ရတနာပုံတယ်လီပို့က
Development and Maintenance ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး
ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက
ပြောပါတယ်။
Monday, 27 February 2012
ရတနာပုံတယ်လီပို့က ၀န်ထမ်းများ စာပို့ကန့်ကွက်
ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး လူမဆန်စွာ ဆဲဆိုကြိမ်းမောင်ခြိမ်းခြောက်မှုနှင့် ပါတ်သတ်၍ ရရှိတဲ့ ပေးစာ
![]() |
ရတနာပုံ တယ်လီပို့  |
ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ်ကြား လက်နက်ပြဿနာ ပြေလည်မှုရရှိ
နယ်ခြား
စောင့်တပ်က တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)
ရဲ့ လက်နက်တွေကို ဝင်ရောက် သိမ်းယူတဲ့အတွက်
တိုက်ပွဲတွေဖြစ်ပွားပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး
ပျက်ပြားမလိုဖြစ်ခဲ့ရာက အခု ဆွေးနွေးညှိနှိုင်းမှုတွေနဲ့
ပြေလည်သွားပြီလို့ သိရပါတယ်။
အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော
တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။
ရေကမ္ဘာဟုဆိုနိုင်သော ရေနွေးငွေ့ဆန်ပြီး လေထုထူထဲစွာရှိသည့် ဂြိုဟ်သစ်ကိုတွေ့ရှိ
မိမိတို့နေထိုင်ရာ စကြ၀ဠာပြင်ပရှိ ဂြိုဟ်တစ်ခုဖြစ်သော အလင်းနှစ် ၄၀ အကွာမှ GJ 1214b ဟု အမည်ပေးထားသည့် ဂြိုဟ်သည် ယင်းသို့သော ထူးဆန်းသည့်အခြေ အနေမျိုးတွင်ရှိနေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဟပ်ဘယ်လ်တယ်လီစကုပ်ဖြင့် ထပ်မံလေ့လာမှုများအရ ယင်းဂြိုဟ်၏ ဒြပ်ထုအများစုမှာ ရေများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဂြိုဟ်ကို လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာပေါ်ရှိ တယ်လီစကုပ်များဖြင့် လေ့လာစဉ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ |
ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့ ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။
အသေးစား မိုးခေါင်ရေရှားမှုကြောင့် မာယာလူမျိုးတို့၏ လူ့အဖွဲ့အစည်း ပျက်သုဉ်းခဲ့ရခြင်းဖြစ်
၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဆိုသော ကောလာဟလတို့ကို ဖြစ်ပေါ်စေခဲ့သည့် မာယာလူမျိုးတို့၏ ပြက္ခဒိန်ကို ဂျာမနီနိုင်ငံတွင် ပြသထားစဉ်
တစ်ခေတ်တစ်ခါက အထူးအဆင့်မြင့်သည်ဟု ဆိုနိုင်သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတစ်ခု ပျက်သုဉ်းသွားရခြင်းမှာ ဆိုးရွားသော မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြီးကြောင့်ဟု ယခင်က ယူဆထားခဲ့ကြသည်။ |
အနည်းအများ(နန္ဒ၀င်း(ဆေး-၁))
|
ချောင်းဦးမြို့တွင် ကြက်ကောင်ရေ ၆၀ ခန့်သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ၂၅ ရက် နေ့မှစ၍ ကြက်ဥကြက်သား ရောင်းချတင်သွင်းခွင့်များ ပိတ်ပင်ထား
''ချောင်းဦးမြို့ မြောက်ဘက်အ ထွက်မှာ ကြက်ခြံတွေရှိပြီး ကြက်ခြံ တစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက်သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်း သပ်နေတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ချောင်းဦးမြို့ပေါ်မှာ ကြက်ဥ၊ ကြက်သားတင်သွင်းခွင့် ရောင်းချခွင့်တွေ ပိတ်ထားတယ်။ သက်ဆိုင်ရာကလာစစ်တော့ အနီးနားက ကြက်ခြံတစ်ခြံမှာလည်း ကြက်တစ်ကောင်သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်'' ဟု မုံရွာခရိုင် ချောင်းဦးမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။ |
ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ
ဒီသီတင်းပတ်အကုန်မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်
ဗလာဒီမီယာ ပူတင် (Vladimir Putin) သမ္မတ ဖြစ်လာနိုင်ဖွယ် ရှိနေတာကို
ကန့်ကွက်ဆန္ဒပြကြတဲ့ မော်စကိုမြို့လယ်က ထောင်ပေါင်းများစွာသော ဆန္ဒပြလူထုဟာ
တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ပြီး ချိန်းကြိုးတွေ ဆက်ထားသလို
ဆန္ဒပြခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ၁၆ ကီလိုမီတာ လောက်ရှိတဲ့ Moscow Garden Ring လမ်းမတလျှောက် ဆန္ဒပြသူတွေဟာ အဲဒီလို လက်တွေကို ချိတ်ပြီး ဘေးချင်းယှဉ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆိုဗီယက်ပြည်ထောင်စု ပျက်ဆီးခဲ့ချိန်ကစလို့ အကြီးမားဆုံး အတိုက်အခံ ဆန္ဒပြ ဖော်ထုတ်မှု သင်္ကေတဖြစ်တဲ့ အဖြူရောင် ဖဲကြိုးတွေကိုလည်း ဆန္ဒပြသူ အများစုက ၀တ်ဆင်ထားကြပါတယ်။
တနင်္ဂနွေနေ့က ၁၆ ကီလိုမီတာ လောက်ရှိတဲ့ Moscow Garden Ring လမ်းမတလျှောက် ဆန္ဒပြသူတွေဟာ အဲဒီလို လက်တွေကို ချိတ်ပြီး ဘေးချင်းယှဉ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆိုဗီယက်ပြည်ထောင်စု ပျက်ဆီးခဲ့ချိန်ကစလို့ အကြီးမားဆုံး အတိုက်အခံ ဆန္ဒပြ ဖော်ထုတ်မှု သင်္ကေတဖြစ်တဲ့ အဖြူရောင် ဖဲကြိုးတွေကိုလည်း ဆန္ဒပြသူ အများစုက ၀တ်ဆင်ထားကြပါတယ်။
Subscribe to:
Posts (Atom)