မြန်မာ့သတ္တု တူးဖော်ရေး ကဏ္ဍတွင် လိုအပ်သည့်
ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲရာတွင် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုကို
ဖိတ်ခေါ်ရာတွင် လည်းကောင်း နိုင်ငံခြားငွေ ရရှိမှုထက် နိုင်ငံနှင့် နိုင်ငံသားတို့
အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်သော ဥပဒေဖြစ်ရန် ပိုမိုအရေးကြီးကြောင်း
အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်တွင် ကျင်းပသော သတ္တုတူးဖော်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး
ဆွေးနွေးပွဲတွင် သြစတြေးလျ ပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။
"ကျွန်တော် Mining Law နဲ့ ပတ်သက်ပြီး Macro Economic ရှုထောင့်ကပဲ
ပြောချင်ပါတယ်။ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေက အစိုးရ အတွက်လည်း Critical Objective
ဖြစ်ဖို့လိုသလို မြန်မာနိုင်ငံသား ဒေသခံ ဆင်းရဲသားတွေရဲ့ အကျိုးစီးကို
မြှင့်တင်ပေးနိုင်တဲ့ ဥပဒေဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ကုမ္ပဏီ အနေနဲ့လည်း
ဒေသခံတွေရဲ့ အကျိုးစီးပွားကို အမြင့်ဆုံး မြှင့်တင်ပေးနိုင်ဖို့ လိုပါတယ်။
ရေရှည်တည်တံ့တဲ့ အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။
ဒီနေရာမှာ သဘာဝ ပတ်ဝန်းကျင်ကိုလည်း ပြန်ကြည့်ရမှာပါ။ တစ်ချိန်တည်းမှာပဲ
International Obligation တွေကိုလည်း နားလည်ရမှာပါ" ဟု သြစတြေးလျ ပညာရှင်
William (Bill) Sullivan က ဆိုသည်။
Wednesday, 23 October 2013
အိမ်တွင်းဖြစ် သဘာဝ အကိုက်အခဲပျောက်ဆေးများ
ဂျင်း
သူက ကြွက်သား ကိုက်ခဲခြင်းကို ပျောက်ကင်း စေပါတယ်။ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာထဲမှာ ဂျင်းအခြောက်မှုန့် လက်ဘက်ရည်ဇွန်း တစ်ဇွန်းသို့မဟုတ် ယင်းနှင့် ညီမျှသော ပမာဏကို ထည့်သွင်း စားသုံးသင့်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ နားကိုက်တာကို ပျောက်ကင်းစေပါတယ်။ နားကိုက် ဝေဒနာ ခံစားရသူများ အနေနဲ့ ကြက်သွန်ဆီ ကို တစ်နေ့ ၂ ကြိမ် နားထဲ ၅ ရက်တိတိ သင့်လျော်သော ပမာဏ ထည့်ပေးခြင်းဖြင့် ပျောက် ကင်းစေပါတယ်။ ကြက်သွန်ဆီဆိုလို့ အခြားမဟုတ်ပါဘူး။ သံလွှင်ဆီသန့်နဲ့ ကြက်သွန်ထောင်း ကို စိမ်ထည့်ပြီး အအေးခန်းထဲထည့်ရင် ကြက်သွန်ဆီ ရပါတယ်။
လေးညှင်းပွင့်
သွားကိုက် ဝေဒနာ ခံစားရသူများအနေနဲ့ လေးညှင်းပွင့်ခြောက်မှုန့် နဲ့ သွားတိုက်ခြင်းက ကိုက်ခဲမှု ပျောက်ကင်းစေပါတယ်။
ပင်စိမ်းရွက်/ ပက်ပါမင့်ရွက်
Peppermint လို့ခေါ်တဲ့ အရွက်တစ်မျိုးက မြန်မာခေါ် ပင်စိမ်းရွက်နဲ့ နီးစပ်ပါတယ်။ သူ့မှရတဲ့ဆီကလည်း ကြွက်သား နာကျင်ကိုက်ခဲမှုကို ပျောက်ကွင်း စေပါတယ်။
" ငါးပါးမကသော ရန်သူများကြားမှ ပြည်သူ့စကား "
ငြိမ်းချမ်းစွာ
သွားလာစားသောက်နေထိုင်လိုကြသည်မှာ ကျွန်မတို့ ပြည်သူများ၏
လိုလားမှုတစ်ခုအဖြစ် ငြင်းမရ။ ယခုတလော ခေါင်းဖြတ်သတ်ခံရမှု၊ အုပ်စုဖွဲ့အနိုင်
ကျင့်ခံ ရမှု၊ ဗုံးပေါက်မှုတွေ စသည်ဖြင့် ထိတ်လန့်စရာများက
ခြောက်လှန့်လာသောကြောင့် ပွင့်လင်းရာသီပွဲတော်ရက်များမှာပင် သွားသတိ၊
လာသတိ၊ စားသတိနှင့် သတိများ စွာဖြင့် ရှိနေရသည့်ကာလဖြစ်သည်။ ထိုသို့
စိုးရိမ်သောကများ ပိုင်ဆိုင်နေကြသည့် ပြည်သူတွေ ဘယ်လို ခံစားနေကြရလဲ၊
စားဝတ်နေရေးအတွက် ပြေးလွှားရင်း ဘယ်လို သတိရှိနေကြသလဲ။ ဘဝလုံခြုံမှု
လိုအပ်နေတဲ့ ပြည်သူအချို့၏ အသံကို တင်ပြလိုက်ပါသည်။
ရွှေညာသား (မရမ်းကုန်း)
အဲဒီလို ဗုံးပေါက်ကွဲမှုတွေ ရှိလာ တော့
လူတွေက ထိတ်လန့်မှုတွေ ရှိပြီး အိမ်ထဲက အိမ်ပြင်သိပ်မထွက်ဖြစ်ကြဘူး။
ငွေဖြည့်ကတ်စနစ်ဖြင့် အင်တာနက်သုံးနိုင်မည့် ဝိုင်ဖိုင်စနစ် လာမည့်နှစ်တွင် ပြည်နယ်နှင့်တိုင်းများ၌ စတင်မည်
ဆက်သွယ်ရေးတွင် အသုံးပြုနိုင် မည့် အကောင့်တစ်ခု ဝယ်ကာ ငွေဖြည့် ကတ်စနစ်ဖြင့် အသုံးပြုနိုင်မည့် ဝိုင်ဖိုင် အင်တာနက် ဝန်ဆောင်မှုကို ပြည်နယ် နှင့် တိုင်းများတွင် စတင်တော့မည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
''လျှောက်ထားစရာ မလိုပါဘူး။ ဝိုင်ဖိုင်မိတဲ့နေရာ အကောင့်ဝယ်သုံးရုံ ပါပဲ။ ဝိုင်ဖိုင်ဇုန်မရှိတဲ့ မြို့တွေမှာလည်း သုံးချင်တယ်လို့ တောင်းဆိုလာ ရင် ဆောင်ရွက်ပေးသွားမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ဒုတိယ အင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက ပြောသည်။
ဝိုင်ဖိုင်ဇုန်များအား ကနဦးအနေ ဖြင့် အင်တာနက်သုံးစွဲမှုများသော မြို့ များတွင် ထားရှိသွားမည်ဖြစ်ပြီး ဆက် လက်၍ တိုင်းဒေသကြီးနှင့်ပြည် နယ်များ တွင် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယင်းအတွက် ပြည် တွင်း၊ ပြည် ပ ကုမ္ပဏီများအား တင်ဒါခေါ်ယူထား ကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဗုံးပေါက်ကွဲမှုများကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ထိခိုက်နိုင်ဟု UNFC ပြောကြား
ရန်ကုန်၊ အောက်တိုဘာ ၂၂
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် အောက်တိုဘာ ဒုတိယပတ်အတွင်း
ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု၊ ဗုံးလန့်မှုများကြောင့် နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ် ရပ်စဲရေးကို ထိခိုက်နိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ
ဖက်ဒရယ်ကောင်စီ (UNFC) ဒုတိယ ဥက္ကဋ္ဌ ဦးစောဒေးဗစ်တာကဘော က ပြောကြားသည်။
အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကြောင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး လက်မှတ်ထိုးရာတွင် တစ်ဖက်နှင့် တစ်ဖက်သံသယများ
ဖြစ်ပွားနိုင်ကြောင်း ၄င်းက ထောက်ပြ ပြောဆိုသည်။
"နောက်ကွယ်က
ဘယ်သူလုပ်တယ် ဆိုပြီး အတိအကျ မပြောနိုင်ရင် တိုင်းရင်း သားတွေရဲ့ ကြားမှာ
ယုံကြည်မှု ပျက်ပြားသွားနိုင်တယ်" ဟု ၄င်းကဆိုသည်။
ပြည်တွင်း
ဗုံးပေါက်ကွဲမှုဖြစ်စဉ် များကို အောက်တိုဘာ နောက်ဆုံးပတ် အတွင်း KIO
ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်မည်ဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်များ
ထိပ်သီးအစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးမည် ဖြစ်ကြောင်း UNFC ထံမှသိရသည်။
တော်ဝင် သစ်အချောထည် အလုပ်သမား ပြဿနာ ၁ နှစ်ကြာသည်အထိ ဖြေရှင်းပေးခြင်းမရှိ
တော်ဝင် သစ်အချောထည် စက်ရုံ အလုပ်သများများ၏ ကိုယ်စားလှယ် ဦးနေလင်းဦး ရှင်းလင်းပြောကြားစဉ် (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
၂၀၁၂ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ခုံသမာဓိရုံးမှ ဆုံးဖြတ်လိုက်သည့် အချက်များမှာ စက်ရုံအတွင်းရှိ အလုပ်သမားမျာကို ပြင်ပသို့ လုံးဝမပို့ဆောင်ရန်၊ စက်ရုံ အလုပ်သမားများကို စက်ရုံ အလုပ်သမားအဖြစ်သာ သတ်မှတ်ပေးရန်၊ လူမှုဖူလုံရေး ကတ်ပေးရန်၊ အလုပ်ရှင် အလုပ်သမား သဘောတူညီသည့် စာချုပ် ချုပ်ဆိုပေးရန်၊ အလုပ်သမားများကို အလုပ်မှ ထုတ်ပယ်မည် ဆိုပါက ဥပဒေ၊ နည်းဥပဒေအရ နစ်နာကြေး ပေးပြီးမှသာ အလုပ်ရပ်စဲခွင့် ပေးရန် စသည့် အချက်များ ဖြစ်ပြီး အလုပ်သမား ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အလုပ်သမားများက အလုပ်ရုံနှင့် အလုပ်သမား စိစစ်ရေး ဌာနကို တရားစွဲရန် ဆောင်ရွက်နေပြီ ဖြစ်သည်။
တော်ဝင် သစ်အချောထည် စက်ရုံ သပိတ်မှောက် အလုပ်သမားများ၏ နစ်နားကြေး အရပ်ရပ် ကိစ္စများကို လက်ရှိ အခြေအနေ အထိ အလုပ်ရှင်နှင့် အလုပ်သမား ၀န်ကြီးဌာနမှ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ လက်ရှိ အခြေအနေအထိ
သပိတ်မှောက် အလုပ်သမားများမှာ အလုပ်လက်မဲ့ ဖြစ်နေသေးကြောင်း တော်ဝင် အလုပ်သမားများ ကိုယ်စားလှယ် ဦးနေလင်းဦးက ယနေ့ မြန်မာ ဂျာနယ်လစ် ကွန်ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အမေရိကန်မှာ လာရောက် အခြေချသူ အများဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်
၂၀၁၃ ခုနှစ်အတွင်း အမေရိကန်သို့ ပြောင်းရွှေ့ အခြေချလာသူများထဲတွင် မြန်မာနိုင်ငံသားများက အီရတ်၊ ဘူတန်၊ ဆိုမာလီ နှင့် ကျူးဘား စသည့် နိုင်ငံသားများ နှင့် အတူ အများဆုံးပြောင်းရွှေ့လာသည့် ၅ နိုင်ငံတွင် ပါဝင်နေကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံ၏ ကြေညာချက် တစောင်တွင်ဖော်ပြထားချက်အရ သိရသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အတွင်းတွင် ဒုက္ခသည် စုစုပေါင်း ၆၉၉၃၀ ဦး အမေရိကန်နိုင်ငံသို့ ရောက်ရှိထားပြီး ယခုနှစ် အတွင်းလက်ခံရန် တရားဝင်သတ်မှတ်ထားသည့် ၇၀၀၀၀ ဦး နီးပါးသို့ ရောက်ရှိလာခြင်းသည် ၁၉၈၀ မှစ၍ အခြားသော နှစ်များထက် ပိုများလာခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
နိုင်ငံတခုမှ အမေရိကန် နိုင်ငံသို့ လာရောက် အခြေချနေထိုင်မည့် ဒုက္ခသည် စုစုပေါင်း အရေအတွက်ကို ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအတွင်းတွင် အမေရိကန် သို့ ပြောင်းရွှေ့ အခြေချလာသော မြန်မာ ဒုက္ခသည် ၅၂၅၈ ဦးရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အဆိုအရ သိရသည်။
ကွန်တိန်နာယာဉ်မှအုတ်နံရံအားဝင်တိုက်မိပြီး အုတ်ခဲများလွင့်စင်မှုကြောင့် လူ (၄)ဦးဒဏ်ရာရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၃
၂၃.၁၀.၂၀၁၃ရက်နေ့၁၂၁၅အချိန်တွင်
လမ်းသစ်အတိုင်း မော်တင်ဘက်မှပန်းဆိုးတန်းဘက်သို
အောင်ဆန်းလင်း၊ (ဘ)ဦးကြည်စိုး၊ ငှက်ပျောတောကျေးရွာ၊
မြောင်းမြမြို့နယ်နေသူ မောင်းနှင်လာသည့် ၆က/----၊FUSO ကွန်တိန်နာအငှားယာဉ်သည် ကိုင်းတန်းလမ်းထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တွင် ကာရံထားသော အုတ်နံရံအား တိုက်မိပြီး အုတ်နံရံအခန်း (၅)ခန်းပျက်စီးကာ ပြိုကျလွင့်စင်လာသော အုတ်ခဲများထိမှန်သဖြင့် ဆိပ်ကြီးခနောင်တို မြို့နယ်နေသူများဖြစ်သည့် ဦးရဲစိုး၊ (ဘ)ဦးလှမြင့်၊ ဒေါ်လှလှညွန့်၊ (ဘ)ဦးအောင်ညွန့်၊ မျိုးမြင့်ဇော်၊ (ဘ)ဦးစိန်ဝင်း၊ ဟန်ဇော်ထွန်း၊ (ဘ)ဦးဝင်းစိုးတို့ (၄)ဦးတွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူနေရပါသည်။
ရိက္ခာသင်္ဘောများမလာ၍ ကိုကိုးကျွန်းနေသူများ စားသောက်ရေးအခက်ကြုံ
ရန်ကုန်၊ အောက်တိုဘာ-၂၁
ကိုကိုးကျွန်းသို့ ရန်ကုန်မှ ပို့ပေးနေကျ ရိက္ခာသင်္ဘောများ ရောက်မလာသောကြောင့် ကျွန်းသူကျွန်းသားများ ရိက္ခာအခက်အခဲကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သို့ ရိက္ခာပို့သည့်သင်္ဘောများ ရောက်မလာသည်မှာ ခြောက်လခန့်ရှိနေသောကြောင့် အစားအသောက်အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် ပွင့်လင်းရာသီချိန်မှစတင်ကာ တစ်လတစ်ကြိမ်နှုန်းဖြင့် ရေယာဉ်တစ်မျိုးမျိုးက ပြေးဆွဲပေးသင့်ကြောင်း ကိုကိုးကျွန်းမြို့မရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်မင်းဟန်ကပြောသည်။
“ကျွန်တော်တို့ဝန်ထမ်းတွေအတွက်
ရိက္ခာက ထွေအုပ်ရုံးကတာဝန်ယူပြီး ဆန်ငါးလစာ စုပုံဆိုပြီး
ပေးထားလို့ရှိပေမယ့် ကျွန်းသူကျွန်းသားတွေအတွက် ဈေးနှုန်းနှစ်ဆမကဖြစ်နေတယ်။
နောက်တစ်ခုက ဟင်းချက်စရာငါးကလွဲလို့ အကုန်ရှားတယ်။ ရာသီဥတုကမကောင်းတော့
ကျွန်းကနေ သူတို့တွေ လှေမထွက်နိုင်ဘဲ ဟိုင်းကြီးကျွန်းမှာလည်း
စားစရာသွားမ၀ယ်နိုင်ဘူး။ အသီးအရွက်၊ ခရမ်းချဉ်သီး ကုန်ကုန်ပြောရင်
ကြက်ဥတောင် ရှာဝယ်လို့မရတော့ဘူးဖြစ်ကုန်ပြီ”ဟု ရဲအုပ်မင်းဟန်ကပြောသည်။
ကိုကိုးကျွန်းသို့ ရန်ကုန်မှ ပို့ပေးနေကျ ရိက္ခာသင်္ဘောများ ရောက်မလာသောကြောင့် ကျွန်းသူကျွန်းသားများ ရိက္ခာအခက်အခဲကြုံတွေ့နေရကြေ
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်သို့ ရိက္ခာပို့သည့်သင်္ဘောများ ရောက်မလာသည်မှာ ခြောက်လခန့်ရှိနေသောကြောင့်
“ကျွန်တော်တို့ဝန်ထမ်းတွေအတ
ဆေးလိပ်သောက်ခွင့်မရှိသည့်နေရာများ ထုတ်ပြန်ကြေညာ
![]() |
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) |
ရန်ကုန်၊ အောက်တိုဘာ-၂၀
ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာများအား လူထုသိရှိခြင်းမရှိသည့်အတွက် ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေတွင် ပါဝင်သည့် ဆေးလိပ်သောက်ခွင့်မရှိသော နေရာများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာများမှ ဆေးရုံအဆောက်အအုံနှင့် ပတ်ဝန်းကျင်၊ ဆေးကုသဂေဟာနှင့် ဆေးခန်းများ၊ ကလေးကစားကွင်းများ အပါအ၀င် အားကစားရုံနှင့် အမိုးအကာရှိသည့် အားကစားကွင်းများ၊ စာသင်ကျောင်းများနှင့် ပတ်ဝန်းကျင်နေရာများ၊ တက္ကသိုလ် ဒီဂရီကောလိပ် စသည်တို့၏ စာသင်ခန်းနှင့် ရုံးခန်းနေရာများ ပါဝင်သည်။
ထို့အပြင် လူအများစုဝေးပြီး အမိုးအကာရှိသည့် ရုပ်ရှင်ရုံများ၊ ဇာတ်ရုံများ၊ ဈေးဝယ်စင်တာများ၊ ဈေးရုံများ၊ စာဖတ်ခန်းများ၊ ပြတိုက်၊ မော်ကွန်းတိုက်များ၊ အများပြည်သူသုံး စာကြည့်တိုက်များ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက်လှေကားများ၊ မော်တော်ယာဉ်နှင့် လေယာဉ်များ၊ လေအေးစက်တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ
မူဆယ်မြို့ မှာ ဓါးနှင့် ခုတ် လိုက်လံ လုယက်သူကို ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်သူလူထုအား ဓါးဖြင့်ခုတ်
နာကျင်အောင် ရန်ပြုပြီး လိုက်လံ လုယက်ခဲ့သော တရားခံ လူငယ်တစ်ဦးအား
ရဲတပ်ဖွဲ့မှ စုံစမ်း ဖေါ်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားသည်။
အလာတူ ၂၄.၉.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန် မူဆယ်မြို့၊ သင်္ချိုင်းသွားလမ်း လူပြတ်သည့်နေရာတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးနှင့် သမီး ဖြစ်သူအား အမည် မသိလူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သမီးဖြစ်သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍ ဆိုင်ကယ် တိမ်းမှောက်သွားပြီး
ဖြစ်စဉ်မှာ ၂၃.၉.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် မူဆယ်မြို့၊ ခိုင်သစ္စာ ကားပစ္စည်း အရောင်းဆိုင် လမ်းကြားတွင် ဈေးဝယ် ပြန်လာသော အမျိုးသမီး တစ်ဦးအား အမည်မသိ လူငယ်တစ်ဦးမှ ဓါးဖြင့် ခုတ်သဖြင့် ၀ဲ/ယာပါးနှင့် နှာခေါင်းတို့တွင် ပြတ်ရှဒဏ်ရာရရှိခဲ့ပြီး လူငယ်မှာ ဆိုင်ကယ်အား လုယူမောင်းနှင်ထွက်ပြေးသွားခဲ့ သဖြင့် မူဆယ်မြို့မ ရဲစခန်း မှာ (ပ)၂၁၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် ထားသည်။
အလာတူ ၂၄.၉.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန် မူဆယ်မြို့၊ သင်္ချိုင်းသွားလမ်း လူပြတ်သည့်နေရာတွင် ဆိုင်ကယ်စီးလာသော အမျိုးသမီးနှင့် သမီး ဖြစ်သူအား အမည် မသိလူငယ်တစ်ဦးမှ ဓါးဖြင့်ခုတ်သဖြင့် သမီးဖြစ်သူ၏ မျက်နှာတွင် ပြတ်ရှဒဏ်ရာ တစ်ချက်ရရှိ၍ ဆိုင်ကယ် တိမ်းမှောက်သွားပြီး
“နောက်ထပ်ဝမ်းနည်းစရာအဖြစ်မျိုး မဖြစ်ရအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားပါမယ်”.....(ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း)
ရေးသားသူ- အောင်သူရ
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံအနှံ့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ ယင်းဖောက်ခွဲမှုတွင် အဓိကတာဝန်ရှိသူ နေတိုး(ခ) စောရွှေတိုးမှာ KNU တပ်မဟာ(၅) နယ်မြေရှိ မြို့နယ်အဆင့် စီးပွားရေးတာဝန်ခံဖြစ်ကြောင်း KNU က အတည်ပြုလိုက်သည်။
ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့် ကာကွယ်ရေးဝန်ကြီးအပါအ၀င် ဗဟိုအလုပ်အမှုဆောင်များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ ဦးစိုးသိန်းနှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကျော်ဆွေတို့နှင့် လာရောက်တွေ့ဆုံခဲ့သည်။ ထို့အပြင် ဖမ်းဆီးခံရသူများနှင့် လေးနာရီနီးပါးကြာ တွေ့ခွင့်ရပြီးနောက် အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ဖမ်းဆီးရမိသူများနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်အား ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများကို နှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ်ခွင့်ပြုမည်
နေပြည်တော်၊ အောက်တိုဘာ ၂၂
အစိုးရဌာနများရှိ အသုံးပြု၍ မရတော့သော ယာဉ်အို၊ ယာဉ်ဟောင်းများကို ဘဏ္ဍာနှစ်အလိုက် လဲလှယ်ရန် အသုံးစရိတ် ခွင့်ပြုသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ခင်စန်းရီက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသန်းမြင့်၏ ဌာနဆိုင်ရာ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ သင့်တော်သော ယာဉ်များ အစားထိုးရန် အစီအစဉ်ရှိ မရှိမေးခွန်းကို ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
အစိုးရ ဝန်ကြီးဌာနများ၏ မော်တော်ယာဉ် ခွဲဝေထုတ်ပေးရန် တင်ပြမှုအပေါ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် ယာဉ်များထဲမှ ခွဲဝေပေးမည်ဖြစ်ပြီး ခွဲဝေထုတ်ပေးရန် မဖြစ်နိုင်သည့် ဝန်ကြီးဌာနများ အတွက်မူ ၎င်းတို့ အစီအစဉ်ဖြင့် ဝယ်ယူရန်အတွက် ဘတ်ဂျက် တင်ပြခြင်းကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ကတိတွေ … ကတိတွေ … အလကား ပဲတင်းကတိတွေလား
”ရွေးကောက်ပွဲမတိုင်ခင်က သုံး ခေါက်လာတယ်။
ရွေးကောက်ပွဲပြီးက တည်းက မြင်တောင်မမြင်ဖူးတော့ဘူး။
နောက်ဆိုလူပဲကြည့်တော့မယ်။ ပါတီ ကိုမကြည့်တော့ဘူး” ဟု နေပြည်တော်
ပုပ္ဗသီရိမြို့နယ် သစ်ယာကုန်းကျေးရွာ နေသူတစ်ဦးက ပြောကြားလိုက်ခြင်း
ဖြစ်သည်။
၎င်းသည် ၂ဝ၁၂ ခုနှစ် ဧပြီ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပုပ္ဗသီရိမြို့နယ် ကိုယ်
စားပြုဝင်ပြိုင်သော NLD ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဇေယျာသော်ကို
ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်၌ ၂ဝ၁ဝပြည့် အထွေထွေရွေးကောက်ပွဲ တွင်
စစ်တပ်မှ အတွင်းရေးမှူး (၁) ဗိုလ် ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက
လူဝတ်လဲ၍ ဝင်ရောက် ယှဉ်ပြိုင်ကာ အစိုးရအတွင်းထိပ်ပိုင်းကျသော ဒုသမ္မတ
ရာထူးအထိ ရယူခဲ့သူဖြစ်သည်။
အထည်ချုပ်စက်ရုံအလုပ်သမတစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်
ဇော်ဇော်ထွေး
အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး
အဆိုပါ အမှုကို တောင်ဥက္ကလာပမြို့နယ်နေ အတည်ချုပ်စက်ရုံအလုပ်သမက တိုင်းထားခြင်းဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။
သူမသည် ယင်းနေ့ မွန်းလွဲ ၃ နာရီက အထည်ချုပ်စက်ရုံရှေ့တွင်ရှိနေစဥ
ပြုံးပျော်ဆင်နွဲ ကထိန်ပွဲ
ဒီလဟာ ဗုဒ္ဓဘာသာတို့ ကထိန်ခင်းကြတဲ့လ ဖြစ်ပါတယ်။ ကထိန်နဲ့ပတ်သက်တဲ့ မှတ်သားစရာလေးတွေ ရှိပါတယ်။
ကထိန်ဆိုတာ
မူရင်းစကားက ကထိန ပါဠိပါ။ ကထိနကနေ ကထိန်လို့ ဖြစ်သွားတာပါ။ ကထိနဆိုတာ မြန်မာလိုတော့ တည်တံ့ခြင်း၊ ခိုင်ခံ့ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတာကတော့ ကထိန်ခင်းတဲ့ ကျောင်းတိုက်မှာ ကထိန်ခင်းလိုက်ခြင်းကြောင့် ရရှိတဲ့ အကျိုး (၅) မျိုး တည်တံ့ခြင်း၊ ခိုင်ခံ့သွားခြင်းကို ကထိန် လို့ ပြောတာပါ။
ကထိန်ခင်းဆိုတာ
ကထိန်ခင်းတယ်လို့ ပြောကြတယ်။ ကထိန်ခင်းမှာပါတဲ့ ခင်းဆိုတာဟာ ဖြန့်တာပါ။ ဘယ်လိုဖြန့်သလဲဆိုရင် ကထိန်ကာလ ဟာ မူရင်း (၁) ပါ၊ ကျောင်းတိုက်မှာ ကထိန်ခင်းသူရှိသွားရင်တော့ ကထိန်ကာလဟာ (၅) လ အထိ ဖြစ်သွားတယ်။ (၁) လကနေ (၅) လအထိ ကျယ်ပြန့်သွားတာကို “ခင်း“ လို့ ဆိုတာပါ။ အဲဒီ (၅) လအတွင်းမှာ အချို့ကျင့်ဝတ်တွေ အပြစ်ကင်းလွတ်ခွင့်ရပါတယ်။
စစ်တပ်၏အထူးကဏ္ဍကို အဆုံးသတ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဥရောပတွင် ပြောကြား
မြန်မာ့နိုင်ငံရေးတွင် ဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်တပ်၏
အထူးအခန်းကဏ္ဍကို အဆုံးသတ်သည့် အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲများ
လိုအပ်နေကြောင်း ပြင်သစ်နိုင်ငံ စထရာဘိုးစ်မြို့၌ ဥရောပပါလီမန် ကော်
တီနှစ်ရပ်နှင့် ပူးတွဲတွေ့ဆုံရာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
““(မြန်မာရဲ့) ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်ပြီး တစ်ခုလုံးအနေနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဒီအခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့ စတင်ရပါမယ်”” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြောင်းလဲပစ်ရမည်ဟုလည်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လကလည်း သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောထားပြီးဖြစ်သည်။
““(မြန်မာရဲ့) ဒီအခြေခံဥပဒေက စစ်တပ်ကိုသာ အထူးအခွင့်အရေးပေးထားရုံမကဘဲ အရင်စစ်အစိုးရနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကုန်လုံးကိုပါ အခွင့်အရေးပေးထားပါတယ်။ ကျွန်မတို့မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရောက်ရှိဖို့ ခရီးအရှည်ကြီးသွားရဦးမှာဖြစ်ပြီး တစ်ခုလုံးအနေနဲ့ ဒီမိုကရေစီနည်းမကျတဲ့ ဒီအခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်ဖို့ စတင်ရပါမယ်”” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေကို ပြောင်းလဲပစ်ရမည်ဟုလည်း ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇွန်လကလည်း သမ္မတရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်လိုကြောင်း ပြောထားပြီးဖြစ်သည်။
မူဆယ်မြို့နယ်တွင် ဗုံးတစ်လုံး သယ်ဆောင်လာသူကို ဖမ်းဆီးအရေးယူ
မူဆယ်-လားရှိုး ကားလမ်းပေါ်ရှိ နမ့်ပေါ်တံတားအနီးတွင်
ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးထံမှ ဗုံးတစ်လုံး
ရှာဖွေထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းကို အမှုဖွင့် စစ်ဆေးနေကြောင်း မူဆယ်မြို့မရဲ
စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
““လုံခြုံရေးအတွက် နမ့်ပေါ်တံတားအနားမှာ စစ်ဆေးရေးလုပ်နေတုန်း ဖမ်းဆီးနိုင်ခဲ့တာပါ။ နောက်ဆက်တွဲ ပါဝင်ပတ်သက်တဲ့သူတွေကို သိနိုင်အောင် စစ်ဆေးနေပါတယ်”” ဟု အဆိုပါရဲအရာရှိကပြောသည်။အဆိုပါဗုံးသယ်ဆောင်လာသူကို မူဆယ်မြို့နယ် နမ့်ဖက်ကာကျေးရွာရှိ နမ့်ပေါ်တံတားအနီးတွင် အောက်တိုဘာ ၂၀ ရက် က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်တွင်း မြို့နယ်ဖြစ်သော နမ့်ခမ်းမြို့ နယ်တွင် အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်များက ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ဒေသတွင်းလုံခြုံရေး တိုးမြှင့်စစ်ဆေးနေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
““လုံခြုံရေးအတွက် နမ့်ပေါ်တံတားအနားမှာ စစ်ဆေးရေးလုပ်နေတုန်း ဖမ်းဆီးနိုင်ခဲ့တာပါ။ နောက်ဆက်တွဲ ပါဝင်ပတ်သက်တဲ့သူတွေကို သိနိုင်အောင် စစ်ဆေးနေပါတယ်”” ဟု အဆိုပါရဲအရာရှိကပြောသည်။အဆိုပါဗုံးသယ်ဆောင်လာသူကို မူဆယ်မြို့နယ် နမ့်ဖက်ကာကျေးရွာရှိ နမ့်ပေါ်တံတားအနီးတွင် အောက်တိုဘာ ၂၀ ရက် က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်တွင်း မြို့နယ်ဖြစ်သော နမ့်ခမ်းမြို့ နယ်တွင် အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်များက ဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပေါ်ပြီးနောက် ဒေသတွင်းလုံခြုံရေး တိုးမြှင့်စစ်ဆေးနေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Apple ကုမ္ပဏီ တက်ဘလက် ၁ မျိုး မိတ်ဆက်
ကမ္ဘာကျော် ကွန်ပျူတာကုမ္ပဏီတခုဖြစ်တဲ့ Apple အင်ကော်ပိုရေးရှင်းက iPad Air လို့ အမည်ပေးထားတဲ့ ပိုမိုပါးလွှာပြီး လုပ်ဆောင်ချက် ပိုမိုမြန်ဆန်တဲ့ တက်ဘလက် ၁ မျိုးကို မနေ့က မိတ်ဆက်လိုက်ပါတယ်။
ဒီတက်ဘလက်ဟာ သုံးစွဲသူတွေအတွက် ကွန်ပျူတာ လည်ပတ်လုပ်ဆောင်တဲ့ မာစင်တို့ရှ် ဆော့ဖ်ဝဲကို အခမဲ့ ပေးသွားမယ်လို့လည်း အက်ပဲလ်ကုမ္ပဏီက ပြောပါတယ်။
ဒါဟာ မိုက်ကရိုဆော့ဖ် ကော်ပိုရေးရှင်းကို နည်းပညာစိန်ခေါ်ချက် တခုလည်း ဖြစ်ပါတယ်။
အက်ပဲလ်ကုမ္ပဏီဟာ အဲဒီကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ အက်ပဲလ်မက်ဘွတ်ခ်တွေနဲ့ မက်ကွန်ပျူတာတွေ သုံးစွဲသူအားလုံးအတွက် နောက်ထပ် မက်နုတ်ဘွတ်ခ် လက်ပ်တော့ အသစ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။
ဂါရဝပြုတာလား၊ လာဘ်ထိုးတာလား
လာဘ်ထိုးခြင်းနဲ့ ကန်တော့ခြင်း ဓလေ့ မရှင်းလင်းသေးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရင် အစိုးရလက်ထက်နဲ့ နှိုင်းယှဉ် လိုက်ရင် လာဘ်ပေးလာဘ်ယူမှုတွေ နည်းပါးသွားပေမယ့် ဆက်လက် အမြစ်တွယ်နေသေးတယ်လို့ ရန်ကုန်မြို့က တိုင်းအဆင့် အရာရှိတယောက်က ဧရာဝတီကို ပြောပါတယ်။
“ကျနော် နယ်မှာတာဝန်ကျတုန်းက တိုင်းမှူးတွေလက်ထက်က ဆိုရင် တိုင်းမှူးက အချိန်တခုပေးတယ်။ အဲဒီတိုင်းမှူး အားတဲ့ အချိန်မှာ ဌာနဆိုင်ရာတွေ အားလုံး သွားပြီးတော့ ကိုယ့်ပစ္စည်းနဲ့ကိုယ် သွားကန်တော့ကြရတာ။ သူတို့ကလည်း လက်ဖက်ရည်တို့ ရေခဲမုန့်တို့ ပြန်ကျွေးတယ်” လို့ အဲဒီ အရာရှိက ဆိုပါတယ်။
ဦးသိန်းစိန် အစိုးရ စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၁ ခုနှစ် မတ်လကနေ ဒီနေ့အချိန်အထိ တနိုင်ငံလုံးမှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် ၀န်ကြီးအဆင့်ကနေ အောက်ခြေအထိ အရေးယူခြင်း များစွာ ရှိခဲ့ပေမယ့် နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့တဲ့ ယဉ်ကျေးမှုကို ချက်ချင်း တိုက်ဖျက်ဖို့ မလွယ်ကူတော့ဘူး၊ အခု အစိုးရရဲ့ သန့်ရှင်းတဲ့ အစိုးရ ဖော်ဆောင်နေမှုဟာလည်း သူ့အစိုးရ သက်တမ်းအတွင်းမှာ မဖြစ်နိုင်တော့ဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ယနေ့နံနက် သန်လျင်တွင် ယာဉ်(၁)စီး ၀ါယာရှော့ဖြစ်မီးလောင်
ရန်ကုန်၊ အောက်တိုဘာ ၂၃
သန်လျင်မြို့နယ်၊ မြို့ဟောင်း
အရှေ့ရပ်ကွက်၊ ကျိုက်ခေါက် ဘုရားလမ်း၊ ဖြူနှင်းဝေေ၀
တည်းခိုခန်းရှေ့လမ်းမပေါ်တွင်ယနေ့နံနက်၁၁း၂၀အချိန်က
သန်လျင်ဘက်မှ ကျောက်တန်းဘက်သို့မောင်းနှင်လာသော ထ/----၊ TE 11 အစိမ်းရောင်ယာဉ်သည် ရေနံချက်စက်ရုံအတွင်းမှ သံပြားများတင်ဆောင်လာစဉ်
ယာဉ်မှာ ၀ါယာရှော့ဖြစ်မီးလောင်ခဲ့၍ မီးသတ်ယာဉ် (၃)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁၄၀အချိန် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၅)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းYangon Policeမှသိရသည်။
ယာဉ်မောင်း၏မျက်နှာပြင်မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာလက်၊တင်ပါး၊ ပေါင်၊ ခြေသလုံးတို့ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ
(မစိုးရိမ်ရ)ဖြင့် တက်ရောက်ကုသနေရပြီး ယာဉ်မောင်းအား သန်လျင်မြို့မရဲစခန်း(ပ)၉၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၇ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း Yangon Policeမှသိရသည်။
Popular Myanmar News
ပဲခူးမှာ တောဆင်ရိုင်းများ အသတ်ခံနေရ
![]() |
ဆင်ဦးခေါင်းခွံမှာ သက်သေအဖြစ်ကျန်နေတဲ့ ကျည်ဆံရာပေါက် (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ) |
အင်တိုင်းရွာဟောင်းရဲ့ အစွန်ဘက်မှာတော့ ဂုံညှင်းတန်းချောင်းကလေးက ကွေ့ပတ်စီးဆင်းနေခဲ့ပါတယ်။ အဲဒီချောင်းကလေးထဲကို လူကိုယ်တိုင်ဆင်းပြီး ၂ မိနစ်လောက် လမ်းလျှောက်လိုက်တဲ့အခါကြတော့မှ ရေထဲမှာ တောဆင်ရိုင်းကြီးရဲ့ ခေါင်းအရိုးစုကြီးကို မြင်လိုက်ရတယ်။ အဲဒီနဲ့ မလှမ်းမကမ်းမှာ အမြီးပိုင်းက တင်ပါးဆုံရိုးကြီးက ရေထဲမှာပဲ ထိုးထိုးထောင်ထောင်နဲ့။ ရေထဲကို စမ်းကြည့်လိုက်တဲ့အခါကြတော့ ခါးအဆစ် အရိုးစုကြီးတွေကို ရေထဲကနေ နှိုက်ယူလိုက်တယ်။
“ဒါက အမြန်ကားလမ်းမနဲ့ဆို ၄ မိုင်လောက်တောင် မဝေးတဲ့နေရာ။ သတ်တဲ့သူတွေကြောင့် သေခဲ့ရတဲ့ တောဆင်ရိုင်းတွေမှာ ကားလမ်းနဲ့ အနီးဆုံးပဲ။ သူ့အရိုးတွေကို ကြည့်မယ်ဆိုရင် ဒီဆင်ကို မိုးဦးကျလောက်က သတ်ထားတာလို့ ကောက်ချက်ချလို့ ရမယ်။ ဒီကနေ ပဲခူးရိုးမထဲကို ၅ မိုင်လောက် ထပ်သွားရင် ဆင်ရိုင်းအသေတွေ အများကြီးရှိသေးတယ်။
ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ
ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ
ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ
အဆင့် ၈ မှာ ရှိနေခြင်းပါ။
နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက
တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က
တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊
ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့
ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ
တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က
Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့
လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။
ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။
နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။
ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆု ၂၃ နှစ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ
ရန်ကုန်၊ အောက်တိုဘာ ၂၂
ဥရောပပါလီမန်က တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီအရေး တောင်းဆို တိုက်ပွဲဝင်ခဲ့မှုကြောင့် ၁၉၉၀ ပြည့်နှစ်က ချီးမြှင့်ခဲ့သည့် ဆာခ်ရော့ဗ်ဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း ၂၃ နှစ်အကြာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် လက်ခံလိုက်ပြီ ဖြစ်သည်။
အဆိုပါ လူ့အခွင့်အရေးဆုကို လက်ခံရယူရန်နှင့် အခြားနိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ဥရောပငါးနိုင်ငံသို့ ခရီးသွားရောက် နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ အီးယူပါလီမန် အဆောက်အအုံတွင် ဥရောပပါလီမန် ဥက္ကဋ္ဌ Martin Schulz က ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
"လွတ်လပ်စွာ တွေးခေါ်ခွင့်အတွက် ဘဝတစ်လျှောက်လုံး ခုခံတိုက်ပွဲ ဝင်ခဲ့ပြီး နောက်ဆုံးမှာ သူမ အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ခရီးရှည်ကြီး ကတော့ ကျန်နေသေးတယ်" ဟု Martin Schulz က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ပြောဆိုသည်။
မလေးရှားရောက် မြန်မာဇနီးမောင်နှံ ဘင်္ဂါလီငါးဦး၏တိုက်ခိုက်မှုခံရ အမျိုးသမီးဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် အကူအညီလိုအပ်နေ
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အလုပ်လုပ်ကိုင်နေသော မြန်မာဇနီးမောင်နှံနှစ်ဦးကို ဘင်္ဂါလီငါးဦးက အကြမ်းဖက်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း မလေးရှားရောက်မြန်မာများကပြောသည်။
အောက်တိုဘာ ၁၈ ရက် တွင် အလုပ်မှပြန်လာသော ကိုအောင်ဇော်ဝင်းနှင့် မဝေမာလင်းတို့ ဇနီးမောင်နှံကို ဘင်္ဂါလီငါးဦးက အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်ခံရမှုကြောင့် မဝေမာလင်းမှာ လက်နှစ်ဖက်ပြတ်သွားပြီး ဦးခေါင်းနှင့် မျက်နှာတို့တွင်လည်း ဓားဒဏ်ရာများ ရရှိခဲ့သည်။ အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းမှာလည်း တင်ပါးတွင် ဓားဒဏ်ရ ရရှိခဲ့သည်။
““လက်တစ်ဖက်ကတော့ ပြန်ဆက်လို့မရတော့ဘူး။ နောက် လက်တစ်ဖက်က ပြန်ဆက်လို့ရတယ်လို့ပြောပါတယ်။ မေးရိုး အစားထိုးရမှာပါ။ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ဆရာဝန်ကပြောထားပါတယ်””ဟု မဝေမာလင်း၏အမျိုးသားဖြစ်သူ ကိုအောင်ဇော်ဝင်းက အောက်တိုဘာ ၂၂ ရက်တွင်ပြောသည်။
ဆွဲကြိုးချ သေဆုံးသွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦးမည်
ရန်ကုန်၊ အောက်တိုဘာ ၂၃။
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက် ၀န်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ
သိရသည်။
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း ၄ သောင်းကျော် လိမ်လည်သူ ကိုကျော်ခိုင်စိုး (ခေါ်) နားကွင်းကျော်ကြီးအား မိမိကိုယ်ကိုယ် အဆုံးစီရင်သွားသော်လည်း ပုဒ်မ ၄၂၀ ဖြင့် တရားစွဲဦး မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဝင်းက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ သူ့ကို တရားစွဲကို စွဲမှာပါ၊ လက်ရှိ သူသေသွားပေမယ့် သူ့ကို ဖွင့်ထားတဲ့ အမှုနဲ့ တရားစွဲဦး မှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
နားကွင်းကျော်ကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှာ လာရောက် ၀န်ခံခဲ့ပြီး နားကွင်းကျော် ကြီးအား စစ်ဆေးမှုများ ပြုလုပ်ပြီး နောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည်လွှတ်ပေး လိုက်ကြောင်း ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) ရဲစခန်းမှ
သိရသည်။
ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို
ရန်ကုန်၊ အောက်တိုဘာ၂၃။
အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။
“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်း ခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။
အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်။
ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။
“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်း ခံတာကို ဖော်ထုတ်ဖို့ အမေရိကန်ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမှ လက်မခံဟု KNU ပြောကြား
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်သူမျှ လက်မခံဟု အစိုးရဘက်မှ ပြုလုပ်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်ပေါ်လာပါက ရှေ့ဆုံးမှ လက်မှတ်ထိုးမည်ဟုဆိုသော ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
နိုင်ငံအနှံ့အပြား ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ အောက်တိုဘာ ၂၀ ရက်က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို (MPC) ၌ KNU ဘက်က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်အပြီး မီဒီယာများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် KNU ၏ သဘောထားကို မေးမြန်းရာတွင် ပဒိုမန်းငြိမ်းမောင်က ယင်းကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပဒိုမန်းငြိမ်းမောင်က "၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ခင်ဗျားတို့လည်း သိတာပဲ။ ဒါဟာ အင်မတန်မှ တင်းကျပ်တဲ့အောက်မှာ ရေးဆွဲခဲ့တာ။ အဲဒီတော့ အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ ဘယ်သူမှတော့ လက်မခံဘူး။ တိုင်းရင်းသားတွေလည်း လက်မခံဘူး။ သမ္မတကြီးကိုယ်တိုင် ၂၀၀၈ ဖွဲ့စည်းပုံဟာ ချို့ယွင်းချက်၊ အားနည်းချက်တွေ ရှိပါတယ်။
ဘက်ထရီ ၀ါယာရှော့ခ် ကားမီးလောင်မှု ဖြစ်စဉ် များပြားလာ
![]() |
မတ်လအတွင်း ပုဇွန်တောင်မြို့နယ် ရေကျော် ကားမှတ်တိုင်အနီးတွင် ကားတစ်စီး မီးလောင်နေမှုအား တွေ့စဉ်။ |
၁၀ လအတွင်း နိုင်ငံတစ်ဝန်းလုံးတွင် ကားမီးလောင်မှု ဖြစ်စဉ် ၁၅ ကြိမ် ဖြစ်ပွားခဲ့ ပြီး ဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုမှာ အများဆုံး ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။
ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်တိုင်းတွင် ကားဘက်ထရီအိုး ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုမှာ အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
၁၀ လအတွင်း ကားမီးလောင်မှု ဖြစ်စဉ်များတွင် ဘက်ထရီ ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် ၁၀ ကြိမ်၊ ကားအင်ဂျင် အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်စဉ် နှစ်ကြိမ်၊ ဒိုင်နမိုဝါယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်စဉ် သုံးကြိမ် ပါဝင်ကြောင်း သိရသည်။ ၁၀ လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်း ကားမီးလောင်မှုမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်ကြိမ်၊
အရပ်သားလုံခြုံရေး များကို နေအိမ်များက ပိုမိုခေါ်ယူလာ
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ဗုံး ပေါက်ကွဲမှုများနှင့် ဗုံးလန့်မှု များ
ဖြစ်ပေါ်ပြီးနောက် အရပ်သားလုံ ခြုံရေး များ ကို နေအိမ်များက ပိုမို
ခေါ်ယူလာကြကြောင်း လုံခြုံရေး ဝန်ထမ်းဝန်ဆောင်မှု ကုမ္ပဏီများ ၏ ပြောပြချက်အရ
သိရသည်။ ယခုနှစ် တွင် အဆိုပါအရပ် သားလုံခြုံရေး ဝန်ဆောင်မှုကဏ္ဍ လိုအပ်ချက်သည်
ယခင်နှစ်များ ထက် ပိုမိုမြင့်မားလျက် ရှိနေပြီး ယခင်က ခေါ်ယူမှုနည်းခဲ့သည့်
ကိုယ်ပိုင်အိမ်များကပင် ယင်းကဲ့ သို့ ခေါ်ယူမှုများပြားလာကြောင်း သိရသည်။
''ယခင်ကတော့ သံရုံးတွေ၊ ရှော့ပင်မောလ်တွေ၊ ကုမ္ပဏီတွေမှာ လုံခြုံရေးဝန်ဆောင်မှုဝန်ထမ်း တွေကို အဓိကခေါ်ယူခန့်ထားခဲ့ တာတွေ့ရပါတယ်။ တချို့အိမ်တွေ ကလဲ ခေါ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက် အရမ်း နည်းပါတယ်။ အခုတစ်လော ဖြစ် ပေါ်ခဲ့တဲ့ ဗုံးသတင်းတွေကြောင့် လားတော့ မသိပါဘူး။ အိမ်တွေ ကတော့ အရင်ထက်ခေါ်ယူမှုတွေ များလာတာတော့ သေချာပါတယ်'' ဟု အိတ်ဇယ်လ်လုံခြုံရေးဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောကြားသည်။
''ယခင်ကတော့ သံရုံးတွေ၊ ရှော့ပင်မောလ်တွေ၊ ကုမ္ပဏီတွေမှာ လုံခြုံရေးဝန်ဆောင်မှုဝန်ထမ်း တွေကို အဓိကခေါ်ယူခန့်ထားခဲ့ တာတွေ့ရပါတယ်။ တချို့အိမ်တွေ ကလဲ ခေါ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အရေအတွက် အရမ်း နည်းပါတယ်။ အခုတစ်လော ဖြစ် ပေါ်ခဲ့တဲ့ ဗုံးသတင်းတွေကြောင့် လားတော့ မသိပါဘူး။ အိမ်တွေ ကတော့ အရင်ထက်ခေါ်ယူမှုတွေ များလာတာတော့ သေချာပါတယ်'' ဟု အိတ်ဇယ်လ်လုံခြုံရေးဝန် ဆောင်မှုကုမ္ပဏီမှ Deputy General Manager ဦးကျော်စိုးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာ သို့ ပြောကြားသည်။
မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်
![]() |
မြိတ်ဆိပ်ကမ်းရှိ နိုင်ငံသားပိုင် ငါးဖမ်းစက်လှေ တစ်စင်းကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး) |
မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် နိုင်ငံခြား ငါးဖမ်းရေယာဉ်များကို ဖမ်းဆီးခွင့် သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိ သူများက အောက်တိုဘာ ၂၂ ရက်က ပြောကြားသည်။
လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်၌ Fishing Rights အစီအစဉ်ဖြင့် ဖမ်းဆီးနေသည့် ထိုင်းနိုင်ငံမှ Ryuji International Co.,Ltd က မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ ဖမ်းဆီးခွင့် ထပ်တိုးပေးရန် ထပ်မံ တောင်းဆိုထားသည်။
အထက်ပါ ကုမ္ပဏီက မြန်မာ့ပင်လယ်ပြင်တွင် Fishing Rights ဖြင့်ဆက်လက် ဖမ်းဆီးခွင့်ရရန် တောင်းဆိုခြင်းနှင့် ပတ်သက်၍ နောက်ထပ် ဖမ်းဆီးခွင့် ထပ်တိုးပေးရန်သင့်၊ မသင့်ကို ဆုံးဖြတ်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ အစည်းဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ၀န်ကြီးအပါအ၀င် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် အခြားပညာရှင်များက နောက်ထပ် ဖမ်းဆီးခွင့်သက်တမ်း ထပ်တိုးမပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်အစား ငွေဒဏ်များဖြင့် အစားထိုးပြင်ဆင်မှု ပြည်သူ့လွှတ်တော် အတည်ပြု
နိုင်ငံရေး သမားများကို ထောင်ချခဲ့သည့် အီလက်ထရွန်နစ် ဥပဒေပါ ထောင်ဒဏ်များအစား ငွေဒဏ်များဖြင့် အစားထိုး ပြင်ဆင်မှုကို ပြည်သူ့လွှတ်တော်တွင် အောက်တိုဘာ ၂၂ ရက်က အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်း" ကို ၂၁.၈.၂၀၁၃ ရက်တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေးလိုသူများ၏ အမည်စာရင်း တောင်းခံခဲ့သည်။ သို့သော် ၁၀.၁၀.၂၀၁၃ ရက်အထိ ဆွေးနွေးရန် တင်ပြလာသည့် ကိုယ်စားလှယ် တစ်ဦးမျှ မရှိခဲ့သဖြင့် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ ပြင်ဆင်ချက်များအတိုင်း ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ရာထူးမှ နုတ်ထွက်ခွင့်ပြု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၄၆ / ၂၀၁၃)
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်
(၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)
ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၁၂၊ ပုဒ်မခွဲ(က) နှင့်
ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ(က) တို့ပါ
ပြဋ္ဌာန်းချက်များအရ ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ၎င်း၏
သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်။
(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
http://www.president-office.gov.mm
ဆယ်ကျော် သက် မိန်းကလေး တစ်ဦး ကို အက်ဆစ် ရည် အတင်း အကျပ် သောက်သုံး စေပြီး ပင်လယ် တွင်း သို့ တွန်းချ ခဲ့သူ အား အိန္ဒိယ ရဲ တပ်ဖွဲ့ ဖမ်းဆီး
အိန္ဒိယ
နိုင်ငံ မွမ်ဘိုင်း မြို့၏ အနောက် ဘက် ဆင်ခြေ ဖုံး ဒေသ ရှိ Gorai Beach
တွင် အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ဆယ်ကျော် သက် အမျိုး သမီး တစ်ဦး အား
အက်ဆစ် ရည် အတင်း အကျပ် သောက်ခိုင်း ကာ ပင်လယ် အတွင်း သို့ တွန်းချ ခဲ့သည့်
အမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့သည် ဟု အင်တာ နက် သတင်း
တစ်ပုဒ် အရ သိရသည်။
ဖြစ်စဉ်မှာ အမျိုးသမီး များ ကို လိမ်လည်
လှည့်ဖြားသူ အမျိုးသား တစ်ဦး သည် အသက် ၁၈ နှစ် အရွယ် ရှိ အဆိုပါ အမျိုး
သမီးငယ် အား လှည့်ဖြား ခေါ်ဆောင် ခဲ့ပြီး နောက်တွင် အက်ဆစ် ရည် များ ကို
အတင်း အကျပ် သောက် သုံး စေခဲ့ပြီး နောက် ပင်လယ် တွင်း သို့ တွန်းချ
ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
အိန္ဒိယ နိုင်ငံ မွမ်ဘိုင်း မြို့၏ အနောက် ဘက် ဆင်ခြေ ဖုံး ဒေသ ရှိ Gorai Beach တွင် အောက်တိုဘာ ၁၉ ရက် ညနေ ပိုင်းက ဆယ်ကျော် သက် အမျိုး သမီး တစ်ဦး အား အက်ဆစ် ရည် အတင်း အကျပ် သောက်ခိုင်း ကာ ပင်လယ် အတွင်း သို့ တွန်းချ ခဲ့သည့် အမျိုးသား တစ်ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီး ခဲ့သည် ဟု အင်တာ နက် သတင်း တစ်ပုဒ် အရ သိရသည်။
ဖြစ်စဉ်မှာ အမျိုးသမီး များ ကို လိမ်လည် လှည့်ဖြားသူ အမျိုးသား တစ်ဦး သည် အသက် ၁၈ နှစ် အရွယ် ရှိ အဆိုပါ အမျိုး သမီးငယ် အား လှည့်ဖြား ခေါ်ဆောင် ခဲ့ပြီး နောက်တွင် အက်ဆစ် ရည် များ ကို အတင်း အကျပ် သောက် သုံး စေခဲ့ပြီး နောက် ပင်လယ် တွင်း သို့ တွန်းချ ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာ ဖတ်ခွင့်ရလို့ အိန္ဒြာကျော်ဇင် ဂုဏ်ယူ
(၉၃) နှစ်မြောက် မြန်မာ့ ရုပ်ရှင်နေ့
ဂုဏ်ပြု အခမ်းအနားတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ သဝဏ်လွှာ ကို
ဖတ်ခွင့်ရခြင်း အတွက် အင်မတန် တာဝန် ကြီးပြီး ဂုဏ်ယူမိကြောင်း အိန္ဒြာ
ကျော်ဇင်က ပြောသည်။
”သဝဏ်လွှာ ဖတ်ရင်း အမှားပါ သွားမှာ
စိုးရိမ်စိတ် ကတော့ ရှိတယ်။ ဒါပေမဲ့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦး လူမင်း
ကပေးအပ်တဲ့ တာဝန် ဆိုတာရယ် ဖြစ်ပါ့မလားလို့။ မပြောရဲဘူး လို့ ငြင်း တော့
သူက အားကိုး တကြီးနဲ့ အကူ အညီတောင်းတော့ လုပ်ပေးလိုက်တာ ပါ”ဟု ၄င်းက
ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင်
”မြန်မာ့ ရုပ်ရှင် ဂုဏ်ပြု အခမ်းအနားသို့ ကိုယ်တိုင် လာရောက် နိုင်ခြင်း
မရှိတာကို တောင်းပန်ပါတယ်။ ယခုခေတ်ကြီး မှာ ရုပ်ရှင် ဆိုတာ ပြည်သူ နဲ့
အနီးဆုံး အနုပညာရပ်ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံ တိုးတက်ဖို့ ကြိုးစားကြရာ
မှာ အားလုံး ကိုယ်စီ ကိုယ်စီ တာဝန်ရှိကြ ပါတယ်။ ဘက်ပေါင်းစုံ က ကိုယ်ကျရာ
တာဝန်ကို စေတနာ အပြည့်နဲ့ ကျေကျေ ပွန်ပွန် ဆောင်ရွက်မယ် ဆိုရင် နိုင်ငံသား
အားလုံး နိုင်ငံ့ တာဝန်ကို ကျေပွန်ရာ ရောက်ပါတယ်။
အိပ်မက်ရန်လွယ်ကူသော်လည်း လောင်းရိပ်သင့်နေဆဲ ကြိုးလျော့လက်များ
ဂီတကို မကြိုက်နှစ်သက်သည့် လူ ငယ်ဟူ၍မရှိ။
ထို့အတူ သီချင်းမဆိုဖူး သော လူငယ်နှင့်ဂစ်တာနှင့် အခြားတူရိ
ယာတစ်မျိုးမျိုးကို မတီးခတ်ဖူးသော လူ ငယ်လည်း မရှိ သလောက်
ရှားပါသည်။တချို့က အပျော်အနေဖြင့် ဂစ် တာတဒေါင်ဒေါင်ခေါက်သည်။ သူငယ်
ချင်းများနှင့်ဆိုကြဖို့၊ လမ်းဘေးနှင့် ကျောင်း သားများဆိုပါက မိန်းကေ
လးဆောင်များ တွင်လှည့်ပတ်တီးဖို့ သက်သက်။ ဤမျှ ဆိုလုံလောက်ပြီ။သို့သော်
အချို့အတွက် တော့ ဂီတက သူတို့အတွက် အိပ်မက် ဖြစ်သည်။ ယခင်ကာ လများတုန်းက
ဂစ်တာတီးတတ်ဖို့ပင်ခက်သည်။ တီး တတ်သည့်သူများထံ အောက်ကျို့ပေါင်း
သင်းကာသင်ကြားရသည်။ ထို့ထက်မပို။ စင်မြင့်ပေါ်ရောက်ရန်နှင့် တကယ့် တီး
ဝိုင်းတစ်ခု တီးနိုင်ဖို့က အလွန်အလှမ်း ဝေးသော အခြေအနေဖြစ်သည်။ သို့ပေ မယ့်
အခုခေတ်တွင်တော့ ထိုကဲ့သို့ မ ဟုတ်တော့ပါ။ ဂစ်တာ သင်ခန်းစာများ အလွယ်
တကူဝယ်၍ ရနိုင်သကဲ့သို့ အွန် လိုင်းကဲ့သို့နေရာမှလည်း အလွယ်တကူ
သင်ကြားနိုင်လာသည်။ ဝါသနာရှင် လူငယ်များ အတွက်လည်း နာရီပိုင်းအခ
ကြေးငွေပေး၍ တီးဝိုင်းတစ်စုံစာ တီး ခတ်လေ့ကျင့်နိုင်သည့် စတူဒီယိုအသေး
စားလေးများကလည်း နေရာအနှံ့။ ထို့ အတူ အဆိုဝါသနာပါသူများ အတွက်
အစွမ်းပြနိုင်မည့် ပြိုင်ပွဲနှင့် ရုပ်သံအစီ အစဉ်များကလည်း ရွေးချယ်စရာ
များ ပြားလာသည်က အမှန်ပင်။
Laptop ကို ကျန်းမာရေးညီညွတ်စွာ အသုံးပြုရန် နည်းလမ်း
Laptop အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးကို စာဖတ်သူတို့ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ ဒါကြောင့် ယင်းဆိုးကျိုးများကို ရှောင်ရှားဖို့အတွက် Laptop ဘယ်လိုအသုံးပြုရမယ်ဆိုတာ အောက်ပါအတိုင်း မျှဝေလိုက်ပါတယ်။
Get a Large Screen
Laptop ဝယ်တော့မယ်ဆိုရင် မျက်နှာပြင်ခပ်ကျယ်ကျယ် ကို ရွေးချယ်ဝယ် ယူရန် လိုအပ်ပါတယ်။ ဒါမှာ အာရုံကြောတို့ရဲ့ စူးစိုက် အလုပ်လုပ်ရမှုကို လျော့နည်းစေပါတယ်။ အကယ်၍ မျက်နှာပြင်ခပ်သေးသေး၊ သယ်သွားသယ်လာအဆင်ပြေတာမျိုးကိုပဲ လိုလားတယ်ဆိုရင်လည်း font size ကြီးကြီး အသုံးပြုရပါမယ်။ ဖန်သားမျက်နှာပြင်ထဲကအရာတွေကို အလွယ်တကူ ကြည့်လို့ မြင်နိုင်အောင် ပြုလုပ်ထားရပါမယ်။ ဥပမာ- စာလုံးတွေကအစ ဆိုက်ကြီးအောင် ပြောင်းလဲထားရမှာ ဖြစ်ပါတယ်။
လူနာတင်ယာဉ်စောင့်နေရသည့် ယာဉ်တိုက်မှုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံး
ကည့်မြင်တိုင်မြို့နယ်၊ ကမ်း နားလမ်း၊ စာတိုက်မှတ်တိုက်အနီး တွင်
အောက်တိုဘာလ (၇) ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က အရှေ့မှအနောက်သို့
မောင်း နှင်လာသော Super Custom အိမ်စီးကားတစ်စီးသည် လမ်းဖြတ် ကူးသူကို
တိုက်မိသည့်ဖြစ်ရပ်တစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်ရပ်တွင် Super Custom ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty ထွက်လာ သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍ တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။
အဆိုပါဖြစ်ရပ်တွင် Super Custom ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty ထွက်လာ သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍ တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။
ကျန်းမာရေး အသိ လွဲနေမှု များ
ကျန်းမာရေး နဲ့  ပက်သက် လို့ အများ လက်ခံ သိရှိ ထားတဲ့ အချက် နဲ့ တကယ့်
အဖြစ်မှန် တို့ဟာ ကွဲလွဲ နေတတ် ပါတယ်။ အောက် ဖော်ပြပါ အမေး၊ အဖြေ များ ကို
ကြည့်လိုက် ရင် အထင် နဲ့ အမြင် ကွဲပြား ခြားနား နေတာ ကို သိရှိ နားလည် သွား
နိုင် ပါတယ်။
( ၁ ) လက်ဆစ် တွေ ကို ချိုးဖန်များရင် အဆစ် အမြစ် ရောင် ရောဂါ ဖြစ်တတ် တယ်
မဟုတ်ပါ ဘူး။ လက်ဆစ်တွေ ကို ချိုးလိုက် တဲ့ အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည်
သွား တာက အရိုးများ အကြား မှာ ပိတ်မိ နေတဲ့ ဓာတ်ငွေ့တွေ ထွက်သွား လို့
အသံမြည် ရခြင်း သာ ဖြစ်ပါ တယ်။ အရိုး ကြား က အခိုးအငွေ့ တွေ ထွက်သွား လို့
ပေါ့ပါး တောင် သွားပါသေး တယ်။
အပြာရောင် ကမ္ဘာကြီး ဆု အတွက် မိုး လေ၀သ ပညာရှင် ဦးထွန်းလွင် ကို တင်ပြထား
ဂျပန် နိုင်ငံမှ တစ်နှစ် လျှင် တစ်ဦး သာ ပေးအပ်သော အပြာရောင် ကမ္ဘာကြီး (
Blue Plannet ) ဆု အတွက် မြန်မာ နိုင်ငံ အနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာ
ဦးထွန်းလွင် ကို တင်ပြ ထားကြောင်း FREDA မှ ဦးအုန်း က ပြောကြား သည်။
ယင်း ဆု သည် တကမ္ဘာ လုံး တွင် တစ်နှစ် လျှင် တစ်ဦး နှင့် နှစ်ဦးကြား သာ
ပေးသော ဆု ဖြစ်ပြီး Blue Plannet ဆု ကို ဂျပန် ရှင်ဘုရင် က ပေးအပ် မည်
ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ မှ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏
လုပ်ဆောင်ချက် များ ကို ကမ္ဘာ မြေ ချစ်သူ ဆု ရရှိ ထားသူ ဦးအုန်း က ထောက် ခံ
၍ ဂျပန် ရှင်ဘုရင်ထံ သို့ တင်ပြ ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဂျပန် နိုင်ငံမှ တစ်နှစ် လျှင် တစ်ဦး သာ ပေးအပ်သော အပြာရောင် ကမ္ဘာကြီး ( Blue Plannet ) ဆု အတွက် မြန်မာ နိုင်ငံ အနေဖြင့် မိုးလေ၀သ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် ကို တင်ပြ ထားကြောင်း FREDA မှ ဦးအုန်း က ပြောကြား သည်။
ယင်း ဆု သည် တကမ္ဘာ လုံး တွင် တစ်နှစ် လျှင် တစ်ဦး နှင့် နှစ်ဦးကြား သာ ပေးသော ဆု ဖြစ်ပြီး Blue Plannet ဆု ကို ဂျပန် ရှင်ဘုရင် က ပေးအပ် မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ မှ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင် ၏ လုပ်ဆောင်ချက် များ ကို ကမ္ဘာ မြေ ချစ်သူ ဆု ရရှိ ထားသူ ဦးအုန်း က ထောက် ခံ ၍ ဂျပန် ရှင်ဘုရင်ထံ သို့ တင်ပြ ခဲ့ကြောင်း ၎င်းက ဆိုသည်။
ဘရိတ်ပေါက်ပြီး ယာဉ်တိမ်းမှောက်၍(၁)ဦးသေ
နေပြည်တော်၊ အောက်တိုဘာ ၂၁
၁၈-၁၀-၂၀၁၃ ရက်နေ့ ၁၀၂၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၃/၇)နှင့် (၁၂၄/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ ဗောဓိကုန်း အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှရန်ကုန်သို့ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မအူတန်းရပ်နေ ထွန်းအောင်ဇော်(၂၅)နှစ် မောင်းနှင်လာသော ၈ဏ/xxxx လိုက်အေ့အဖြူရောင်ယာဉ်သည် ဘရိတ်ပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ(၂၁)ဦးအနက် မန္တလေးမြို့၊ ဗောဓိကုန်း အလယ်ရပ်နေသူများဖြစ်သည့် ဒေါ်ကော်မူ(၅၅)နှစ်တွင် ၀ဲ/ယာမျက်လုံးဖူးရောင်၊ နှာခေါင်းသွေးထွက်၊ ၀ဲနားရွက်အပေါ်ပိုင်းပြက်ရှပေါက်ပြဲဒဏ်ရာ၊ မရှမ်းမ(၄၅)နှစ်တွင် ယာနဖူး/ယာပါး/ ယာမျက်လုံးပေါက်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဒေါ်ကော်မူမှာ ဖြူးဆေးရုံမှတစ်ဆင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ တင်ပို့ကုသစဉ်သေဆုံးသွားခဲ့သည်။ ထို့ပြင် ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ၀ဲ/ယာတံခါး မှန်ကွဲ၊ ဘော်ဒီအနည်းငယ်ပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၁၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ ထွန်းဇော်အောင်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အားဝင်ရောက်တိုက်မိ
နေပြည်တော်၊ အောက်တိုဘာ ၂၁
၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင်လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင် နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မယဉ်ယဉ်မြင့် အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
၂၀-၁၀-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄၄/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေးအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃/၆၈လမ်းနေ မယဉ်ယဉ်မြင့်(၃၁)နှစ် မောင်းနှင်လာသော ၉ဃ/xxxx အာအေဗွီ-၄ အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းပေါ်သို့ထိုးကျခဲ့ပြီး လမ်းဘေးရှိသစ်ပင်အားဝင်ရောက်တိုက်မိကာ တိမ်းမှောက်သွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုကြောင့်ယာဉ်မောင်း မယဉ်ယဉ်မြင့်တွင် ယာဘက်နားထင်ပေါက်ပြဲ၊ ယာလက်မောင်းပွန်းပဲ့၊ ယာဘက်ဒူးပွန်းပဲ့ဒဏ်ရာနှင့် တစ်ရပ်တည်းနေ ဒေါ်သန်းစိန်(၆၃)နှစ်တွင် နဖူး/၀ဲလက်ဖမိုးပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲ/ယာတံခါးတွန့်ကြေ၊ တန်ဖိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မယဉ်ယဉ်မြင့် အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
ရဲဇာနည်
Subscribe to:
Posts (Atom)