Monday, 9 January 2012
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ သြစတေးလျ လျှော့ချ
သြစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ်ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အတိုက်အခံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ စပြီးတော့ ဖြစ်လာတဲ့အတွက် ငွေရေးကြေးရေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့ ဟန့်တားမှုကို လျှော့ပေးလိုက်တာလို့ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ သြစတြေးလျရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အခုလို လျှော့ပေးဖို့ အချိန်မတန်သေးဘူးလို့ ဝေဖန်လိုက်ပါတယ်။ အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။
ထားဝယ်ရေနက် စီမံကိန်းတွင်ပါဝင်သည့် ကျေက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ရပ်ဆိုင်း
ထားဝယ်ရေနက်စီမံကိန်းတွင်ပါဝင်မည့် မဂ္ဂါဝပ် ၄၀၀၀ထွက်ရှိမည့်
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်အား
ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဇန်န၀ါရီလ ၉ ရက်နေ့တွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
NLD ခေါင်းဆောင်မှုပုံသဏ္ဍာန် ပြောင်းလဲဖွဲ့စည်း
ဒေါ်အောင်ဆန်းစုကြည် အား CEC ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ
အဖွဲ့၏ နာယက အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်း အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC ပုံမှန်အစည်းအဝေးမှ
ဆုံးဖြတ်လိုက်သည်။
တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
တနင်္လာနေ့က ၂ နာရီခန့်ကြာ ပြုလုပ်သည့် CEC အစည်းအဝေးမှ ဆုံးဖြတ်ချက်အရ CEC အဖွဲ့ဝင်များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဦးတင်ဦးနှင့် အန်အယ်လ်ဒီပါတီဝင်များကို ပါတီဆိုင်းဘုတ်သစ်တင်ပွဲ
အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးရှေ့တွင်
တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
မီးရှို့အဆုံးစီရင် ဆန္ဒပြမှုကြောင့် တိဘက်တွင် ဘုန်းတော်ကြီးတစ်ပါးသေဆုံး
တိဘက်ဘုန်းတော်ကြီးတစ်ပါးဟာ အမ်ဒို (Amdo) ဒေသ ဒါရီ (Dari) နယ်ထဲမှာ
ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင်ရာက တနင်္ဂနွေနေ့မှာ သေဆုံးသွားတယ်လို့
တိဘက်ကလာတဲ့ သတင်းတွေက ဖော်ပြပါတယ်။ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့
ဘုန်းတော်ကြီး ဒလိုင်းလားမား ပြည်တော်ပြန်ခွင့်ရရေး ကြိုးပမ်းရင်း ၂၀၀၉
ခုနှစ်ကတည်းက သေဆုံးခဲ့ကြရသူ တိဘက်လူမျိုး အားလုံးအတွက် ရည်စူးပြီး
အဆုံးစီရင်တာ လို့လည်း သူ့ကိုယ်သူ မီးတင်မရှို့မီ အသက် ၄၂ နှစ်အရွယ် လားမား
ဘုန်းတော်ကြီး ဆိုပါတူလ်ကူ (Sopa Tulku) က ပြောသွားတဲ့အကြောင်း သတင်းတွေက
ဖော်ပြခဲ့ကြတာပါ။
ကြည့်မြင်တိုင် နိုင်ငံခြားငွေ လွှဲ/ပို့အလုပ်ရုံတစ်ခု သိန်း ၆၆၀၀ ကျော်လိမ်လည်မှုဖြစ်ပွား
ကြည်မြင်တိုင်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေလွှဲ/ ပို့
အလုပ်ရုံတစ်ခုမှ ပြည်ပနိုင်ငံသို့ ငွေလွှဲပို့သည့် ငွေကျပ်သိန်းပေါင်း ၆၆၀၀
ကျော်အား လိမ်လည်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယူရေနီယံ သန့်စင်စက်ရုံဖွင့်လှစ်ရန် အီရန်ကြေငြာ
အီရန်နိုင်ငံအနေနဲ့ ဒုတိယမြောက် ယူရေနီယံသန့်စင်တဲ့ စက်ရုံတစ်ခုကို
အခုလကုန်ပိုင်းကစပြီး မြေအောက်မှာ စတင်လည်ပတ်ဖို့ရှိတယ်လို့ ထိပ်တန်းအီရန်
အရာရှိတစ်ယောက်က ပြောဆိုပါတယ်။ ဒီလိုလုပ်ရတာဟာ အီရန်နိုင်ငံရဲ့ နျူကလီးယား
အစီအစဉ်နဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့ နိုင်ငံတွေအနေနဲ့ လေကြောင်းကနေ
တိုက်ခိုက်နိုင်မှုကို အကာအကွယ် ပြုနိုင်အောင်ဖြစ်တယ်လို့ ပြောပါတယ်။
Subscribe to:
Posts (Atom)