|
Thursday, 15 March 2012
တပေါင်းလ သဲပုံစေတီပွဲ
TheVoice အယ်ဒီတာချုပ်နှင့် ဆက်သွယ်မေးမြန်းခြင်း
The Voice ဂျာနယ်ပါ ၀န်ကြီးဌာနတချို့ ကျပ် သိန်းထောင်ချီ အလွဲသုံးမှု သတင်းနဲ
့ပတ်သက်ပြီး သတ္တုတွင်း ၀န်ကြီးဌာနက ဥပဒေကြောင်းအရ ဆောင်ရွက်မယ် လို
့နိုင်ငံပိုင် သတင်းစာတွေကနေ ကြေညာထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး The Voice ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဆက်သွယ်မေးမြန်း
ထားပါတယ်။
သတ္ထုတွင်းဝန်ကြီးဌာန
သတင်းတပုဒ်နဲ့ ပတ်သက်ပြီးတော့ သည်ဗွိုက် ဂျာနယ်ကို တရားဥပဒေ အရ
ဆောင်ရွက်သွားမယ်ဆိုတာ တရားစွဲမယ်လို့ ရည်ညွန်းတာလို့ သည်ဗွိုက် က
ယူဆပါသလား၊ ဘယ်လိုမျိုး ယူဆပါသလဲ။
“ကျနော်တို့ကတော့
တရားဥပဒကြောင်း ဆိုတာကတော့ အမျိုးမျိုး ရှိတယ်လေ။ အဲဒီထဲမှာလည်း
တရားစွဲတဲ့ အဆင့်တခု ပါတာပေါ့နော်။ သူတို့ထဲမှာလည်း ပြောထားတာက
တရားဥပဒေကြောင်း လို့ ပြောထားတဲ့ အတွက် ပြတ်ပြတ် သားသား မပြောတဲ့အတွက်
ကျနော်တို့ကလည်း ထင်မြင်ချက် ပေးဖို့ ခက်ပါတယ်။ သူတို့ဖော်ပြတဲ့ သတင်းက
သတ္ထုတွင်း ဝန်ကြီးဌာန ကပဲ ပြောတာ လား၊ ပြန်ကြားရေး ဌာနက ပြောတာလား ဆိုတာ
မသဲကွဲပါဘူး။ သတင်းအင်္ဂါရပ် နဲ့ ကြည့်တဲ့ အခါကျတော့လည်း သတင်း
ရင်းမြစ်ဆိုတာလည်း မတွေ့ရဘူးလေ။
အမေရိကန် အထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့
မြန်မာနိုင်ငံကို အလည်အပတ်ရောက်နေတဲ့ အမေရိကန်အစိုးရ
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲက အန်အယ်လ်ဒီ
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီကနေ့ညနေက သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ်ချဲနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် ကော်မရှင်က ထုတ်ပြန်လိုက်တဲ့
မဲစာရင်းတွေထဲမှာ အမှားအယွင်းများစွာ တွေ့နေရကြောင်း၊ ကြိုတင်မဲကိစ္စတွေနဲ့
ပတ်သက်ပြီး
မမှန်မကန် ဆောင်ရွက်မှုတွေ ရှိနေတာ ကြားရကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲကို
တရားမျှတစွာ ကျင်းပနိုင်ဖို့ နိုင်ငံတကာက စောင့်ကြည့်နေဖို့ လိုအပ်ကြောင်း
ပြောသွားပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အမေရိကန်သို့ သွားရောက်
အာဖဂန်နစ္စတန်တွင် ရင်ဆိုင်နေရသော မဟာဗျူဟာမြောက် ပြဿနာများ၊ အီရန်နှင့်ပတ်သက်သည့် အရေးကိစ္စတို့က အိုဘားမားနှင့် ကင်မရွန်း တွေ့ဆုံဆွေးနွေးမှုကို လွှမ်းမိုးနေခဲ့ဖွယ်ရှိသည်။ ကင်မရွန်နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက အီရန် နျူကလီးယား အကျပ် အတည်းနှင့် ပတ်သက်ပြီး သံတမန်ရေးအရ အဖြေတစ်ခုရရှိရန် အခြေအနေမှာ လျော့ပါးလာနေကြောင်း အီရန်ကို သတိပေးပြောကြားခဲ့သည်။ |
ယခုနှစ် စိုင်းစိုင်းမွေးနေ့ရှိုး အား မန္တလေးမြို့ရှိ Hill Resort တွင် ပြုလုပ်မည်
နှစ်စဉ် ကျင်းပပြုလုပ်နေကျ ဖြစ်သည့် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့လိုက်ဖ်ရှိုးအား မန္တလေးပရိသတ်များနှင့်အတူ မန္တလေးမြို့ရှိ Hill Resort တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ “ကျွန်တော် မန္တလေး ပရိသတ်တွေနဲ့အတူ မွေးနေ့ကို မန္တလေးမှာ ဖြတ်သန်းဖို့ စိတ်ကူးနေတာ ကြာပါပြီ။ တစ်နှစ်ပြီးတစ်နှစ် စိတ်ကူးလိုက် မလုပ်ဖြစ်လိုက် ဖြစ်နေတာ ဒီနှစ်တော့ ဖြစ်အောင်လုပ်မယ် ဆိုပြီးတော့ စီစဉ် ဖြစ်သွားတာပါ။ ရန်ကုန်ပရိသတ် အတွက်ကတော့ မွေးနေ့ပွဲဆိုတာကလည်း တစ်ရက်ပဲ ရှိနေတော့ကျွန်တော် ကမန္တလေးကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ နောက်နှစ်တွေမှာတော့ လည်း ရန်ကုန်မှာပြန်လုပ်ချင်လည်း လုပ်ဖြစ်မှာပေါ့လေ။ ဒီနှစ်မွေးနေ့ရှိုးကိုတော့ ရန်ကုန်နဲ့ နယ်ပရိသတ်တွေ အတွက် အခွေပဲ ပြန်ထုတ်ဖြစ်မလား၊ ရုပ်သံကပြန်လွှင့်ရင် ကောင်းမလားဆိုတာ စဉ်းစားနေတုန်းပါ” ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောပြခဲ့သည်။ |
''၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း"
(ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အကျဉ်းကျခံနေရာမှ နိုင်ငံတော် သမ္မတကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် လွတ်မြောက်လာသည့် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ (ဦး)ကိုကိုကြီး နှင့် ကချင်၊ အထက်မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဖေဖေါ်ဝါရီလကုန်ပိုင်းက မန္တလေးမြို့တွင်ခရီးစဉ်၊ လက်ရှိနိုင်ငံရေး အပေါ်သုံးသပ်ချက်များကို YPI ကတွေ့ဆုံမေးမြန်းထားပါသည်။ ယင်းမေးမြန်းချက်များကို အောက်တွင်ဖေါ်ပြလိုက်ပါသည်။)
YPI - ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ခရီးစဉ်အားလုံးရဲ့ အဓိက ရည်ရွယ်ချက်လေးကို သိချင်ပါတယ်။
ဖြေ - ကျွန်တော်တို့က နံရံလေးဘက်ကြားထဲမှာ ၁၀ စုနှစ် (၂)ခုလောက်အထိ နေခဲ့ရတော့ ပြည်သူတွေ နိုင်ငံသားတွေနဲ့ တလျှောက်လုံးထိတွေ့လို့ မရခဲ့ပါဘူး။ အဲဒီတော့ အခုလို ပြန်လွတ်လာတဲ့အချိန်မှာ အဓိကအားဖြင့် ဒေသအသီးသီးကပြည်သူတွေနဲ့ ထိတွေ့ချင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ရင်ခုန်သံတွေကို နားထောင်ချင်တယ်။ သူတို့ခံစားနေရတာတွေကို မျှဝေခံစားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခရီးတွေထွက်ဖြစ်တာပါ။
ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ(တင်ညွန့်)
ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။
သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။
တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။
သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ ဖြစ်ချင်တဲ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း၊ အပင် ပန်းအဆင်းရဲ ခံနိုင်လို့လည်း သူတို့ အောင်မြင်ခဲ့တာလို့ ပြောရင်ရနိုင်တယ်။ အခြေအနေတစ်ခုကို သူတို့ရောက်လာဖို့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြတယ်။
နည်းပညာဆိုတာ လူသားတွေရဲ့ လူနေမှုဘ၀ (Life Style) ကို တစ်ခုသော အချိန်ကာလအတွင်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်မှုပေးပါတယ်။ လူသားတွေ အကောင်းဆုံး၊ အဆင်အပြေဆုံး၊ အသက်သာဆုံးဖြစ်အောင် သူတို့ လုပ်ဆောင်ခဲ့ပါတယ်။
ကမ္ဘာကြီးဟာ သူတို့တီထွင်မှုတွေကြောင့် အသစ်ပြန်လည်မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ ဘယ်သူတွေလည်း၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကြည့်ရအောင်။
နှစ်သိန်းတန် GSM များ အာမခံမလိုဘဲ အရစ်ကျ ရောင်းမည်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချပေးမည့် GSM
ဖုန်းများကို ရန်ကုန်တိုင်း ဒေသကြီးတွင် ဧပြီလ ၉ ရက်နေ့မှ စတင်ကာ ABC ၃
ဖုန်းအရောင်းဆိုင်က ဘဏ်စာရင်းဖွင့်ထားခြင်း အပါအဝင် အာမခံပေးမည့်သူ ရှိရင်
မလိုဘဲ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ဆိုင်ရှင် ဦးအဂ္ဂက The
Voice Weekly သို့ ပြောကြားသည်။
နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန်ဖုန်းဟန်းဆက် ပူးတွဲအတွက် ကျပ်နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခ အဖြစ် လစဉ် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနှစ်သောင်းကို လေးလအတွင်း အရစ်ကျ ပေးရမည် ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့် လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂၅၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နှစ်သိန်းတန်ဖုန်းနှင့် သုံးသောင်းတန်ဖုန်းဟန်းဆက် ပူးတွဲအတွက် ကျပ်နှစ်သိန်း သုံးသောင်း၊ ဝန်ဆောင်ခ အဖြစ် လစဉ် ကျပ်တစ်သောင်း၊ စုစုပေါင်း ကျပ်နှစ်သိန်း ခုနှစ်သောင်းကို လေးလအတွင်း အရစ်ကျ ပေးရမည် ဖြစ်ကြောင်း၊ စတင်ဝယ်ယူသည့် လတွင် ခြောက်သောင်းကျပ် ပေးသွင်းရန် လိုအပ်ပြီး လစဉ် ၅၂၅၀၀ ပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မလျှော့တမ်း ယှဉ်ပြိုင်သွားမယ်ဆိုတဲ့ ပြိုင်ဘက်
ပြည်ခိုင်းဖြိုးကိုယ်စားလှယ်လောင်း ဒေါက်တာစိုးမင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကော့မှုးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံများအား မဲဆွယ်ဟောပြောနေစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
စစ်တပ်ဆရာဝန်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒေါက်တာစိုးမင်းတစ်ယောက် ကတော့ တစ်ရွာပြီးတစ်ရွာလှည့်လည်ရင်း ဆေးအခမဲ့ကုသပေးရင်းနဲ့ပဲ သူ့ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ထောက်ခံကြဖို့ သတင်းစကားကို ဖြန့်ဝေ ပေးနေပါတယ်။
ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး စည်းရုံးရေးခရီးစဉ်တိုင်းမှာ ထောင်ပေါင်းများစွာသော လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ရ ခြင်းရဲ့ စိန်ခေါ်မှုကြီးကိုတော့ သူက အေးဆေးစွာပဲ တုံ့ပြန်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူနဲ့ ကျွန်တော်တို့ဟာ မိသားစုတစ်ခုတည်း လိုပါပဲ။ ကျွန်တော်တို့ဟာ မိသားစုတွေပါ။ ပြည်သူ တွေဟာ ကျွန်တော်တို့ရဲ့ အမိ အဖတွေပါ။ ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့ရဲ့ အစ်မကြီးပါ" လို့ ဒေါက်တာ စိုးမင်းက အေအက်ဖ်ပီကိုပြောပါ တယ်။
လှော်ကားကန်မှရေပို့ကွန်ကရစ် ပိုက်မကြီး ပေါက်သွားသောကြောင့် ပိုက်လိုင်းနှင့် ဆက်စပ်မြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထား
အဆိုပါရေပို့ ပိုက်မကြီးမှာ မတ်လ ၁၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပေါက်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ ရက်ခန့် အရေးပေါ် ၂၄ နာရီ ပြင်ဆင်မှု ပြုလုပ်နေရကြောင်း၊ ပိုက်လိုင်း ပြုပြင်မှုကြောင့် ဆက်စပ်မြို့နယ် များဖြစ်သော ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာ၊ ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ စသောမြို့နယ်များတွင် ရေပေးဝေမှု ခေတ္တဖြတ်တောက်ထားသည်ဟု သိရသည်။ ရေခေတ္တဖြတ်တောက်ထားမှုနှင့် ပတ်သက်၍ ''အချင်း ၆၆ လက်မရှိတဲ့ ရေပို့ ကွန်ကရစ် ပိုက်မကြီးက ရွှေပြည်သာအ၀င် ဒညင်းကုန်းလမ်းဆုံအနီးမှာ မတ်လ ၁၂ ရက်နေ့က ပေါက်သွားခဲ့ပါတယ်။ ဒီပိုက်ပေါက်မှုကို ၂၄ နာရီ အရေးပေါ် ပြုပြင်နေတာ ၂ ရက်ရှိပါပြီ။ ဒါကြောင့် ရေပေးဝေမှု ခေတ္တဖြတ်တောက် ထားပါတယ်။ မတ်လ ၁၅ ရက်နေ့လောက်မှာ ရေပုံမှန်အတိုင်း ပြန်ပေးဝေနိုင်အောင် လုပ်နေပါတယ်။ ကွန်ကရစ် ပိုက်မကြီးက နှစ် ၂၀ ကျော်လာပြီဖြစ်တဲ့အတွက် ချို့ယွင်းမှုဖြစ်တာပါ။ ဟိုတစ်လောက မင်္ဂလာတောင်ညွန့်ဘက်မှာ ရေပိုက်တွေကို မြှင့်ဖို့ရှိခဲ့တဲ့အတွက် ရေပေးဝေမှုကို ခေတ္တဖြတ်တောက်ထားမယ်၊ ရေကို ကြိုတင်စုဆောင်းထားဖို့အတွက်ကို အများပြည်သူသိအောင် တစ်ပတ်လောက် ကြိုတင်အသိပေး ကြေညာခဲ့ပါတယ်။ အခုရေပိုက်ပေါက်တဲ့ ကိစ္စကတော့ မမျှော်လင့်ဘဲ ဖြစ်ခဲ့တဲ့အတွက် ကြိုတင် အသိမပေးနိုင်ခဲ့ပါဘူး'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ |
မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်နယ်နိမိတ်သစ်ကို ကုလသမဂ္ဂတရားရုံးက ဆုံးဖြတ်သတ်မှတ်
ဂျာမနီနိုင်ငံ၊ မြောက်ပိုင်း ဟမ်းဘတ်မြို့ရှိ ITLOS တရားရုံးက ချမှတ်ခဲ့သည့် အမိန့်အရ ပင်လယ်ပိုင်း နယ်နိမိတ်သစ်ကို တရားသူကြီးအဖွဲ့ဥက္ကဋ္ဌ ဟိုဆေးလူးဝစ်ဂျီးဆပ်စ်က တင်ပြခဲ့သည်။ နှစ်နိုင်ငံစလုံးအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ကမ်းဦးရေတိမ်ပိုင်းနှင့် ပတ်သက်၍ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ၎င်းက အမိန့်ချခဲ့သည်။ နယ်နိမိတ်အား တိုင်းတာရာတွင် မြန်မာ၏ နည်းလမ်းကို ထောက်ခံခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်က ဧရိယာပိုမိုရရှိခဲ့သည်။ |
နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်း တည်နေရာကို အတိအကျ တွေ့ရှိပြီ
ရန်ကုန်မြစ်-ပဲခူးမြစ်-ပုဇွန်တောင်ချောင်းတို့ ဆုံရာအလယ်တွင် နှစ်ပေါင်း ၃၀၀ ကျော်တိုင် နစ်မြုပ်နေသော ဓမ္မစေတီ ခေါင်းလောင်းကို အမေရိကန်နိုင်ငံမှ လွှတ်တင်ထားသော နာဆာ Land Sat 7 ဂြိုဟ်တုဖြင့် ခေါင်းလောင်းပုံရိပ်ကို အတိအကျ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ငါးရက်လောက်က ကြည့်ဖြစ်ခဲ့တာ ဘယ်နေရာမှာ ခေါင်းလောင်း ရှိတယ်၊ ဘယ်နေရာမှာ သင်္ဘောပျက် ရှိတယ် ဆိုတာတွေကို အတိအကျ မြင်နေရပါတယ်။ ဓမ္မစေတီခေါင်းလောင်းကို ရေထဲကနေ ပြန်လည်ဆည်ယူဖို့ ခန့်မှန်းခြေ ဒေါ်လာငါးသိန်း ဝန်းကျင်လောက် လိုတယ်။ အခုလက်ရှိတော့ အဲဒီဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ယူဖို့ နိုင်ငံတော်အနေနဲ့ ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့် မပေးသေးဘူး” ဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းက ပြောသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးမည့် ရုပ်ရှင် သရုပ်ဆောင် လူမင်းနှင့် တွေ့ဆုံခြင်း
၂၀၁၀ရွေးကောက်ပွဲတွင်
မဲမပေးခဲ့သော်လည်း ယခုနှစ်ဧပြီလ ၁
ရက်နေ့တွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် မဲပေးမည်ဟု ဆုံးဖြတ်ထားသူ ၊
အန်အယ်လ်ဒီပါတီအတွက် မဲဆွယ်စည်းရုံးရေးများကိုပါ ပြုလုပ်ပေးမည့်
ကိုလူမင်းနှင့် တွေ့ဆုံမေးမြန်းချက်များကို စုစည်းတင်ပြအပ်ပါသည်။
မေး။ ။ ကိုလူမင်း ၂၀၁၀ရွေးကောက်ပွဲမှာ မဲပေးခဲ့ပါလား ။
ဖြေ။ ။ ကျွန်တော်မပေးခဲ့ပါဘူး။
မေး။ ။ အကိုဘာလို့ မဲမပေးခဲ့တာပါလဲ။
ဖြေ။ ။
မဲမပေးဘူးဆိုတာက သိပ်လဲ စိတ်မ၀င်စားဘူး ပြီးရင် ဒီလိုဘဲဖြစ်မယ်ဆိုတာ
ကြိုသိနေတော့ မဲပေးခြင်း မပေးခြင်းအပေါ် စိတ်လဲ မ၀င်စားဘူး ပြီးတော့
ထင်တဲ့အတိုင်းပဲ ဖြစ်သွားတာပဲ။
‘၂၀၁၂ ခုနှစ်ဟာ နေအမည်းစက် အများဆုံးနှစ် ဖြစ်နေပြီမို့ ဒီနှစ်ရဲ့ လက်ကျန်လတွေမှာ အယ်လ်နီညိုဖြစ်၊ မဖြစ်ဆိုတာ အလွန်အရေးကြီးနေပါတယ်’ ၊ မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံခြင်း
|
Subscribe to:
Posts (Atom)