menu

Sunday, 21 October 2012

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသ တွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ထိန်းချုပ် ရေးမျဉ်း (Line of Control-LoC) တစ်လျှောက်တွင် အပစ် အခတ် ရပ်စဲရေး သဘော တူညီ ထားမှုအား ချိုးဖောက် ၍ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ပိုင်းတွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း အိန္ဒိယ တာဝန် ရှိသူများက အောက်တို ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါ ပစ်ခတ် မှုသည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ဆရီနာ ဂါမြို့၏ အနောက် တောင်ဘက် ၁၈၅ ကီလို မီတာခန့် အကွာတွင် ရှိသော နယ်စပ်ဒေသ Poonch ခရိုင်၏ LoC တစ်လျှောက်တွင် အောက်တို ဘာလ ၁၇ ရက်နေ့က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အဆို ပါ နေ့နှောင်း ပိုင်း အထိ ဆက်လက် ပစ်ခတ်ခဲ့ ကြောင်း သိရှိရ ပါသည်။ ပါကစ္စတန် တပ်ဖွဲ့ဝင် များသည် အိန္ဒိယ စစ်စခန်းများကို လက်နက် ငယ်များဖြင့် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမူးဒေသအခြေစိုက် အိန္ဒိယ ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးR K Palta က ပြောကြားခဲ့ ပါသည်။

အိန္ဒိယ ကြည်းတပ် အနေ ဖြင့်လည်း ပြန်လည် ပစ်ခတ်ခဲ့ ကြောင်းနှင့် ထိုကဲ့သို့ အပြန်အလှန် ပစ်ခတ် မှုကြောင့် ထိခိုက် သေကျေ ပျက်စီး မှုများကို မသိရှိ ရသေးကြောင်း ဗိုလ်မှူးကြီး Palta က ပြောကြားခဲ့ ပါသည်။ ထို့အပြင် LoC တစ်လျှောက် အပစ်အခတ် ရပ်စဲထားမှုအား ချိုး ဖောက် နေမှုကို ရပ်တန့်ရန် ကက်ရှ် မီးယား ဒေသ ဝန်ကြီးချုပ် Omar Abdullah က အောက်တို ဘာလ ၁၇ ရက်နေ့တွင် ပါကစ္စတန် နိုင်ငံကို တိုက်တွန်း ပြောကြား ခဲ့ပါသည်။
အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသရှိ LOC တစ်လျှောက်နှင့် အပြည် ပြည် ဆိုင်ရာ နယ်နိမိတ် တစ်လျှောက် အပစ် အခတ် ရပ်စဲ ထားမှုကို စောင့်ကြည့် ထိန်းသိမ်းရန် ၂ဝဝ၃ ခုနှစ်က သဘော တူညီခဲ့ ကြကြောင်း သိရှိရ ပါသည်။
Myawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis