ကမ္ဘာ့နိုင်ငံအားလုံးရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အချက်အလက်တွေ အများဆုံး စုဆောင်းထားနိုင်တာကြောင့် ပညာရှင်တွေကြားမှာ ဩဇာကြီးမားတဲ့ Economist Intelligence Unit အဖွဲ့ကြီးက ယခု ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့ စီးပွားရေး အလားအလာတွေကို ခန့်မှန်းလိုက်ပါတယ်။
EIU ရဲ့ ခန်းမှန့်ချက်အရ ပြိုလဲသွားတဲ့ ကဒါဖီအစိုးရလက်အောက်ကနေ ပြန်လည်တည်ဆောက်ယူနေတဲ့ လစ်ဗျားနိုင်ငံ စီးပွားရေးက ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ တိုးတက်မှုနှုန်း အမြန်ဆုံး ဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။