menu

Sunday 8 September 2013

မန္တလေးမြို့နယ်နှစ်ခု လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခွင့် သုံးထပ်စက်ဝိုင်းကုမ္ပဏီ ၁၅ နှစ် လုပ်ပိုင်ခွင့်ရ


မန္တလေး၊ စက်တင်ဘာ ၇

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ရှိ ပုသိမ်ကြီးမြို့နယ်နှင့် အမရပူရ မြို့နယ်တို့တွင် ဓာတ်အားဖြန့်ဖြူရေး လုပ်ငန်း အတွက် သုံးထပ်စက်ဝိုင်းကုမ္ပဏီကို ၁၅ နှစ်ကြာ လုပ်ပိုင်ခွင့်ချထားပေးရန် ယခုလအတွင်း လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းစီမံဌာနထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေး ခရိုင်ရှိ မြို့နယ်ခုနစ်မြို့နယ်ကို တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက ပုဂ္ဂလိကလုပ်ငန်းရှင်များအား ၁၅ နှစ် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်း လွှဲပြောင်းပေးလျက် ရှိရာ မြန်မာပေါင်းစည်း စွမ်းအားကုမ္ပဏီနှင့် ပစိဖိတ်ကုမ္ပဏီတို့ကို မြို့ ငါးမြို့တွင် လုပ်ပိုင်ခွင့်ချထားပေးခဲ့ပြီး ကျန်ရှိနေသေးသော ပုသိမ်ကြီးနှင့် အမရပူရနှစ်မြို့နယ် တို့ကို သုံးထပ်စက်ဝိုင်း ကုမ္ပဏီအား ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လုပ်ကိုင်ရန် စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

ရဲတပ်သား တစ်ဦးလျှင် အနိမ့်ဆုံး လစာ ကျပ်တစ်သိန်းနှစ်သောင်းနှုန်း ရရှိစေရန် လွှတ်တော်၌ တောင်းဆိုမည်

Photo: ရဲတပ်သား တစ်ဦးလျှင် အနိမ့်ဆုံး လစာ ကျပ်တစ်သိန်းနှစ်သောင်းနှုန်း ရရှိစေရန် လွှတ်တော်၌ တောင်းဆိုမည်
..........................................................................

ရဲဝန်ထမ်းတစ်ဦးလျှင် အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း နှစ်သောင်းနှုန်းရရှိစေရေးအတွက် လာမည့်အဋ္ဌမ အကြိမ် လွှတ်တော်အစည်းအဝေးတွင်တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း တာမွေမြို့နယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

''ရဲဝန်ထမ်းတွေအတွက် အနိမ့်ဆုံး လစာတွေကို အနည်းဆုံး ကျပ်တစ်သိန်း ကျော်၊ တစ်သိန်းနှစ် သောင်းလောက်အထိ ရရှိအောင် မေးခွန်းတွေ မေးသွားဖို့ ပြင်ဆင်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘဝမြှင့် တင်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ဖို့ ရှိပါတယ်''ဟု ၄င်းက ဆိုသည်။ လက်ရှိတွင် ရဲဝန်ထမ်းများသည် လုပ်ခ လစာ နည်းပါးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲခြင်း အပါအဝင် မပြည့်စုံမှုများဖြင့် ဝန်ထမ်းဘဝကို ဖြတ်သန်းနေရပြီး၊ ယင်းကိစ္စများကို ပြေလည်စေရေးအတွက် အဂတိ လိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်း ကိစ္စများကို ပြုမူဆောင်ရွက်နေကြကြောင်း၊ ထို အများပြည်သူတို့၏ ယုံကြည် အားကိုးမှုကို မခံရဘဲ အထင်အမြင်လွဲမှားမှုများကို ခံစားနေ ရကြောင်း ပြည်ထဲရေးဝန်ထမ်းတချို့ထံမှ သိရသည်။ ''ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ ရဲတွေအတွက် ယူနီဖောင်းကိစ္စ၊ လစာ ကိစ္စတွေကို မေးခွန်းမေးခဲ့ပါတယ်။ ပြည်ထဲရေး ဒုတိယဝန်ကြီးကလည်း တိုးဖို့ ရှိတယ်လို့ ဖြေခဲ့ပါ တယ်။ ဒါကြောင့် ရဲဝန်ထမ်းတွေ လစာလုံလောက်စွာ ရရှိရေးနဲ့ ဝန်ထမ်းအိမ်ရာတွေကို လာမယ့် ဘတ်ဂျက်မှာ တည်ဆောက်ပေးနိုင်အောင် ဆက်ပြီး တိုက်တွန်းတာတွေလုပ်သွားမှာပါ''ဟုဒေါ်လဲ့လဲ့ဝင်းဆွေက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ရဲဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးအခြေခံလစာမှာ ရဲတပ်သားတစ်ဦးလျှင် ကျပ်ခြောက်သောင်းဖြစ်ပြီးအရာရှိများ၊ မြို့နယ် ရဲမှူးများ၏လစာမှာကျပ်တစ်သိန်းငါးသောင်းအထိဖြစ်ကြောင်း ပြည်ထဲရေးဒုဝန်ကြီး၏လွှတ်တော်တွင် ဖြေကြားခဲ့မှုများအရ သိရသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင်များကို ရိက္ခာထောက်ပံ့ငွေအဖြစ် ၂ဝ၁၂ ခုနှစ်တွင် တစ်လလျှင် ကျပ် ၅ဝဝ သာ ခံစားခွင့်ရရှိခဲ့ပြီး ၂ဝ၁၃ခုနှစ် ဧပြီလ(၁) ရက်နေ့မှ စတင်ကာ တစ်ဦးလျှင် ကျပ် ၈ဝဝ အထိ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။
''လစာတိုးဖို့ ၊ ရိက္ခာတိုးဖို့ ကိစ္စတွေကို ကြိုဆိုပါတယ်။ဒီလိုလုပ်မှ စားဝတ်နေရေးကိစ္စက ပြေလည်မှာပါ။ ဒီလို လစာတွေ၊ စရိတ်တွေတိုးပေးထားပြီး ရဲတွေ အဂတိလိုက်စားရင်၊ အကျင့်ပျက်ခြစားရင် ထိထိရောက် ရောက် အရေးယူဖို့လိုတယ်။ ဒါမှ ပြည်သူက ယုံကြည်အားထားတဲ့ အဖွဲ့အစည်းဖြစ်လာမှာပါ''ဟု နေပြည်တော်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။(photo- AFP)

အေးချမ်းမွန် Credit To >Messenger News Journal < Thanks
Re-posted By ACM 8-9-2013 
https://www.facebook.com/excellencemedia—

ရဲဝန်ထမ်းတစ်ဦးလျှင် အနိမ့်ဆုံးလစာ ကျပ်တစ်သိန်း နှစ်သောင်းနှုန်းရရှိစေရေးအတွက် လာမည့်အဋ္ဌမ အကြိမ် လွှတ်တော်အစည်းအဝေးတွင်တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း တာမွေမြို့နယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေက ပြောသည်။

''ရဲဝန်ထမ်းတွေအတွက် အနိမ့်ဆုံး လစာတွေကို အနည်းဆုံး ကျပ်တစ်သိန်း ကျော်၊ တစ်သိန်းနှစ် သောင်းလောက်အထိ ရရှိအောင် မေးခွန်းတွေ မေးသွားဖို့ ပြင်ဆင်နေပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဘဝမြှင့် တင်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ဖို့ ရှိပါတယ်''ဟု ၄င်းက ဆိုသည်။ လက်ရှိတွင် ရဲဝန်ထမ်းများသည် လုပ်ခ လစာ နည်းပါးခြင်းကြောင့် စားဝတ်နေရေး ခက်ခဲခြင်း အပါအဝင် မပြည့်စုံမှုများဖြင့် ဝန်ထမ်းဘဝကို ဖြတ်သန်းနေရပြီး၊ ယင်းကိစ္စများကို ပြေလည်စေရေးအတွက် အဂတိ လိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်း ကိစ္စများကို ပြုမူဆောင်ရွက်နေကြကြောင်း၊ ထို အများပြည်သူတို့၏ ယုံကြည် အားကိုးမှုကို မခံရဘဲ အထင်အမြင်လွဲမှားမှုများကို ခံစားနေ ရကြောင်း ပြည်ထဲရေးဝန်ထမ်းတချို့ထံမှ သိရသည်။ ''ပြီးခဲ့တဲ့ လွှတ်တော်မှာတော့ ရဲတွေအတွက် ယူနီဖောင်းကိစ္စ၊ လစာ ကိစ္စတွေကို မေးခွန်းမေးခဲ့ပါတယ်။ ပြည်ထဲရေး ဒုတိယဝန်ကြီးကလည်း တိုးဖို့ ရှိတယ်လို့ ဖြေခဲ့ပါ တယ်။ ဒါကြောင့် ရဲဝန်ထမ်းတွေ လစာလုံလောက်စွာ ရရှိရေးနဲ့ ဝန်ထမ်းအိမ်ရာတွေကို လာမယ့် ဘတ်ဂျက်မှာ တည်ဆောက်ပေးနိုင်အောင် ဆက်ပြီး တိုက်တွန်းတာတွေလုပ်သွားမှာပါ''ဟုဒေါ်လဲ့လဲ့ဝင်းဆွေက ဆက်ပြောသည်။

လူနာ၏ မျက်နှာတွင် နှုတ်ခမ်းမွေး တပ်၍ ဓာတ်ပုံရိုက်ယူကာ Facebook ပေါ် တင်ခဲ့သူ မေ့ဆေးဆရာဝန် တရားစွဲခံရ


အမေရိကန် ပြည်ထောင်စုမှ ဗာအိုနီကာဗဲလ်ဒက်ဇ် အမည်ရှိ အမျိုးသမီး တစ်ဦးသည် တောင်ပိုင်း ကာလီဖိုးနီးယား ပြည်နယ်ရှိ Torrance Memorial Medical Center မှ မေ့ဆေး ဆရာဝန်က ခွဲစိတ်မှု ပြုလုပ်စဉ် ခွင့်ပြုချက် မရှိဘဲ သူမ၏ မျက်နှာကို နှုတ်ခမ်းမွေးနှင့် မျက်ရည်ပုံစံ ပြုလုပ်ထားသော စတစ်ကာများ ကပ်၍ Facebook ပေါ် တင်ခဲ့သည့် မေ့ဆေးဆရာဝန် တစ်ဦးအား တရား စွဲဆိုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ဗာအိုနီကာဗဲလ်ဒက်ဇ်သည် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလက Torrance Memorial Medical Center တွင် လက်ချောင်းအား ခွဲစိတ်မှု ပြုလုပ်စဉ် မေ့ဆေးဆရာဝန် ပက်ထရစ်ခ်ယန်သည် သူမ၏ ဘယ်ဘက်မျက်လုံး အောက်တွင် မျက်ရည်ပုံစံ စတစ်ကာများနှင့် နှုတ်ခမ်းမွေးပုံစံ စတစ်ကာများကို တပ်ဆင်ကာ သူမအား လမ်းသရဲအဖွဲ့မှ အဖွဲ့ဝင် အမျိုးသားတစ်ဦး ပုံစံကဲ့သို့ ပြုလုပ်၍ သူနာပြု အကူများက ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူခဲ့ခြင်း ဖြစ်ကြောင်း တရားရုံး အမှုဖွင့်ချက်ကို ကိုးကား၍ ABC 7 က ပြောကြားခဲ့သည်။

မြန်မာစာစနစ် ပါဝင်သော LG စမတ်ဖုန်းသစ် ပြည်တွင်း၌ စတင်ရောင်းချ

ရန်ကုန်၊ စက်တင်ဘာ ၇

ကိုရီးယား နာမည်ကျော် နည်းပညာ ကုမ္ပဏီ LG က ထုတ်လုပ်ထားသော မြန်မာစာစနစ် ပါဝင်သည့် နည်းပညာမြင့် LG စမတ်ဖုန်းသစ် Optimus G Pro ကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကာ ပြည်တွင်း၌ ရောင်းချနေပြီ ဖြစ်ကြောင်း LG Electronics ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ Optimus G Pro ကို ငွေကျပ် ၆၂၉,၀၀၀ နှင့် ရောင်းချသွားမည်ဖြစ်ပြီး LG အရောင်းပြခန်းများနှင့် လူကြီးမင်း၊ Technoland၊ Unique၊ Phone Corner၊ E-City၊ Best One၊ Mr.Fone၊ ICE၊ Hello Mobile၊ Do Co Mo၊ Touch Mobile အစရှိသော မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး အာမခံတစ်နှစ် ပေးထားကြောင်း သိရှိရသည်။

အဆိုပါဖုန်းသည် ၂၀၁၃ ခုနှစ်၏ အကောင်းဆုံး 4G LTE ဆု ရရှိထားပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ကာ မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ကျော် စတင်ရောင်းချ သွာမည်ဖြစ်ပြီး ရောင်းအားပေါ် မူတည်ကာ ထပ်မံတင်သွင်း ရောင်းချသွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက သြဂုတ်လ အစောပိုင်းတွင် ကြေညာထားသည်။

တာတမံ ရေ ပြွန်ဖောက်မှုဖြင့် ရွာသားအချင်းချင်းအငြင်းပွား

နန်းသီတာဝင်း၊ ရန်ကုန် ၊ စက်တင်ဘာ(၆)
ဒေးဒရဲ မြို့နယ် တိုးစံပြကျေးရွာနှင့်မင်္ဂ လာသိမ်ကျောင်းကို ဆက်သွယ် ထားသော တာတမံကိုရေပြွန်ပြု လုပ်ရန်အတွက် နှောင့်ယှက်သူ များအား တာတမံနှင့်ဆက်စပ် လျက်ရှိသည့် လယ်မြေပိုင်ရှင် ဦးမောင်ဟန်နှင့် ဒေါ်မြင့်မြင့်ရီ တို့က စက်တင်ဘာ ၁၂ရက်တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာမှ ရွာသူ ရွာသားများဘက်မှလည်း ရေပြွန် မဖောက်လုပ်ရန် အဆုံးထိတား ဆီးကန့်ကွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၅ရက်က တိုးစံပြ ကျေးရွာတွင် ရွာသူရွာသားများ ဘက်မှပြုလုပ်သော 'မင်္ဂလာသိမ် ကျောင်း တာလမ်းအား မည်သည့် ချိုးဖောက်ခြင်းမှ မသင့်ကြောင်း' သတင်းစာ ရှင်းလင်းပွဲတွင် ရွာသူ ရွာသားများက ပြောသည်။
ဦးမောင်ဟန်က ''ကျွန်တော် ကတော့ ဒီပြွန်ပေါက်ကို မရရ အောင်ဖောက်မယ်။ ကျွန်တော့် ကို တားဆီးနှောင့်ယှက်တဲ့သူမှန် သမျှကို စက်တင်ဘာ ၁၂ ရက်မှာ တရားစွဲဆိုသွားမှာပါ''ဟု ပြော သည်။
ယင်းက ဆက်လက်၍''ကျွန် တော်တောင်းတာက ရေတံခါး မဟုတ်ဘူး။ ခြောက်လက်မ၊ တစ် ပေပြွန်ကိုပဲလုပ်မှာ။ အဲဒါကို လယ်မြေနဲ့ မသက်ဆိုင်တဲ့သူတွေ က လာကန့်ကွက်နေကြတယ်။ ဒါကြောင့် တားဆီးတဲ့သူတွေကို တရားစွဲသွားမယ်''ဟု ပြောသည်။

မြေနီကုန်း ဈေးဟောင်းနေရာပြန်ရရေး ဈေးသူဈေးသားများ ဆန္ဒပြ

မြေနီကုန်း ဈေးဟောင်းနေရာပြန်ရရေး ဈေးသူဈေးသားများ ဆန္ဒပြ
=======================
စိုင်းဟန် ၊ ရန်ကုန် ၊စက်တင် ဘာ (၆)
=======================
ရန် ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မြေ နီကုန်း ဈေးဟောင်းနေရာအား ပြန်မရမချင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အ ဆိုပါ မြေနီကုန်းဈေးဟောင်း ဈေး သူဈေးသားများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ စက်တင်ဘာ ၆ရက်က ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့ နယ်ဈေးလမ်းနှင့် ဦးဝိစာရလမ်း ထောင့်ရှိ ယခင်မြေနီကုန်းဈေး ဟောင်းနေရာရှေ့တွင် လူအင် အား ၃ဝခန့်ဖြင့် တရားဝင်ဆန္ဒ ထုတ်ဖော်ရာတွင် ပြောခြင်းဖြစ် သည်။
''ဈေး ပြန်ဆောက်ပေးမယ် ဆိုပြီး အခုရောင်းတဲ့ နေရာကိုရွှေ့ ခိုင်းထားတာကြာပြီ။ အခုထိပြန် မပေးသေးဘူး။ အဲဒီအတွက် ဈေး သူဈေးသားတွေကို ဈေးပြန်လည် ရောင်းချခွင့်ရရေးအတွက် တောင်း ဆိုတာဖြစ်ပါတယ်''ဟု မြေနီကုန်း ဈေးသူဈေးသားဟောင်း ဒေါ်စိုး စိုးအောင်က ပြောသည်။
ဆန္ဒထုတ်ဖော်သူဈေးသူ ဈေးသားများက ယခုအချိန်အခါ တွင် ပွင့်လင်းမြင်သာမှုရှိသည့်အ တွက် တောင်းဆိုခြင်းဖြစ်ကြောင်း ပြောသည်။
''ယာယီဈေးကိုတော့ အင်း လျားလမ်းနဲ့ ချင်းတွင်းလမ်းထောင့် မှာရှိတဲ့သံလွင်ဈေးမှာ ရွှေ့ပြောင်း ထားတယ်။ မြေနီကုန်းက ဈေးဝယ် သူတွေကို အမှီပြုပြီးရောင်းရတာ ဖြစ်တယ်။ ဝယ်သူတွေဝေးတဲ့ သံလွင်ဈေးမှာရောင်းနေရတယ်။ ဈေးသူဈေးသားတချို့ဆိုရင် မြေ နီကုန်းတစ်ဝိုက်မှာ ကျပန်းဈေး သည်တွေအဖြစ် ရောင်းနေရတဲ့ အတွက် တော်တော်ဒုက္ခရောက် ပါတယ်''ဟု ဈေးသူဈေးသားတစ် ဦးဖြစ်သူ ဒေါ်မြမြကပြောသည်။
ယင်းကဆက်လက်၍ မြေ နီကုန်းဈေး ပြန်လည်ရရှိရေးအ တွက် နိုင်ငံတော်သမ္မတနှင့်သက် ဆိုင်ရာ ဌာနအသီးသီးသို့ အသ နားခံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ ကြောင်း၊ ယင်းအတွက် ပြန်လည် ရရှိရေးအတွက် တောင်းဆိုခြင်း ဖြစ်ကြောင်းပြောသည်။
မြေနီကုန်းဈေးမှာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ် ပြီး ၁၉၉၅ခုနှစ်တွင်စည်ပင်သာ ယာရေးကော်မတီမှ ဈေးသစ် ပြန် လည်တည်ဆောက်ပေးမည်ဆို ကာ ၁၈နှစ်ကြာသည့်တိုင် ရွှေ့ ပြောင်းထားသည့် ဈေးသစ်နေရာ မှ ရွှေ့ပြောင်းပေးခြင်းမရှိ ကြောင်း လည်း ဈေးသူဈေးသားများ၏ပြောပြချက်အရ သိရသည်။

စိုင်းဟန် ၊ ရန်ကုန် ၊စက်တင် ဘာ (၆)

ရန် ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ မြေ နီကုန်း ဈေးဟောင်းနေရာအား ပြန်မရမချင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အ ဆိုပါ မြေနီကုန်းဈေးဟောင်း ဈေး သူဈေးသားများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက် ၍ စက်တင်ဘာ ၆ရက်က ရန်ကုန် တိုင်းဒေသကြီး စမ်းချောင်းမြို့ နယ်ဈေးလမ်းနှင့် ဦးဝိစာရလမ်း ထောင့်ရှိ ယခင်မြေနီကုန်းဈေး ဟောင်းနေရာရှေ့တွင် လူအင် အား ၃ဝခန့်ဖြင့် တရားဝင်ဆန္ဒ ထုတ်ဖော်ရာတွင် ပြောခြင်းဖြစ် သည်။
''ဈေး ပြန်ဆောက်ပေးမယ် ဆိုပြီး အခုရောင်းတဲ့ နေရာကိုရွှေ့ ခိုင်းထားတာကြာပြီ။ အခုထိပြန် မပေးသေးဘူး။ အဲဒီအတွက် ဈေး သူဈေးသားတွေကို ဈေးပြန်လည် ရောင်းချခွင့်ရရေးအတွက် တောင်း ဆိုတာဖြစ်ပါတယ်''ဟု မြေနီကုန်း ဈေးသူဈေးသားဟောင်း ဒေါ်စိုး စိုးအောင်က ပြောသည်။
ဆန္ဒထုတ်ဖော်သူဈေးသူ ဈေးသားများက ယခုအချိန်အခါ တွင် ပွင့်လင်းမြင်သာမှုရှိသည့်အ တွက် တောင်းဆိုခြင်းဖြစ်ကြောင်း ပြောသည်။

အမျိုးသမီးငယ်၏ ဓါတ်ပုံများကို photoshop ဖြင့်ပြုပြင် ပြီးဂုဏ်သိက္ခာညှိုးနွမ်းအောင်ပြု လုပ်သူအားတရားစွဲတော့မည်


ပဲခူးတိုင်းဒေသကြီး ၊ပြည်မြို့။ဆံတော်ရပ်ကွက်၊လမ်းရှည်လမ်း
အိမ်အမှတ်(317)တွင်နေထိုင်သော(ဘ) ဦးညွန့်တင် (မိ)ဒေါ်သင်းသင်းခိုင်
၏သမီးဖြစ်သူမကေခိုင်ဝင်း(ခ) ကျင်ကျင်း၏အင်တာနက် fb ဓါတ်ပုံများကို
ယူပြီးသားနှင့်မယား မကြားဝံ့၊မနာသာသောစာသားများကိုရေးသားခြင်း
တစ်ကိုယ်လုံးပေါ်ပုံများကိုဖြတ် ၊ညှပ် ၊ကပ်ပြုလုပ်ထားခြင်း၊အမျိုးသမီးငယ်၏
မိခင်နှင့်အတူရိုက်ကူးထားသောဓါတ်ပုံကိုလည်းမဟုတ်မမှန်၊စာသားများ
ရေးသားထားခြင်း၊မောင်ဖြစ်သူနှင့်ရိုက်ထားသောပုံကိုလည်း မဟုတ်မမှန်စာသား
များရေးသားထားခြင်းနှင့် ၄င်းကိုင်ဆောင်သောဟမ်းဖုန်းနံပါတ်၊ အိမ်ဖုန်းနံပါတ်
များကိုအင်တာနက်စာမျက်နှာပေါ်တွင် life page ထောင်ကာဆက်သွယ်ရန်
ဟုဆိုပြီးကြော်ငြာထားခဲ့သည်။
ထိုသို့ပြုလုပ်ခြင်းကို ကာယံကာရှင်အမျိုးသမီးဖြစ်သူမှာ ဂုဏ်သိက္ခာ
ထိခိုက်နစ်နာရသည့်အတွက် ထိုအင်တာနက်စာမျက်နှာပေါ်တွင် life page
ထောင်ထားသူကိုနည်းပညာကျွမ်းကျင်သော ကွန်ပျူတာဆရာများ၏ အကူ
အညီဖြင့်(4.9..2013) ရက်နေ့မှစတင်ဖော်ထုတ်နေပြီဖြစ်ပါသည်

စာနယ်ဇင်းတွေ လုံးဝနှောင်ကြိုးမဲ့ဖြစ်ပါစေ...(လူထု စိန်ဝင်း)

“ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ”ဆိုတဲ့ စကား စာနယ်ဇင်းတွေမှာ မပြတ်ဆိုသလို တွေ့နေရတယ်။ စီးပွားရေးသမားကို သွား တွေ့တဲ့အခါ စီးပွားရေးသမားက ဒီလိုပြောသလို နိုင်ငံရေးသမားတို့ ဖျော်ဖြေရေးလောကသားတို့နဲ့ သွားတွေ့တော့လည်း ဒီစကားပဲ ပြောတတ်ကြတယ်။

နှောင်ကြိုးအတည်းမခံရဘူး
“သာမန်ကာလျှံကာ” စဉ်းစားရင် ဒီစကားဟာ မှန်တဲ့ကောင်းတဲ့စကားပဲ။ လူတွေချင်း အပြန်အလှန် ရိုင်းပင်းကူညီကြ အမှီသဟဲပြုနေကြတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒါပေမဲ့ စာနယ်ဇင်းများအတွက်တော့ ဒီစကားဟာ အကြွင်းမဲ့မှန်တယ်၊ ကောင်းတယ်လို့ ဆိုနိုင်လိမ့်မယ်မဟုတ်ပါဘူး။ စာနယ်ဇင်းဆိုတာ အမှီအခို လုံးဝကင်းရပါတယ်။ နှောင်ကြိုး နည်းနည်းကလေးမှကို အတည်းခံလို့ မဖြစ်ပါဘူး။ နှောင်ကြိုးနဲ့ အမှီအခိုရှိနေတယ်ဆိုရင် ရပ်တည်ချက်က ယိမ်းကယိုင်နဲ့ တိမ်းစောင်းနိုင်တယ်။ မျက်နှာကြည့်နေရသူရဲ့ဘက်ကို နည်းနည်းလေး ဖြစ်ဖြစ်တော့ ယိမ်းရမှာသေချာတယ်။ အဲဒီလို ယိမ်းလိုက်တာနဲ့ စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတော့ဘူး။ စာနယ်ဇင်းသမား အာပတ်သင့်သွားပြီ။

နိုင်ငံခြားသားခရီးသွား အဝင်များသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင်ရှားပါး

Photo: နိုင်ငံခြားသားခရီးသွား အဝင်များသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင်ရှားပါး

ရန်ကုန်၊ စက်တင်ဘာ ၇

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မြင့်မားသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင် နည်းပါးလာကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ ယှဉ်ရင် ဒီနှစ်က သိသိသာသာ အလုပ်ပါးလာတယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လအတွင်း နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှုမှာ မြင့်မားသော်လည်း အများစုမှာ မိမိတို့အစီအစဉ်ဖြင့်သာ လာရောက်သည့် ကျောပိုးအိတ် ခရီးသွားများ ဖြစ်ကြပြီး ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက် လာရောက်ကြသည့် အုပ်စုလိုက် ခရီးသွားများ နည်းပါးကြောင်း၊ တစ်ဦးချင်း ခရီးသွားများမှာ ဧည့်လမ်းညွန်သုံးပြုမှု မရှိသလောက် နည်းပါးကြောင်း၊ ဝါရင့်ဧည့်လမ်းညွန်များပင် အလုပ်အကိုင် နည်းပါးလာနေသောကြောင့် ဧည့်လမ်းညွန် အသစ်များအတွက် လာမည့်ခရီးသွား ရာသီတွင် အလုပ်အကိုင် အခွင့်အလမ်းမှာ စိုးရိမ်စရာကောင်းကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ပုဂံဒေသသို့ လာရောက်ကြသည့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားများမှာ အာရှနိုင်ငံများဖြစ်သော ထိုင်း၊ တရုတ်နှင့် ကိုရီးယားနိုင်ငံသား ခရီးသွားဧည့်သည်များ ဖြစ်ကြပြီး ဥရောပနိုင်ငံများဖြစ်သော ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်စသည့် နိုင်ငံသား အနည်းငယ် ဝင်ရောက်မှု ရှိသော်လည်း ဟိုတယ်အခန်း ငှားရမ်းခ ကြီးမြင့်မှုများကြောင့် စရိတ်လျှော့ချသည့်အနေနှင့် ဧည့်လမ်းညွှန် ငှားရမ်းမှုနှင့် ကားငှားရမ်းမှု စသည်တို့ မပြုလုပ်တော့ကြောင်း ပုဂံဒေသခံ အင်္ဂလိပ်ဘာသာ စကားပြော ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

ပုဂံဒေသတွင် တရားဝင် လိုင်စင်ရ ဧည့်လမ်းညွန် အရေအတွက် စုစုပေါင်း ၁၆၀ ဦးခန့်ရှိပြီး အင်္ဂလိပ်ဘာသာ စကားပြော ဧည့်လမ်းညွန် စုစုပေါင်း ၁၁၀ ဦးခန့်ရှိပြီး ဂျပန်စကားပြော ဧည့်လမ်းညွှန် ခြောက်ဦးနှင့် ပြင်သစ်ဘာသာ စကားပြော ဧည့်လမ်းညွှန် သုံးဦး ရှိကြောင်း၊ ကျန်ဧည့်လမ်းညွှန် အချို့မှာ ဧည့်လမ်းညွှန်လိုင်စင် ရှိသော်လည်း ဟိုတယ်လုပ်ငန်းစသည့် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း (ပုဂံဇုန်) ထံမှ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၇

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသတစ်ခုဖြစ်သော ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ဝင်ရောက်မှု မြင့်မားသော်လည်း ဧည့်လမ်းညွှန်များ အလုပ်အကိုင် နည်းပါးလာကြောင်း မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ် သြဂုတ်လနဲ့ ယှဉ်ရင် ဒီနှစ်က သိသိသာသာ အလုပ်ပါးလာတယ်” ဟု ၎င်းကဆိုသည်။

သြဂုတ်လအတွင်း နိုင်ငံခြားသား ဧည့်သည်များ ဝင်ရောက်မှုမှာ မြင့်မားသော်လည်း အများစုမှာ မိမိတို့အစီအစဉ်ဖြင့်သာ လာရောက်သည့် ကျောပိုးအိတ် ခရီးသွားများ ဖြစ်ကြပြီး ခရီးသွားကုမ္ပဏီများနှင့် ချိတ်ဆက် လာရောက်ကြသည့် အုပ်စုလိုက် ခရီးသွားများ နည်းပါးကြောင်း၊ တစ်ဦးချင်း ခရီးသွားများမှာ ဧည့်လမ်းညွန်သုံးပြုမှု မရှိသလောက် နည်းပါးကြောင်း၊ ဝါရင့်ဧည့်လမ်းညွန်များပင် အလုပ်အကိုင် နည်းပါးလာနေသောကြောင့် ဧည့်လမ်းညွန် အသစ်များအတွက် လာမည့်ခရီးသွား ရာသီတွင် အလုပ်အကိုင် အခွင့်အလမ်းမှာ စိုးရိမ်စရာကောင်းကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း လျော်ကြေးငွေကို အလွဲသုံးစား မပြုဟု ကျေးရွာအုပ်ချုပ်ရေးမှူးဆို

Photo: သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း လျော်ကြေးငွေကို အလွဲသုံးစား မပြုဟု ကျေးရွာအုပ်ချုပ်ရေးမှူးဆို

တောင်ငူ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး (အရှေ့) ပိုင်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများ အတွက် ပေးလျော်ခဲ့သော လျော်ကြေးငွေကို အလွဲသုံးစား မပြုလုပ်ဘဲ အတိအကျ ပေးလျော်ခဲ့ကြောင်း နဂါးမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဇော်က ပြောကြားသည်။ 

ယင်းစီမံကိန်းနယ်မြေ အတွင်းရှိ နဂါးမောက်ကျေးရွာမှ အိမ်ထောင်စု ၉၃ စုကို ဇွန်လ ၁၀ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၃၀ ပေးအပ်ရာ၌ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရရှိသောငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်လည် သိမ်းဆည်းခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဦးဝင်းအောင်ဇော်က  ငြင်းဆိုသည်။

“ကလေးငယ်တစ်ဦးရရှိတဲ့ ငွေကျပ်သိန်း ၃၀ ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြန်သိမ်းသွားတယ်ဆိုပြီး သတင်းထွက်နေပါတယ်။ ဒါကိုအတိအလင်း ငြင်းပါတယ်။ လုံးဝမမှန်ကန်ပါဘူး။ ပေးတဲ့နေ့ကလည်း ကုမ္ပဏီက တာဝန်ရှိသူတွေ၊ ကျေးရွာ ရပ်မိရပ်ဖတွေ အပြင် ရွှေ့ပြောင်းခံ ကျေးရွာသားတွေ အကုန်ပါပါတယ်” ဟု ဆက်လက် ပြောကြားသည်။ 

အဆိုပါ နစ်နာကြေး မရရှိသော ကလေးငယ်မှာ ထုံးဘိုကျေးရွာနေ အသက် ၁၃ နှစ် အရွယ်ရှိ မောင်ဇော်ဝင်းမောင်ဖြစ်ပြီး တောင်ငူမြို့ခံ ပါတီတစ်ခုက ရိုက်ကူးခဲ့သော ဗီဒီယိုဖိုင်တစ်ခုနှင့် ယင်းကို ပြန်လည်ဖော်ပြသည့် စက်တင်ဘာလ ၅ ရက်နေ့ထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တစ်စောင်တွင် ကျွန်တော့်ပိုက်ဆံ သိန်းသုံးဆယ် ပြန်ရဖို့ ဦးလေးတို့ ကူညီကြပါ ဟူသော ခေါင်းစဉ်ဖြင့် ပါရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းစာနှင့် ဗီဒီယိုဖိုင်တွင် ကလေးငယ်၏ ပြောကြားချက် များဖြစ်သော“ကျွန်တော့်ကို ကုမ္ပဏီလူကြီးတွေက တခြားလူလိုပဲ သိန်း ၃၀ ပေးခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင် ကျွန်တော့်လက်နဲ့ သွားယူခဲ့တာပါ။ ဒါကိုရွာလူကြီး ဦးအောင်ထွန်းဝင်းက ဒီငွေတွေ မင်းနဲ့မဆိုင်ဘူး။ လာပြန်ပေးလို့ တောင်းတော့ သိန်း ၃၀ လုံး ပြန်ပေးလိုက်ရတယ်။ သုံးသိန်းကိုတော့ ကျွန်တော့်ကို ပြန်ပေးတယ်” ဟု ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ ငွေကြေးပြဿနာနှင့် ပတ်သက်ပြီး ထုံးဘိုကျေးရွာ ရာအိမ်မှူး ဦးစောဖောထူးကို The Voice က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင် နစ်နာကြေး ရရှိသောအိမ်မှာ အိမ်ထောင်စု စာရင်းနှစ်ခု ရှိနေကာ ယင်းကလေးငယ်မှာ အဒေါ်ဖြစ်သူနှင့် အတူနေထိုင်ခြင်းသာ ဖြစ်ပြီး အိမ်ထောင်စုစာရင်းဝင် မဟုတ်သဖြင့် ငွေကြေးကိစ္စနှင့် သက်ဆိုင်ခြင်း မရှိသည့်အတွက် ပြန်လည် သိမ်းဆည်းခဲ့ခြင်းသာ ဖြစ်သည် ဟု ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး စီမံကိန်းနယ်မြေနှင့် မလွတ်ကင်းသည့် အတွက် ရွှေ့ပြောင်းခဲ့ရသော တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ အိမ်ထောင်စုပေါင်း ၉၃ စုအတွက် တစ်အိမ်ထောင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်းပေါင်း ၂၇၉၀ ကို စီမံကိန်း ဆောင်ရွက်နေသော ရွှေစွမ်းအင် ကုမ္ပဏီက ပေးလျော်ပေး ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးဝမ်းမောင်က The Voice သို့ ပြောကြားသည်။  

ဇေယျာကို (တောင်ငူ)

တောင်ငူ၊ စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး (အရှေ့) ပိုင်း တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စု ထုံးဘိုကျေးရွာမှ သောက်ရေခပ် ရေအားလျှပ်စစ် စီမံကိန်းတွင် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများ အတွက် ပေးလျော်ခဲ့သော လျော်ကြေးငွေကို အလွဲသုံးစား မပြုလုပ်ဘဲ အတိအကျ ပေးလျော်ခဲ့ကြောင်း နဂါးမောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ဇော်က ပြောကြားသည်။

ယင်းစီမံကိန်းနယ်မြေ အတွင်းရှိ နဂါးမောက်ကျေးရွာမှ အိမ်ထောင်စု ၉၃ စုကို ဇွန်လ ၁၀ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ကျပ်သိန်း ၃၀ ပေးအပ်ရာ၌ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ရရှိသောငွေကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်လည် သိမ်းဆည်းခဲ့သည်ဆိုသော သတင်းမှာ မှန်ကန်မှု မရှိကြောင်း ဦးဝင်းအောင်ဇော်က ငြင်းဆိုသည်။

ကွန်ပျူတာ ကြာကြာ အသုံးပြုသူများ ဖြစ်နိုင်သော ရောဂါနှင့် ကာကွယ်နည်း

ကွန်ပျူတာကို နေ့စဉ် ပျမ်းမျှ ၆ နာရီမှ ၈ နာရီကြာ အသုံးပြုသူများ ဖြစ်နိုင်ချေ ရှိတဲ့ ရောဂါများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Decreasing eyesight

ကွန်ပျူတာ မျက်နှာပြင်ကို ကြာရှည်စွာ ကြည့်ရှုရတဲ့အတွက် အမြင် အာရုံကြောတွေ အားနည်းလာပါတယ်။ ကွန်ပျူတာဖန်သားပြင်ပေါ်မှာ မျက်တောင်မခပ်တန်း အာရုံစိုက်နေမှုကြောင် မျက်ရည်များ ခမ်းခြောက်စေတာမျိုးတို့ ဖြစ်ပါတယ်။

၂။ Muscle weakening

ကြွက်သားများ သိသိသာသာ အားနည်းလာတတ်ပါတယ်။ လက်နဲ့ လက်ကောက်ဝတ်သာ အလုပ်လုပ်ရပြီး ကျန်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ လှုပ်ရှားမှု မရှိတဲ့အတွက် အဓိက ကြွက်သားတွေ လုပ်ဆောင်ချက် နှေးကွေးလာတတ်ပါတယ်။

Miss Internetဆုရ မြန်မာ့ဂုဏ်ဆောင် ခင်ဝင့်ဝါကို သောင်းသောင်းဖြဖြကြို

Miss Supranational Myanmar ခင်ဝင့်ဝါ သည် အမိမြန်မာ
ပြည်သို့ ဆုများသယ်ဆောင်ကာယနေ့ စက်တင်ဘာ(၈)ရက်
နေ့ နေ့ လည်၁၂း၃၀နာရီမှာရန်ကုန်အပြည်ပြည်ဆိုင်ရာလေ
ဆိပ်သို့ုပြန်လည်ရောက်ရှိလာခဲ့ရာကြိုဆိုကြသူများသောင်း
သောင်းဖြဖြရှိခဲ့သည်။

Miss Supranational 2013ပြိုင်ပွဲသည်
ကမ္ဘာတတိယအကြီးမားဆုံးနိုင်ငံတကာအလှမယ်ပြိုင်ပွဲကြီး
ဖြစ်ပြီးMiss Supranational Myanmarခင်ဝင့်ဝါ ရဲ့ ပြိုင်ပွဲကာ
လဆလျှောက်ကမ္ဘာတစ်ဝှမ်းကမြန်မာပရိသတ်များကအွန်လိုင်း
မှတခဲနက်အားပေးခဲ့မူကြောင့်Miss Internetဆုရကိုရရှိခဲ့သလို
Most Beautiful Girl in the World, People Choice Award နှင့်
Face of Miss Supranational ဆုတို့ ကိုပါရရှိခဲ့သည်။

မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရိကန်က ဟာဝိုင်အီသို့ဖိတ်ခေါ်

Photo: မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရိကန်က ဟာဝိုင်အီသို့ဖိတ်ခေါ်
------------------------
ရန်ကုန်-
မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လတွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်စွာအသွင်ကူးပြောင်းနိုင်မှုကို အသိအမှတ်ပြုပြီး အိုဘားမားအစိုးရက ကူညီရန်အသင့်ရှိကာ နောင်နှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းယူမည်ကို ကြိုဆိုပါကြောင်း ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် သြဂုတ်လ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူးကို လာမည့်အောက်တိုဘာလတွင် ဘရူနိုင်းတွင်ကျင်းပမည့် ထိပ်သီးအစည်းအဝေး၌ သမ္မတဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ကာ ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူမည် ဖြစ်သည်။ အလှည့်ကျဥက္ကဋ္ဌရာထူး တာဝန်ထမ်းဆောင်စဉ် မြန်မာနိုင်ငံက အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူလက်ခံကျင်းပရမည်ဖြစ်သည်။ ထိုသို့ ထမ်းဆောင်စဉ် ၂၀၁၄ မတ်လ၌ မြန်မာအပါအ၀င် အာဆီယံကာကွယ်ရေးဝန်ကြီးများကို အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် ပုလဲဆိပ်ကမ်းအပါအ၀င် အမေရိကန်တပ်ဖွဲ့များနှင့် စစ်ဘက်ရေးရာ နည်းပညာများ လေ့လာနိုင်ရန် ဟာဝိုင်အီသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် ဖိတ်ကြားမှုကို လက်ခံ၊ မခံကိုမူ သတင်းမရရှိသေးပေ။ 
မြန်မာနှင့်အမေရိကန် ကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံခြင်းမှာ နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ 

ဝန်ကြီးနှစ်ဦး တွေ့ဆုံရာတွင် စစ်ဘက်ရေးရာကိစ္စများ၌ လူသားချင်းစာနာထောက်ထားသော အရေးပေါ်အကူအညီများ၊ သဘာဝဘေးအန္တရာယ်များမှ ကယ်ဆယ်ကုသရေး လုပ်ငန်းများ(HADR) နိုင်ငံများကို ဘရူနိုင်းတွင် ဆောင်ရွက်သကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဟေဂယ်လ်က ဆွေးနွေးခဲ့သည်။

အရှေ့တောင်အာရှသည် အမေရိကန်အတွက် အထူးအရေးပါသောဒေသဖြစ်ပြီး အမေရိကန်သည် အရှေ့တောင်အာရှတွင် တပ်မတော်မှတပ်မတော် ဆက်ဆံရေး၊ ပြည်သူမှ ပြည်သူချင်း ဆက်ဆံရေးတို့ကို အခြေခံသည့် Defence Diplomacy ကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

Sgt. Aaron Hostutler U.S. Marine Corps

ရန်ကုန်-

မြန်မာနိုင်ငံမှ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌတာဝန်ယူနေစဉ် ၂၀၁၄ မတ်လတွင် မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများအားလုံးကို အမေရိကန်နိုင်ငံ ဟာဝိုင်အီ၌ အလွတ်သဘော အပန်းဖြေနိုင်ရန်နှင့် စစ်ဘက်ရေးရာနည်းပညာများ လေ့လာနိုင်ရန် ဖိတ်ကြားလိုကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်ဟေဂယ်လ်က မြန်မာကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ တည်ငြိမ်စွာအသွင်ကူးပြောင်းနိုင်မှုကို အသိအမှတ်ပြုပြီး အိုဘားမားအစိုးရက ကူညီရန်အသင့်ရှိကာ နောင်နှစ်တွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး လွှဲပြောင်းယူမည်ကို ကြိုဆိုပါကြောင်း ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော အမေရိကန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်နှင့် သြဂုတ်လ ၂၈ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ၏ အတိတ်နှင့်ပစ္စုပ္ပန်သို့ တံခါးဖွင့်လေ့လာခြင်း

Photo: မြန်မာ၏ အတိတ်နှင့်ပစ္စုပ္ပန်သို့ တံခါးဖွင့်လေ့လာခြင်း
-----------
ပုဂံမြို့...  
ရှေးဟောင်းယဉ်ကျေးမှုပြတိုက်
ပြတိုက်မှန်ပုံးထဲက သူ့အတွက် သတ်မှတ်ထားသော နေရာလေးတွင် ကြာပွင့်ပုံစံဖော်ထားသည့် အနုစိတ်လက်ရာတန်ဖိုးဖြတ်ခြင်းငှာ မစွမ်းနိုင်သော သက်တမ်းအနှစ်တစ်ထောင်ခန့်ရှိ ကြေးဗုဒ္ဓဆင်းတုတော်လေးက စံနေတော်မူပါသည်။

အမေရိကန်နိုင်ငံမှ ရောက်ရှိလာသော ပြတိုက်မှူးအဖွဲ့က လက်နှိပ်ဓာတ်မီးများနှင့် အဆိုပါကြေးရုပ်တုကို ထိုးကြည့်ကြပြီး ကြာပန်းပုံဖော်ထား သည့် ကြေး ရုပ်တုလေး၏ ပန်းပွင့်ဖတ်များကို ဖွင့်လိုက်ပိတ်လိုက်လုပ်နိုင်သည်ကို သဘောအကျကြီးကျနေကြပါသည်။ ထိုရုပ်တုလေးမှာ လွန်ခဲ့သည့် အနှစ်လေးဆယ်က ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်သေတ္တာတစ်ခုထဲတွင် ပိတ်လျက်သားပုံစံနှင့် မြေပြင်ပေါ်ပေါ်ထွက်လာကာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
 
ထိုကြေးရုပ်တုကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြတိုက်များနှင့် ဖုန်တက်နေသော သိုလှောင်ခန်းများမှ ရှားပါးပြီးမြင်ရခဲသည့် ရှေးဟောင်း ပစ္စည်းများကို အမေရိ ကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၁၅ခုနှစ်တွင် အာရှလူ့အဖွဲ့အစည်းပြတိုက်က ကျင်းပသည့် မြန်မာ့ပျောက်ကွယ်နေသော ဗုဒ္ဓလက်ရာများပြပွဲတွင် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ်သို့ သွားရာလမ်းကြောင်းတွင် ပြဿနာများနှင့် ရှုပ်ထွေးနေပြီး ဗုဒ္ဓဘာသာအစွန်းရောက်များက မွတ်ဆလင်လူနည်းစုများကို တိုက်ခိုက်နေသည်ဆိုသည့် အသံများပေါ်ထွက်နေသည့်အချိန်တွင် ဗြိတိသျှကိုလိုနီခေတ်နှင့် စစ်အစိုးရခေတ်များ၌ တိမ်မြုပ်နေခဲ့သည့် အစောပိုင်းဗုဒ္ဓဘာသာ အနုပညာလက်ရာများက မြန်မာနိုင်ငံ၏ တမူကွဲပြားခြားနားမှုပုံစံ တစ်မျိုးကို ပြသနေပါသည်။
 
အမေရိကန်ပြတိုက်မှူးများက လှောင်အိုက်နေသော ပုဂံပြတိုက်မြေအောက်ထပ်ကို ရှာဖွေမွှေနှောက်ကြည့်ခဲ့ရာမှာ တစ်ချိန်က ဧရာဝတီမြစ်ကမ်းဘေးနန်းတော်မှာ ခမ်းနားစွာအသုံးပြုခဲ့သော နန်းတွင်းသုံးအိုးကြီးများကို တွေ့ခဲ့ရပါသည်။ ရွှေရောင်ဆေးသုတ်ထားသော သစ်သားဘုန်းကြီးကျောင်းသေတ္တာများတွင် သိမ်းထားသည့် ထန်းရွက်၊ ပေရွက်များ၊ စာမူများကလည်း ဆေးများပြယ်နေပါပြီ။ ပြည်မြို့မှ စာကြည့်တိုက်ဟောင်းတစ်ခုမှာ ရွှံ့များဖုံးနေသည့် မှန်ပုံးများထဲက စဖနင်ပုံစံရုပ်တုများကိုလည်း သူတို့ကခက်ခက်ခဲခဲ လေ့လာကြည့်ရှုခဲ့ကြ သည်။
 
“ဒီပြပွဲက မြန်မာကို ပြန်လည်ပေါ်ထွက်လာစေလိမ့်မယ်။ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့တဲ့နိုင်ငံလေ။ ဒီပြပွဲက တကယ့်ကို မြန်မာဆိုတာ သိသိသာသာဖြစ်လာစေမယ်လို့ ကျွန်မထင်တယ်။ အရင်တုန်းက တစ်ခါမှမမြင်ဖူးတာတွေ ပြမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက မြန်မာနိုင်ငံရဲ့ 
ဘာသာဖြစ်ပြီး နေ့စဉ်ဘ၀မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်” ဟု ၂၀၁၅ တွင်ပြသမည့် ပြပွဲကို စီစဉ်နေသူ အာရှလူ့အဖွဲ့ အစည်းပြတိုက်မှ ညွှန်ကြားရေးမှူး မယ်လီဆာချူးက ပြောသည်။
 
ပြတိုက်မှူးများအဖွဲ့က မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းရန်ကုန်၊ မြို့တော်သစ်နေပြည်တော်၊ ပြည်နှင့် ၁၃ ရာစုနှစ်မှာ ဘုရင့်နေ ပြည်တော်ဖြစ်ခဲ့ဖူးသည့် ဘုရားပုထိုးများတည်ရှိရာ ပုဂံဒေသတို့ တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့ပါ သည်။ မြန်မာ၏ အကျော်ကြားဆုံး ခရီးသွားဒေသတစ်ခုဖြစ်သည့် ရှေးဟောင်းမြို့တော်ပုဂံမှ ရှေးဟောင်းရွှေလက်ဝတ်ရတနာ များကို ယနေ့တိုင် လယ်သမားများက တူးဖော်ရရှိနေသည့် နေရာဖြစ်ပါသည်။
 
ယခုကဲ့သို့ ပြပွဲအတွက်ရှေးဟောင်းပစ္စည်းများ လိုက်လံရှာဖွေခြင်းကို သမ္မတဦးသိန်းစိန်က ပံ့ပိုးခဲ့ပါသည်။ သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ်က ၂၀၁၅ ခုနှစ် နယူးယောက်မြို့တွင် ပြသမည့် ပြပွဲအတွက် ဒါဇင်နှင့်ချီသည့် 
ရှေးဟောင်းအနုပညာလက်ရာများကို ငှားရမ်းရန် အတည်ပြုပေးခဲ့သည့်အပြင် သာမန်လူများအား ခွင့်မပြုခဲ့သည့် နေရာများကိုလည်း အမေရိကန်ပြတိုက်မှူးများ သွားခွင့်ပေးခဲ့ပါသည်။ ပြပွဲတွင် ပြသရန် ရည်ရွယ်ထားသည့် ပစ္စည်းအမျိုး ၇၀ အနက် သုံးပုံတစ်ပုံမှာ မြန်မာနိုင်ငံမှ ခေတ္တငှားယူထားသည့် ရှေးဟောင်းပစ္စည်းများဖြစ်သည်ဟု  မစ္စစ်ချူးကဆိုသည်။
 
မြန်မာအနုပညာလက်ရာများကို ခေတ္တငှားယူပြသခြင်းအတွက် အပြန်အလှန်အစီအစဉ်အရ အာရှလူ့အဖွဲ့အစည်းကလည်း ရှေးဟောင်းပစ္စည်းများထိန်းသိမ်းခြင်းနည်းပညာများကို မြန်မာပြတိုက်ဝန်ထမ်း သင်တန်းပေးရန် သဘောတူခဲ့ပါသည်။
အမေရိကန်ဒေါ်လာ တစ်သိန်းခန့်ရှိ အစိုးရအသုံးစရိတ်ဖြင့် အဆိုပါဝန်ထမ်းများက မြန်မာပြတိုက်များကို လျှပ်စစ်မီး၊ လေအေးပေး
စက်များအတွက် လောက်ငအောင် သုံးစွဲနေရပါသည်။  လိုအပ်သည်များကို ၀ယ်ယူရန်လည်း ငွေကြေးမရှိပါ။
 
အမေရိကန်ပြတိုက်မှူးများအား   သူတို့စိတ်ကြိုက်ပြသရန် မြန်မာအစိုးရကပစ္စည်းများ ငှားရမ်းခဲ့သော်လည်း အချို့ပစ္စည်းများမှာ နယူးယောက်ကို သယ်ယူရန် အလွန်တန်ဖိုးကြီးလွန်းလှပါသည်။ ထိုအထဲတွင် ၁၈၈၅ ခုနှစ်၌ မန္တလေးနန်းတော်မှ ဗြိတိသျှ
စစ်တပ်ဝင်ရောက်မဖျက်ဆီးမီ နန်းတွင်းတရားရုံးမှ ပုံထုထွင်းထားသည့်   တံခါးလည်းပါဝင်သည်။
 
ထိုတံခါးရွက်က နိမ့်နိမ့်လေးဖြစ်ပြီး မြန်မာဘုရင်ဆီကို အခစားဝင်သူမှန်သမျှ ဦးမညွှတ်ဘဲ ၀င်ရန်မဖြစ်နိုင်အောင် ပြုလုပ်ထားခဲ့ဟန်တူသည်။ အမေရိကန်ပြတိုက်မှူးများက ထိုပစ္စည်းကို ငှားချင်သော်လည်း အမျိုးသားပြတိုက်မှူး၊ ညွှန်ကြားရေးမှူးများက တစ်ချက်လွှတ်အာဏာသုံးကာ ပယ်ချခဲ့သော ပစ္စည်းများထဲကတစ်ခုဖြစ်ပါသည်။

“ဘယ်ဖြစ်ပါ့မလဲ” ဟု  အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူးဟောင်း ဒေါ်နုမရဇံကပြောကြားသည်။
 
သို့သော်လည်းသူတို့မှာ ရွေးချယ်စရာကျောက်တုံး၊ ကြေးနှင့် သစ်သားဗုဒ္ဓရုပ်တုတော် အတော်များများ ကျန်ရှိပါသည်။ တချို့ရုပ်တုများက တခြားနာမည်ကြီး ဆင်းတုများနှင့် ခပ်ဆင်ဆင်တူ၏။ တချို့ရုပ်တုများမှာ အတုဟု ဆုံးဖြတ်ခံရသည်လည်း ရှိသည်။ သို့သော်လည်း တကယ့်ကို အမြောက်အမြားဖြစ်နေသည့်အတွက် ပြပွဲအတွက် ဘယ်အရာကို ရွေးရမည်လဲဆိုသည်ကို ဆုံးဖြတ်ရခက်လှကြောင်း ပြတိုက်မှူးများက ဆိုသည်။
 
၁၂ ရာစုခေတ်က ဗုဒ္ဓဘုရားရှင်က မယ်တော်နတ်သားကို တရားဟောပြီး နတ်ပြည်မှ ပြန် ကြွလာဟန် သစ်သားရုပ်လုံးကြွကမူ    ပြတိုက်မှူးများ၏   ပထမဦးစားပေးစာရင်းထဲတွင် ပါဝင် သည်။
 
“အဲဒါကတော့ တကယ့်ကို အရမ်းကောင်းတဲ့ လက်ရာပါပဲရှင်။ ဒါကို ထိန်းသိမ်းထားနိုင်တာ ကံကောင်းလိုက်တာ။ ဒါက ဘုရားတစ်ခုရဲ့ အတွင်းထဲမှာ ဒါမှမဟုတ် အရိပ်ရတဲ့နေရာမှာ ရှိခဲ့လို့ဖြစ်မယ်”ဟု    ထိုရုပ်ကြွလက်ရာကို သဘောကျနှစ်သက်သည့် ပြပွဲမှူးတစ်ဦးဖြစ်သည့် ဆာလီဗီယာဖရာဇာဘူလကပြောပါသည်။
 
နယူးယောက်မှ  ရှေးဟောင်း အနုပညာလက်ရာများကို သဘောကျသည့်ပရိသတ်များအတွက်  ၁၁ ရာစုနှစ်လက်ရာသိဒတ္တမင်းသား   တောထွက်ပြီး ဆံပယ်နေသည့်ပုံထွင်းထားသည့် ကျောက်ဆစ်လက်ရာတစ်ခုကိုလည်း ပြတိုက်မှူးများက သဘောကျကြသည်။ “အဲဒီအရုပ်ကတော့ ပြပွဲရဲ့ သင်္ကေတတစ်ခုတောင် ဖြစ်လာနိုင်တယ်” ဟု အာရှလူ့အဖွဲ့အစည်းအနုပညာပြတိုက်ညွှန်ကြားရေးမှူး  
မစ္စစ်ချူးကဆိုသည်။
 
နှစ်ပေါင်းများစွာ ရှေးဟောင်းပစ္စည်းဖောက်ထွင်းသူများက    မြန်မာရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ဖျက်ဆီးဖောက်ဖျက်ခဲ့ကြသည်။ ၁၈၈၅ ခု နှစ် အင်္ဂလိပ်မြန်မာစစ်ပွဲတွင် ကြေးမုံများ၊ ပေစာများ၊ လက်ဝတ် ရတနာများကို ဗြိတိသျှစစ်သားများက ခိုးယူလုယက်ခဲ့ကြသည်ဟု ၁၉၇၀ ပြည့်နှစ်က မြန်မာပြည်တွင် နေခဲ့ဖူးသည့် မစ္စစ်ချူးကရှင်းပြသည်။ ၁၉၂၀တွင် ဂျာမန်ရှေးဟောင်းပစ္စည်းရှာဖွေသူများက ဘုန်းကြီးကျောင်းများ၏ နံရံများကို ခွာယူခဲ့ကြသည်။
 
၁၉၆၂ မှ ၂၀၁၁ ခုနှစ် စစ်အစိုးရအာဏာရှင်များ လက်ထက်တွင် ဘုန်းကြီးကျောင်းများရှိ ရှေးဟောင်းပစ္စည်းများကို အစိုးရနှင့်ပတ်သက်သည့် ပစ္စည်းခိုးထုတ်သူများရန်မှ  ကာကွယ်ရန် ဘုန်းကြီးများကကာကွယ်စောင့်ရှောက်ခဲ့ရသည်ဟု ဘုန်းတော် ကြီးများက မစ္စစ်ချူးကိုပြောကြားခဲ့ သည်။
 
အချို့ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်များကမူ ခိုးသူများသယ်ဆောင်ရန်အတွက် အလွန်ကြီးနေသဖြင့် မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်ပါသည်။ ထို့အတွက် နယူးယောက်တွင်ပြသမည့် ပြပွဲ က မြန်မာနိုင်ငံ၏ ပြင်ပတွင် ထို ဆင်းတုတော်များကို    ပထမဆုံး အကြိမ် ပြသမည့်ပွဲလည်း ဖြစ်ပါ သည်။
 
“မြန်မာပြည်အပြင်ဘက်မှာ ပုဂံခေတ်လက်ရာ ကျောက်ဆင်းတု တစ်ဆူမှမရှိသေးဘူး” ဟု မြန်မာဗုဒ္ဓအမွေအနှစ်စာအုပ်များကို ရေးသားခဲ့သူ စာရေးဆရာ ဒေါ် နယ်လ်စထရက်တာနာကဆိုသည်။
 
အမေရိကန်ပြတိုက်မှူးများ၏ နောက်ဆုံးခရီးစဉ်က ပြည်မြို့မှ ပြတိုက်ပဲဖြစ်ပါသည်။ ထိုပြတိုက်တွင် မြေကြီးထဲမှတူးဖော်ရရှိခဲ့သည့် အနှစ် ၁၅၀၀ သက်တမ်းရှိ ကြေးဗုဒ္ဓရုပ်တုအား အစိမ်းရောင်ပလတ်စတစ်စားပွဲခင်းပေါ်တွင် မတ်တတ်ရပ်စံနေသည်ကို သူတို့တွေ့ခဲ့ကြသည်။ ထိုဆင်းတုကို လယ်သမားတစ်ဦးက ၂၀၀၅ ခုနှစ်တွင် လယ်ထွန်ရင်းရလာခဲ့သည်ဟု ရှေးဟောင်းယဉ်ကျေးမှုဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။
 
“အဲဒီလယ်သမားက ဒါကိုထွန်မိတာပဲ။ ကံကောင်းတာက မကျိုးပဲ့ခဲ့ဘူး”

မာကျောသောကြေးဗုဒ္ဓရုပ်တုများကို နယူးယောက်ကို သယ်ယူရသည်မှာ အန္တရာယ်သိပ်မများပါ။ ပြဿနာမရှိပါ။ သို့သော်ကျိုးပဲ့လွယ်သည့် ပုဂံရှိ ကြာပွင့်ပုံ ရှေးဟောင်းပစ္စည်းများကို နိုင်ငံအပြင်ဘက် သယ်ယူရန် အစိုးရဆီမှ အထူးခွင့်ပြုချက်လိုသည်ဟု မစ္စစ်ချူးက ရှင်းပြသည်။
 
ပုဂံပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဘေဘီက ထိုကြာပန်းပွင့်လက်ရာကို နယူးယောက်တွင် ခေတ္တပြသရန် ယူသွားသင့်သည်ဟုဆိုပါသည်။
 
“ဒီမှာပြထားတဲ့ ပစ္စည်းတွေ အားလုံးကျွန်မရင်ထဲမှာ စွဲနေအောင် မှတ်ထားတယ်။ နေ့တိုင်းပြတိုက်က ပစ္စည်းတစ်ထောင်ကို ကျွန်မစစ်ရတယ်။ နယူးယောက်ပြတိုက်ကို ခဏငှားပြတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အမြဲတမ်းတော့ ဘယ်ဟုတ်ပါ့မလဲရှင်”
       
(နယူးယောက်တိုင်းမ်သတင်းစာပါ ဆောင်းပါးရှင် Jane Parlez ၏ Opening a Door to Burmese Past, and the Present, Tool ကို ထားထားမြင့် ဘာသာပြန်ဆိုသည်)
ပုဂံမြို့...
ရှေးဟောင်းယဉ်ကျေးမှုပြတိုက်

ပြတိုက်မှန်ပုံးထဲက သူ့အတွက် သတ်မှတ်ထားသော နေရာလေးတွင် ကြာပွင့်ပုံစံဖော်ထားသည့် အနုစိတ်လက်ရာတန်ဖိုးဖြတ်ခြင်းငှာ မစွမ်းနိုင်သော သက်တမ်းအနှစ်တစ်ထောင်ခန့်ရှိ ကြေးဗုဒ္ဓဆင်းတုတော်လေးက စံနေတော်မူပါသည်။

အမေရိကန်နိုင်ငံမှ ရောက်ရှိလာသော ပြတိုက်မှူးအဖွဲ့က လက်နှိပ်ဓာတ်မီးများနှင့် အဆိုပါကြေးရုပ်တုကို ထိုးကြည့်ကြပြီး ကြာပန်းပုံဖော်ထား သည့် ကြေး ရုပ်တုလေး၏ ပန်းပွင့်ဖတ်များကို ဖွင့်လိုက်ပိတ်လိုက်လုပ်နိုင်သည်ကို သဘောအကျကြီးကျနေကြပါသည်။ ထိုရုပ်တုလေးမှာ လွန်ခဲ့သည့် အနှစ်လေးဆယ်က ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်သေတ္တာတစ်ခုထဲတွင် ပိတ်လျက်သားပုံစံနှင့် မြေပြင်ပေါ်ပေါ်ထွက်လာကာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုကြေးရုပ်တုကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြတိုက်များနှင့် ဖုန်တက်နေသော သိုလှောင်ခန်းများမှ ရှားပါးပြီးမြင်ရခဲသည့် ရှေးဟောင်း ပစ္စည်းများကို အမေရိ ကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၁၅ခုနှစ်တွင် အာရှလူ့အဖွဲ့အစည်းပြတိုက်က ကျင်းပသည့် မြန်မာ့ပျောက်ကွယ်နေသော ဗုဒ္ဓလက်ရာများပြပွဲတွင် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

"မိတ္ထီလာမြို့က ဖျက်ဆီးခံခဲ့ရတဲ့ဗလီတွေ ပြင်ဆင်ခွင့်ရပြီ"

ပြီးခဲ့တဲ့ မတ်လက မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူတွေအတွင်း မီးလောင်ဖျက်ဆီးခံခဲ့ရတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီဝတ်ကျောင်းတွေကို သက်ဆိုင်ရာက ပြန်လည်ပြင်ဆင်ခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးက အခုလို ပြန်လည်ပြင်ဆင်ခွင့် ပြုခဲ့တာဖြစ်တယ်လို့ မွတ်စလင် လူ့အဖွဲ့အစည်းခေါင်းဆောင် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။

"ဗလီခြောက်လုံးကို ခရိုင်အုပ်ချုပ်ရေးမှုးက လွန်ခဲ့တဲ့ သုံးရက်က ခေါ်ပြောတယ်။တရားဝင် ဖွင့်ခွင့်ပေးတယ်၊ပြင်ခွင့်ပေးတယ်၊လာတားတဲ့သူတွေရှိရင် သူ့ဆီကို လွှတ်လိုက်လို့ ပြောတယ်။ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြောတယ်၊သက်ဆိုင်ရာ ဂေါပကတွေကို ခေါ်ပြောတယ်"

“ဟဲလို . . . ဒါပဲ” (မင်းလူ)



     တယ်လီဖုန်းလာတယ်ဆိုလို့ သွားကိုင်လိုက်ပြီး-
    “ဟုတ်ကဲ့”
    “ကိုယ်ပါကွ၊ မောင်သွေးသစ်ပါ”
    “ဟာ အစ်ကို နေကောင်းလား”
    “ဒီမှာ ကိုယ်ပြောတာ သေသေချာချာနားထောင်၊ ကိုသိန်းဆိုင်ရယ်၊ ကိုယ်ရယ်၊ မဂ္ဂဇင်းတစ်စောင်ကိုင်မလို့၊ မောင်ရင့်ဆီက အတိုတစ်ပုဒ်လိုချင်တယ်၊ ရေးထားလိုက်၊ ဆယ့်ငါးရက်နေ့ ဖုန်းထပ်ဆက်မယ်၊ ဒါပဲ”
    “ဟာ ကျွန်တော်မအားသေးဘူး၊ ဟိုကိစ္စ..”
    ကျွန်တော့်စကား မဆုံးသေး။ ဖုန်းချသွားသည်။
    အစ်ကိုမောင်သွေးသစ်တစ်ယောက် ဘယ်လိုဖြစ်တာလဲ။ အရင်ကဆိုလျှင် စကားပြောတဲ့အခါ လိုရင်းကို တိုက်ရိုက်မပြောဘဲ အလင်္ကာတွေ၊ နိမိတ်ပုံတွေခြံရံပြီး ဝေ့ကာဝိုက်ကာပြောတတ်တာ။ ပြီးတော့ ဘယ်သူဘယ်ဝါနေကောင်းလားဆိုပြီး စာရင်းရှည်ကြီးနဲ့မေးတတ်တာ။ ဒါတွင်မက “ကိုချစ်စံတစ်ယောက် တောင်လေးလုံးမှာ ပဉ္စင်းတက်မယ်ပြောပြီးမှ ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်နေတာ ကြားပြီပြီလား” စသည်ဖြင့် စကားကြောရှည်တတ်တာ။ ခုကျမှ ဘယ့်နှယ်ကြောင့် စကားကို ဒုံးပြေးသလို ဆက်တိုက် ရွတ်ဖတ်ပြီး ဖုန်းချသွားရတာလဲ။ တခြားအလုပ်တွေပိနေလို့ မရေးနိုင်သေးတဲ့အကြောင်း ပြောမယ့်ဟာကို။

အာဏာရှင်


ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား ပြုလုပ်မည်

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး (၆)နှစ်မြောက် အခမ်းအနား အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုကျောင်းတိုက်တွင် သံဃာအပါး ၂၅၀ ကျော်ကို ဆွမ်းကပ်လှူဒါန်းမည်ဟု သိရသည်။
အခမ်းအနားသို့ တက်ရောက်ရန်အတွက် ရန်ကုန်မြို့ရှိ သံဃာတော်များအပြင် တစ်နိုင်ငံလုံးရှိ သံဃာတော်များကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအခမ်းအနားကို ဘာသာရေး ပဋိပက္ခ မဖြစ်ပေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အခြေခံဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အ၀ ရရှိရေး စသည့်ရည်ရွယ်ချက်များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ငွေကြာယံကျောင်းမှ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးအဂ္ဂဓမ္မက မိန့်ကြားသည်။
"အခုလို (၆)နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်ရတာက ရွှေဝါရောင် တော်လှန်ရေး သမိုင်းတစ်ခု မပျောက်သွားအောင်ပါ။ နောက်တစ်ခုကတော့ အချက်လေးချက်ပေါ့။ ဆရာတော်ကြီး တော်တော်များများကိုလည်း ဖိတ်ကြားထားပါတယ်။ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ အတွက်လည်း သက်ဆိုင်ရာ အသီးသီးကို မေတ္တာရပ်ခံချက်တွေ လုပ်သွားမှာပါ" ဟု ဦးအဂ္ဂဓမ္မက မိန့်သည်။

ရန်ကုန်တိုင်းမှာ ကိုယ်ပိုင်ယာဉ်မသုံးရနေ့ သတ်မှတ်

ရန်ကုန်တိုင်းအတွင်းက ကိုယ်ပိုင်မော်တော်ယာဉ်တွေ လာမယ့် ၂၂ ရက်နေ့မှာတော့ မနက် ၆ နာရီက ညနေ ၃ နာရီ အတွင်း မောင်းခွင့် မရှိပါဘူး။ 


ရန်ကုန်မြို့ ဟံသာဝတီ ကားဝင်းထဲက မြင်ကွင်းတခု  (ဓာတ်ပုံ-  ဧရာဝတီ)

ဒါဟာ ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိမ်းသိန်းရေးနဲ့ ကြီးကြပ်ရေး ကော်မတီက အဲဒီ နေ့ကို နံပါတ် အနက် မော်တော်ယာဉ်တွေ မသုံး ရ နေ့အဖြစ် သတ်မှတ်လိုက်လို့ပါပဲ။ 

လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင် မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီ အထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ က တည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။  လို့ MRTV 4 သတင်းတပုဒ်က ဖော်ပြထားပါတယ်။ 

မွန်ပြည်နယ်သံဃာများ မော်တော်ယာဉ်နှင့်ဆိုင်ကယ် မောင်းပါက အရေးယူမည်

Photo: မွန်ပြည်နယ်သံဃာများ မော်တော်ယာဉ်နှင့်ဆိုင်ကယ် မောင်းပါက အရေးယူမည်

မော်လမြိုင်၊ စက်တင်ဘာ ၆

လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။ 

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။ 

မွန်ပြည်နယ် အတွင်းတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ စီးနင်းနေသည့် သံဃာ အတုအယောင်များ ရှိနေခြင်းကြောင့် ယင်းသို့စီစဉ်ရခြင်း ဖြစ်ကြောင်း အရှင်သာသနက ဆိုသည်။ 

ဖမ်းဆီးခြင်းခံရသည့် သံဃာများကို မော်တော်ယာဉ် တည်ဆဲဥပဒေအရသာ အရေးယူသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လိုင်စင်မဲ့ ယာဉ်မောင်းနှင်သည့် သံဃာများကို သွင်းကုန်ထုတ်ကုန် ဥပဒေ ဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

မွန်ပြည်နယ်တွင် ဘုန်းကြီးကျောင်း ၂၈၁၃ ကျောင်းနှင့် သံဃာပေါင်း ၇၇,၇၀၇ ပါးရှိကြောင်း မွန်ပြည်နယ် သံဃနာယက အဖွဲ့ထံမှ သိရှိရသည်။

မော်လမြိုင်၊ စက်တင်ဘာ ၆

လိုင်စင်မဲ့ယာဉ်များကို သံဃာများထံ လှူဒါန်းမှုများ ရှိနေသော မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သံဃာတော်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ပါက စက်တင်ဘာလမှ စတင်ကာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်အရှင်သာသနက The Voice သို့ မိန့်ကြားသည်။

မော်တော်ယာဉ်မောင်းနှင်သည့် သံဃာတော်များကို မွန်ပြည်နယ် သာသနာတော် ထိန်းသိမ်းအရေးအဖွဲ့၊ ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က စိစစ် ဖမ်းဆီးသွားမည်ဖြစ်ပြီး ပထမအကြိမ် ဖမ်းဆီးခံရသည့် သံဃာများ လက်မှတ်ရေး ထိုးရမည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ် ထမ်မံ ဖမ်းဆီးခံရပါက မွန်ပြည်နယ် သံဃနာယက အဖွဲ့က ထုတ်ပြန်ထားသည့် စည်းကမ်း များအတိုင်း အရေးယူမည်ဖြစ်ကြောင်း ဆရာတော်က ထပ်မံမိန့်ကြားသည်။

ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦး ညကလပ်ရှေ့တွင် အရိုက်ခံရ

တာမွေမြို့နယ်ရှိ DJ ညကလပ်ရှေ့တွင် စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ယင်းကလပ်ရှေ့ ကားလမ်းပိတ်နေစဉ် လမ်းဖယ်ခိုင်းရာမှ လူငယ်တစ်စုက ရေကြောင်းအရာရှိ သင်တန်းသားနှစ်ဦးကို ဝိုင်းရိုက်ကာ ထွက်ပြေးသွားကြောင်း တာမွေမြို့မရဲတပ်ဖွဲ့စခန်းမှ အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မွေးနေ့ပွဲမှ ပြန်လာသည့် အဆိုပါ သင်တန်းသားနှစ်ဦးက ၎င်းတို့မောင်းလာသည့် ကားကို ရှေ့ကပိတ်ရပ်နေသည့် လူငယ်အုပ်စုကို လမ်းဖယ်ပေးရန် ပြောဆိုစဉ် အဆိုပါ လူအုပ်က မဖယ်ပေးသည့်အပြင် ကားဘောနက် အဖုံးပေါ် တက်ခုန်ခဲ့ကြောင်း၊ အဆိုပါ လုပ်ရပ်များကို ရပ်တန့် ပေးရန် DJ ကလပ် တာဝန်ရှိသူများကို အကူအညီ တောင်းခံစဉ် ရိုက်နှက်ခံရခြင်း ဖြစ်ကြောင်း ရေကြောင်း အရာရှိသင်တန်း ဒုတိယနှစ်ကျောင်းသားဖြစ်သူ ကိုအောင်ကျော်မြင့်က ဆိုသည်။

“ခေါင်းကို အုတ်ခဲကျိုးနဲ့ ထုပြီး ဗိုက်ကို ဘီယာပုလင်းကွဲနဲ့ ထိုးတယ်” ဟု စက်တင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ခုနစ်ဦးခန့်ရှိသည့် လူအုပ်၏ ဝိုင်းဝန်း ရိုက်နှက်ခံရမှုကို ၎င်းကရှင်းပြသည်။

အမေရိကန်ကို ထောက်ခံတဲ့ နိုင်ငံတွေ နှစ်ဆတိုးလာဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ပြောကြား

ပြီးခဲ့တဲ့ လတုန်းက ဓါတုလက်နက်တွေ သုံးတိုက်ခိုက်ခဲ့တဲ့ အပေါ် ဆီးရီးယား အစိုးရကို အမေရိကန်က စစ်ရေးအရ အရေးယူမယ့် အစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေ နှစ်ဆတိုးလာတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရင့် ဖဲဗျူးနဲ့ အတူ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပေမယ့် တိုးလာတာ ဘယ်နိုင်ငံတွေလဲ ဆိုတာ ကိုတော့ မစ္စတာ ကယ်ရီက ပြောမသွားခဲ့ပါဘူး။

ဒါ့အပြင် အမေရိကန်မှာကော ၊ ကျွန်တော်တို့ရဲ့ မိတ်ဖက် ပြင်သစ်မှာကော လူတွေက သိပါတယ် ၊ ဒီအချိန်ဟာ သတ်ဖြတ်မှုတွေ ကျူးလွန်နေသူကို လက်ပိုက်ကြည့်ရမယ့် အချိန်မဟုတ်ဘူး ဆိုတာ လူအများက သိကြပါတယ်လို့ မစ္စတာ ကယ်ရီက ဆိုသွားခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ တိုက်ခိုက် ခံရပါက ရုရှား ကူညီမည်ဟု သမ္မတ ပူတင်ပြောကြား

ဆီးရီးယား နိုင်ငံ တိုက်ခိုက် ခံရပါက ရုရှား ကူညီမည်ဟု သမ္မတ ပူတင်ပြောကြား

ဆီးရီးယား နိုင်ငံ တိုက်ခိုက်ခြင်း ခံရပါက ရုရှားနိုင်ငံ အနေဖြင့် ၎င်းနိုင်ငံအား အကူအညီများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှား နိုင်ငံသည် ဆီးရီးယား နိုင်ငံသို့ လက်နက်များ ထောက်ပံ့ပေးလျက် ရှိပြီး နှစ်နိုင်ငံကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို လုပ်ဆောင်လျက် ရှိသည့်အပြင် ၎င်းတို့ အနေဖြင့် ဆီးရီးယား ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့် ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သမ္မတ ပူတင်က ထပ်လောင်း ပြောကြား ခဲ့သည်။

ထို့အပြင် ရုရှား နိုင်ငံသည် မြေထဲပင်လယ် အတွင်းသို့ ၎င်းတို့၏ ရေတပ်ဆိုင်ရာ စစ်သင်္ဘော များအား တိုးမြှင့် ချထားခဲ့ပြီး လိုအပ်ပါက ၎င်းစစ်သင်္ဘော များဖြင့် ဆီးရီးယား နိုင်ငံမှ ရုရှားနိုင်ငံ သားများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးနိုင်ရန် ဖြစ်ကြောင်း ကရင်မလင် နန်းတော်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

http://www.myawady.net.mm/allnews/global/item/24707-2013-09-08-08-00-28

ဆီးရီးယား နိုင်ငံ တိုက်ခိုက်ခြင်း ခံရပါက ရုရှားနိုင်ငံ အနေဖြင့် ၎င်းနိုင်ငံအား အကူအညီများ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ရုရှား နိုင်ငံသည် ဆီးရီးယား နိုင်ငံသို့ လက်နက်များ ထောက်ပံ့ပေးလျက် ရှိပြီး နှစ်နိုင်ငံကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကို လုပ်ဆောင်လျက် ရှိသည့်အပြင် ၎င်းတို့ အနေဖြင့် ဆီးရီးယား ပြည်သူများအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ တိုးမြှင့် ပေးအပ်ရန် ရည်ရွယ်ထားကြောင်း သမ္မတ ပူတင်က ထပ်လောင်း ပြောကြား ခဲ့သည်။

မြိတ်မြို့ ဘုရားကိုင်ချောင်းကူး နောက်လယ် (၆)လမ်းတံတား အောက်၌ BA (၆၃) သေနတ်နှင့် ကျည်ဆံများ တွေ့ရှိ

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့ နံနက် (၆)နာရီ ခွဲ ကျော် အချိန်ခန့်တွင် မြိတ်မြို့ မြိတ်တောင် ရပ်ကွက် ၊ မြို့သစ်(၁)ရပ် ၊ ရွှေနှင်းဆီလမ်းနေ ဦးဝယ်၏ သား မောင်စိုးနိုင် အသက် (၁၆)နှစ်သည် မြိတ်မြို့ နောက်လယ်ရပ်နှင့် မြိတ်တောင်နယ်မြေ ရေနံမြေရပ် ဘုရားကိုင်ချောင်းကူး နောက်လယ် (၆)လမ်း တံတားအောက်၌ နောက်လယ်ဘက်ကမ်း ဘုရားကိုင် ချောင်းအတွင်း ရေကျချိန် ပလပ်စတစ် အဟောင်းများ လိုက်လံ ရှာဖွေရာ၌ ပလပ်စတစ်အိတ် အဟောင်း ဖြင့် ပတ်ထားသော အထုပ်တစ်ထုတ်အား တွေ့ရှိကောက်ယူစဉ် ကျည်ဘောက်နှင့် သေနတ် အပိုင်းအစအား တွေ့ရှိ ခဲ့ရာ သက်ဆိုင်ရာ ရာအိမ်မှူး ၊ အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့ချက်အရ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရွှေညာမောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ က ရှာဖွေတွေ့ရှိ ရာနေရာသို့ သွားရောက်စစ် ဆေးခဲ့ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis