တွင် မဟာဗန္ဓုလ၏ ''အရိုးဂူစေတီ'' ကို တွေ့မြင်ရသည်။

စစ်သူကြီး မဟာဗန္ဓုလသည် ရွှေထီးအောက်၌ တိုက်ခိုက်မှု အရေးအရာများကို ညွှန်ကြား ကွပ်ကဲနေစဉ် ဗုံးဆန်များ ကျရောက်လာကာ၊ စစ်သူကြီး မဟာဗန္ဓုလ မြေပေါ် ပုံကျ သွားခဲ့လေ၏။ တပ်ပျက်သွားမည် စိုးသဖြင့် အနီးရှိ စစ်ကဲ၊ တပ်မှူးများက တိုက်ခိုက်ရေးကို စီမံကွပ်ကဲလျက် ဗန္ဓုလ၏ အလောင်းကို ၃၂ ခန်း ရှိသော ဗန္ဓုလ၏ တပ်တွင်းရှိ အိမ်တော်သို့ ယူဆောင် သွားကြ၏။ ထိုနေ့ကား သက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်း တန်ခူးလဆန်း ၁၄ ရက် ခရစ်နှစ် ၁၈၂၅ ဖြစ်သည်။

စစ်ကဲကြီး၊ အတွင်းဝန်ကြီး မင်းလှရာဇာနှင့် မြို့လတ်ဝန်မင်းကြီး မဟာမင်းလှမင်းခေါင် တို့က ဗန္ဓုလ၏ အလောင်းကို ရွှေထီးဖြင့် ဖြန့်မိုးကာ ဓနုဖြူ ခံတပ်မှာပင် ချက်ချင်း မီးသင်္ဂြိုဟ် လိုက်သည်။ 

ထို့နောက် အရိုးအိုးကို ကောက်ယူ၍ စစ်မက်တော်များ အုပ်စည်းမပျက် ဓနုဖြူခံတပ်မှ ဆုတ်ခွာကြသည်။ စစ်သည် ဗိုလ်မှူးတို့သည် ဗန္ဓုလ အရိုးစုကို ရွှေအိုးဖြင့် ထည့်ကာ ယာယီ ဂူသွင်း၍ ထားရှိ ခဲ့ကြသည်။ 

အထက်မင်းလှမြို့ မလွန်စခန်းသို့ ရောက်ရှိစဉ် အရိုးအိုးကို ဗိုလ်မှူး မင်းရဲခေါင်က ဂူသွင်း ထိန်းသိမ်းထားစဉ် နေပြည်တော်မှ တပ်များ အမြန်ဆုတ်ခဲ့ရန် အမိန့်ကြောင့် အရိုးဂူမှာ မလွန်မြို့၌ ကျန်ခဲ့သည်။ မင်းလှ ခံတပ်မှ ဗလမင်းထင်နှင့် အခြား ဗိုလ်မှူးများက အရိုးဂူ မပျက်စေရန် အပေါ်စေတီ တည်ထားခဲ့သည်။ မူလ ခွေးလင်း ပန်းချောင်းကမ်းပါးပေါ်၌ တည်ရှိရာ ကမ်းပါးပြိုကျမှု ရှိသဖြင့် ၁၉၆၄ ခုနှစ်တွင် ရှေးဟောင်း သုတေသန အဖွဲ့က ရေလွတ်ရာ မလွန် မြသပိတ်စေတီ ကုန်းတော် စောင်းတန်း၏ တောင်ဘက်၌ မူလ ပုံအတိုင်း ပြန်လည် တည်ဆောက် ထိန်းသိမ်းထားကြောင်း သိရသည်။ 

မကွေးလှမြင့်

မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မလွန်မြို့ဟောင်း မြသပိတ်စေတီ၏ တောင်ဘက် ဆင်ခြေလျှောတွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလ၏ ဗိမာန် ကြေးရုပ်ကြီးနှင့် အတူ အရိုးဂူ စေတီကိုလည်း တွေ့ရသည်။ စစ်သူကြီး မဟာဗန္ဓုလ၏ ဗိမာန်တွင် ကမ္ပည်းစာတန်း ထိုးထားပြီး ကြေးရုပ်၏ အနောက်ဘက်တွင် မဟာဗန္ဓုလ၏ ''အရိုးဂူစေတီ'' ကို တွေ့မြင်ရသည်။

စစ်သူကြီး မဟာဗန္ဓုလသည် ရွှေထီးအောက်၌ တိုက်ခိုက်မှု အရေးအရာများကို ညွှန်ကြား ကွပ်ကဲနေစဉ် ဗုံးဆန်များ ကျရောက်လာကာ၊ စစ်သူကြီး မဟာဗန္ဓုလ မြေပေါ် ပုံကျ သွားခဲ့လေ၏။ တပ်ပျက်သွားမည် စိုးသဖြင့် အနီးရှိ စစ်ကဲ၊ တပ်မှူးများက တိုက်ခိုက်ရေးကို စီမံကွပ်ကဲလျက် ဗန္ဓုလ၏ အလောင်းကို ၃၂ ခန်း ရှိသော ဗန္ဓုလ၏ တပ်တွင်းရှိ အိမ်တော်သို့ ယူဆောင် သွားကြ၏။ ထိုနေ့ကား သက္ကရာဇ် ၁၁၈၆ ခုနှစ် နှောင်း တန်ခူးလဆန်း ၁၄ ရက် ခရစ်နှစ် ၁၈၂၅ ဖြစ်သည်။

စစ်ကဲကြီး၊ အတွင်းဝန်ကြီး မင်းလှရာဇာနှင့် မြို့လတ်ဝန်မင်းကြီး မဟာမင်းလှမင်းခေါင် တို့က ဗန္ဓုလ၏ အလောင်းကို ရွှေထီးဖြင့် ဖြန့်မိုးကာ ဓနုဖြူ ခံတပ်မှာပင် ချက်ချင်း မီးသင်္ဂြိုဟ် လိုက်သည်။

လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး

အောင်ဇေယျတံတားပေါ်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားပေါ်တွင် နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီ၌ အမျိုးသားသုံးဦးသည် ဆယ်ကျော်သက်လူငယ်ခြောက်ဦးဖြင့် စကားများကာ ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထိုသို့ ခိုက်ရန်ဖြစ်ပွားစဉ် ခြောက်ယောက်အဖွဲ့မှ အသက် (၁၈)နှစ်အရွယ် လူငယ်က ပုလင်းအားရိုက်ခွဲပြီး ပုလင်းကွဲအချွန်ဖြင့် သုံးယောက်အဖွဲ့မှ အသက် (၂၀)အရွယ် လူငယ်၏ လည်ပင်းကို ထိုးသွင်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် အထိုးခံရသူ ဖြိုးကိုသည် လည်ပင်းဒဏ်ရာရရှိကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပုလင်းကွဲဖြင့်ထိုးသော လူငယ်အပါအ၀င် လူငယ်ခြောက်ဦးအား ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂/၁၁၄အရ လူသတ်မှုဖြင့် နိုဝင်ဘာ ၁၄ ရက် ၌ သက်ဆိုင်ရာမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ရန်ပွဲမှ ခြောက်ယောက်အဖွဲ့အား သက်ဆိုင်ရာတာဝန်ရှိသူတို့က ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

7Day Daily

ရည်းစားကိုသားမယားကျင့်ကာ အ၀တ်မဲ့ပုံများ ညီမထံပို့ခဲ့သူအား အီလက်ထရွန်နစ်ဥပဒေဖြင့် ထပ်မံအမှုဖွင့်အရေးယူ

နေပြည်တော် ပျဉ်းမနားရဲစခန်းအပိုင်နယ်မြေတွင် ရည်းစားဖြစ်သူကို အလိုမတူဘဲ သားမယားပြုကျင့်ပြီး အ၀တ်အစားမဲ့ဓာတ်ပုံရိုက်ကာ အွန်လိုင်းမှ ညီမဖြစ်သူထံပေးပို့ခဲ့သည့် အသက်(၂၇)နှစ်ရှိ ကုမ္ပဏီဝန်ထမ်းအမျိုးသားအား အမှုဖြစ်ပွားစဉ်က မုဒိမ်းမှုဖြင့် အမှုဖွင့်ခဲ့ပြီး  ယခုအခါတွင် စစ်ဆေးပေါ်ပေါက်ချက်အရ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မအရပါ နိုဝင်ဘာ ၁၃ ရက် ညနေက ထပ်မံအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေပြည်တော် ပျဉ်းမနား၊ အောင်မင်္ဂလာ (၂)လမ်းနေ ပြည့်ဖြိုးအောင်သည် ရည်းစားဖြစ်သူကို သြဂုတ် ၂၇ ရက်က လူကြားထဲ ဆဲဆိုကြိမ်းဝါးကာ နေထိုင်ရာအိမ်သို့ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားပြီး သားမယားအဖြစ်ပြုကျင့်ကာ အ၀တ်မဲ့ဓာတ်ပုံများကို အလိုမတူဘဲ လက်ပြန်ကြိုးတုပ်ကာ ရိုက်ကူးခဲ့ပြီး ထိုပုံကို ရည်းစား၏ညီမဖြစ်သူထံ ပို့ခဲ့သည်။

ထို့အတွက် ညီမဖြစ်သူက တိုင်တန်းခဲ့ရာ သြဂုတ်လတွင် ပြစ်မှုပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

ငွေသုံးထောင် အကြွေးတောင်းရာမှ လူသတ်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၄။

တိုက်ကြီးမြို့နယ်၊ ကတိုင်စိန်ကျေးရွာအုပ်စု၊ ဆောက်ဝိုင်းကြီး ကျေးရွာတွင် ငွေသုံးထောင် အကြွေးတောင်းရာမှ လူသတ်မှု ဖြစ်ပွားခဲ့ ကြောင်း တိုက်ကြီးမြို့နယ်မှူးရုံးမှ တပ်ကြပ်ကြီး ဦးဇော်ဝင်းက People Power သို့ ပြောကြားသည်။

တိုက်ကြီးမြို့နယ်၊ ဆောက်ဝိုင်းကြီး ကျေးရွာနေ မတင်တင်ဝင်းသည် နိုဝင်ဘာ၁၂ရက်နေ့ ညနေပိုင်းက
အိမ်နီးချင်းနေ ကိုတင်အုန်းလေးထံ ငါးဖမ်းပိုက်ဖိုး သုံးထောင် အကြွေးတောင်းသည့် ကိစ္စဖြင့် စကားများခဲ့ပြီး နိုဝင်ဘာဘာ ၁၃ရက်နေ့ နံနက်၂နာရီတွင် အသတ်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

မတင်တင်ဝင်း၏ ခင်ပွန်း ကိုလွမ်းမိုးအောင်သည် တော်လတိ ကျေးရွာတွင် ရေတုံကင်းတူးသည့်လုပ်ငန်းကို ညအိပ်သွားရောက် လုပ်ကိုင်နေသော ကြောင့် နိုဝင်ဘာ ၁၃ရက် နံနက် ၂နာရီခန့်တွင် နေအိမ်တွင် တစ်ယောက် တည်းအိပ်နေစဉ် ကိုတင်အုန်းလေးမှ မတင်တင်ဝင်း အကြွေး တောင်းသည့်
ကိစ္စကို မကျေမနပ်ဖြစ်ကာ ဓားဖြင့်ခုတ်သတ်သောကြောင့် ကတိုင်ဇိန်ကျေးရွာရဲစခန်းက စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“ဖြစ်တာကတော့ နံနက် ၂နာရီလောက်က ဖြစ်တာပါ။ ကျွန်တော်တို့သိတာကတော့ ၈နာရီလောက်ကမှ သိတာ”ဟု တိုက်ကြီးမြို့နယ်မှူးရုံးမှ တပ်ကြပ်ကြီး ဦးဇော်ဝင်းက ပြောကြားသည်။

သိန်း(၂၀၀၀)တောင်းတဲ့ ပြန်ပေးဆွဲမှု တရားခံများ၏ သတင်းပေးနိုင်သူအား ထိုက်တန်စွာ ဆုချီးမြှင့်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

၆.၁၁.၂၀၁၃ရက်နေ့က တရားလို ဦးကျော်မင်းဦးနှင့် ဇနီးဒေါ်မိုးမိုးအေး တို့သည် တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမှ ဒလမြို့သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် ပိတ်ဆွယ်ရွာအရောက် အမည်မသိလူမြင်မှတ်မိသူ(၃)ဦးမှ ကားပေါ်ဆွဲတင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ်သိန်း(၂၀၀၀)ဖြင့် လာရောက်ရွေးရန် ညီမဖြစ်သူ မမိုးမိုးအောင်အား အကြောင်းကြားသဖြင့် အရေးယူထားသည့် အမှုဖြစ်ပြီး အမှုအားကျူးလွန်သည့် တရားခံများ ဖြစ်သော ---

(၁) ကျော်ဝင်းစိန်(ခ)ကျင်စိမ်း(ပြစ်ဒဏ်(၆၄)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၄၁)နှစ်၊ (ဘ)ဦးကြည်ရှိတ်၊ အမှတ်-မရှိ၊ ပတ္တမြားလမ်း၊ ကမ်းနားအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်၊

(၂)စိုးမင်းဦး(ခ)သံပါးစပ်(ပြစ်ဒဏ် (၁၇)နှစ်ကျခံနေရာမှ ထွက်ပြေးနေသူ)၊ (၃၃)နှစ်၊ (ဘ)ဦးကုလား(ခ)ဦးမြင့်(ကျော်ဝင်းစိန်နှင့်လိပ်စာတူ)၊

(၃)ကထီး(ခ) သူရဇော်ဦး(ဘ)ဦးမြလှိုင်၊ အမှတ် (၁၂၃၂)၊ ညောင်ဦးဖီးလမ်း၊ အမှတ် (၃)လမ်းသွယ်၊ ကန်သာယာ (၁၉)ရပ်ကွက်၊လှိုင်သာယာမြို့နယ်တို့ (၃)ဦးနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်-

၀၁-၂၃၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၉-၈၆၀၂၃၆၄(အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၇(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၆၉(တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၉-၈၆၀၂၃၈၆(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊

တရားခံများရှိနိုင်သည့်နေရာအား တိကျသေချာစွာ သတင်းပေးနိုင်ပါက ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှထိုက်တန်စွာဆုချီးမြှင့် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

၂၀၁၃ ရဲ့ အကောင်းဆုံးဟန်းဆက် ဖုန်းများ

Photo: ၂၀၁၃ ရဲ့ အကောင်းဆုံးဟန်းဆက် ဖုန်းများ

နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအရာတွေ ကိုရွေးချယ်တဲ့နေရာမှာ အဓိကက ဒီနှစ်ထဲမှာ အချိန်မီထုတ်တာ
ဖြစ်ရပါမယ်။  ဒီနှစ်ထဲမှာ ဟော့ ဖြစ်နေတဲ့  Brand စုံက ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Samsung Galaxy S4 
အလေးချိန်ပေါ့ပါးကာ ကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားတွေ  လှပတဲ့ ဒီဇိုင်းတွေနဲ့ quad-core လို
 processor ကိုအသုံးပြုထားတဲ့အတွက် ကောင်းမွန်လှပါတယ်။

Apple iPhone 5S 
App နဲ့ Camera အတွက် အကောင်းဆုံးစမတ်ဖုန်းလို့ ရည်ညွှန်းခံထားရပါတယ်။ 
ရုပ်ထွက်ကောင်းမွန်မှူ၊ Appတွေ အသုံးပြုရမှာ အမြန်နှုန်းရဲ့စိတ်ကျေနပ်စရာကောင်းမွန်မူတွေက
Apple iPhone 5S ကို ထင်ပေါ်စေတဲ့အချက် တွေဖြစ်ပါတယ်။

Samsung Galaxy Note 3
မျက်နှာပြင် ခပ်ကြီးကြီးတွေထဲမှာ ရေပန်းစားနေတဲ့ အမျိုးအစားတစ်ခုပါ။ Full HD မျက်နှာပြင်၊superfast Snapdragon 800 processor
ကိုသုံးထားပြီး (၁၁)နာရီ ကျော်ခံတဲ့ ဘက်တ္တရီ ရဲ့ စွမ်းဆောင်ချက်ကလည်း အံသြစရာပါ။

HTC One
သူကတော့ ဒီဇိုင်းလှပမူနဲ့ အသံပိုင်းဆိုင်ရာမှာ အကောင်းဆုံလို့ ညွှန်းခံထားရပါတယ်။ အလူမီနီယံကိုယ်ထည်
နဲ့ တောက်ပြောင် ၀င့်ထည်စွာ သိပ်လှတဲ့ ဒီဇိုင်းပါ။ ဖုန်းအရှေ့ဘက်မှာ ပါ၇ှိတဲ့ စပီကာနှစ်လုံးက အရည်အသွေး
ကောင်းမွန်လှတဲ့ အသံတွေကို နားဆင်စေမှာဖြစ်ပါတယ်။

Motorola Moto X
Google ရဲ့ company တစ်ခုဖြစ်တဲ့ Motorola ကထုတ်တဲ့ ဒီ Moto X ဟာ  သင့်လိုချင်တဲ့ ဒီဇိုင်း ပုံစံ ကာလာတွေနဲ့ ဖော်ပြချက်တွေကို
ကိုယ်စိတ်ကူးတွေထဲက အတိုင်း ပုံဖော်ကာ အော်ဒါမှာယူနိင်တဲ့ ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

Nokia Lumia 1020 
ဝင်းဒိုးဖုန်းတွေထဲက ၄၁ မယ်ဂါပစ်ဆဲ ရှိပြီး အကောင်းဆုံး ကင်မရာ ပါဝင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။
ဖုန်းထဲက Pro Camera လိုမျိုး App တွေက သင့်ကို နှစ်သက်စေမှာပါ။

Samsung Galaxy Active
ရေအနက် (၁)မီတာ ခန့်မှာ မိနစ်(၃၀ )လောက်ထားရှိနိင်ပြီး ရေစိုလို သံချေးတက်မူကို  လုံးဝမဖြစ်စေပါဘူး
ရေနဲ့ မတော်တဆ ထိမိစိုမိ ခဲ့ရင် စိုးရိမ်စရာ ဖြစ်ဖို့ မလိုပါဘူး S4 လိုမျိုး processor ပါရှိတဲ့ ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။

LG G2
ထူးခြားစွာ သူက ပါဝါခလုတ်နဲ့ အသံခလုတ်ကို နောက်မှာ ထားရှိထားပါတယ်။ စမ်းသပ်မူတွေအရ (၁၀)နာရီနဲ့(၄၂) မိနစ် အထိအသုံပြုနိင်တဲ့
ဘတ္တရီ ပါရှိတယ်လို့ သိရပါတယ် ။ ဒါတောင် ၄၀% Brightness နဲ့ 4G ကို ဖွင့်ထားစဉ်မှာ ဖြစ်ပါတယ်။

~Aung Heine~ (smart.com.mm)
နှစ်တစ်နှစ်ရဲ့ အကောင်းဆုံးအရာတွေ ကိုရွေးချယ်တဲ့နေရာမှာ အဓိကက ဒီနှစ်ထဲမှာ အချိန်မီထုတ်တာ
ဖြစ်ရပါမယ်။ ဒီနှစ်ထဲမှာ ဟော့ ဖြစ်နေတဲ့ Brand စုံက ဖုန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Samsung Galaxy S4
အလေးချိန်ပေါ့ပါးကာ ကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားတွေ လှပတဲ့ ဒီဇိုင်းတွေနဲ့ quad-core လို
processor ကိုအသုံးပြုထားတဲ့အတွက် ကောင်းမွန်လှပါတယ်။

Apple iPhone 5S
App နဲ့ Camera အတွက် အကောင်းဆုံးစမတ်ဖုန်းလို့ ရည်ညွှန်းခံထားရပါတယ်။
ရုပ်ထွက်ကောင်းမွန်မှူ၊ Appတွေ အသုံးပြုရမှာ အမြန်နှုန်းရဲ့စိတ်ကျေနပ်စရာကောင်းမွန်မူတွေက
Apple iPhone 5S ကို ထင်ပေါ်စေတဲ့အချက် တွေဖြစ်ပါတယ်။

Samsung Galaxy Note 3
မျက်နှာပြင် ခပ်ကြီးကြီးတွေထဲမှာ ရေပန်းစားနေတဲ့ အမျိုးအစားတစ်ခုပါ။ Full HD မျက်နှာပြင်၊superfast Snapdragon 800 processor
ကိုသုံးထားပြီး (၁၁)နာရီ ကျော်ခံတဲ့ ဘက်တ္တရီ ရဲ့ စွမ်းဆောင်ချက်ကလည်း အံသြစရာပါ။

မြန်မာနိုင်ငံတ၀ှမ်း အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

မြန်မာနိုင်ငံတ၀ှမ်း အိုအိုင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်

မြန်မာနိုင်ငံကို လေ့လာရေးခရီးရောက်နေတဲ့ အိုအိုင်စီခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ရန်ကုန်၊ စစ်တွေ၊ ပဲခူး၊ တောင်ကြီးစတဲ့ မြို့ကြီးတော်တော်များများမှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အိုအိုင်စီအဖွဲ့လာရင် မြန်မာပြည်မှာ ပြဿနာတစ်ခုမဟုတ်တစ်ခု ပေါ်ပေါက်တာကြောင့် ကန့်ကွက်ဆန္ဒပြရတာဖြစ်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့က ဆန္ဒပြပွဲကိုဦးဆောင်ခဲ့တဲ့ ဆရာတော် ဦးပညာသိက္ခာလင်္ကာရဘိဝံသက မိန့်ကြားပါတယ်။

တရားဝင်ခွင့်ပြုချက်ရရှိထားတဲ့ အဲဒီဆန္ဒပြပွဲမှာ မြို့ခံသံယာတော်တွေနဲ့ ပြည်သူ ၂၀၀ ကျော်ဟာ အိုအိုင်စီအလိုမရှိ၊ အိုအိုင်စီအဖွဲ့အစည်း လုံးဝလက်မခံ၊ အိုအိုင်စီအဖွဲ့အစည်း မြန်မာပြည်မှထွက်သွား စတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

အလားတူ အိုအိုင်စီဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ကလော၊ စစ်တွေ၊ ပဲခူး၊ ပုသိမ်၊ ရန်ကုန်စတဲ့ မြို့ကြီးတွေမှာလည်း ပြုလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာရောက်တာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေး၊ မိထ္ထီလာ၊ လားရှိုးစတဲ့ မြို့တွေမှာ ရာနဲ့ချီတဲ့ဒေသခံတွေ ဆန္ဒပြခဲ့ကြပါတယ်။

RFA

သမ္မတလစာ လျှော့ယူခြင်းမှာ ဥပဒေကို မချိုးဖောက်ဟု ဦးရဲထွဋ်ဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာ မပြည့်စုံမှုနှင့် ပြည်သူအများစု၏ မပြည့်စုံသည့် အခြေအနေကို ထောက်ထား၍ သမ္မတ၏ လစာကို အချိန်အတိုင်းအတာ တစ်ခုအထိ လျှော့ယူရန် ဆုံးဖြတ်ချက်မှာ ဥပဒေကို မချိုးဖောက်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဟု ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လစာကို လျှော့ယူထားခြင်းမှာ တည်ဆဲ ဥပဒေများကို ချိုးဖောက်နေကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ပြောကြားခြင်းကို ဦးရဲထွဋ်က အထက်ပါအတိုင်း တုံ့ပြန် ပြောကြားခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ တွင် နိုင်ငံတော်သမ္မတသည် လစဉ် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ခံစားခွင့် ရှိသည်ဟု ပြဋ္ဌာန်းထားရာ သတ်မှတ်လစာကို ခံစားလိုက ခံစားနိုင်သည့် သဘောဖြစ်ပြီး မလုပ်မနေရ မဟုတ်ကြောင်း ၎င်းကထောက်ပြသည်။
“ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အသိအမှတ်ပြု ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့လုပ်ဆောင်ချက်အပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြားခဲ့တဲ့ မှတ်ချက်ဟာ ပြင်းထန်လွန်းတယ်” ဟု ၎င်းကဆိုသည်။

နေပြည်တော် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Photo: နေပြည်တော် အခြေခံဥပဒေ ဆန္ဒခံယူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

မန္တလေး၊ နိုဝင်ဘာ ၁၄

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နေပြည်တော် ဇမ္ဗူသီရိကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင်  ပြုလုပ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက The Voice သို့ ပြောကြားသည်။
“ဒေါ်စုက နေပြည်တော်နဲ့ မန္တလေးတိုင်းက NLD အဖွဲ့ဝင်တွေ အကုန်လုံးကို တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ရှင်းပြမယ်။ ပြီးရင် သဘောထား တောင်းခံမယ်” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံသူများကို မှတ်တမ်းတင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား ပေးပို့သွားမည် ဖြစ်ပြီး ယင်းနောက် လွှတ်တော် အတွင်းရှိ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သုံးသပ်ရေး ကော်မတီသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီ ရှင်းလင်းပွဲတွေမှာ အသစ်ရေးဆွဲဖို့ ဆန္ဒရှိလား၊ ပြင်ဆင် ဖြည့်စွက်ရင် ဆန္ဒရှိသလား မေးတယ်၊ ပြီးတော့သူတို့က ဆန္ဒပြုကြတယ်၊ အသစ်ရေးဆွဲဖို့ ဆန္ဒပြုသူတွေက အင်မတန် နည်းပါတယ်” ဟု ဥပဒေပညာရှင် ဦးအောင်သိန်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးရှိ မန္တလေး၊ ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့တို့ ၌ အောက်တိုဘာလ ၁၄ ရက်နေ့၊ မြင်းခြံမြို့၌ အောက်တိုဘာလ ၁၅ ရက်နေ့၊ ရမည်းသင်း၊ နေပြည်တော်နှင့် မိတ္ထီလာခရိုင်တို့၌ အောက်တိုဘာလ ၁၆ ရက်နေ့တို့၌ မန္တလေးတိုင်းဒေသကြီး NLD အဖွဲ့နှင့် ဥပဒေပညာရှင် ဦးအောင်သိန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ ရှင်းလင်းပွဲများ ပြုလုပ်၍ သဘောထားဆန္ဒ ရယူခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
မန္တလေး၊ နိုဝင်ဘာ ၁၄

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် နေပြည်တော် ဇမ္ဗူသီရိကွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက The Voice သို့ ပြောကြားသည်။
“ဒေါ်စုက နေပြည်တော်နဲ့ မန္တလေးတိုင်းက NLD အဖွဲ့ဝင်တွေ အကုန်လုံးကို တွေ့ဆုံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း ရှင်းပြမယ်။ ပြီးရင် သဘောထား တောင်းခံမယ်” ဟု ဦးတင်ထွဋ်ဦးက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ဝင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံသူများကို မှတ်တမ်းတင်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီထံသို့ ဒီဇင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထား ပေးပို့သွားမည် ဖြစ်ပြီး ယင်းနောက် လွှတ်တော် အတွင်းရှိ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် သုံးသပ်ရေး ကော်မတီသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အဲဒီ ရှင်းလင်းပွဲတွေမှာ အသစ်ရေးဆွဲဖို့ ဆန္ဒရှိလား၊ ပြင်ဆင် ဖြည့်စွက်ရင် ဆန္ဒရှိသလား မေးတယ်၊ ပြီးတော့သူတို့က ဆန္ဒပြုကြတယ်၊ အသစ်ရေးဆွဲဖို့ ဆန္ဒပြုသူတွေက အင်မတန် နည်းပါတယ်” ဟု ဥပဒေပညာရှင် ဦးအောင်သိန်းက ဆိုသည်။

ဆောက်လုပ်ဆဲကန်ထရိုက်တိုက် အုတ်ချပ်များပြိုကျ

[ သော်ဇင်ထက် ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ]

မရမ်းကုန်း မြို့နယ်တွင် ဆောက်လုပ်ဆဲကန် ထရိုက်တိုက်၏အုတ်ချပ်များပြိုကျ သည့်အတွက် နံဘေးရှိနှစ်ထပ် ပျဉ်ထောင်အိမ်ပျက်စီးကာ လူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။နိုဝင်ဘာ ၁၃ ရက် ညနေ ၆နာရီခန့်က မြို့သစ်(၄)လမ်း အိမ် အမှတ် (၁၅၁) ဆောက်လုပ်ဆဲ ကန်ထရိုက်တိုက်၏ အမြင့်ဆုံး ငါးလွှာမှ တိုက်နံရံအုတ်ချပ်များ သည် နံဘေးရှိအိမ်အမှတ် (ခ/၁၅၀) နှစ်ထပ်ပျဉ်ထောင်အိမ်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ပြိုကျသည့် ဖြစ်စဉ်ကြောင့် ပျဉ်ထောင်အိမ် တွင်နေထိုင်သော အသက်၂၄နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ပြီး အိမ်အမိုး အရှေ့ဘက်ခြမ်း ပျက်စီးယိုယွင်း ခဲ့ကြောင်း ပျဉ်ထောင်အိမ်၏ အိမ် ရှင်ဖြစ်သူက ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ပြောသည်။

ပျက်ဆီးဆုံးရှုံးသွားသည့် ပျဉ် ထောင်အိမ်မှ အိမ်ရှင်ဦးအောင် ဇော်က ''ဘေးကဆောက်လက်စ တိုက်ရဲ့ငါးလွှာက ဘေးအုတ်ချပ် တွေ ပြိုကျလာတာ ၆နာရီ လောက်မှာ။ ဒဏ်ရာရတဲ့သူက ကျွန်တော့်ခယ်မပါ။ ဦးခေါင်း ပေါက်တဲ့ ဒဏ်ရာရယ်၊ ကျောနဲ့ ခြေထောက်တွေမှာ ဒဏ်ရာရ တယ်။ အခုမြောက်ဥက္ကလာပ ဆေးရုံမှာ ကုသနေတယ်။ ခေါင်း ကိုတော့ ချုပ်ထားပြီး ဒဏ်ရာအ ခြေအနေ စောင့်ကြည့်နေတယ်။ ကျန်တဲ့ဒဏ်ရာတွေတော့ မကုသ ရသေးဘူး''ဟုပြောသည်။

ကျေးရွာလူထုထံမှ ကောက်ခံရရှိငွေဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာ ရှမ်းကွင်း ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၊ အရှေ့ ဘုန်းတော်ကြီးကျောင်း အနီး မြေကွက်လပ်တွင် ယခင် အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးပိုင်က တစ် အိမ်ထောင်လျှင် ငွေကျပ် (၁၀၀၀)စီ ခွဲ၍ အလှူခံပြီး (၁၆ x ၃၀)ပေ ခန့်  ကျေးရွာ ပိုင် အဆောက်အအုံတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ထားသည်ဟု ယင်းဒေသခံများက ပြောသည်။

ယင်းမြေကွက်လပ်တွင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (I.D.E) ကယ်ဆယ်ေ ရးနှင့် ဝေခြမ်းရေး အဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်အိတ်(၁)အိတ် ပေး၍ လှူဒါန်းခဲ့ပြီး ထိုသို့ လှူဒါန်းနေစဉ် ယခင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအေးပိုင်က တစ်အိမ်ထောင် လျှင် ငွေကျပ် အလှူခံ၍  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင် ထားကြောင်း၊ အုပ်ချုပ်ရေး မှူးဟောင်း ဦးအေးပိုင်က ကျုံတာ၊ ကျုံဖဲ ကျေးရွာကို တစ်အိမ်ထောင် လျှင် ၁၀၀၀ ကျပ်နှင့် …ရှမ်းကွင်း၊ မှော်ဝန်းစု ကျေးရွာ များကို ငွေရသလောက် ကောက်ခံမည်ဟု ပြောကြားသည်ဟု ယင်းဒေသခံများ က ပြောသည်။ ၎င်းကျေးရွာ များမှ ပြည်သူလူထု၏ ထည့် ၀င် ငွေကျပ် လေး သိန်းကျော်ဖြင့် အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဆောက်အအုံတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် တင်ထားခြင်းကို မလို လားကြာင်း ယင်းကျေးရွာနေ ပြည်သူများက ပြောသည်။

ကျုံတာကျေးရွာပြည်သူများ

Myanmartandawsint Newspaper

ဆိုင်ကယ်စီးနင်းသူ ရထားတိုက်မိ သေဆုံးမှုဖြစ်ပွား

မုံရွာ ၊ ၁၅-၁၁-၂ဝ၁၃
မုံရွာမြို့ ၊ အိုးဘိုတောင် ရပ်ကွက် ၊ အာစိဏ္ဏရာမ ဘုန်းတော်ကြီး ကျောင်းလမ်း ၊ သံလမ်းကူး တွင် နိုဝင်ဘာ ၁၄ ရက်ညနေ ၅ နာရီက ဆိုင်ကယ် စီးနင်းသူအား ရထားတိုက်မိ သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာ့ မီးရထားမှ စက်ခေါင်းမောင်း ဦးမောင်မောင်ဆန်း မောင်းနှင် လာသည့် ရထားစက် ခေါင်းအမှတ်( RBE - 2587 ) အမှတ်(၂) အဆန် ဗောဓိတထောင် – အလုံ ခရီးသည်တင် မြို့ပတ်ရထား သည် တောင်မှမြောက် သို့ ခုတ်မောင်း လာစဉ် မီးရထား မိုင်တိုင်အမှတ် ၇၇/၆ နှင့် ၇၇/၇ အကြား အာစိဏ္ဏရာမ ဘုန်းတော်ကြီး ကျောင်းအနီး သံလမ်းကူး လမ်းဆုံ အရောက်၌ အရှေ့မှ အနောက်သို့ မုံရွာမြို့ ၊ အိုးဘိုတောင် ရပ်ကွက်နေ မြင့်အောင် ၂၅ နှစ် (ဘ) ဦးသာချော မောင်းနှင် လာသော ၁၆ယ/----- LONSIM 125 အနက်ရောင် ဆိုင်ကယ် သည် ရထားသံလမ်း ကို အရှေ့မှ အနောက်သို့ ဖြတ်ကူးစဉ် ရထားဖြင့် ဝင်ရောက် တိုက်မိ၍ မြင့်အောင်တွင် ဦးခေါင်းထိပ် ပေါက်ပြဲ ၊ ဝဲ/ယာနား သွေးထွက် ၊ ဝဲပါးပေါက် ၊ ဝဲ/ယာ ဒူးခေါင်း ဖူးရောင် ပေါက်ပြဲဒဏ်ရာ များဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းမှ မြင့်အောင် သေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်- မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်း အမှတ်စဉ် ၂၁/၂ဝ၁၃ ဖြင့် ရေးဖွင့် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။
 
Pyi Chit Thar

အလုပ်ရမည်ဆို၍ လိုက်သွားသူ ရွာသား ၆၀ ကျော် ပျောက်ဆုံးနေ

အောင်မြင်ရဲဇော်၊ ရန်ကုန်၊ နိုဝင်ဘာ-၁၄

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ် ကုန်းတန်းတောင်ကျေးရွာမှ ရွာသား ၆၀ ကျော်တို့အား တစ်ရွာတည်းနေသူတစ်ဦးက အလုပ်ရမည်ဟုဆိုကာ တစ်အိမ်တက်ဆင်း စည်းရုံးခေါ်ဆောင်သွားပြီးနောက် ယခုအချိန်ထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်းလိုက်ပါသွားသူများ၏ မိသားစုဝင်များထံမှ သိရသည်။

အဆိုပါ ရွာသား ၆၀ ကျော်အား ပင်လယ်ဝအနီးရှိ ချောင်းဝရွာတွင် ရေလုပ်သားအဖြစ် လုပ်ကိုင်ရမည်ဖြစ်ပြီးစရိတ်ငြိမ်း တစ်လလျှင် ငွေကျပ် ၅၀၀၀၀ ရမည်၊ ကြိုတင်ငွေ ထုတ်ယူလိုပါက လည်းတစ် လစာထုတ်ပေးမည်၊ ရွာတွင် ကျန်ခဲ့မည့် မိသားစုဝင်များနှင့်လည်း တစ်ပတ်တစ် ကြိမ် ဖုန်းပြောခွင့်ရမည်ဟု ဆိုကာ တစ်ရွာတည်းနေသူ ကျော်မိုးလွင်နှင့် ဇနီး စီစီဝင်း ဆိုသူတို့က စက်တင်ဘာ ပထမပတ်တွင် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ရွာသားတွေကို တစ်အိမ်တက် ဆင်းလိုက်စုပြီး ခေါ်သွားတာ အားလုံးပေါင်း လူ ၆၀ ကျော်တယ်။ အခုနှစ်လ ကျော်တဲ့အထိ ဘာအဆက်အသွယ်မှ မရဘူး။ ဘယ်ရောက်နေမှန်းလည်း မသိဘူး။ သေလား၊ ရှင်လားတောင် မသိနိုင်ဘူး။ အလုပ်ရမယ်လို့ပြောပြီး လာစည်းရုံးတဲ့ လင်မယားကို မေးကြည့် တော့လည်း မသိသလိုလုပ်နေတယ် " ဟု ပျောက်ဆုံးနေသူ၏ မိသားစုဝင်တစ်ဦး က ပြောဆိုသည်။

ပြည်သူတွေသုံးနိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးမယ့် ကုမ္ပဏီလို့သတ်မှတ်ထားတဲ့အတွက်ပြည်သူအများသုံးနိုင်မယ့် နှုန်းထားကိုပဲထားပေမှာပါ။ မများစေရပါဘူး . . .(ဆက်သွယ်ရေးအော်ပရေတာ Telenor Myanmar မှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg နှင့် တွေ့ဆုံခြင်း)

ဆက်သွယ်ရေးအော်ပရေတာ Telenor Myanmar မှ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg နှင့် တွေ့ဆုံခြင်း
Telonor အနေနဲ့ အော်ပရေတာလုပ်ငန်းဆောင်ရွက်ဖို့ ဘယ်အဆင့်လောက်အထိ ပြင်ဆင်ပြီးပြီလဲ။
အခုလောလောဆယ်တော့ ဆက်သွယ်ရေးလိုင်စင်ရရှိဖို့ နောက်ဆုံး အဆင့်အနေအထားမျိုးရောက်အောင် ဆွေးနွေးမှု၊ လေ့လာမှုတွေ လုပ်နေပါတယ်။ တစ်ဖက်မှာလည်း Network  တည်ဆောက်ဖို့အတွက် Vender တွေနဲ့ ဆွေးနွေးနေပါတယ်။
Network တည်ဆောက်တာတွေအတွက် ဘယ်ကုမ္ပဏီတွေကိုများ Sub Contract  ပေးထားပါသလဲ။
ကုမ္ပဏီအတိအကျ သတ်မှတ်မထားပေမယ့် Network  တည်ဆောက် ဖို့အတွက် Vender နှစ်ခုနဲ့တော့ MoU (နားလည်မှုစာချွန်လွှာ) ရေးထိုးထားပါတယ်။ ကုမ္ပဏီ ကတော့ Huawei နဲ့ Ericsson ကုမ္ပဏီတွေပါ။
ဖုန်းခေါ်ဆိုခနဲ့အင်တာနက်အသုံး ပြုခတွေကိုရော အတည်ပြုသတ်မှတ်ပြီးပြီလား။ ဘယ်လောက်သတ်မှတ်ထားပါသလဲ။
ခေါ်ဆိုခတွေကိုတော့ အတည်တော့သတ်မှတ်မထားရသေးပါဘူး။ ဒါပေမဲ့ တင်ဒါတင်သွင်းတုန်းကနှုန်းအတိုင်း တစ်မိနစ် ၂၅ ကျပ်နှုန်းထက်မများ တဲ့နှုန်းနဲ့ ကောက်ခံမ ယ်လို့ ယာယီသတ်မှတ်ထားပါတယ်။ ဒီနှုန်းက Telenor က သတ်မှတ်မယ့်အမြင့်ဆုံး နှုန်းထားဖြစ်ပါတယ်။ ဒီ့ထက်လျော့ချင် လျော့မှာပါ။ ပိုတော့မပိုပါဘူး။
ကွန်ရက်တည်ဆောက်တဲ့အခါ ဘယ်လိုကွန်ရက်ကို တည်ဆောက်သွားမှာလဲ။ ဘာကြောင့်တည်ဆောက်ရတာလဲဆိုတာကို ရှင်းပြပေးပါ။
ကွန်ရက်အနေနဲ့ကတော့ 2G ကွန်ရက်ကို တည်ဆောက်မှာပါ။ 3G ကွန်ရက်တည်ဆောက်ရတာက အင်တာနက်ကောင်းကောင်း သုံးချင်တဲ့ သူတွေအတွက် ရည် ရွယ်ပြီး ဆောက်မှာပါ။ 3G ကွန်ရက်ကတော့ လူတိုင်းလူတိုင်းဖုန်းသုံးနိုင်အောင် ထုတ်လုပ်ထားတဲ့အတွက် လူတိုင်းအသုံးပြုနိုင်အောင် ထည့်သွင်းပေး ထားတာပါ။

သေဆုံးခဲ့ပြီးသော အဖွားပုံရိပ်ကို Google Street View တွင် မြင်ရ

Ref : cNet

ကောင်းကင်ဂြိုလ်တုစနစ်ကို အခြေခံတည်ဆောက်ထားသည့် Google Street View တွင် ကွယ်လွန်ခဲ့ပြီး သော အဖွားဖြစ်သူကို အရှင်လတ်လတ် မြင်ခဲ့ရသဖြင့် မြေးဖြစ်သူမှာ အံ့သြခြင်းကြီးစွာဖြစ်ခဲ့ရပြီး Google ထုတ်ကုန် Street View သည်လည်း နာမည်ပျက်မည့်အရေးဖြင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရှိရသည်။

“အဲဒီမှာ အဖွားက ငုတ်တုတ်ကြီး ထိုင်နေတယ်။ သတင်းစာလည်း ဖတ်နေတယ်။ ကျွန်တော် ကြောင်လဲကြောင်သွားသလို ကြောက်လဲ ကြောက်သွားတယ်”ဟု ဘရပ်ဘတ်တန်အရပ်နေ ဒပ်စတင်မိုးရ်က ပြောကြားခဲ့ပါသည်။

၎င်း၏ အဖွားဖြစ်သူမှာ သတင်းစာများ ဖတ်ရှုခြင်းကို မနှစ်သက်တတ်သလို သူမ သေဆုံးသွားခဲ့သည်မှာလည်း အချိန်အတော်ကြာသွားခဲ့ပြီဖြစ်ကြောင်း မိုးရ်မှ တီဗီအစီအစဉ်တစ်ခုကို ရှင်းပြခဲ့ပါသည်။

အဆိုပါပုံရိပ်သည် ဒပ်စတင်မိုးရ် အဖွားဖြစ်သူ အသက်ရှင်စဉ်က ပုံရိပ်ဖြစ်နိုင်ပြီး Google Street View ၏ မပြုလုပ်ရသေးသော update များကြောင့် ဒိတ်အောက်နေခြင်း ဖြစ်နိုင်ကြောင်းနှင့်နာမည်ကြီး ကုမ္ပဏီဝန်ဆောင်မှုအနေဖြင့် ထိုသို့မဖြစ်သင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါသည်။

မဇ္ဈိမသတင်းဌာန

ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ ပါတီတံဆိပ်ဖြစ်နေဟု လွှတ်တော်အတွင်း ဦးသိန်းညွန့်ပြောခြင်း ဗဟိုဘဏ်ငြင်း

ရန်ကုန်၊ နိုဝင်ဘာ  ၁၃

ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများ၌ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြုရန် ပြည်သူ့ လွှတ်တော်၌အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် ပါဝင်သော ခြင်္သေ့ပုံ အနေဖြင့် နိုင်ငံရေး ပါတီတစ်ခု၏ အမှတ် တံဆိပ် ဖြစ်နေေ ကြာင်း ထည့်သွင်း ပြောကြားမှုကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

ဦးသိန်းညွန့််က““ယခင်အစိုးရ ခေတ်အဆက်ဆက် အနေဖြင့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံအား အလေးထား ဖော်ပြ ထားကြောင်း၊ ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန်ထိ ခြင်္သေပုံများ ဖော်ပြထားကြောင်း၊ ခြင်္သေ့ပုံ အနေဖြင့် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ်အမှတ် ဖြစ်နေကြောင်း၊ နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ် အမှတ်အသားအား နိုင်ငံတော်ရှိ အမှတ်အသားနှင့် မတူသင့်ကြောင်း ကို တွေ့ရှိရ သည်””ဟု ၎င်း၏ အဆို၌ ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းပြောကြားချက်အား မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ““မြန်မာ နိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ကေသရာဇာ ခြင်္သေ့မင်း ပုံပါ ငွေစက္ကူများအား ၁၉၅၂ ခုနှစ်က ထုတ်ဝေခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ၂၀၁၀ ခုနှစ် မေလမှ စတင်၍ ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပါတီအဖွဲ့အစည်း တစ်ခု၏ အမှတ်တံဆိပ်ကို ငွေစက္ကူ ရိုက်နှိပ် ထုတ်ဝေခြင်း မဟုတ်ကြောင်း”” ပြောကြားသည်။…

ရခိုင်ရောက် OICကို ဒေသခံ ၈၀,၀၀၀ ဆန္ဒဖော်ထုတ်

ကေဇင်ဦး| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OICသည် ရခိုင်ပြည်နယ်သို့ နိုဝင်ဘာလ ၁၅ရက်က သွားရောက်ချိန်တွင် ရခိုင်ဒေသခံ သံဃာနှင့် လူဦးရေ ၈၀,၀၀၀ခန့်က စစ်တွေလေဆိပ်တွင် စောင့်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ဆန္ဒပြခေါင်းဆောင် ဦးမောင်နုက မဇ္ဈိမကိုပြောသည်။

OICအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေသို့ နိုဝင်ဘာလ ၁၅ရက် နံနက် ၁၀နာရီ ၄၅မိန်စ်ခန့်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စစ်တွေတွင် တစ်နာရီခန့်အကြာ လေ့လာခဲ့ကာ မောင်တောသို့ဆက်လက် ထွက်ခွာသွားပြီဖြစ်သည်။

ယင်းသို့ OIC လာရောက်မည်ဆိုသောကြောင့် ရခိုင်ဒေသခံများသည် နံနက် ၇နာရီခန့်မှ စတင်စောင့်ဆိုင်းကာ စစ်တွေလေဆိပ်တွင် OIC အလိုမရှိဟူသော ဗီနိုင်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၁၁နာရီတွင် လူစုခွဲခဲ့ကြသည်။

“ဘယ်ချိန်ရောက်မှာ မသိတဲ့အတွက် မနက်အစောကြီးကပဲစောင့်နေတာပါ။ အခု OICအဖွဲ့ မောင်တောကိုဆက်သွားနေပါတယ်”ဟု ခေါင်းဆောင်ဦးမောင်နုက မဇ္ဈိမကို ပြောသည်။

ဒဏ်ရာရရှိသည့် လက်ပံတောင်းဒေသခံများ မန္တလေးဆေးရုံသို့ ထွက်ခွာ

သေနတ်ကျည်ဆံထိမှန်ခဲ့သည့်သူများ။ ဓါတ်ပုံ - ကိုဟန်ဝင်းအောင်

တိုးကြီး(မုံရွာ)| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

လက်ပံတောင်းတောင်ဒေသတွင် နိုဝင်ဘာလ ၁၅ရက်က ဒေသခံများနှင့် ရဲများ ပဋိပက္ခဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိခဲ့သော ဒေသခံခုနှစ်ဦးကို လူမှုကူညီရေးအဖွဲ့အစည်းတစ်ခုက ဆေးကုသရန် မန္တလေးမြို့ဆေးရုံသို့ နိုဝင်ဘာလ ၁၆ရက် နေ့လည် ၁နာရီခွဲခန့်တွင် ခေါ်ဆောင်သွားပြီဖြစ်သည်။

နှစ်ဖက် ပဋိပက္ခကြောင့် ဒေသခံရွာသားများလည်း ထိခိုက်ဒဏ်ရာရရှိပြီး ရွာသား ၇ ဦး ဒဏ်ရာရရှိပြီး ၂ဦးမှာ စိုးရိမ်ရကြောင်း ပဋိပက္ခများ ဖြစ်ပွားရာနေရာတွင် ရောက်ရှိနေသော လက်ပံတောင်းတောင်အရေး ဦးဆောင်လုပ်ရှားသည့် ဆရာတော် ဦးဝိမလက မဇ္ဈိမသို့ မိန့်ကြားသည်။

ဒဏ်ရာရသူများဖြစ်သည့် ကိုစိုးပြည့်အောင်သည် ဘယ်ဘက်ရင်အုံသို့ သေနတ်ထိမှန်ပြီး ကိုဖိုးစီမှာ ညာဘက်ရင်အုံသို့ သေနတ်မှန်သည်ဟု မိုးကြိုးပြင်အလယ်ရွာမှ ကိုဖိုးလပြည့်က မဇ္ဈိမ၏ တယ်လီဖုန်းဖြင့် မေးမြန်းမှုကို ပြန်ဖြေကြားခဲ့သည်။ ထို့အပြင် မအေးစန်းမှာ လက်မောင်းတွင် သေနတ်မှန်ပြီး ကိုငမျိုး၊ ကိုထွန်းအေး၊ ဦးမှိုင်းနှင့် ကိုဘိုနီတို့မှာ ခြေသလုံးနှင့် ပေါင်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

လျှပ်စစ်မီးနှင့် ပတ်သက်၍ တောင်းဆိုချက်လေးချက် နိုင်ငံတော်သမ္မတထံတင်

news_lsmnptytsc_ksa
ရန်ကုန်၊ နိုဝင်ဘာ ၁၄

လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက အများပြည်သူသို့ မီဒီယာကတစ်ဆင့် အသိပေးခဲ့ပြီးနောက် ပြည်သူလူထု၏ ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရပြီး ယခုတစ်ဖန် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံမှုအပေါ် ပြည်သူလူထု၏ သဘောထားအမြင်များ ဆွေးနွေးပွဲမှ ရရှိသော ရလဒ်များထဲမှ တောင်းဆိုချက် လေးချက်ကို နိုင်ငံတော်သမ္မတ အပါအဝင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် လွှတ်တော်သို့ တင်ပြခဲ့ကြောင်း လျှပ်စစ်မီတာခ လျှော့ချရေး လှုပ်ရှားသူ Generation Wave မှ ကိုမိုဃ်းသွေးက ပြောကြားသည်။
လျှပ်စစ်မီတာခကို မူလအတိုင်း ပြန်လည် ကောက်ခံရန်၊ လျှပ်စစ်ဓာတ်အားကို အချိန်ပြည့် ပြတ်တောက်ခြင်း မရှိဘဲ ဖြန့်ဖြူးပေးရန်၊ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရှုံးအမြတ် အခြေအနေကို ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ အသိပေးရန်နှင့် လျှပ်စစ် မီတာခ အပါအဝင် အစိုးရ၏ အခြားဝန်ဆောင်မှု စရိတ်များကို တိုးမြှင့် ကောက်ခံရန် ရှိလာ ပါက ပြည်သူလူထု ထိခိုက်မှု မရှိအောင် စနစ်တကျ သုတေသနပြု တွက်ချက်ပြီး ဆောင်ရွက်ရန်စသည့် တောင်းဆိုချက်များကို နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ပြည်သူများက ပြင်းထန်စွာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်ထောင်စု လွှတ်တော်တွင်လည်း အရေးကြီး အဆိုအဖြစ် ဆွေးနွေးခဲ့ရကာ လျှပ်စစ်မီတာခ တိုးမြှင့် ကောက်ခံမည့် အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လျှပ်စစ်မီတာခ ကိစ္စကို လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း နာခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သည့် လျှပ်စစ်မီတာခနှင့် ပတ်သက်၍ ပြည်သူလူထု၏ သဘောထားအမြင်များ ဆွေးနွေးပွဲသို့ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များ အပါအဝင် ပြည်သူလုထု ၃၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး မီတာခ ကျဆင်းရေး လှုပ်ရှားမှု ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

The Voice Weekly

မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း

interv_mswhtsk_TZO_TTM
ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ ပြိုင်ပွဲ အတွေ့အကြုံများ၊ ပြိုင်ပွဲ ကာလတစ်လျှောက် ဝေဖန်မှုများအပေါ် သူ့အမြင်နှင့် မြန်မာအလှမယ် တစ်ဦးအဖြစ် လုပ်ဆောင်သွားမည့် ပရဟိတလုပ်ငန်းများ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice : ရုရှားနိုင်ငံမှာ ပြိုင်ခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ တခြားနိုင်ငံက အလှမယ်တွေ ဆီကနေ ဘယ်လို အတုယူစရာတွေ တွေ့ခဲ့ရလဲ။
MSW : သူတို့ရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် အရမ်းများတာကို တွေ့ခဲ့ရပါတယ်။ သူတို့နိုင်ငံတွေက ဒီပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ပြိုင်ခဲ့ကြတာဆိုတော့ ကိုယ့်နိုင်ငံက အလှမယ်တွေကို အရမ်း ပြင်ဆင်ပေးနိုင် ကြတယ်။ အလှမယ်တွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှု အရမ်းရှိကြတယ်။ အဲဒီအပိုင်းမှာတော့ မိုးစက်က သူတို့နဲ့ ယှဉ်ရင် အားနည်းပါတယ်။ မိုးစက် စဉ်းစားမိတာ တစ်ခုက လူတစ်ယောက်က အခြေအနေတစ်ခုမှာ ကိုယ် Control လုပ်လို့ မရတဲ့ အရာတွေကို စဉ်းစားပြီး လိုက်လုပ်နေမယ့်အစား ကိုယ် Control လုပ်လို့ရတဲ့ အရာတွေကို ဦးစားပေးပြီး လိုက်လုပ်တာက ကိုယ့်အတွက် ပိုပြီး အကျိုးရှိပါတယ်။ အဲဒီအတွက် မိုးစက် တခြားနိုင်ငံက အလှမယ်တွေနဲ့ စကားပြောကြည့်ရင်း သူတို့ရဲ့ အားသာချက်တွေကို လေ့လာတယ်။ သူတို့ ဘယ်လို လမ်းလျှောက်တယ်၊ ဘယ်လို အလှပြင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ပုံပေါက်အောင် ဘယ်လို နေထိုင်ကြတယ် ဆိုတာတွေကို လေ့လာဖြစ်ပါတယ်။

ကမ္ဘောဒီယား အထည်ချုပ်လုပ်သားများ၏ ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းခံရ

Photo: ကမ္ဘောဒီယား အထည်ချုပ်လုပ်သားများ၏ ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းခံရ

နိုဝင်ဘာ ၁၄။

ကမ္ဘောဒီယား အထည်ချုပ်စက်ရုံများမှ လုပ်သားများ၏ ချီတက်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းနည်းဖြင့် ကိုင်တွယ် ဖြေရှင်းရာ အနည်းဆုံး တစ်ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဆိုသည်။

 နိုဝင်ဘာ ၁၂ရက်က မြို့တော် ဖနွမ်းပင်မြို့ပြင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၌ ဘေးမှရပ်ကြည့်ခဲ့သော ဆန်ရောင်းသူ အမျိုးသမီး တစ်ဦးသည် ရဲများက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆန် ထိမှန်ကာ သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

Chan Soveth and Am Sam Ath လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယင်းအမျိုးမီး သေဆုံးမှုကို အတည်ပြုပြောကြား ခဲ့သလို အခြားခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။ 

ဆန္ဒဖော်ထုတ်ပွဲများအနီး ဘုရားတစ်ဆူ၏ ပရိဝုဏ် အတွင်း ဒုက္ခသည်စခန်းဖွင့်ရန် စီစဉ်နေသူများကို ရဲများက မျက်ရည်ယိုဗုံးနှင့် လူစုခွဲရန် ကြိုးပမ်းခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးငါးပါးလည်း ထိခိုက်ဒဏ်ရာရခဲ့သည် ဟူလည်း ဆို၏။

SL အထည်ချုပ်လုပ်ငန်း (ကမ္ဘောဒီးယား) မှ ရာပေါင်းများစွာသော အလုပ်သမားများသည် စက်ရုံတည်နေရာမှ မြို့တော် ဖနွမ်းပင်ရှိ ၀န်ကြီးချုပ် ဟန်ဆန်း၏ နေအိမ်အရောက် ချီတက်လာခြင်းကို ရဲများက တားဆီးရာမှ အဓိကရုဏ်း စတင်ဖြစ်ပွားခဲ့သည်။ 

ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သော Gap, H&M အပါအ၀င် အခြား အမှတ်တံဆိပ်များအတွက် အ၀တ်အထည်များ ချုပ်လုပ်ပေးနေသည့် ၀န်ထမ်းများသည် လစာတိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်အတွင်း အခြေအနေ ပိုမို ကောင်းမွန်ရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူ Coalition of Cambodian Apparel Wokers Democatic Union မှ ပြောရေးဆိုခွင့် ရှိသူ ကွန်အက်သစ်က ထိုနေ့နံနက်က အလုပ်သမားများကို ရဲကဖြိုခွင်းပုံသည် ရက်စက်လှပြီး မည်သို့မှ လက်မခံနိုင်ဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့သလို လက်နက်ကိုင်ဆောင်ခြင်း မရှိသာ အလုပ်သမားများကို ရဲတပ်ဖွဲ့က မည်သည့်အတွက် ကြောင့် ပစ်ခတ်နှိမ်နင်းရသနည်းဟုလည်း သူက မေးခွန်းထုတ်ထားသည်။ 

ဲရဲတပ်ဖွဲ့ဘက်ကမူ သူတို့သည် ကန့်ကွက်သူများ စေ့စပ်ညှိနှိုင်းရန် စေလွှတ်ခဲ့သော ရဲအရာရှိ ငါးဦးကို အထည် ချုပ်လုပ်သားများက ၀ိုင်းဝန်းရိုက်နှက်ရန် ကြိုးပမ်းခဲ့သည်အတွက် ယခုကဲ့သို့ အခြေအနေများ ဆိုးရွားခဲ့ခြင်း ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသည်။ 

အကြမ်းဖက်မှုကို မည့်သည်ဘက်မှ စတင်သည်ကို အသေအချာ မပြောနိုင်ခဲ့ပေ။ 

ကမ္ဘောဒီးယားမှ အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံ၏ အကြီးမားဆုံး ထုတ်ကုန်လုပ်ငန်းများဖြစ်သည်။ နိုင်ငံအတွင်း အထည်ချုပ်နှင့် ဖိနပ်ချုပ် စက်ရုံပေါင်း ၅၀၀ခန့်ရှိနေပြီး လုပ်သားအင်အား ငါးသိန်းခန့်ရှိနေသည်။ 

၂၀၁၂ခုနှစ်က အမေရိကန်နှင့် ဥရေပသို့ တင်ပို့ခဲ့သော ထုတ်ကုန်ပမာဏမှာ ဒေါ်လာ ၄သန်းကျော်မျှ ရှိခဲ့သည်။ 

Ref: Al jazeera

ကမ္ဘောဒီယား အထည်ချုပ်စက်ရုံများမှ လုပ်သားများ၏ ချီတက်ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အကြမ်းနည်းဖြင့် ကိုင်တွယ် ဖြေရှင်းရာ အနည်းဆုံး တစ်ဦးသေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဆိုသည်။

နိုဝင်ဘာ ၁၂ရက်က မြို့တော် ဖနွမ်းပင်မြို့ပြင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၌ ဘေးမှရပ်ကြည့်ခဲ့သော ဆန်ရောင်းသူ အမျိုးသမီး တစ်ဦးသည် ရဲများက ပစ်ခတ်လိုက်သည့် သေနတ်ကျည်ဆန် ထိမှန်ကာ သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

Chan Soveth and Am Sam Ath လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ယင်းအမျိုးမီး သေဆုံးမှုကို အတည်ပြုပြောကြား ခဲ့သလို အခြားခြောက်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲများအနီး ဘုရားတစ်ဆူ၏ ပရိဝုဏ် အတွင်း ဒုက္ခသည်စခန်းဖွင့်ရန် စီစဉ်နေသူများကို ရဲများက မျက်ရည်ယိုဗုံးနှင့် လူစုခွဲရန် ကြိုးပမ်းခဲ့သဖြင့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးငါးပါးလည်း ထိခိုက်ဒဏ်ရာရခဲ့သည် ဟူလည်း ဆို၏။

ရခိုင်၊ မိတ္ထီလာတွင် အကူအညီ ပေးလိုကြောင်း OIC ကမ်းလှမ်း

Photo: ရခိုင်၊ မိတ္ထီလာတွင် အကူအညီ ပေးလိုကြောင်း OIC ကမ်းလှမ်း

နေပြည်တော်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ် တို့တွင် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်လာသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က  ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးတို့နှင့် လာရောက် တွေ့ဆုံစဉ် ထိုသို့ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။  

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာတို့တွင် ပဋိပက္ခ များကြောင့် ပျက်စီး ဆုံးရှုံးမှုများကို အကူအညီပေးရန် ကမ်းလှမ်းသည့်အတွက် ဝမ်းမြောက်သော်လည်း ယင်းအကူအညီ များကို လက်ခံရန် ပြည်သူလူထု၏ သဘောဆန္ဒ ရယူရန် လိုအပ်မည် ဖြစ်ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
“အစိုးရက ပြည်သူ တင်မြှောက်တဲ့ အစိုးရ၊ ပြည်သူလက်ခံမှ ရမှာပါလို့ ပြောခဲ့ပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သူလည်း ဖြစ်သူ ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် အစိုးရအနေနှင့် လူ့အဖွဲ့အစည်း နှစ်ခုကို မျှမျှတတ ဆောင်ရွက်ခဲ့သည်ဟု ဦးနန္ဒကျော်စွာက OIC အဖွဲ့ကို ရှင်းပြခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ဘင်္ဂါလီ အလောင်းများ ပုံနေသည် ဆိုသည့်ကိစ္စမှာ တရုတ်နိုင်ငံမှ သင်္ဘောနစ်သော လူသေအလောင်းများကို အင်တာနက် စာမျက်နှာများတွင် ဖော်ပြခဲ့ သဖြင့် နိုင်ငံတကာမှ မြန်မာအပေါ် အထင်အမြင် လွဲမှားမှုများ ရှိနေသည်ကို ရှင်းပြခဲ့ရကြောင်း ၎င်းကပြောဆိုသည်။

OIC ၏ အထွေထွေ အတွင်းရေးမှူးချုပ် Professor Ekmeleddin Ihsanoglu ဦးဆောင်သည့် ယင်းအဖွဲ့တွင် OIC အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် တူရကီ၊ အင်ဒိုနီးရှား အပါအဝင် နိုင်ငံ ခုနစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

OIC အဖွဲ့အစည်းသည် အထက်ပါ ပုဂ္ဂိုလ်များ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်၊ ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ မောင်တော မဲဆန္ဒနယ်မှ ဦးအောင်ဇော်ဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၇) မှ ဦးဌေးဝင်းတို့နှင့်  နိုဝင်ဘာ ၁၄ ရက် မွန်းလွှဲ ၂ နာရီက နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော် ဧည့်ခန်းမဆောင် I (1) တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၄

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိနေသည့် အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)၏ ကိုယ်စားလှယ် အဖွဲ့သည် ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ် တို့တွင် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်း ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

OIC အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်လာသည့် အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးတို့နှင့် လာရောက် တွေ့ဆုံစဉ် ထိုသို့ ကမ်းလှမ်းခြင်း ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် မိတ္ထီလာတို့တွင် ပဋိပက္ခ များကြောင့် ပျက်စီး ဆုံးရှုံးမှုများကို အကူအညီပေးရန် ကမ်းလှမ်းသည့်အတွက် ဝမ်းမြောက်သော်လည်း ယင်းအကူအညီ များကို လက်ခံရန် ပြည်သူလူထု၏ သဘောဆန္ဒ ရယူရန် လိုအပ်မည် ဖြစ်ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားခဲ့ကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။
“အစိုးရက ပြည်သူ တင်မြှောက်တဲ့ အစိုးရ၊ ပြည်သူလက်ခံမှ ရမှာပါလို့ ပြောခဲ့ပါတယ်” ဟု အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်သူလည်း ဖြစ်သူ ၎င်းကပြောကြားသည်။

အခြေအနေမဲ့ဘ၀ဖြင့် လမ်းဘေးသေဆုံးမှုဖြစ်စဉ်များလာ

နာရေးကူညီမှုအသင်းအနေနှင့် ရန်ကုန်တွင် အခြေအနေမဲ့၊ ပိုင်ရှင်မဲ့အလောင်း ၁ဝ ဦးထက်မနည်း လစဉ် သင်္ဂြိုဟ်ပေးရလျှက်ရှိသည်။ (ဓာတ်ပုံ - ဟောင်ဆာ)

ဇော်ဇော်ထွေး| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

နာရေးကူညီမှုအသင်းအနေနှင့် ရန်ကုန်တွင် အခြေအနေမဲ့၊ ပိုင်ရှင်မဲ့အလောင်း ၁ဝ ဦးထက်မနည်း လစဉ် သင်္ဂြိုဟ်ပေးရလျှက်ရှိသည်။ (ဓာတ်ပုံ - ဟောင်ဆာ)

ရဲစခန်းများမှ အမှုဖွင့်စစ်ဆေးသော သေမှုသေခင်းများတွင် သာမန်ရောဂါကြောင့် သေဆုံးမှုများ၊ ဓာတ် လိုက်သေဆုံးမှုများ ၊ မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးမှုများအပြင် ကျန်းမာရေးစောင့်စောင့် ရှောက်ခံရမှုမရရှိကြဘဲ အခြေအနေမဲ့ဘ၀ဖြင့် လမ်းဘေးတွင်သေဆုံးနေရမှုများလည်း အများအပြား ပါဝင်နေကြောင်း တွေ့ရှိရသည်။

 ယင်းသို့သော အကြောင်းရင်းများသည် အစိုးရ၏ ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဖူလုံရေးလုပ်ငန်းများတွင် အားနည်နေခြင်းကြောင့်ဟု ထောက်ပြမှုများရှိနေ သည်။ ထို့ပြင်ယင်းသို့သော အခြေအနေမဲ့ဘ၀ဖြင့် သေဆုံးနေရမှုများသည် သက်ဆိုင်ရာတာဝန်ရှိသူ များအပြင် လူတိုင်းတွင်လည်း တာဝန်ရှိပေသည်။
 
လွှတ်တော်ကိုယ်စားလှယ်များ လစာနှစ်ဆတိုးမည့် ပြင်ဆင်ချက် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ကန့်ကွက်မည်

ဖိုးစိုးသူ| သောကြာနေ့၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၃ ခုနှစ်

လွှတ်တော်ကိုယ်စားလှယ်များ လစာနှစ်ဆတိုးမည့် ဥပဒေကြမ်းပြင်ဆင်ချက်ကို ပြည်သူ့လွှတ်တော်သို့ တင်ပြလာပါက ကန့်ကွက်သွားမည်ဟု မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေး မောက်က မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၁ ရက် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် လွှတ်တော် ကိုယ်စား လှယ်များ လစာနှစ်ဆတိုးမြင့်ပေးမည့် ပြင်ဆင်ချက် ပါဝင်သည့် ဥပဒေကြမ်း ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးရန် ရောက်ရှိလာပါက လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ပြည်သူ့ ဘဏ္ဍာအပေါ် ထောက်ထားမှုအရလည်းကောင်း တိုးမြှင့်ပေးမည့် ပြင်ဆင်ချက်အပေါ် ကန့်ကွက်သွား မည်ဟု ဆိုသည်။

“ကျွန်တော့်တစ်ဦးတည်းအနေနဲ့ကတော့ ပြည်သူ့အတွက် ကိုယ်စားလှယ်တွေက လစာနှစ်ဆ မယူသင့်ဘူး။ သမ္မတတောင် လျှော့ယူထားတယ်။ ဘတ်ဂျက်က ပေးနိုင်တယ်ထားဦး ကျွန်တော်တို့ ဂုဏ်သိက္ခာအတွက် ပြည်သူတွေရဲ့ ဘဏ္ဍာအတွက် မယူသင့်ဘူး။ ကျွန်တော်တို့ ပြည်သူ့လွှတ်တော်မှာ တင်လာရင် ကျွန်တော်အနေနဲ့ ကန့်ကွက်သွားဖို့ စဉ်းစားထားတယ်”ဟု ဦးအေးမောက်က ဆိုသည်။

လေပေါ်မှာ မောင်းရမယ့် မိုးပျံကား Moller M400

Photo: လေပေါ်မှာ မောင်းရမယ့် မိုးပျံကား Moller M400

ကနေဒါအင်ဂျင်နေယာ Paul Moller မှ နှစ်ပေါင်းလေးဆယ်ကျော် ကြာ ကြိုးစားပြီးနောက် ထွက်ရှိလာတဲ့ ကားလေယာဉ် ဖြစ်ပါတယ်။

ကားဆိုတာထက် မိုးပျံ လေယာဉ်တစ်စီးပါပဲ။ သို့ပေမယ့် ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီး၊ ပြကြီး တွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ တစ်နာရီ မိုင် ၃၀၀ နှုန်းနဲ့ မိုးပေါ်ပျံသန်းနိုင်ပါတယ်။ လူတစ်ယောက်စီးကနေ လူ ၆ ယောက်စီးလောက်အထိ ဖြစ်လာဖို့အတွက် ကြိုးပမ်းနေကြပါတယ်။

၂၀၀၄ ခုနှစ်က စမ်းသပ်ပျံသန်းမှု အသေးစား ပြုလုပ်ပြခဲ့ပြီး ၂၀၀၆ နှစ်လယ် မှာ အကြီးစား ပျံသန်းမှု တစ်ခုပြုလုပ်ဖို့ကြေညာခဲ့ပေမယ့် မပျံဖြစ်ခဲ့ပါဘူး။ ဒီလိုနဲ့ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ် တဖြည်းဖြည်း ရက်ရွှေ့  သွားပါတယ်။ ယခု ၂၀၁၃ မှာတော့ တကယ်ပဲ မောင်းနှင်နိုင်ပြီ ဖြစ်တဲ့ Moller M400 Skycar များကို ထုတ်ဖော်ပြသမယ်လို့ ယုံကြည်နေပါတယ်။

Moller ကုမ္မဏီအပြင် Freedom Motor ကထုတ်တဲ့ Rotapower အမည်ရ အင်ဂျင်ကိုလည်း အသုံးပြုထားပါတယ်။ ဒါကြောင့် အင်ဂျင်လုပ်ဆောင်ချက် Upgrade လုပ်ထားပြီး ၉၀၀ ကီလိုဂရမ် ဝမ်အားတင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ယင်း Skycar ဖြစ်လာဖို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ မက ကုန်ကျထားဖြစ်တယ်လို့ ဆိုပါတယ်။

၁ ယောက်စီးက ၆ ယောက်အထိ အစားစား ထုတ်လုပ်မှာ ဖြစ်ပါ တယ်။ မောင်းနှင်ပုံကလည်း လက်ရှိ လေယာဉ်ပျံများလောက် မရှုပ်ထွေးစေ ပဲ ကွန်ပြူတာ ထိန်းချုပ်စနစ် နဲ့ လူတိုင်း မောင်းနှင်နိုင် ဖန်တီးပေးထားမှာ လို့ ဆိုပါတယ်။ Mollar M400 အပြင် M400X, M600, M800 အမျိုးအစား စုံလင်စွာ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တစ်စီးစီရဲ့  ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၅ သိန်းဝန်းကျင် လောက်ကနေ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog

အောင်ခမ်း ( smart.com.mm ) 

http://www.smart.com.mm/index.php?option=com_content&view=article&id=18640:moller-m400-hands-on&catid=137&Itemid=647

.

http://www.smart.com.mm/index.php?option=com_content&view=article&id=18640%3Amoller-m400-hands-on&catid=137&Itemid=647

ဘီလ်ဂိတ်နှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

Photo: ဘီလ်ဂိတ်နှင့် ပက်သက်၍ လူသိနည်းသော အကြောင်းအရာအချို့

မိုက်ခရီုဆော့ဖ် ကုမ္မဏီပိုင်ရှင်- ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလ်ဂိတ်ကိုတော့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၈ ရက်၊ ၁၉၅၅ခုနှစ်ဖွား ဝါရှင်တန်၊ Seattle မြို့သား ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ သူ့ရဲ့အကြောင်းအရာအချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ သိုပေ့မယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

၃။ အသက် ၁၇ နှစ်မှာ သူ့ရဲ့ ပထမဆုံး ကွန်ပျူတာပရိုဂရမ် time tabling system ရေးဆွဲပြီး အမေရိကန်ဒေါ်လာ ၄၂၀၀ နဲ့ရောင်းချ ကာ ကျောင်းတက်ဖို့ စရိတ်အဖြစ် အသုံးပြုခဲ့ပါတယ်။

၎။ ဟားဗာတ် တက္ကသိုလ်မှာ ကျောင်းတက်စဉ် Altair BASIC အမည်ရ အခြေခံ Programming Language ပူးပေါင်းရေးဆွဲပြီး သူ့ရဲ့ ပထမဆုံး မိုက်ခရိုဆော့ဖ်ကုမ္မဏီထုတ်ကုန် ဖြစ်လာခဲ့ပါတယ်။

၅။ ၁၉၈၇ ခုနှစက Manhattan မှာပြုလုပ်တဲ့ Microsoft သတင်းစာရှင်းလင်းပွဲတစ်ခုမှာ Melinda French ကို စတင် တွေ့ရှိခဲ့ပြီး ၁၉၉၄ ခုနှစ် New Year နေ့မှာ လက်ထက်ခဲ့ပါတယ်။

၆။ ၂၀၀၂ ခုနှစ်က စစ်တမ်းအရ ဟောင်ကောင်နဲ့တရုတ်ပြည်မှာ တရုတ် တော်လှန်ရေး ကွန်မြူနစ်ခေါင်းဆောင် Mao Tse-tungin ထက် ဘီလ်ဂိတ်ကို ဆယ်ကျော်သက်များ ပိုမိုလေးစားအားကျ ကြပါတယ်။

၇။ ၂၀၀၇ခုနှစ် စစ်တမ်းအရ ဘီလ်ဂိတ်ရဲ့ တစ်စက္ကန့်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၅၀ ရှိပြီး တစ်ရက်ကို အမေရိကန်ဒေါ်လာ သန်း ၂၀၊ တစ်နှစ်ကို ၇.၈ ဘီလျံ ရှိပါတယ်။

၈။ ဘီလ်ဂိတ်အတွက် အမေရိကန်ဒေါ်လာ ၁ ထောင်တန် ချက်လက်မှတ်ကျသွားရင် ပြန်ကောက်စရာမလိုဘူး လို့ တင်စားကြပါတယ်။ ဘာလို့လဲဆို ပြန်ကောက်ရန် ကြာချိန် ၄ စက္ကန့်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ က သူ့အလိုလိုပြည့်ပြီးသား ဖြစ်ပါတယ်။
---
Ref: cybernetnews.
အောင်ခမ်း ( smart.com.mm )

smart.com.mm/index.php?option=com_content&view=article&id=18645:little-know-about-bill-gates&catid=111&Itemid=640

.

မိုက်ခရီုဆော့ဖ် ကုမ္မဏီပိုင်ရှင်- ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းထဲမှာ အမြဲရှိနေတဲ့ ဘီလ်ဂိတ်ကိုတော့ လူတိုင်း သိရှိပြီးဖြစ်ပါတယ်။ အောက်တိုဘာ လ ၂၈ ရက်၊ ၁၉၅၅ခုနှစ်ဖွား ဝါရှင်တန်၊ Seattle မြို့သား ဖြစ်ပါတယ်။ လူသိနည်းသေးတဲ့ သူ့ရဲ့အကြောင်းအရာအချို့ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ ဘီလ်ဂိတ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (SAT) ရမှတ်ဟာ ၁၅၉၀ ရှိပါတယ်။ အမှတ်ပြည့်ဟာ ၁၆၀၀ ဖြစ်တဲ့အတွက် သူ့ရဲ့ အိုင်ကျူအဆင့်ဟာ ၁၇၀ မှာရှိပါတယ်။ သိုပေ့မယ့် တက္ကသိုလ်ပညာတစ်ဝက်တစ်ပျက်နဲ့ မိုက်ခရိုဆော့ဖ်ကုမ္မဏီတည်ထောင်ဖို့အတွက် ကျောင်းထွက် ခဲ့ပါတယ်။

၂။ ဘီလ်ဂိတ်ဟာ အသက် ၃၀ အရွယ်မှာ ဘီလျံနာတစ်ဦးဖြစ်လာမယ်လို့ သူ့ရဲ့ဆရာမကို ပြောကြားခဲ့ဖူး ပါတယ်။ အသက် ၃၁ နှစ်အရွယ်ကျတော့ တကယ် ဘီလျံနာတစ်ဦး ဖြစ်လာပါတယ်။

နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြု ဒေါ်နော်အုန်းလှ၊ ဦးနေ၀င်း၏မြေး အေးနေ၀င်းနှင့်ကျော်နေ၀င်းတို့ပါဝင်

ရန်ကုန်-နိဝင်ဘာ၁၅

နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီက စိစစ်တင်ပြခဲ့သည့် အကျဉ်းသား ၆၉ ဦးကို နိုင်ငံတော်သမ္မတက
ယနေ့ တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်း ခွင့်ပြုခဲ့ကြောင်းU Ye Htut facebook မှသိရသည်။
အကျဉ်းသား ၆၉ ဦးကို ပြန်လည်စေလွှတ်ခဲ့သည့် အကျဉ်းထောင်များမှာ
အင်းစိန်အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး
၂၀၁၃ ခုနှစ် ဒီဇင်ဘာလမကုန်မီ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ
စိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆက်လက်ရေးသားထားသည်။

ပန်းရောင် လင်းပိုင်

Photo: ပန်းရောင် လင်းပိုင်

ပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။ 

သို့ပေမယ့် အားလုံးကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ်။ ရေချိုမှာ နေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ်။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။ အကြီးဆုံးအားဖြင့် ၈.၂ ပေအထိ တွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။ အမတွေက အထီးတက်အရွယ်ပိုကြီးလေ့ ရှိပြီး အထီးထဲမှာ အကြီးဆုံးကို ၆.၆ ပေ အထိ လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။ 

အားလုံး ပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ အချို့ ကျတော့ သာမန် လင်းပိုင်လိုပဲ ဖြစ်ပါတယ်။ အချို့ ကျတော့ အပန်းရောင် ပါရုံမျှ ဖြစ်ပေမယ့် အချို့ လင်းပိုင်ကျတော့ အပန်းရောင် ထင်းထင်းလင်းလင်း ရှိပြီး လှပနေ တတ်ပါတယ်။ သူ့ရဲ့ အဓိကထူခြားချက်က လည်ပင်းပဲ ဖြစ်ပါတယ်။ 

လည်ပင်းရိုးမဆက်ထားတဲ့အတွက် ၁၈၀ ဒီဂရီအထိ အကွေးအဆန့် ပြု လုပ်နိုင်ပါတယ်။ ရှားပါး တိရစ္ဆာန်မျိုးစိတ်စာရင်းထဲ ထည့်သွင်း ထားပါတယ်။ ဖမ်းဆည်းခွင့် မပြုထားပါဘူး။ အမေဇုန်မှာဆိုရင် မြစ်ကိုစောင့်ရှောက်တဲ့ လင်းပိုင်လို့တောင် တင်စားကြပါတယ်။ အမေဇုန် ကမ်းခြေ တစ်လျှောက် နေထိုင်သူအချို့ ထဲမှာ ယနေ့တိုင် စွဲနေတဲ့ အစွဲ တစ်ခု ရှိပါသေးတယ်။ 

ဒါကတော့ ပန်းရောင် လင်းပိုင်ကို ဖမ်းရင် ကံကြမ္မာဆိုးကျရောက်တတ်ပြီး ယင်း အပန်းရောင် လင်းပိုင်ကို မျက်လုံးချင်း ဆုံကြည့်မိရင်လည်း ကံကြမ္မာဆိုးနဲ့ ကြုံရတတ်တဲ့လို့ အယူစွဲနေသူများ ရှိနေပါသေးတယ်။ ယင်းကဲ့သို့ စွဲလမ်းမှု ရှိနေသော်ငြားလည်း  ပန်းရောင် အမေဇုန်မြစ် လင်းပိုင်းကတော့ ကမ္ဘာ့ ရှားပါး လင်းပိုင်းမျိုးစိတ် တစ်ခု အဖြစ် တည်ရှိ နေပါတယ်။
---
Ref:wiki

အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/entertainment/123-discovery/38679-pink-dolly

.

ပန်းရောင်လင်းပိုင်များ တကယ်ရှိပါတယ်။ အမေဇုန် လင်းပိုင်လို့ လည်း ခေါ်ပြီး အမေဇုန်မြစ်၊ ဘရာဇီး၊ ပီရူး၊ ဘိုလီဗီးယား၊ အီကွေဒေါ၊ ဗင်နီဇွဲလား စတဲံ တောင်အမေရိက တိုက်တွင်းက မြစ်တွေ မှာ နေထိုင် ကျက်စားပါတယ်။

သို့ပေမယ့် အားလုံးကို အမေဇုန်မြစ်ကနေပဲ စတင်တယ်လို့ မှတ်ယူပြီး အမေဇုန် လင်းပိုင်လို့ပဲ အမည်ပေးထားပါတယ်။ ရေချိုမှာ နေထိုင် ကျက်စားတဲ့ လင်းပိုင် ဖြစ်ပါတယ်။ အရွယ်အားဖြင့် ၅ပေ ကနေ ၇.၉ ပေအထိ ရှိပါတယ်။ အကြီးဆုံးအားဖြင့် ၈.၂ ပေအထိ တွေ့ဖူးပြီး ဝိတ် ၂၁၇ ပေါင် လေးပါတယ်။ အမတွေက အထီးတက်အရွယ်ပိုကြီးလေ့ ရှိပြီး အထီးထဲမှာ အကြီးဆုံးကို ၆.၆ ပေ အထိ လေ့လာတွေ့ရှိခဲ့ဖူးပါတယ်။

အားလုံး ပန်းရောင်သန်းနေတာမျိုးမဟုတ်ပဲ အချို့ ကျတော့ သာမန် လင်းပိုင်လိုပဲ ဖြစ်ပါတယ်။ အချို့ ကျတော့ အပန်းရောင် ပါရုံမျှ ဖြစ်ပေမယ့် အချို့ လင်းပိုင်ကျတော့ အပန်းရောင် ထင်းထင်းလင်းလင်း ရှိပြီး လှပနေ တတ်ပါတယ်။ သူ့ရဲ့ အဓိကထူခြားချက်က လည်ပင်းပဲ ဖြစ်ပါတယ်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သတိထား ရင်းနှီးမြှုပ်နှံ ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ရန်ကုန်၊ နိုဝင်ဘာလ ၁၄

တာဝန်ယူမှု တာဝန်သိမှုရှိသော ဥရောပသမဂ္ဂ စီးပွားရေး လုပ်ငန်းရှင်များ အနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် သတိထား ရင်းနှီးမြှုပ်နှံ သင့်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

ရန်ကုန်မြို့တော်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော အီးယူ-မြန်မာ အလုပ်အဖွဲ့ တွေ့ဆုံပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဝင်လာခဲ့၊ ဘာမှမစိုးရိမ်နဲ့ ၂၀/၅၀ အချိုးအစားပဲ ဖြစ်ဖြစ်၊ ဘယ်ပါတနာပဲ ဖြစ်ဖြစ် ဝင်သာဝင်လာခဲ့ ဆိုတာတော့ ကျွန်မလက်မခံပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အားပေးသူတွေ အနေနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုံးဝလျစ်လျူရှု ထားပါက လက်တွေ့ မဆန်ကြောင်း၊ သူ့အနေနှင့် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းကို ဒဲ့ဒိုးပြောရမည် ဆိုပါက ဦးစိုးသိန်း၏ မနက်ပိုင်း မိန့်ခွန်းတွင် ဖွဲ့စည်းပုံ ကိစ္စကို တစ်ကြိမ်မျှပင် ပြောဆိုခြင်း မရှိကြောင်း ၎င်းက ထောက်ပြသည်။

ပညာရေးဟူသည်.....

ပညာရေးသည် ဘဝအတွက် ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း ဖြစ်စဉ် ဖြစ်သည်။ တစ်နည်းဆိုသော် ကျန်းမာစွာ ချမ်းသာစွာ နေနိုင်စေရန် ငယ်ရွယ်စဉ်ကပင် ကြိုတင် လေ့ကျင့်ပြင်ဆင်ခြင်း ဖြစ်သည်။ ကျန်းမာစွာ နေထိုင်ခြင်းကို လူတိုင်း သိပြီးဖြစ်ပြီး ချမ်းသာစွာ နေထိုင်ခြင်း ဆိုသည်မှာ အသက်ရှင်ရသော နေ့တိုင်း စိတ်ချမ်းသာမှုနှင့် အေးချမ်းစွာ နေရခြင်းကို ဆိုလိုရင်း ဖြစ်သည်။ ကလေးတစ်ယောက် ကျန်းကျန်းမာမာနှင့် စိတ်ချမ်းသာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လေ့ကျင့်ပေးရာတွင် တစ်ဦးကောင်းတစ်ယောက် ဆောင်ရွက်လျှင် အောင်မြင်မှု မရနိုင်။ ထိုကလေး၏ မိဘ၊ ထိုကလေးအား လေ့ကျင့်ပေးမည့် ဆရာနှင့် ထိုကလေး ကိုယ်တိုင်ပါ လုပ်ကိုင်ဆောင်ရွက် လေ့ကျင့်နိုင်ပါမှ လေ့ကျင့်မှုမှ ရလဒ်ကောင်း ရနိုင်မည်။

ဆရာကလည်း ကျန်းမာအောင် မည်သို့ နေထိုင်ရမည်ကို ကောင်းစွာသိရှိရန် လိုသည်။ စိတ်ချမ်းချမ်းသာသာနှင့် အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် မည်သည်တို့ကို လေ့ကျင့်ရန် လိုသည်ကို သေချာစွာ နားလည် တတ်ကျွမ်းရန် လိုသည်။ ဆရာကိုယ်တိုင်ကလည်း နေ့စဉ် ကျန်းမာအောင် နေထိုင်တတ်သူ ဖြစ်ရန် လိုသည်။ ဆရာကိုယ်တိုင်ကလည်း နေ့စဉ် စိတ်ချမ်းချမ်းသာသာနှင့် အေး အေးချမ်းချမ်း နေနိုင်ရေးအတွက် ထာဝရ ကြိုးစားနေသူ ဖြစ်ရန်လိုသည်။ သို့မှသာ သူကိုယ်တိုင် ကျွမ်းကျင်နေသော နေ့စဉ် လေ့ကျင့်နေသော ကျွမ်းကျင်မှုတို့ကို ကျောင်းသားကလေးများအား ပြန်လည် လေ့ကျင့်ပေးနိုင်မည်။ မိဘတို့ကလည်း ၎င်းနည်းတူ သိရှိ နားလည် သဘောပေါက်ထားပြီး ၎င်းတို့ ကိုယ်တိုင်လည်း ရည်ရွယ်ချက်တူပြီး ကျန်းမာချမ်းသာစွာ နေနိုင်ရေး နေ့စဉ် ကြိုးစား အားထုတ်နေသူများ ဖြစ်ခဲ့လျှင် ဆရာနှင့်မိဘတို့ လျှောက်သောလမ်းတွင် လူမမယ် ကလေးငယ်များကို လက်တွဲ ခေါ်ယူနိုင်မည် ဖြစ်သည်။

လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ ရက်ညက ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား

Photo: လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ ရက်ညက ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ရက် ညပိုင်းက ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်သဖြင့် ရွာသားခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကာ ဒေသခံများ၏ ပြန်လည်တုံ့ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးလည်း ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးကြိုပြင်တောင် ရွာထိပ်မှ သံဆူးကြိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ စခန်းချထားသည့် နေရာမှရွာထဲသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''စုစုပေါင်း ၂၇ ချက်လောက် ရှိမယ်ထင်တယ်။ ရွာအစပ်က အိမ်တစ်အိမ်မှာ ၀ါးလုံးတားပြီး တောင်းဆိုနေကြတဲ့ လူခုနစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက မိုးကြိုးပြင်တောင်ရွာ အုပ်စုအောက်က ကန်လေးကုန်းရွာက စိုးပြည့်အောင်ရယ် မိုးကြိုးပြင်ရွာက မအေးဆန်း၊ ကိုဘိုနီ၊ ကိုထွန်းအေး၊ ကိုဖိုးဆီ၊ ကိုသက်မောင်နဲ့ ဦးမှိုင်းတို့ပါ'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာသို့ ရဲကား ၁၇ စီး၊ လုံထိန်းအင်အား ၄၀၀ ၀န်းကျင် ခန့် လာရောက်ခဲ့ကြောင်း သိရသည်။ '' ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်'' ဟု မိုးကြိုးပြင်တောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

မုရွာဆေးရုံတွင် လာရောက်ကုသသော ရဲတပ်ဖွဲ့ဝင်များမှာ ဒုရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ်ဝေလင်း၊ ဒုတပ်ကြပ်ဂျိုးဆက်၊ ဒုတပ်ကြပ်ထွန်းလှိုင်ဦး၊ ဒုတပ်ကြပ်ကျော်မင်းဦး၊ တပ်သားညီမျိုးထွန်း၊ တပ်သားကျော်ဇာနည်၊ တပ်သားကြံအောင်၊ တပ်သားစောမောင်နိုင် တို့ဖြစ်ပြီး စိုးရိမ်ရသော ဒဏ်ရာမရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းကို ည ၁၁ နာရီဝန်းကျင်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

''ဒဏ်ရာရတဲ့ ရဲကိုးဦး မုံရွာဆေးရုံကို ည ၁၀ နာရီကျော်လောက်က ရောက်လာပါတယ်။ တစ်ယောက်ကိုတော့ အတွင်းလူနာအဖြစ် ထားရတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်က ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှာ ဖြစ်သွားတဲ့အတွက် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်တော့်အနေနဲ့ ဖြစ်စဉ်အသေးစိတ် ကိုတော့ မသိရပါဘူး'' ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက နိုဝင်ဘာ ၁၅ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းမဘေး မိုးကြိုးပြင်တောင် ရွာထိပ်တွင် လုံခြုံရေးအ ဖွဲ့အစည်းများမှ သံစူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုး ကိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ မှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ လမ်းပိတ်ဆို့ ထားခြင်းနှင့် ပတ်သက်ပြီး အခြေအတင် စကားများခဲ့ရာ လုံခြုံရေးအင်အား များစွာဖြင့် တားဆီးပိတ်ပင် ခဲ့ကြောင်း၊ ယာခင်းပိုင်ရှင် စာရင်းပေးရန်နှင့် ထိုသူများသာ ယာခင်းထဲသို့ ၀င်ခွင့်ပြုမည် ဆိုသောကြောင့် ဒေသခံများမှ လက်မခံဘဲ အတားအဆီးများအား ဖယ်ရှားပေးရန် ဆက်လက်တောင်းဆို ခဲ့ကြသည်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ကျော်က အဆိုပါပဋိပက္ခ ဖြစ်ပွားရာ မိုးကြိုးပြင်တောင်ရွာထိပ်သို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး လာရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ ဖြေရှင်းပေးသော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။ ဒေသခံများမှ ရွာထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ ၀င်များအား ဖယ်ရှားရှင်းလင်းပေးရန်၊ နိုဝင်ဘာ ၁၂ ရက်က မိုးကြိုးပြင်တောင်ရွာမှ ဦးသန်းမြင့်အား ဖမ်းဆီးထားမှုကို ပြန်လွှတ်ပေးရန် စသည့်အချက်များကို ဖြေရှင်းပေးရေး ၀န်ကြီးထံ တောင်းဆိုခဲ့ကြသည်။

ထိုကဲ့သို့ နယ်စပ်ရေးရာ ၀န်ကြီးနှင့် ဒေသခံများ အပြန်အလှန် ပြောဆိုမှုမှာ မွန်းလွဲပိုင်းအချိန်ထိ ကြာမြင့်ခဲ့ပြီး ဒေသခံများ၏ တောင်းဆိုမှုများအား မည်သို့မျှ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကြိုးပြင်တောင်ရွာထိပ်မှ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း၊ ဒေသခံများမှာ အဆိုပါနေရာတွင် ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး၏ MOI Webportal Myanmar Facebook တွင် လုံခြုံရေးရဲကင်းအား ရွာသား ၈၀ ခန့်က လာရောက်ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်ပစ်ပေါက် ခဲ့ကြသဖြင့် အကြမ်းဖက်မှု ထပ်မံမဖြစ်ပွား စေရေးအတွက် ရဲစခန်းမှ အသံမြည်ဗျောက်အိုးများ ဖောက်၍ ကာကွယ်ပစ်ခတ် ခဲ့ကြောင်း၊ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ကြသဖြင့် ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့် ခုနစ်ဦး ပေါင်းကိုးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်း လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ ၁၄ ရက်ညနေ ၃ နာရီက မိုးကြိုးပြင်ရွာတောင်ထိပ်ရှိ ရဲကင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်
နိုဝင်ဘာ ၁၄ ရက်ညနေ ၃ နာရီက မိုးကြိုးပြင်ရွာတောင်ထိပ်ရှိ ရဲကင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ရက် ညပိုင်းက ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်သဖြင့် ရွာသားခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကာ ဒေသခံများ၏ ပြန်လည်တုံ့ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးလည်း ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးကြိုပြင်တောင် ရွာထိပ်မှ သံဆူးကြိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ စခန်းချထားသည့် နေရာမှရွာထဲသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''စုစုပေါင်း ၂၇ ချက်လောက် ရှိမယ်ထင်တယ်။ ရွာအစပ်က အိမ်တစ်အိမ်မှာ ၀ါးလုံးတားပြီး တောင်းဆိုနေကြတဲ့ လူခုနစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက မိုးကြိုးပြင်တောင်ရွာ အုပ်စုအောက်က ကန်လေးကုန်းရွာက စိုးပြည့်အောင်ရယ် မိုးကြိုးပြင်ရွာက မအေးဆန်း၊ ကိုဘိုနီ၊ ကိုထွန်းအေး၊ ကိုဖိုးဆီ၊ ကိုသက်မောင်နဲ့ ဦးမှိုင်းတို့ပါ'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာသို့ ရဲကား ၁၇ စီး၊ လုံထိန်းအင်အား ၄၀၀ ၀န်းကျင် ခန့် လာရောက်ခဲ့ကြောင်း သိရသည်။ '' ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်'' ဟု မိုးကြိုးပြင်တောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ဆွေးနွေး

Photo: ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါ ဝေဒါနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူးရေးနှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက်ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု လျော့ကျရေးတို့ အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူ ပြုနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ပင် နံနက် ၁၁ နာရီတွင် သြစတြေးလျနိုင်ငံ အေးရှားလင့်ခ် အဖွဲ့ဥက္ကဋ္ဌ Mr.Sid Myer ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သြစတြေးလျနိုင်ငံမှ လုပ်ငန်းရှင် အများအပြား လာရောက်ဆွေးနွေး ညှိနှိုင်းနေမှု၊ အေးရှားလင့်ခ် အဖွဲ့၏ သုံးရက်တာ ခရီးစဉ်ကာလအတွင်း ခရီးသွားလာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦများအား မွမ်းမံထိန်းသိမ်း ပြုပြင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူ ပြုနိုင်မှုတို့ကို ဆွေးနွေးခဲ့သည်။

(သမ္မတနှင့် ဘီလ်ကလင်တန်တို့ နေပြည်တော်တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်))
(သမ္မတနှင့် ဘီလ်ကလင်တန်တို့ နေပြည်တော်တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်))
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါ ဝေဒါနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူးရေးနှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက်ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု လျော့ကျရေးတို့ အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူ ပြုနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် OIC ရုံးခန်း ဖွင့်လှစ်လိုကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် OIC ကိုယ်စားလှယ်အဖွဲ့ ပြောကြား

Photo: မြန်မာနိုင်ငံတွင် OIC ရုံးခန်း ဖွင့်လှစ်လိုကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် OIC ကိုယ်စားလှယ်အဖွဲ့ ပြောကြား

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် လိုသည်ဟု ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်လိုခြင်းမှာ ရခိုင်ပြည်နယ် သာမက ပဋိပက္ခများကြောင့် ဆုံးရှုံးခဲ့သည်များကို ပူးပေါင်းအကူအညီ ပေးမှုများ ပြုလုပ်လိုခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းကို သိရှိလိုကြောင်း ကိုယ်စားလှယ် အဖွဲ့က ဆွေးနွေးခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခွင့် ပြုရန်မှာ အစိုးရအုပ်ချုပ်ရေး အဖွဲ့၏ ခွင့်ပြုချက်သည်သာ အဓိက ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရန်အတွက် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ တင်ပြပြီး ဆန္ဒသဘောထားကို ရယူဆောင်ရွက် သင့်ကြောင်း ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် OIC ရုံးခွဲဖွင့်လှစ်ရန်အတွက် ပြောဆိုမှုအပေါ် သဘောထား မှတ်ချက်ပြု ပြောကြားသည်။

''ကျွန်မအနေနဲ့ ပူးပေါင်းဆောင်ရွက်တာကို လိုလားပေမယ့် ဒီလိုရုံးခွဲဖွင့်လှစ်တာက အဲဒီအကူအညီတွေက ကျွန်မတို့အတွက် အမှန်တကယ် လိုအပ်နေလားဆိုတာ စဉ်းစားဖို့လိုမယ်။ ရခိုင်တိုင်းရင်းသား တွေအတွက် တကယ်အထောက်အကူ ဖြစ်မလား၊ ဘာပြဿနာများ ပိုပြီး ကြီးထွားလာမလဲဆိုတာ စဉ်းစားရပါမယ်။ ကျွန်မတို့ ဆုံးဖြတ်ချက် မပေးလိုပေမယ့် ဖွင့်ဖို့၊ မဖွင့်ဖို့ကိုတော့ ပြည်သူတွေ ဖြစ်စေချင်တဲ့ဆန္ဒကို လိုက်လျောရမှာပါ။ အစိုးရအနေနဲ့ လုပ်ချင်တယ်ဆိုရင် ပြည်သူကို ချပြရမယ်။ ပြည်သူရဲ့ ဆန္ဒကို ယူသင့်တယ်လို့ ပြောချင်ပါတယ်။ အကျိုးသက်ရောက်မှု ရှိရင်တော့ လက်ခံကြမှာပါ။ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင်တော့ ဘယ်သူမဆို လက်ခံမှာ မဟုတ်ပါဘူး။ ဒီမှာရုံးခွဲ ဖွင့်လှစ်ဖို့ဆိုတာ ပြည်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်'' ဟု ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဘာသာနှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် ဘာသာရေး သဟဇာတ ဖြစ်စေရန် အကူအညီ ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းသို့ ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်း တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံပွဲသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ ဖြစ်သော ဦးအောင်ဇော်ဝင်း၊ ဦးရွှေမောင်၊ ဦးပယ်ပန်း၊ ဦးဌေးဝင်း၊ ဦးထွန်းအောင်ကျော်နှင့် ဒေါ်ခင်စောဝေတို့ တက်ရောက်ခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ရန် ၂၀၁၂ ခုနှစ်က ကြိုးပမ်းခဲ့သော်လည်း သံဃာတော်များ အပါအ၀င် ပြည်သူလူထုက ကန့်ကွက်ဆန္ဒ ပြခဲ့သဖြင့် ပျက်ပြယ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ကိုယ်စားလှယ်များ ကိုယ်တိုင် လာရောက် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုံးခွဲဖွင့်လှစ်ရန် ယခုတစ်ကြိမ် ကြိုးပမ်းမှုကိုလည်း မြန်မာပြည်သူလူထု အနေဖြင့် လက်ခံနိုင်ခြင်း မရှိကြောင်းကို ရန်ကုန်မြို့ အပါအ၀င် မြို့ကြီးအချို့တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။ ထိုသို့ ဆန္ဒပြနေရခြင်းသည် မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို အစိုးရ အုပ်ချုပ်ရေးပိုင်း အနေဖြင့်လည်း လေ့လာသိရှိရန် လိုအပ်ကြောင်းလည်း ဒေါ်ခင်စောဝေက ပြောကြားသည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)

စတင်တည်ထောင်သည့်ခုနှစ် - ၂၅ ရက် စက်တင်ဘာ ၁၉၆၉ ခုနှစ်။

မူလအမည် - Organization of Islamic Conference (၂၈ ရက်ဇွန် ၂၀၁၁ ခုနှစ်တွင် ယခုသုံးစွဲနေသော Organisation of Islamic Cooperation အမည်သို့ ပြောင်းလဲခဲ့)

အဖွဲ့၏ ရည်ရွယ်ချက် - အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရည်ရွယ်။ မွတ်စလင်ကမ္ဘာ၏ အသံကို စုစည်းဖော်ပြနိုင်ရန် အချက်လည်းပါဝင်။ (ကမ္ဘာ့ကုလသမဂ္ဂ ပြီးနောက် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်)

အဖွဲ့ဝင်အရေအတွက် - ၅၇ နိုင်ငံ

အဖွဲ့ဝင်နိုင်ငံ အားလုံး၏ လူဦးရေစုစုပေါင်း - ၁ ဒသမ ၆ ဘီလျံ (၂၀၁၁ ခုနှစ် စာရင်း)

အုပ်ချုပ်ရေးစင်တာ ရုံးစိုက်သည့်နိုင်ငံ - ဆော်ဒီအာရေဗျနိုင်ငံ

အထွေထွေအတွင်းရေးမှူး - Ekmeleddin İhsanoğlu

အဖွဲ့ဝင်နိုင်ငံအချို့ - အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မလေးရှား၊ မာလီ၊ မော်ရိုကို၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ ဆိုမာလီးယား၊ တူနီးရှား၊ တူရကီ၊ ယီမင်၊ ဘာရိန်း၊ အိုမန်၊ ကာတာ၊ ဆီးရီးယား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဂမ်ဘီယာ၊ အီရတ်၊ ဘရူနိုင်း၊ နိုင်ဂျီးရီးယား၊ အဇာဘိုင်ဂျန်။

(နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် OIC ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံစဉ်)
(နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် OIC ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံစဉ်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် လိုသည်ဟု ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်လိုခြင်းမှာ ရခိုင်ပြည်နယ် သာမက ပဋိပက္ခများကြောင့် ဆုံးရှုံးခဲ့သည်များကို ပူးပေါင်းအကူအညီ ပေးမှုများ ပြုလုပ်လိုခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းကို သိရှိလိုကြောင်း ကိုယ်စားလှယ် အဖွဲ့က ဆွေးနွေးခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခွင့် ပြုရန်မှာ အစိုးရအုပ်ချုပ်ရေး အဖွဲ့၏ ခွင့်ပြုချက်သည်သာ အဓိက ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရန်အတွက် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ တင်ပြပြီး ဆန္ဒသဘောထားကို ရယူဆောင်ရွက် သင့်ကြောင်း ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် OIC ရုံးခွဲဖွင့်လှစ်ရန်အတွက် ပြောဆိုမှုအပေါ် သဘောထား မှတ်ချက်ပြု ပြောကြားသည်။

တရုတ်တိုင်းရင်း ဆေးခန်းတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်း ဖြတ်တောက်ပစ်ရသည့် အတွက် လူနာရှင်ဘက်မှ ရှင်းလင်းပွဲပြုလုပ်

Photo: တရုတ်တိုင်းရင်း ဆေးခန်းတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်း ဖြတ်တောက်ပစ်ရသည့် အတွက် လူနာရှင်ဘက်မှ ရှင်းလင်းပွဲပြုလုပ်

တရုတ်တိုင်းရင်းဆေးခန်း တစ်ခုတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်းအား ဖြတ်တောက်ပစ်လိုက် ရသည့်အတွက် လူနာရှင်ဘက်မှ သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင် ၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗန်ဒါကုန်း (၄) လမ်း၊ ကန်/မြောက် ရပ်ကွက်တွင် နေထိုင်သည့်လူနာ ဒေါ်စန်းစန်းအေးသည် ရေချိုးခန်းတွင် ချော်လဲရာမှ ဘယ်ဘက်ခြေချောင်းများ ဒဏ်ရာရရှိသွားသည့် အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃ လမ်းထိပ်တွင် ဖွင့်လှစ်ထားသည့် ဦးမျိုးအောင်၏ တရုတ်အရိုးအကြော ဆေးကုဌာနတွင် သွားရောက်ပြသခဲ့ကြောင်း၊ ၎င်းဆေးဆရာမှ လူနာအား ဓာတ်မှန်ရိုက်ရန် စေခိုင်းခဲ့ကာ ဓာတ်မှန်အား ကြည့်ရှုခဲ့ပြီး ဘယ်ဘက်ခြေဖခုံအား တိုင်းရင်းဆေးများဖြင့် ကျပ်စည်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးစည်းပြီးနောက် ယင်းနေ့ညတွင်ပင် ခြေထောက်မှာ ပူလောင်လာပြီး နာကျင်လာသဖြင့် ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုဆရာဝန်မှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသရန် ညွှန်ကြားသဖြင့် နောက်နေ့ ဇူလိုင် ၈ ရက်တွင် သွားရောက် ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးတွင် တစ်လကျော်ခန့် တက်ရောက် ကုသခဲ့ပြီးနောက် ဘယ်ဘက်ခြေချောင်း နှစ်ချောင်းကို ဖြတ်တောက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း လူနာရှင်ဘက်မှ ဦးချိုချိုက ပြောကြားသည်။

''ချော်လဲလို့ဖြစ်တဲ့ ဒဏ်ရာကို ဆေးစည်းပေးပြီးတဲ့နောက်မှာ အရမ်းပူလာပြီး ဖူးယောင်လာတယ်။ နောက်ဆေးရုံရောက်တဲ့ အခါမှာ အမည်းဖတ်ကြီးတွေ ဖြစ်လာတယ်။ အဲဒီကနေ တစ်ဆင့်တစ်ဆင့်နဲ့ နောက်ဆုံး ခြေချောင်းနှစ်ချောင်းကို ဖြတ်လိုက်ရတဲ့ အဆင့်ထိ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ကလည်း မသိနားမလည်လို့ နိုင်ငံတော်က တရားဝင် အသိမှတ်ပြုမထားတဲ့ တရုတ်ဆေးခန်းတွေမှာ သွားပြမိတာပါ။ အဲဒီလိုတရားမ၀င် တရုတ်ဆေးခန်းတွေကို နိုင်ငံတော်ကနေ ထိထိရောက်ရောက် အရေးယူပေးဖို့ နစ်နာသူ တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်'' ဟု ဦးချိုချိုက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား လူနာရှင်ဘက်မှ မင်္ဂလာတောင်ညွန့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ ရဲချုပ်၊တရားဥပဒေ စိုးမိုးမှု ကော်မတီများသို့ တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးကြောင်း ဦးချိုချိုက ဆက်လက် ပြောကြားသည်။

၎င်းက ''ဒီလိုကိုယ်အင်္ဂါ ချို့ယွင်းနစ်နာခဲ့တဲ့ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ နှစ်ဦးနှစ်ဘက် ဆွေးနွေးဖို့ သုံးကြိမ်ချိန်းဆို ခဲ့ပေမယ့် ဆေးဆရာဦးမျိုးအောင်က ပြေလည်အောင် ညှိနှိုင်းမှု မရှိခဲ့ပါဘူး'' ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်တိုင်းရင်း ဆေးဆရာ ဦးမျိုးအောင်က ''အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေမှာ ကျွန်တော်ရှင်းပြီးသားပါ။ ကျွန်တော့် ဆေးခန်းကလည်း တရားဝင် မဟုတ်ဘူးဆိုရင် ဒီလိုလူသိရှင်ကြား ဘယ်ဖွင့်လို့ ရမှာလဲ။ ရန်ကုန်မြို့လယ် ကောင်မှာလည်း ဒီလိုတရုတ် တိုင်းရင်းဆေးခန်းတွေ ဖွင့်နေတာတွေ ရှိနေတာပဲ''ဟု The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က တရုတ်တိုင်းရင်း ဆေးခန်းများသည် တရားဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

(လူနာရှင်ဘက်မှ ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်))
(လူနာရှင်ဘက်မှ ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်))
တရုတ်တိုင်းရင်းဆေးခန်း တစ်ခုတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်းအား ဖြတ်တောက်ပစ်လိုက် ရသည့်အတွက် လူနာရှင်ဘက်မှ သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင် ၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗန်ဒါကုန်း (၄) လမ်း၊ ကန်/မြောက် ရပ်ကွက်တွင် နေထိုင်သည့်လူနာ ဒေါ်စန်းစန်းအေးသည် ရေချိုးခန်းတွင် ချော်လဲရာမှ ဘယ်ဘက်ခြေချောင်းများ ဒဏ်ရာရရှိသွားသည့် အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃ လမ်းထိပ်တွင် ဖွင့်လှစ်ထားသည့် ဦးမျိုးအောင်၏ တရုတ်အရိုးအကြော ဆေးကုဌာနတွင် သွားရောက်ပြသခဲ့ကြောင်း၊ ၎င်းဆေးဆရာမှ လူနာအား ဓာတ်မှန်ရိုက်ရန် စေခိုင်းခဲ့ကာ ဓာတ်မှန်အား ကြည့်ရှုခဲ့ပြီး ဘယ်ဘက်ခြေဖခုံအား တိုင်းရင်းဆေးများဖြင့် ကျပ်စည်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးစည်းပြီးနောက် ယင်းနေ့ညတွင်ပင် ခြေထောက်မှာ ပူလောင်လာပြီး နာကျင်လာသဖြင့် ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုဆရာဝန်မှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသရန် ညွှန်ကြားသဖြင့် နောက်နေ့ ဇူလိုင် ၈ ရက်တွင် သွားရောက် ပြသခဲ့ကြောင်း သိရသည်။

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြားရှိ

Photo: တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြားရှိ

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။

တရုတ်ဇနီးအဖြစ် ရောင်းစားခြင်းခံရသော မြန်မာအမျိုးသမီးများမှာ ခြောက်လခန့် အကြာတွင် အခြားတရုတ် တစ်ယောက်ထံငွေဖြင့် ထပ်မံရောင်းစားခြင်း ခံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတို့၏ ဇနီး၊မယားအဖြစ် ရောင်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ လူကုန်ကူးခံရမှု အခြေအနေများတွင် ပိုမိုစိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ရောက်ရှိနေကြောင်း သိရသည်။

လူမှုဝန်ထမ်း ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ''တရုတ်ကို ရောင်းစားခံပြီးသွားတဲ့ အမျိုးသမီးတွေဟာဆိုရင် တရုတ်မယားအဖြစ် ပေါင်းသင်းခြင်းကို အများဆုံးခံရတယ်။ ပြီးတော့လုပ်ခ လစာလည်း မရဘူး။ ခေတ်သစ် ငွေဝယ်ကျွန် ဖြစ်သွားတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် အရမှာတော့ တရုတ်အိမ်ရောက်ပြီး ခြောက်လခန့် ကြာတဲ့အခါမှာ အခြားတရုတ် တစ်ယောက်ထံကို ငွေနဲ့ပြန်ရောင်းစားခြင်းတွေ ဖြစ်ပေါ်နေတယ်'' ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီးတစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာမှုနှင့် ယင်းနိုင်ငံတွင် လက်ထပ်ရန်အတွက် မြန်မာငွေကျပ်သိန်း ၁၀၀ ခန့် ရှိနေသဖြင့် အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ဈေးပေါပေါနှင့် ၀ယ်ယူရရှိခြင်းတို့ကြောင့် ဇနီးအဖြစ်ယူခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ဖြစ်ပေါ်နေရကြောင်း လူကုန်ကူးတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့မှ သိရသည်။

ယင်းအခြေအနေမှာ မြန်မာနိုင်ငံသို့ အများစုထိခိုက်မှု ဖြစ်ပေါ်နေပြီး ယခုနှစ်နောက်ပိုင်းများတွင် လူကုန်ကူးခံရမှု မြင့်တက်လာကာ အဓိက ဆက်သွယ်ခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး လူကုန်ကူး ပွဲစားများထံမှ ၀ယ်ယူရာတွင် မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်းနှင့် သိန်း ၅၀ အကြား ပေးနေကြောင်းကို စစ်ဆေးတွေ့ရှိ ရကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အစိုးရအဖွဲ့ အနေဖြင့် ယင်းအခြေအနေကို ထိန်းချုပ်တားဆီးနိုင်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လူကုန်ကူး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဟုလည်း လူကုန်ကူး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်နေကြောင်းလည်း သိရသည်။

လူကုန်ကူးမှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ်ပိုင်းတွင် လူကုန်ကူးမှုများ ပိုမိုများပြား လာသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ လူကုန်ကူးမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။

လူကုန်ကူးမှု အမှုအရေအတွက်မှာ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူးခံရ သူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ တရုတ်၊ ထိုင်း အပါအ၀င် နိုင်ငံပေါင်း ငါးနိုင်ငံမှ ပြန်လည် ကယ်ဆယ်ခဲ့ရသော လူကုန်ကူးခံရသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံရသည့် အမျိုးသမီးများမှာ ၀င်ငွေရ တရားဝင်လုပ်ငန်း နည်းပါးမှုကြောင့် တစ်ဖက်နိုင်ငံသို့ ပြန်လည်ရောက်ရှိ ရသူများလည်းရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

''ယနေ့မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာလာသော အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှိလာသော်လည်း ပြည်သူအများစုမှာမူ ဆင်းရဲတွင်းနက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အချို့က အဆိုပါ လုပ်ငန်းရှင်များ ရှိသောကြောင့် လုပ်သားထောင်ပေါင်းများစွာ အလုပ်အကိုင် ရရှိနေသည်ဟု ပြောဆိုငြားလည်း တစ်ပြေးညီ ပြိုင်ဆိုင်မှု ကင်းမဲ့သော ဈေးကွက်စီးပွားရေး အခင်းအကျင်းကြောင့် မြန်မာလူမျိုး သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေခြင်းနှင့် မြန်မာလူမျိုး သန်းပေါင်းများစွာ ပြည်ပနိုင်ငံများတွင် ရရာအလုပ် (အောက်ခြေသိမ်း အလုပ်များ အပါအ၀င်) လုပ်နေရခြင်း၊ လူကုန်ကူးခြင်းများ ခံနေရခြင်းနှင့် မက်ခရို စီးပွားရေးအင်အား နိမ့်ကျခြင်း ဖြစ်သကဲ့သို့ မြန်မာ့စီးပွားရေးမှာလည်း လူတစ်ဦးချင်း ၀င်ငွေအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များထဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်'' ဟု ဆောင်းပါးရှင် ဒေါက်တာအောင်ကိုကို၏ ဆောင်းပါးတွင် ထည့်သွင်းသုံးသပ် ထားသည်ကို တွေ့ရသည်။

''လူကုန်ကူးမှုတွေ မြင့်တက်နေတယ် ဆိုတာ တိုင်းပြည်ဆင်းရဲလို့ပါ။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ မဖြစ်နိုင်တဲ့ လစာ ၆ သိန်းတို့ သမ္မတလစာ ၁၅ သိန်းတို့ လျှော့ယူမယ်ဆိုတဲ့အစား ပြည်သူတွေရဲ့ လက်တွေ့ဆင်းရဲ မှုတွေကြောင့် လူကုန်ကူး ခံရတာတွေကို အဲဒီနယ်စပ်ဂိတ်တွေမှာ သွားထိုင်စောင့် ကြည့်သင့်တယ်'' ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုဘိုဘိုက သုံးသပ်ခဲ့ပါသည်။

(မြန်မာ-တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက် တစ်ခုဖြစ်သော မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်အား တွေ့ရစဉ်)
(မြန်မာ-တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက် တစ်ခုဖြစ်သော မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်အား တွေ့ရစဉ်)
တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။

တရုတ်ဇနီးအဖြစ် ရောင်းစားခြင်းခံရသော မြန်မာအမျိုးသမီးများမှာ ခြောက်လခန့် အကြာတွင် အခြားတရုတ် တစ်ယောက်ထံငွေဖြင့် ထပ်မံရောင်းစားခြင်း ခံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတို့၏ ဇနီး၊မယားအဖြစ် ရောင်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ လူကုန်ကူးခံရမှု အခြေအနေများတွင် ပိုမိုစိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ရောက်ရှိနေကြောင်း သိရသည်။

လူမှုဝန်ထမ်း ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ''တရုတ်ကို ရောင်းစားခံပြီးသွားတဲ့ အမျိုးသမီးတွေဟာဆိုရင် တရုတ်မယားအဖြစ် ပေါင်းသင်းခြင်းကို အများဆုံးခံရတယ်။ ပြီးတော့လုပ်ခ လစာလည်း မရဘူး။ ခေတ်သစ် ငွေဝယ်ကျွန် ဖြစ်သွားတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် အရမှာတော့ တရုတ်အိမ်ရောက်ပြီး ခြောက်လခန့် ကြာတဲ့အခါမှာ အခြားတရုတ် တစ်ယောက်ထံကို ငွေနဲ့ပြန်ရောင်းစားခြင်းတွေ ဖြစ်ပေါ်နေတယ်'' ဟု ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis