တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာ
ကြောက်ရွံ့စိတ်ဖြင့် နေထိုင်ခဲ့ရသော အတွေ့အကြုံများမှာ
ကိုဖြိုးဖြိုးအတွက်တော့ ပြန်ပြောင်းစဉ်းစားတိုင်း အိပ်မက်ဆိုးသဖွယ်
ဖြစ်နေသည်။
ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးဖြစ်သော ကိုဖြိုးဖြိုးတစ်ယောက် အားလပ်ရက်တစ်ရက်တွင် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများနှင့်အတူ ကချင်ချောင်းသာဟုခေါ်သော အပန်းဖြေစခန်းသို့ သွားရောက်ရင်း ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။
မေလ ၃ ရက်က ကိုဖြိုးဖြိုးအပါအ၀င် ပြည်နယ်အစိုးရအဖွဲ့ဝန်ထမ်းနှစ်ဦးမှာ မြစ်ကြီးနားမြို့မှ ၁၇ မိုင်ခန့်ကွာဝေးသော ကချင်ချောင်းသာသို့အသွား ဒွန်ဂန်ကျေးရွာအနီးတွင် ကေအိုင်အေ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
မရောက်ဖူးသော တောကြီးမျက်မည်းထဲတွင် ၁၀ ရက်ကြာပြီးနောက် ကိုဖြိုးဖြိုးတစ်ယောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီ ဖြစ်သော်လည်း တောထဲတွင်ရှိနေစဉ် နေထိုင်ခဲ့ရသော နေ့ရက်များမှာ သူ့အတွက်တော့ အိပ်မက်ဆိုးဖြစ်နေပါသေးသည်။
မေလ ၃ ရက်
အားလပ်ရက်တွင် စိတ်ကြိုက်အနားယူမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကချင်ချောင်းသာသို့ လာရောက်သော ကိုဖြိုးဖြိုးတို့နှစ်ယောက် လမ်းခုလတ်တွင် အရပ်ဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များက ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်ကိုတား၍ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် ၎င်းတို့ကို ယူနီဖောင်းဝတ် ကေအိုင်အေတပ်ဖွဲ့ဝင်များစောင့်နေသော တောထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ အပြန်အလှန်ပြောစကားများနှင့် ၎င်းတို့၏ လက်မောင်းတံဆိပ်ယူနီဖောင်းများကိုကြည့်၍ ကေအိုင်အေဟုသိရှိခဲ့ရကြောင်း