အိန္ဒိယနိုင်ငံ
Madhya Pradesh ပြည်နယ် ကျေးရွာတစ်ရွာမှ ပူပူနွေးနွေး လက်ထပ်ပြီးစ
အမျိုးသမီးတစ်ဦးဟာ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိတဲ့အတွက်၊ အိမ်သာ
ဆောက်ပေးဖို့ ပြတ်ပြတ်သားသား တောင်းဆိုခဲ့တာကြောင့် ယခုနှစ်မှာ
သူရဲကောင်းဆု ချီးမြှင့်ခံရပါတယ်။
Anita
Narre ဆိုတဲ့ အမျိုးသမီးငယ်ဟာ မနှစ်က မေလမှာ လက်ထပ်ခဲ့ပြီး၊
နှစ်ရက်အကြာမှာ သူ့ယောက်ျား Shivram ရဲ့ နေအိမ်ကနေ ဆင်းလာခဲ့ပါတယ်။
အကြောင်းကတော့ သူ့ယောက်ျားအိမ်မှာ အိမ်သာမရှိလို့ပါ။



