menu

Friday 13 July 2012

အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ

  ဆီရမ်ရိ၊ ကမ္ဘောဒီးယား -  ဇူလိုင် ၁၃
မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြသော ဧည့်သည်တော်များခင်ဗျား-
 
ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

စာဖတ်ပရိသတ်က ရေးခိုင်းလို့ပါ(လူထုစိန်ဝင်း)

ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်စစ်ပွဲကြီးတွေ ဖန်တီးခဲ့တာလည်း တောသူတောင်သား ဆင်းရဲသားတွေ မဟုတ်ပါဘူး။ မြို့နေ ရေပေါ်ဆီ လူတန်းစား (အီလစ်)တွေနဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စီးပွားရေးသမား လူချမ်းသာတွေကြောင့် စစ်ပွဲကြီးတွေ ဖြစ်ခဲ့ကြပြီး တိုင်းပြည်တွေပျက် လူတွေသေခဲ့ကြရတာ ဖြစ်တယ် ဆိုတာလောက်တော့ . . .


w6604
ထူးခြားဖြစ်စဉ် တစ်ခုခု ကြားရပြီဆိုရင် မိတ်ဆွေများက ဖုန်းဆက်ပြီး ဘာထူးလဲလို့ အမြဲမေးတတ်ကြတယ်။ အိမ်မှာက ဂျာနယ်တိုက်ပေါင်းစုံက လူတွေ၊ စာပေလောက သားတွေ၊ နိုင်ငံခြားသား သတင်းထောက်တွေ နေ့စဉ်
အ၀င်အထွက်များသလို ကျောင်းသူကျောင်းသား လူငယ်လူရွယ်တွေလည်း အလာများတာကြောင့် သတင်းစုံ ရပ်ကွက်အဖြစ် သဘောထားပြီး မေးကြတာ ဖြစ်တယ်။

တောင်တွင်းကြီးမြို့နယ်တွင် ဒေါက်တာအတုဖမ်းဆီးရမိ

 
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်မြို့မရဲစခန်း  အရှေ့တောင်ဘက်၅မိုင်ခန့်အကွာ  ဇီးတောကျေးရွာအုပ်စုတွင် တရား  ၀င်ဆေးကုသမှုလိုင်စင်မရှိဘဲအခ ကြေးငွေယူ၍ ဆေးကုသနေသူ တစ်ဦးအားသက်ဆိုင်ရာမှ ဖမ်းဆီး   ရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၇.၇.၂၀၁၂ ရက်စွဲပါစာဖြင့် တောင်တွင်းကြီး  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှု ဒေါက်တာဒေါ်စန္ဒာသိန်းမှ ဇီးတော   ကျေးရွာအုပ်စုတွင် မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုပ်ပေးထားသော  ဆေးကုသမှုလိုင်စင်မရှိဘဲ မင်းဦး  ၄၇ နှစ် (ဘ) ဦးမောင်ချွန် ၉/လ၀န (နိုင်) ၁၅၅၀၁၅ ဒေါက်တာ အမည်ခံအမှတ် ၅ ရပ်ကွက်လယ် ဝေးမြို့နယ်နေသူမှမသိနားမလည်   သည့်ကျေးရွာသူ၊ ရွာသားများအား

Sony Xperia Ion



လှပတဲ့စမတ်ဖုန်းတစ်ခုအသွင် တည်ဆောက်ထားတဲ့ Sony Xperia Ion မှာ ၄.၅၅ လက်မအရွယ် (1,280 x 720-pixel resolution) LCD screen ကိုတပ်ဆင်အသုံးပြုထားပါတယ်။ ဒါပေမဲ့ အဆိုပါ display ဟာ pixel resolution တူညီတဲ့ HTC One X ကဲ့သို့ တောက်ပစွာဖော်ပြပေးနိုင်ခြင်းမရှိပါဘူး။ အချက်အလက်သိုလှောင်မှုကို တိုးမြှင့်အသုံးပြနိုင်ရန်အတွက် microSD card slot ကို အထောက်အပံ့ပေးထားပေမယ့် ဘက်ထရီကိုဖယ်ရှားကာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။

3D Animation ဖြင့်ပြုလုပ်ထားသော ကျားသစ်ဇာတ်ကောင်များပါဝင်သည့် ဗီဒီယိုဇာတ်ကားဖန်တီး



3D Animation ဖြင့်ပြုလုပ်ထားသော ကျားသစ်ဇာတ်ကောင်များပါဝင်သည့် ဗီဒီယိုဇာတ်ကားအား ရိုက်ကူးထားကြောင်း အဆိုပါဇာတ်ကား၏ ဒါရိုက်တာယွန်းကပြောသည်။ Lucky Seven ဗီဒီယိုထုတ်လုပ်ရေးအတွက် ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားတွင် 3D Effect များစွာပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 “သမားရိုးကျဇာတ်ကားတွေကနေ ခွဲထွက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အနုပညာနဲ့ နည်းပညာကိုပေါင်းစပ်ပြီး ပုံစံတစ်မျိုးဖြစ်သွားအောင် ဖန်တီးဖြစ်တာပါ။ မင်းသားအနေနဲ့လည်း ဒီလိုဇာတ်ကားမျိုး မရိုက်ဖူးသေးတာကြောင့် ရိုက်ဖြစ်သွားတာဖြစ်ပါတယ်” ဟု ဒါရိုက်တာယွန်းကပြောသည်။

"သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့ တွေ့ဆုံ"

သမ္မတဦးသိန်းစိန် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်တို့သည် ယနေ့ (ဇူလှိုင် ၁၃ ရက်)မွန်းလွဲပိုင်းက ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ မြို့တွင် တွေ့ဆုံခဲ့ကြသည်။

ယမန်နှစ် ဒီဇင်ဘာ ၁ ရက်က နေပြည်တော်၌ ၎င်းတို့ နစ်ဦးပထမဆုံးတွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ ပိုမိုကောင်းမွန် လာခဲ့သည်။

အမေရိကန်သည် မြန်မာနှင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းသံတမန်ဆက်ဆံရေးတိုးမြင့်သည့်အနေဖြင့် ယခင်မြန်မာနိုင်ငံ၏မူဝါဒရေးရာ ညှိနှိုင်းရေးမှူး၊ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ်ဖြစ်သူ အာရှရေးရာကျွမ်းကျင်သူဒဲရစ်မစ်ချယ်အား ယခုနှစ် ဇူလှိုင် ၁၁ ရက်က မြန်မာနိုင်ငံဆိုင် ရာ သံအမတ်ကြီး အဖြစ် ခန့် အပ်ကာ တိုးမြင့် ဆက်ဆံခဲ့သည်။

ကျွှန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် [ တက္ကသိုလ်နေ၀င်း]



“ပျောက်သောသူ ရှာလျှင်တွေ့ ၊
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုးဖြစ်လာတတ်သည်။ ဤသို့ လျှင် ယျေဘူယျအားဖြင့် မှန်ကုန်သော ဆိုရိုးစကားနှင့်ပတ်သတ်၍ ချွင်းချက်တော့ရှိနေပါသည်။

လမ်းဖောက်ရာမှ ရွာနှစ်ရွာရွာလုံးကျွတ် ခဲပစ်ပေါက်မှုဖြစ်၍ ရဲတပ်သား ၃၀၀ ကျော်ဖြင့်ထိန်းသိမ်းခဲ့

မိတ်္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ် နေပူကုန်းကျေးရွာမှ လမ်းဖောက် သည့်ကိစ္စနှင့်ပတ်သက်၍ ဆပ်ခင်း ကျေးရွာမှ မကျေနပ်သဖြင့် တစ်ရွာ နှင့်တစ်ရွာ ရွာလုံးကျွတ် ကလေး၊ လူကြီးမကျန် အုပ်စုလိုက်ခဲဖြင့်ပစ် လောက်လေးများဖြင့်ပစ်ခတ်၍ရဲတပ် သား ၃၀၀ ကျော်ဖြင့် ၀ိုင်းဝန်းထိန်း သိမ်းလိုက်ရသည့်ဖြစ်ရပ်တစ်ခုဇူလ
ိုင် ၁ ရက်ကဖြစ်ပွားခဲ့သည်။
ဖြစ်ပွားပုံမှာ ၀မ်းတွင်းမြို့နယ် အနောက်ဘက် ၁၃ မိုင်အကွာတွင် နေပူကုန်းကျေးရွာနှင့် ဆပ်ခင်းကျေး ရွာနှစ်ရွာရှိသည်။ နေပူကုန်းကျေး ရွာနှင့် ဆပ်ခင်းကျေးရွာတို့မှာ ဘော လုံးကွင်းနှင့် အလကကျောင်းခွဲသာ ခြားသည်။ ထိုနှစ်ရွာမှာ ယခင်က တည်းက လမ်းဖောက်မည့်ကိစ္စနှင့် ပတ်သက်၍ မပြေမလည်ဖြစ်ကာ မြို့နယ်အထိပြဿနာတက်နေသည့် ရွာနှစ်ရွာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင်
ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။
အဆိုပါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာမည်ဖြစ်ပြီး နှစ်စဉ်ပြုမြဲဖြစ်သော ၄င်း၏နေအိမ်တွင်ဘုန်းကြီးဆွမ်းက
ပ်ခြင်းအလှူကိုပြုမည်ဖြစ်ကာ
နေပြည်တော်သို့ ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျောက်ခေတ်မေ့ဆေး


နိုင်ငံအပေါ်သစ္စာစောင့်သိသော အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည် ပြောကြား


ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး  ဆဌမမြောက်နေ့ (ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ တက်ရောက်သည့် သုံးရက်မြောက်နေ့) ဇူလိုင်(၁၁) ရက်နေ့တွင်လွှတ်တော်အစည်း အဝေးဒုတိယ ပိုင်းကျင်းပစဉ် ခေတ်တရပ်နားချိန်တွင် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်း မီဒီများ တွေ့ ဆုံမေးမြန်းမှုများကို   စာဖတ်ပရိ သတ်များ အ စုံအလင် ဖတ်ရှုနိုင် ရန် ဖော်ပြ လိုက်ပါ သည်။
မေး။    ။ဒေးဗစ်မစ်ရှယ် မြန်မာပြည်ကိုရောက်လာ ပြီးလို့သိရပါတယ် အန်တီရဲ့သဘောထားကို သိချင်ပါ တယ်။
ဖြေ။    ။ကောင်းပါတယ်။ သူကမြန်မာပြည်ကိစစတွေ လည်းတော်တော်လေး ကျွမ်းကျင်ပါတယ်။ ခဏခဏ လည်း လာပြီးပြီ မြန်မာပြည် ကို အရင်နှစ်ပေါင်းများစွာ ကတည်းက မြန်မာပြည်အရေး ကိစတွေ ကိုလေ့လာထား ပြီးသားဆိုတော့ သင့်တော်တဲ့ သံတမန်တစ်ယောက် လို့ ပြောလို့ ရပါတယ်။

စီးပွားရေး ပိတ်ဆို့မှုနှင့်ပတ်သက်၍ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည် တို့တွေ့ဆုံ


ဇူလိုင်လ (၉)ရက်နေ့ က  သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့် မွန်းလွဲပိုင်း လွှတ်တော်အစည်းအဝေး များ ခေတ္တနား ချိန်တွင် တွေ့ဆုံခဲ့စဉ်
ပထမအကြိမ် လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု နှင့် ပတ်သက်၍ အရေးကြီး အဆိုတင်သွင်း ခြင်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ နှင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့သည် လွှတ်တော် အစည်းအဝေးပြီးဆုံးချိန် မွန်းလွဲ ၃ နာရီခန့် တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။

ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူတောမည့် သတင်းများ ကြားရပြီးခေါင်းလောင်းကြီး၏ သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီး
ခေါင်လောင်းတော်ဘွဲ့- အဝိန္ဒဆောက် ခေါင်းလောင်းတော် အလေးချိန်- ၁၈၀၀၀၀ ပိဿာ(တန်ချိန် ၂၉၀) အတိုင်းအတာ - အဝ(၈)တောင်၊ xxx(၁၂) တောင် သွန်းလုပ်သည့်နေ့- သက္ကရာဇ် (၈၃၇)ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ -သက္ကရာဇ် (၈၃၈) ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ် ကျော်ကြားမှု- ပျောက်ဆုံးနစ်မြှုပ်နေမှု

ပြည်သူ့စစ်အသွင်ပြောင်းရမည့် အစီအစဉ် လက်ခံရေး ဝ' တပ်ဖွဲ့ စဉ်းစား

 မဇ္ဈိမသတင်းဌာန ။        ။ မြန်မာနိုင်ငံတွင် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အနေဖြင့် ၄င်း၏ လွတ်လပ်သည့် အနေအထားကို စွန့်လွှတ်ကာ
မြန်မာစစ်တပ်မှ ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ (PMF) အသွင်သို့ ပြောင်းလဲရေးကို လက်ခံစဉ်းစားဖွယ်ရာရှိသည်ဟု သတင်းများက ဆိုကြောင်း သျှမ်းသံတော်ဆင့် သတင်းအေဂျင်စီ၏ သောကြာနေ့ သတင်းဆောင်းပါး တပုဒ်တွင်
ရေးသားထားသည်။
 ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေဖြင့် ၂ဝဝ၉ခုနှစ်က နယ်ခြားစောင့်တပ် (BGF) အသွင်
ပြောင်းလဲရေး အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ကဲ့သို့ပင် အခြား အဓိကတိုင်းရင်းသား လက်နက်ကိုင် အင်အားစုများကလည်း ပယ်ချခဲ့ကြသည်။

ပြည်သူ့လွှတ်တော်အတွင်း၌ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်ရန် အရေးပေါ်အဆိုတင်သွင်း

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အမေရိကန်လွှတ်တော်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု သုံးနှစ်ထပ်တိုးရန် အဆိုတင်သွင်းမှုအပေါ်တွင် မြန်မာနိုင်ငံအတွင်းရှိ လွှတ်တော်တွင်းမှဖြစ်စေ၊ပြင်ပမြှ
ဖစ်စေ မည်သည့်ပုဂ္ဂိုလ်မဆို အမေရိကန်လွှတ်တော်သို့ ကန့်ကွက်ပေးနိုင်ရန်အဆိုအား အရေးတကြီးအဆိုအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ အမေရိကန်တွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ရန်အတွက်မူ ခွင့်မပြုသေးကြောင်းသိရသည်။

''ဥပဒေရဲ့အထက်မှာ''(မင်းမြတ်စံ)

အချိန်က နံနက်အရုဏ်တက် လေးနာရီခန့်၊ အင် ဂျင်ပါဝါ အလွန်ကောင်းမွန်သော ပြိုင်ကားတစ်စီး၏ ကားစက်သံကို ကြားလိုက်ရသူတိုင်း သတိထားလိုက် မိသည်။ ထိုပြိုင်ကားသည် အရှိန်ပြင်းစွာ မောင်းနှင် လာရာမှ မီးပွိုင့်တစ်ခုအနီးအရောက်တွင်လ
ည်း မီးဝါ သွားသည်ကို မြင်လိုက်သည့်တိုင် အရှိန်လုံးဝမလျှော့ဘဲ ပွိုင့်ကိုဖြတ်ကာ ဘယ်ဘက်သို့ အတင်းချိုးကွေ့ဝင်လိုက် သဖြင့် မီးစိမ်း၍ တည့်တည့်ဖြတ်မည့် တက္ကစီကားမှာ ဘရိတ်ကမန်းကတန်း အုပ်လိုက်ရ၏။
မီးပွိုင့်အနီး လမ်းဆုံမှာပင် တိုက်ခန်းတွဲတစ်ခုရှေ့ အရောက် ပြိုင်ကားထိုးရပ်သွား၏။ သို့သော် ကားတွင်း အော်ဒီယိုစနစ်ကို အသံအစွမ်းကုန်တင်လိုက်သဖြင့် ရက်ပ်ဂီတသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တစ်ဖန် ကားမောင်းသူလူငယ်က ကားပေါ်မှမဆင်းဘဲ ဂီယာဖြုတ်ပြီး လီဗာကို အတိုးအလျှော့ပြုကာ အင်ဂျင် စက်သံကို တဝေါဝေါကျယ်လောင်စေပြန်၏။

ခေါင်းပုတ်တမ်း(ကြည်အေး)





“သည်တစ်ခါတော့ ကိုယ့်ဖို့ သမီး မိန်းကလေး လိုချင်သည်” မမြသစ် ကြွေးကြော်နေသည်။
သားဦးတုန်းက “ဖေဖေ့ဖို့ သားကြီး သြရသ မွေးမှဖြစ်မည်”လို့ ဆိုခဲ့၏။ ပြီးတော့ သားပဲ မွေးခဲ့သည်။ သားဖြစ်ရမည် ရယ်လို့ အတပ်စွဲကာ အ၀တ်အစားကလေးတွေက အစ ယောက်ျားလေး ပုံစံကို ချုပ်လုပ် ခဲ့လေသည်။ သိုးမွေး ၀တ်စုံကို ထိုးပြန်တော့ သုံးပင်လိမ် ဘေဘီစူးလ် အပြာရောင်မှ ရွေးချယ်ပြီး ဖဲပြားအစား ပန်းဖွား တပ်ရသည်။ ဂွမ်းစောင် ၀ယ်ပြန်တော့ နားရွက်ကြီးတွေ ဧရာမနှင့် ယုန်မိသား တစ်စု ကစားပုံ ပါသော တစ်ဖက်ဖြူ၊ တစ်ဖက်ပြာ အဆင်ကို ကြိုက်ရပြန်သည်။ လေထိုး ထားသဖြင့် လေးထောင့်ကွက် ဖောင်းကလေးတွေ ထကာ တယ်ပြီး အေးစက်စက်ကြီး မနိုင်သော သားရေပြားကိုလည်း အပြာပင် ဖြစ်စေရသည်။ နောက်ဆုံး ယောက်ျားကလေး မွေးလာကာ ဒုက္ခ ဝေဒနာတွေ မေ့လျော့လို့ ပြုံးနိုင်သည့် အခါတွင် ပြင်ဆင်ထားသည့် ပစ္စည်း ကလေးများကလည်း လျော်ကန် နေသည်မို့ သဘော အကျကြီး ကျရပြန်သေး၏။

ဘင်္ဂါလီ ရိုဟင်ဂျာအရေး သမ္မတ တိုက်တွန်းချက် UNHCR မဟာမင်းကြီး ပယ်ချ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း တရားမ၀င် ရောက်ရှိနေကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က တာဝန်ယူ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး Mr. Antonio Guterres က ပယ်ချလိုက်ပါတယ်။
Photo: Myanmar President Office website
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲ Antonio Guterres နှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
ပြီးခဲ့တဲ့ ဇူလိုင်လ (၁၁) ရက်နေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ UNHCR မဟာမင်းကြီး Mr. Guterres နဲ့အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ရာမှာ လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားနေကြောင်း၊

ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ လူမျိုးနှစ်မျိုးအကြား ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးပြောကြား




b51502
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအပြီးတွင် ရခိုင်လူမျိုးများနှင့် ရိုဟင်ဂျာများအကြား အနာဂတ်တွင် ပြန်လည်ရင်ကြားစေ့နိုင်ရန် မျှော်မှန်းကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres က ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားသွားခဲ့သည်။
ကုလသမဂ္ဂ UN အဖွဲ့အစည်းများ၏ အကူအညီပေးမှုကို ရခိုင်တိုင်းရင်းသားများက သံသယရှိမှုကြောင့် အကူအညီများ လက်မခံဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သတ်၍ Eleven Media ၏ မေးမြန်းချက်ကို "နှစ်ဘက်စလုံး စိတ်အေးအေးထားပြီး စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့ရေး ပြုလုပ်နိုင်စေဖို့ မျှော်လင့်မိပါတယ်" ဟု ၄င်းက ဖြေကြားခဲ့သည်။

အံဝှက် မပါတဲ့ တံခါး(ဝေ(စီးပွားရေးတက္ကသိုလ်) )

 







 တကယ်တော့ သူတံခါး ခေါက်တော့မယ် အထင်နဲ့ အလျင်စလို ဖွင့်ပေးလိုက်မိတာ ကျွန်မ အမှားပါ။





သူက ပိတ်ထားတဲ့ တံခါးချပ်ကိုမှ တန်ဖိုးထားချင်သူ၊ ဟပေးထားတဲ့ တံခါးမျိုးကို စိတ်ဝင်တစား ဆွဲဖွင့်ချင် သူမှ မဟုတ်တာကိုး။ ဒီတော့ မိန်းမသား မာနနဲ့ တံခါးကို ခပ်တင်းတင်း စေ့ပြီး ဖွင့်ပေးချင်ရဲ့နဲ့ တံခါးခေါက်သံကိုတောင် မကြားချင်ယောင် ဆောင်နေရမယ့် မိန်းမ မာယာကို မကျွမ်းကျင် မလိမ္မာခဲ့တဲ့ ကျွန်မကပဲ ညံ့တယ် ထားလိုက်ပါတော့လေ။

ပြတ်တောက်သွားပြီ ထင်ထားတဲ့ ရှေးရေစက် တစ်ခုဟာ တစ်ကျော့ပြန် ဆုံချင်တော့လည်း မမျှော်လင့်တဲ့ တစ်နေ့မှာ ကျွန်မ အနားကို သူ ပြန်ရောက် လာခဲ့ရတယ်။ အဲဒီနေ့က ရှော့ပင်းမောတစ်ခုရဲ့ ရယ်ဗလွန်ကောင်တာ ရှေ့မှာ နှုတ်ခမ်းနီ အရောင်တွေကို အာရုံ စူးစိုက်ပြီး ရွေးချယ် နေတုန်းမှာပေါ့။ အကြားအာရုံကို ရိုက်ခတ်လာတဲ့ အသံလေးတစ်ခုဟာ ဝေးကွာပြီးတဲ့ အတိတ်နေ့ရက်တွေဆီ ဖျတ်ခနဲ  ပြန်ခေါ်သွားနိုင်တဲ့ အစွမ်းတွေ ရှိနေတာများ အံ့သြမိပါရဲ့။ “နှုတ်ခမ်းနီ မဆိုးတတ်တဲ့ မင်း နှုတ်ခမ်းလေးတွေက ပိုတောက်ပခဲ့တာပါ”တဲ့။

အာဇာနည်ဗိမာန်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်များအား ပြင်ဆင်မှုများ ပြုလုပ်နေ





အာဇာနည်ဗိမာန်အား ပြင်ဆင်မှုများပြုလုပ်နေသည်ကို ဇူလိုင်လ ၁၂ရက်နေ့က တွေ့ရစဉ်


ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်မည့် (၆၅) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် ဇူလိုင်လ ၂၃ရက်နေ့တွင် ကျရောက်မည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၈) နှစ်မြောက် နှစ်လည်အခမ်းအနားများ ကျင်းပရန်အတွက် အာဇာနည်ဗိမာန်နှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်များအား ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis