Tuesday, 14 January 2014
ထိုင်းဝန်ကြီးချုပ် ယင်လပ်နှင့် အဓိကဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းမည်ဟု ဆန္ဒပြခေါင်းဆောင် ခြိမ်းခြောက်
ကောင်းကင်ကို | အင်္ဂါနေ့၊ ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။
ဘန်ကောက်၊ မဇ္ဈိမ။ ။ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် နုတ်ထွက်ပေးခြင်း မရှိပါက၊ ယဉ်လပ်နှင့်တကွ အဓိကကျသည့် ဝန်ကြီးများကို ဖမ်းဆီးထိန်းသိမ်းမည်ဟု အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် Suthep Thaugsuban ကဇန်နဝါရီ ၁၄ရက်တွင် ခြိမ်းခြောက်ခဲ့သည်။
ဆန္ဒပြသူများအား Suthep က စင်မြင့်တစ်ခုပေါ်မှနေ၍ ပြောကြားခဲ့ရာတွင် ၄င်းတို့အနေဖြင့် အစိုးရရုံး အားလုံးကို လာမည့် နှစ်ရက်သုံးရက် အတွင်း၌ သိမ်းပိုက်မည်ဟု ဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။
အကယ်၍ ယင်လပ်ဦးဆောင်သည့် ကြားဖြတ်အစိုးရ အဖွဲ့အနေဖြင့် နုတ်ထွက်ပေးရန် ငြင်းဆန်ပါက၊ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ (PDRC) အနေဖြင့် ဆန္ဒပြမှုများကို အရှိန်မြှင့်ကာ ယင်လပ်၏ နေအိမ်နှင့် အဓိက ဝန်ကြီးများ၏ နေအိမ်များကို ဝန်းရံပိတ်ဆို့မည်ဟု Suthep က ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနတွင် ဖော်ပြထားသည်။
ပြာသိုလ၏ မြန်မာမှုဝိသေသများ
(ဆောင်းပါးရှင် - လှမြင့် (ရန်ကုန်တက္ကသိုလ်))
မြန်မာမှုအမြင်အရ တစ်နှစ်တာကာလ၏ တစ်ဆယ့်နှစ်လ အချိန်ကာလကို လေးလစီပိုင်းခြားသတ်မှတ်၍ ဥတုသုံးလီဟူ၍လည်းကောင်း၊ နှစ်လစီပိုင်းခြားသတ်မှတ်၍ ဥတုခြောက်ပါးဟူ၍လည်းကောင်း ပိုင်းခြားသတ်မှတ်ခဲ့ကြသည်။ ဥတုသုံးလီဟူသည် တပေါင်းလပြည့်ကျော် ၁ ရက်မှသည် ၀ါဆိုလပြည့်နေ့အထိ ဂိမှာန (နွေဥတု)၊ ၀ါဆိုလပြည့်ကျော် ၁ ရက်မှသည် တန်ဆောင်မုန်းလပြည့်နေ့အထိ ၀ဿန (မိုးဥတု)၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှသည် တပေါင်းလပြည့်နေ့အထိ ဟေမန္တ (ဆောင်းဥတု) ဖြစ်သည်။
နေ၊ လနှင့် နက္ခတ်တာရာတို့၏ လှည့်လည်သွားလာမှု အနေအထားအရ နှစ်လစီပိုင်းခြား၍ ဥတုခြောက်ပါးဟူ၍လည်း သတ်မှတ်ခဲ့သည်။ ယင်းဥတုခြောက်ပါးကို ရတုခြောက်ပါးဟူ၍လည်း ခေါ်ဆိုမှုပြုကြသည်။ ဥတုခြောက်ပါး (ရတုခြောက်ပါး) ဟူသည် ပြာသိုလဆန်း ၁၅ ရက်မှ တပေါင်းလဆန်း ၁၅ ရက်ထိကို သိသိရရတု၊ တပေါင်းလဆန်း ၁၅ ရက်မှ ကဆုန်လဆန်း ၁၅ ရက်ထိ ၀ဿာန (နိန္ဒြ)ရတု၊ ကဆုန်လဆန်း ၁၅ ရက်မှ ၀ါဆိုလဆန်း ၁၅ ရက်ထိ ဂိမှာန(ဂိန္ဒ) ရတု၊ ၀ါဆိုလဆန်း ၁၅ ရက်မှ တော်သလင်းလဆန်း ၁၅ ရက်ထိ ၀ဿာနရတု၊ တော်သလင်းလဆန်း ၁၅ ရက်မှ တန်ဆောင်မုန်းလဆန်း ၁၅ ရက်ထိ သာရဒရတု၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်မှ ပြာသိုလဆန်း ၁၅ ရက်ထိ ဟေမန္တရတုဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်။
မြန်မာ့တစ်ဆယ့်နှစ်လရာသီတွင် ပြာသိုလသည် ၁၀ လမြောက်လဖြစ်သည်။ ဥတုသုံးလီတွင် ဆောင်းဥတုဖြစ်ပြီး ရတုခြောက်ပါးအရ ဟေမန္တရတု (၀ါ) သိသိရရတုဟု သတ်မှတ်ခဲ့သည်။ ပုဂံခေတ်လယ်ပိုင်း သက္ကရာဇ် ၅၂၇ ခုနှစ်၊ နရသူမင်း (အိမ်တော်ရှင်မင်း) လက်ထက်ရေးထိုးခဲ့သော အထောလတ်ကျောက်စာတွင် ပြာသိုလ၏။
Samsung Galaxy S5 ကို လန်ဒန်တွင် မိတ်ဆက်ပြသမည်
Samsung Galaxy S5 နဲ့ S5 min, S5 Zoom တို့ကို လန်ဒန်မှာ မိတ်ဆက်ပြသ သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ မိတ်ဆက်ပြသမယ့် အချိန်ကတော့ ၂၀၁၄ မတ်လ ဖြစ်ပြီး ဒီအတွက် Samsung က ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။
ဖုန်းမှာ ထူးခြားချက်က သတ္တုကိုယ်ထည် စမတ်ဖုန်း၊ ပလပ်စတစ် ကိုယ်ထည်နဲ့ စမတ်ဖုန်း ဆိုပြီးတော့ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့  iPhone 5S မှာ လုပ်သွားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီတော့ ထုံးစံ အတိုင်း သတ္တုကိုယ်ထည်နဲ့ စမတ်ဖုန်းက ဈေးကြီးပြီး ပလပ်စတစ်က အနည်း ငယ် ဈေးသက်သာမှာ ဖြစ်ပါတယ်။ အတွင်းက Specificaition တွေ ကတော့ မကွာလောက် ပါဘူး။ သတ္တုကို ယူရိုငွေ ၈၀၀၊ ပလပ်စတစ်ဖုန်းကို ယူရိုငွေ ၆၅၀ ရှိမှာ ဖြစ်ကြောင်း သတင်းများ ထွက်ရှိ နေပါတယ်။ မျက်နှာပြင် အရွယ်က ၅.၂၅ လက်မ ဖြစ်ပါတယ်။
မျက်နှာပြည် အရည် အသွေး ကလည်း 2560x1440 Super AMOLED ဖြစ် တာကြောင့် ကမ္ဘာ့ မျက်နှာပြင် အကြည်လင်ဆုံး စမတ်ဖုန်းစာရင်းထဲ ထိပ်တန်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Processor ကလည်း Exynos 6 သို့မဟုတ် Snapdragon 805 ကို အသုံးပြုမှာ ဖြစ်ပါတယ်။
အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS Ronald Reagan
ရွှေ့ လျားနေသော စစ်တပ်ကြီးပါပဲ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင် စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။
ဆောက်လုပ်ခြင်း
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလက စဆောက်တာ ၂၀၀၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရေချနိုင်ခဲ့ပါတယ်။ ဆောက်ဖို့အတွက် ဒီဇိုင်းဆွဲတာတို့၊ ဖန်တီးတာတို့ အားလုံးကို တစ်ဦးတစ်ယောက်တည်းက မဟုတ်ပဲ အားလုံး အိုင်ဒီယာပေါင်းစပ်ခဲ့ခြင်း ဖြစ်ပါတယ်။ သင်္ဘောနာမည်ကို အမေရိကန် သမ္မတဟောင်း Ronald Reagan ကိုဂုဏ်ပြုတဲ့အနေနဲ့ USS Ronald Reagan (CVN-76) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ အဲ့တုန်းက သမ္မတဟောင်း Ronald ရှိနေသေးပြီး သက်ရှိထင်ရှားရှိတဲ့ သမ္မတကို ဂုဏ်ပြုပေးတဲ့ ပထမဆုံး သင်္ဘော ဖြစ်ခဲ့ပါတယ်။
ကုန်ကျစရိတ်
အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ကုန်ကျပါတယ်။ အားလုံးကို အမေရိကန် အိမ်ဖြူတော်နဲ့ အစိုးရတို့က ထောက်ပံ့ခဲ့ခြင်း ဖြစ်ပါတယ်။ ပင်လယ်ခရီးတစ်ခုသွားဖို့အတွက် အမေရိကန်ဒေါ်လာ သန်းနဲ့ချီကုန်ကျပါတယ်။
ဘန်ကောက်မြို့ကြီးကို ပိတ်လိုက်ပြီ
ဇန်နဝါရီ ၁၄။
ထိုင်းနိုင်ငံမှ အစိုးရကို ဆန့်ကျင်သူများနှင့် အတိုက်အခံ ပါတီတို့ ပူးပေါင်းကာ ဘန်ကောက်မြို့မှ အဓိက လမ်းဆုံလမ်းခွများကို လူအင်အားဖြင့် ပိတ်ဆို့ဝန်းရံလိုက်ပြီဖြစ်ကြောင်း သိရသည်။ ကန့်ကွက်သူမျးသည် ၀န်ကြီးချုပ် ယင်းလက်ရှင်နာဝတ်တရာ အခက်တွေ့ရန် ဘန်ကောက်မြို့ကို ပိတ်ထားလိုက်ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ကန့်ကွက်သူများသည် နိုင်ငံအရေးတွင် ၀န်ကြီးချုပ်၏ ဘီလျှံနာမိသားစုဝင်များ ၀င်ရောက်ချယ်လှယ်နေသည်ကို မနှစ်သက်ကြသည့်အတွက် ယင်းလက်ကို ရာထူးမှဆင်းရန်တောင်းဆိုနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
ယနေ့တွင် ကန့်ကွက်သူများက အလံများကို ဝှေ့ယမ်းပြီး ဘန်ကောက် ပိတ်လိုက်ပြီဟုရေးသားထားသော တီရှပ်များကို ၀တ်ဆင်ထားကြသည်။ သူတို့ ပိတ်ဆို့လိုက်သည့် နေရာများထဲတွင် ၂၀၁၀ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်တွင် လူသေသည်အထိ မီးရှို့ခဲ့သော ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်သည်။ ကန့်ကွက်သူများက သူတို့၏ ရည်မှန်းချက် အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ဆက်လက်တိုက်ပွဲ ၀င်မည်ဖြစ်ကြောင်း၊ မည်သည့်ကတိစကား၊ မည်သည့် စေ့စပ်ညှိနှိုင်းမှုမှ မယူဘဲတိုက်ပွဲဆက်ဝင်သွားကြမည်ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဆိုသည်။
အစိုးရက ကန့်ကွက်မှုများ ရပ်တန့်ခြင်းမပြုလျှင် အရေးပေါ် ကြေညာချက် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်းဆိုသည်။ လတ်တလောတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား အင်အား နှစ်သောင်းခန့်ကို အသင့်ချထားကြသည်။
Ref: Xinhua
The Myanma Age
ထိုင်းနိုင်ငံမှ အစိုးရကို ဆန့်ကျင်သူများနှင့် အတိုက်အခံ ပါတီတို့ ပူးပေါင်းကာ ဘန်ကောက်မြို့မှ အဓိက လမ်းဆုံလမ်းခွများကို လူအင်အားဖြင့် ပိတ်ဆို့ဝန်းရံလိုက်ပြီဖြစ်ကြောင်း သိရသည်။ ကန့်ကွက်သူမျးသည် ၀န်ကြီးချုပ် ယင်းလက်ရှင်နာဝတ်တရာ အခက်တွေ့ရန် ဘန်ကောက်မြို့ကို ပိတ်ထားလိုက်ကြခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ကန့်ကွက်သူများသည် နိုင်ငံအရေးတွင် ၀န်ကြီးချုပ်၏ ဘီလျှံနာမိသားစုဝင်များ ၀င်ရောက်ချယ်လှယ်နေသည်ကို မနှစ်သက်ကြသည့်အတွက် ယင်းလက်ကို ရာထူးမှဆင်းရန်တောင်းဆိုနေခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။
ယနေ့တွင် ကန့်ကွက်သူများက အလံများကို ဝှေ့ယမ်းပြီး ဘန်ကောက် ပိတ်လိုက်ပြီဟုရေးသားထားသော တီရှပ်များကို ၀တ်ဆင်ထားကြသည်။ သူတို့ ပိတ်ဆို့လိုက်သည့် နေရာများထဲတွင် ၂၀၁၀ခုနှစ်က နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်တွင် လူသေသည်အထိ မီးရှို့ခဲ့သော ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်သည်။ ကန့်ကွက်သူများက သူတို့၏ ရည်မှန်းချက် အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ဆက်လက်တိုက်ပွဲ ၀င်မည်ဖြစ်ကြောင်း၊ မည်သည့်ကတိစကား၊ မည်သည့် စေ့စပ်ညှိနှိုင်းမှုမှ မယူဘဲတိုက်ပွဲဆက်ဝင်သွားကြမည်ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ဆိုသည်။
အစိုးရက ကန့်ကွက်မှုများ ရပ်တန့်ခြင်းမပြုလျှင် အရေးပေါ် ကြေညာချက် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်းဆိုသည်။ လတ်တလောတွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား အင်အား နှစ်သောင်းခန့်ကို အသင့်ချထားကြသည်။
Ref: Xinhua
The Myanma Age
ဒီလှိုင်းစာစောင် ပြည်သူ့အသံကဏ္ဍတွင် ပါဝင်သည့် အကြောင်းအရာအပေါ် မျက်လှည့်ပညာရှင် မစ္စတာတော့ပ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Published on: January 14, 2014
ဒီလှိုင်းစာစောင် အတွဲ (၂) အမှတ် ၄၉၊ စာမျက်နှာ ၁၁ ပြည်သူ့အသံကဏ္ဍ “ဆိပ်ကြီး ခနောင်တိုမှာ အိပ်ပျော်နေကြပြီလား” ဆိုသည့် ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် ဖြစ်စဉ်အပေါ် မျက်လှည့်ပညာရှင် မစ္စတာတော့ပ်က ဇန်န၀ါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ မီဒီယာသမားများအား ရှင်းလင်းပြောကြားခဲ့သည်။
၎င်းက “ပြဿနာဖြစ်တာက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖြစ်တယ်။ ကျွန်တော်က တံတားဆောက်တုန်းက ပေးလိုက်ရတဲ့ မြေနေရာတွေထဲက ပိုတဲ့မြေနေရာ တစ်ဝက်ကို ၀န်ကြီးချုပ် နှုတ်ကတိနဲ့ ပြန်ရလို့ ခြံစည်းရိုး ခတ်တာကို ရပ်ကျေး NLD ခေါင်းဆောင် ဦးမြင့်သန်း အပါအ၀င် ရပ်ကျေးအဖွဲ့ဝင်တွေက လာတားတယ်။ သူတို့ဘက်က ဒီမြေနေရာကို ရပ်ကွက်ဘောလုံးကွင်း ဆောက်မယ်လို့ အခိုင်အမာပြောပြီး လာတားတယ်။ ဂျာနယ်ထဲမှာ ပါတဲ့အတိုင်း လမ်းပိတ်ပြီး ခြံစည်းရိုးခတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဆောက်လုပ်ရေးက သတ်မှတ်ပေးထားတဲ့ လမ်းအကျယ် ရှစ်ပေရှိပါတယ်။ ဒီလိုမျိုး ဂျာနယ်ထဲမှာ ကျွန်တော်က လမ်းပိတ်ပြီး ခြံစည်းရိုး ခတ်တယ်လို့ ပြောထားတဲ့အတွက် ကျွန်တော့် ဂုဏ်သိက္ခာကို ထိခိုက်စေလို့ ဒီလိုမျိုး ရှင်းရတာပါ” ဟု ရှင်းလင်းပြောကြားသည်။
မင်္ဂလာ ဆွမ်းကျွေးနဲ့ ဧည့်ခံပွဲ စုစုပေါင်းလေးပွဲ ကျင်းပပြုလုပ်သွားမယ်လို့ ဖွင့်ဟလိုက်တဲ့ ချစ်သုဝေ
Tuesday, January 14, 2014
ဂီတဖက်မှာရော ၊ သရုပ်ဆောင်နယ်ပယ်မှာပါ ပရိသတ် အားပေးလက်ခံသလို ပညာရေး နယ်ပယ်မှာလဲ ပြောစရာမလိုလောက်အောင် လူသိများကျော်
ကြားတဲ့အပြင် အောင်မြင်မှုတွေ ဆင့်ကာဆင့်ကာ ပိုင်ဆိုင်နေသူကတော့ ချစ်သုဝေပဲဖြစ်ပါတယ်။
မကြာသေးခင် အချိန်တစ်ခုမှာ မင်္ဂလာဆောင်တော့မယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်ဖြစ်တဲ့အခါမှာတော့ သူမက ‘အခုရိုက်နေ
တဲ့ ကားလေးက နမိတ်စကားတဲ့။ မင်းသားက သားငယ်ပေါ့။ ဒါရိုက်တာက ကိုသားကြီးပါ။ ဒီကားလေးထဲက ကာရိုက်တာလေးက ငယ်ငယ်လေးက
တည်းက မိဘမဲ့ကျောင်းက သူငယ်ချင်းကို စိတ်စွဲလန်းပြီးတော့ ခွဲခွာတဲ့ခါ သူ့ကိုပြန်ရှာတာပေါ့။ အရမ်းအသက်ကြီးမှ ပြန်တွေ့ရတယ်။
သဘောကတော့ အစွဲအလန်းကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကာရိုက်
တာပေါ့။ ကာရိုက်တာလေးကလဲ ဆန်းတော့ မမသရုပ်ဆောင်ရမဲ့ ကာရိုက်တာအတိုင်းပဲ စီးမျောပါတယ်’တဲ့။
ဂီတဖက်မှာရော ၊ သရုပ်ဆောင်နယ်ပယ်မှာပါ ပရိသတ် အားပေးလက်ခံသလို ပညာရေး နယ်ပယ်မှာလဲ ပြောစရာမလိုလောက်အောင် လူသိများကျော်
ကြားတဲ့အပြင် အောင်မြင်မှုတွေ ဆင့်ကာဆင့်ကာ ပိုင်ဆိုင်နေသူကတော့ ချစ်သုဝေပဲဖြစ်ပါတယ်။
မကြာသေးခင် အချိန်တစ်ခုမှာ မင်္ဂလာဆောင်တော့မယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက် မေးမြန်းကြည့်ဖြစ်တဲ့အခါမှာတော့ သူမက ‘အခုရိုက်နေ
တဲ့ ကားလေးက နမိတ်စကားတဲ့။ မင်းသားက သားငယ်ပေါ့။ ဒါရိုက်တာက ကိုသားကြီးပါ။ ဒီကားလေးထဲက ကာရိုက်တာလေးက ငယ်ငယ်လေးက
တည်းက မိဘမဲ့ကျောင်းက သူငယ်ချင်းကို စိတ်စွဲလန်းပြီးတော့ ခွဲခွာတဲ့ခါ သူ့ကိုပြန်ရှာတာပေါ့။ အရမ်းအသက်ကြီးမှ ပြန်တွေ့ရတယ်။
သဘောကတော့ အစွဲအလန်းကြီးတဲ့ မိန်းကလေးတစ်ယောက်ရဲ့ကာရိုက်
တာပေါ့။ ကာရိုက်တာလေးကလဲ ဆန်းတော့ မမသရုပ်ဆောင်ရမဲ့ ကာရိုက်တာအတိုင်းပဲ စီးမျောပါတယ်’တဲ့။
၅၉ (စ) ကြံ့ခိုင်ရေးပါတီ မပြင်ချင်သေးဟု ဦးဌေးဦး ပြောဆို
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်စေရေး အတားအဆီးသဖွယ် ဖြစ်နေသော ပုဒ်မ ၅၉ စ ကို မပြင်လိုသေးဘဲ တိုင်းရင်းသားနှင့် နိုင်ငံသားတို့၏ အခွင့်အရေးကိစ္စများကိုသာ ပြင်ဆင်ရန် အဓိက လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
နဝမအကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် “တိုင်းရင်းသားတို့၏ အခွင့်အရေး ပိုမိုရရှိလာရေး” ” နိုင်ငံသားတို့၏ အခွင့်အရေး ပိုမို ထိထိရောက်ရောက် ရရှိလာရေးန” နှင့် “တည်ငြိမ်အေးချမ်းမှုကို မပျက်ပြားစေဘဲ လက်ရှိ ဒီမိုကရေစီစနစ် ဆက်လက်တည်ရှိနိုင်မည့် အချက်အလက်များ ကိစ္စ”ကိုသာ ပြင်ဆင်သွားမည်ဟု တနင်္လာနေ့တွင် စတင်ဖွင့်လှစ်သည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသော ဦးဌေးဦးက ဧရာဝတီကို ပြောဆိုသည်။
“ပုဒ်မ ၅၉ (စ) ထက် အရေးပါတဲ့ကိစ္စမျိုးကြတော့လည်း ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့လမ်းကြောင်းအတိုင်း ကိုယ်သွားရအုံးမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တချို့အချက်တွေက ပြင်ဆင်ဖို့ကောင်းတယ်။ ဒါပေမဲ့ တခုခုနဲ့ ငြိနေသေးတယ်ဆိုရင်တော့ ပြင်ဆင်ဖို့ မလုပ်နိုင်သေးဘူး”ဟု ဦးဌေးဦးက ပြောသည်။
တောင်ကိုရီးယား- မြန်မာ ချစ်ကြည်ရေးအတွက် အာဇာနည်ဗိမာန်အတွင်း အထိမ်းအမှတ်ဆောက်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည် သဘောမတူ
မဇ္ဈိမသတင်းဌာန |အင်္ဂါနေ့၊ ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။
နေပြည်တော်၊မဇ္ဈိမ။ ။ ၁၉၈၃ခုနှစ်က တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ် အာဇာနည်ဗိမာန်ကို အလေးပြုရန် သွားရောက်သည့် ခရီးစဉ်အတွင်း ဗုံးပေါက်ကွဲသဖြင့် အာဇာနည်ဗိမာန်တွင် အထိမ်းအမှတ် အဆောက်အအုံ တစ်ခု ဆောက်လုပ်ရန် တောင်ကိုရီးယားဘက်က မြန်မာအစိုးရကို ကမ်းလှမ်းထားမှုကို ဗိမာန်ဝင်းအတွင်း ဆောက်မည်ဆိုပါက သဘောမတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
"ဝန်းထဲမှာထည့်ဆောက်မှာကိုတော့ သဘောမတူဘူး။ နှစ်ဖက်စလုံးအတွက် မျှတမယ့် အဖြေကို ရှာရမှာပေါ့။ သူတို့ဘက်ကလည်း သူတို့ခေါင်ေးဆာင်ကြီးတွေရဲ့ အထိမ်းအမှတ် လုပ်ချင်မှာပဲ။ အဆင်ပြေအောင် ဆွေးနွေးညှိနှိုင်းရရင် အဆင်ပြေသွားမှာပါ"ဟု ပြောသည်။
တောင်ကိုရီးယား သမ္မတဟောင်း ချန်ဒူးဝမ်သည် ၁၉၈၃ခုနှစ်က ရန်ကုန်မြို့ကို လာရောက်စဉ် အာဇာနည်ဗိမာန်သို့ သွားရောက်အလေးပြုခဲ့ရာ မြောက်ကိုရီးယားနိုင်ငံက ထောင်ထားခဲ့သည့် ဗုံး ပေါက်ကွဲခဲ့ပြီး ကြိုတင်ရောက်ရှိနေသော တောင်ကိုရီးယား ဝန်ကြီး အများအပြား နှင့် သတင်းထောက်များ ဒဏ်ရာရ၊ သေဆုံးခဲ့ရသည်။
Mizzima - News in Burmese
စီးပွား/ကူးသန်း ဝန်ကြီး ယာဉ်တန်းမှ ယာဉ်တစ်စီး ချောက်ထဲထိုးကျ၊ အစိုးရအရာထမ်း တစ်ဦး သေဆုံး
ထားဝယ်၊ ဇန်နဝါရီ ၁၃
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ပြည်ထောင်စုဝန်ကြီး လိုက်ပါလာသည့် ယာဉ်တန်းမှ မော်တော်ယာဉ် တစ်စီး ရင်ခွဲတောင်ကုန်း အဆင်းတွင် ချောက်အတွင်း ထိုးကျခဲ့သဖြင့် အစိုးရအရာထမ်း တစ်ဦး သေဆုံးကာ သုံးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း ယာဉ်တန်းတွင် လိုက်ပါ လာသူများထံမှ သိရသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်ဂိတ် ထီးခီးမှ ထားဝယ်သို့ အပြန် ညနေ ၃ နာရီခန့်တွင် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်း ဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်း အသက်သေဆုံးကာ တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ယာဉ်မောင်းတို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှူး ရုံး၏ မှုခင်း မှတ်တမ်းအရ သိရသည်။
ဦးမျိုးငြိမ်းသည် ဌာနတွင်း လုပ်ငန်းများ၊ ဥပဒေရေးဆွဲရေးနှင့် လွှတ်တော် မေးခွန်းများ ဖြေကြားခြင်း စသည့် အခန်းကဏ္ဍများတွင် အဓိက ပါဝင်နေသူ တစ်ဦး ဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ထုတ်ဝေခွင့်ကျထားသည့် သတင်းစာ အပါအဝင် ခုနစ်စောင် ပြန်အပ်၊ ၂၂စောင် ထုတ်ဝေခွင့် ရုပ်သိမ်း
နေပြည်တော်၊ ဇန်နဝါရီ ၁၃
ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေခွင့် ပြုထားပြီး ဖြစ်သော်လည်း ထုတ်ဝေခြင်း မရှိသည့် နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ ငါးစောင်နှင့် ဂျာနယ် ၁၇ စောင် ထုတ်ဝေခွင့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ထုတ်ဝေခွင့် ကျထားသည့် သတင်းစာ အပါအဝင် နေ့စဉ်ထုတ် သတင်းစာ ခုနစ်စောင်ကမူ ထုတ်ဝေခွင့် ပြန်အပ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။
နေပြည်တော်ကောင်စီ နယ်မြေ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ဝေခွင့် ရုပ်သိမ်းလိုက်သော နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာ ငါးစောင်တွင် မြန်မာပို့စ်၊ နဂါးနီ၊ ဓနတို့ ပါဝင်ပြီး ဂျာနယ် ၁၇ စောင်ကိုမူ ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားသွားခြင်း မရှိပေ။
မြန်မာနိုင်ငံ၏ လက်ရှိ တရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိနေပြီဖြစ်ပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
မြန်မာနိုင်ငံ၏ လက်ရှိတရားဥပဒေ စိုးမိုးရေး အနေအထားသည် အဆုံးစွန်ဘက်အနီး ရောက်ရှိနေပြီး တိုင်းပြည်အတွက် ရင်လေးဖွယ်ဖြစ်ကြောင်း ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သုံးသပ် ပြောကြားခဲ့သည်။
ပြည်ထဲရေး ၀န်ကြီးဌာနသို့ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် မေးခွန်းကို မေးမြန်းရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ဒီမေးခွန်းက ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက တင်သွင်းခဲ့တဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒီအချိန်ကာလတုန်းက တရားဥပဒေ စိုးမိုးရေး အနေအထားက အဆုံးစွန်ဘက်ကို စတင်ရွေ့နေတဲ့ အနေအထားလို့ ပြောရမှာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ တရားဥပဒေစိုးမိုးရေး အနေအထားက အဆုံးစွန်ဘက်အနီး ရောက်နေပြီ ဖြစ်တဲ့အတွက် ယခုလို မေးမြန်းခွင့်ပြုခြင်းဟာ အချိန်မီလိမ့်မယ်လို့ ထင်ပါတယ်။ ယနေ့နိုင်ငံတော်မှာ ဒီကိစ္စကို မကိုင်တွယ်နိုင်တဲ့ အတွက်ကြောင့် လူမစည်ကားသင့်တဲ့ တရားရုံးများ၊ ရဲစခန်းများမှာ စည်ကားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုံးရှုံးသွားသော လယ်သမားများမှာလည်း ကာလတန်ဖိုးဖြင့် မြေပြန်လည်ရရှိရန် စောင့်ဆိုင်းနေသည့် အချိန်တွင် ပွဲစားများနှင့် ၀န်ထမ်းအချို့ ပူးပေါင်းပြီး မြေဂရန်တွေ၊ ပါမစ်တွေကျနေခြင်း၊ တချို့အသင်း အဖွဲ့တွေကို အကာအကွယ်ယူပြီး ကျူးကျော်တဲများ ထောင်နဲ့ချီ ဆောက်နေကြခြင်း၊ ဒါတွေကို ပြည်သူလူထု အနေဖြင့် မနှစ်သက်ပါဘူး။ ပြည်သူများ အနေဖြင့် အေးချမ်းသာယာစွာ နေလိုသည့်အတွက် တရားဥပဒေ စိုးမိုးရေး အပြည့်အ၀ရဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။
လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိ
လမ်းဘေးဈေးဆိုင် အချို့၌ ရောင်းချနေသည့် အစားအစာများတွင် အူလမ်းကြောင်းနှင့် ၀မ်းရောဂါကို ဖြစ်စေသော အဆိပ်ထွက်သည့်ပိုးများ လေ့လာတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေ့လာတွေ့ရှိချက်ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)ရှိ အမျိုးသား အဆိပ်ထိန်းချုပ်မှုဌာန၊ ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သုတေသီများက ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်ငါးမြို့နယ်တွင် သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြို့နယ်တစ်ခုစီမှ အစာနမူနာ ၃၀ စီ ကောက်ယူခဲ့ပြီး စုစုပေါင်း အစာနမူနာ ၁၅၀ ကို စမ်းသပ်လေ့လာ ခဲ့ခြင်းဖြစ်သည်။
စမ်းသပ်ရာတွင် အစာနမူနာများကို လိုအပ်သလို ပြင်ဆင်ကာ ပိုးမွေးမြူခြင်းနည်းဖြင့် စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ပိုးအစုအဝေး၏ ၀ိသေသလက္ခဏာ၊ ဆေးအရောင်စွဲမှု၊ အထူးစမ်းသပ်ချက်နှင့် ဇီဝဓါတု နည်းပညာများကို အသုံးပြု၍ ပေါက်ဖွားလာသော ပိုးများကို အမှတ်အသား သတ်မှတ်ခဲ့ကြောင်းနှင့် ယင်းပိုးများတွင် ပဋိဇီဝဆေး တိုးမတိုး၊ အဆိပ်ထုတ်မထုတ်ကို လည်းကောင်း သက်ဆိုင်ရာ နည်းလမ်းများဖြင့် စမ်းသပ်ခဲ့ကြောင်း သိရသည်။
သွားမကြာ ခဏ ကိုက်တတ်သူများ အတွက်
မေး။ ။ ဒေါက်တာစွမ်းရှင့် ကျွန်မက သွားမကြာခဏ ကိုက်တတ်ပါတယ်။
သွားကိုက်တိုင်းလည်း မျက်နှာ တစ်ခုလုံး ရောင်ရမ်းပြီး ဆိုးဝါးစွာ ကိုက်ခဲနာကျင် နေတတ်ပါတယ်။ ဒါကြောင့် သွား မကြာခဏ မကိုက် အောင်နဲ့ အရမ်း သွားကိုက်လာပြီ ဆိုလျှင် ဘယ်လိုလုပ်ရမလဲလို့ ပြောပြပေးပါ ဆရာ။ (ကျွန်မက ပုံမှန် သွား တိုက်လေ့တော့ ရှိပါတယ်။)
မအိခင် (စမ်းချောင်း)
ဖြေ။ ။ မအိခင် ကြုံနေရတဲ့ ပြဿနာကတော့  ကနေ့မြို့နေလူထုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျ ပြဿနာပါ။ ကနေ့ခေတ် အစားအစာတွေမှာကိုက အချိုကဲတာ များနေတတ်တာကြောင့် မြို့နေ လူတန်းစား ရဲ့သွားပြဿနာဟာ ထူးခြားလှတယ်တော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဖြစ်လည်းဖြစ်နိုင်၊ ခက်လည်း မခက်ခဲတဲ့ Care လုပ်နည်းလေးတွေ ပေးလိုပါတယ်။ သွား မကြာခဏ မကိုက်ဖို့ သွားတွေကို ဂရုစိုက်ဖို့ လိုပါတယ်။
(၁) အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အကျင့် လုပ်ပါ။ ဒါမှသာ အချဉ်ဓာတ်က ရေထဲပါသွားပြီး ပါးစပ်ထဲမှာ သန့်ရှင်းနေမှာပါ။
(၂) အအေးသောက်တဲ့အခါ ကျဉ်တဲ့သွားရှိလျှင် သွားဆေးခန်းသွားပြီး အမြန်ဆုံးဖာပါ။
(၃) သွားတိုက်တဲ့အခါ ကန့်လန့်ဖြတ် သွားတိုက်နည်းထက် စနစ်ကျသော အပေါ်အောက် တိုက်နည်းကို လေ့ကျင့်ပါ။ စနစ်တကျ သွားတိုက်နည်း ဆိုတာကတော့ သွားတိုက်ဆေးကို သွားအတွင်း အနှံ့အပြား ရောက်တဲ့အထိ (၃/၄) မိနစ်လောက် အပေါ်အောက် အကုန်တိုက်ပါ။ ပြီး ခေတ္တ စောင့်ပါ။ အဲဒီလို စောင့်ပြီးမှ သွား ပြန်တိုက်လျှင် သွားထဲမှာ ရှိတဲ့ အညစ်အကြေးတွေ အလွယ်တကူနှင့် မြန်မြန် ထွက်သွားနိုင်ပါတယ်။
အိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်လို့ ရဲအတိုင်ခံရတဲ့ Justin Bieber
Justin Bieber ကတော့သူနေထိုင်ရာအရပ်ဖြစ်တဲ့ Calabasas, Califronia
မှပြဿနာ။ ရှာလိုက်ပြန်ပါပြီ။
ပေါ့ပ်ကြယ်ပွင့်ဟာအိမ်နီးချင်းရဲ့အိမ်ကိုကြက်ဥနဲ့ပေါက်တယ်လို့ အစွပ်စွဲခံရတာဖြစ်ပါတယ်။
ကြာသာပတေးနေ့ညက အဲဒီ့အိမ်နီးချင်းဟာ သူ့ရဲ့အိမ်ကိုတဒုန်းဒုန်းရိုက်ခက်တဲ့အသံတွေကြားရပြီး အမြင်ထွက်ကြည့်လိုက်တော့ ၁၉ နှစ်သားအဆိုတော်ဟာ သူ့ရဲ့အိမ်ကို အရာဝတ္တုပစ္စည်းတွေနဲ့ပစ်ပေါက်နေတာကိုမြင်ရတယ်လို့ TMZ.com ကဆိုပါတယ်။
အဲဒီ့အိမ်နီးချင်းဟာ Los Angeles ဌာနေရဲမှုးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး Bieber ကသူ့အိမ်ရဲ့အိမ်ရှေ့တံခါးကို ကြက်ဥနဲ့ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့အမည်မသိအိမ်နီးချင်းက “မင်းဘာလုပ်နေတာလဲကွ” လို့အော်ဟစ်တဲ့အခါ Bieber ကသူ့ကို ကြက်ဥတွေနဲ့ပေါက်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေကတော့ လူတစ်ယောက်သူတို့ကိုဖုန်းဆက်ပြီး တိုင်ကြားမှုတစ်ခုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါဟာ Bieber တစ်ယောက် အိမ်နီးချင်းတွေနဲ့ပြသနာတက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်တုန်းကလဲသူဟာ အထိမ်းအကွပ်မဲ့ ယဉ်မောင်းနှံတာနဲ့ ဆူညံတဲ့ပါတီတွေလုပ်ခဲ့တယ်လို့ သူတို့ကတိုင်ကြားပါတယ်။
လက်တလောမှာတော့ Bieber ကသူ့ရဲ့ရည်းစားဟောင်း Selena Gomez နဲ့ ပြန်တွဲနေတယ် လို့သတင်းထွက်နေပြီး ပြီးခဲ့တဲ့အပါတ်အားလပ်ရက်က Chris Brown ရဲ့ RV ကားနဲ့ camp ထွက်ခဲ့တယ်လို့ဆိုပါတယ်။
Ref:starpulse
Trend Myanmar
ကြာသာပတေးနေ့ညက အဲဒီ့အိမ်နီးချင်းဟာ သူ့ရဲ့အိမ်ကိုတဒုန်းဒုန်းရိုက်ခက်တဲ့အသံတွေကြားရပြီး အမြင်ထွက်ကြည့်လိုက်တော့ ၁၉ နှစ်သားအဆိုတော်ဟာ သူ့ရဲ့အိမ်ကို အရာဝတ္တုပစ္စည်းတွေနဲ့ပစ်ပေါက်နေတာကိုမြင်ရတယ်လို့ TMZ.com ကဆိုပါတယ်။
အဲဒီ့အိမ်နီးချင်းဟာ Los Angeles ဌာနေရဲမှုးကို ဖုန်းဆက်တိုင်ကြားခဲ့ပြီး Bieber ကသူ့အိမ်ရဲ့အိမ်ရှေ့တံခါးကို ကြက်ဥနဲ့ပေါက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ့အမည်မသိအိမ်နီးချင်းက “မင်းဘာလုပ်နေတာလဲကွ” လို့အော်ဟစ်တဲ့အခါ Bieber ကသူ့ကို ကြက်ဥတွေနဲ့ပေါက်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေကတော့ လူတစ်ယောက်သူတို့ကိုဖုန်းဆက်ပြီး တိုင်ကြားမှုတစ်ခုလုပ်ခဲ့တယ်ဆိုတာကို အတည်ပြုလိုက်ပါတယ်။
ဒါဟာ Bieber တစ်ယောက် အိမ်နီးချင်းတွေနဲ့ပြသနာတက်တာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အရင်တုန်းကလဲသူဟာ အထိမ်းအကွပ်မဲ့ ယဉ်မောင်းနှံတာနဲ့ ဆူညံတဲ့ပါတီတွေလုပ်ခဲ့တယ်လို့ သူတို့ကတိုင်ကြားပါတယ်။
လက်တလောမှာတော့ Bieber ကသူ့ရဲ့ရည်းစားဟောင်း Selena Gomez နဲ့ ပြန်တွဲနေတယ် လို့သတင်းထွက်နေပြီး ပြီးခဲ့တဲ့အပါတ်အားလပ်ရက်က Chris Brown ရဲ့ RV ကားနဲ့ camp ထွက်ခဲ့တယ်လို့ဆိုပါတယ်။
Ref:starpulse
Trend Myanmar
အဘိုးအရင်းဖြစ်သူမှ မြေးဖြစ်သူအားသားမယားအဖြစ်ပြုကျင့်
အချိန်ခန့်က အဘိုးအရင်းဖြစ်သူမှ မြေးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်
မှုတစ်ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မသူသူအောင်(၁၃)နှစ်၊(ဘ)ဦးဗဒင်၊ဗမာ/
ဗုဒ္ဓ၊ မှီခို - က၀မြို့နယ်၊ မကြက်ကြီးကျေးရွာနေသူမှ နေအိမ်
အပေါ်ဘုရားခန်းတွင်လဲလျောင်းနေစဉ် တစ်အိမ်တည်းနေ အဘိုးအရင်းဖြစ်
သူ ဦးကြွက်ဖြူ(၆၄)နှစ်၊(ဘ)ဦးစိန်ရွှေ၊ဗမာ/ဗုဒ္ဓ၊ကျဘန်းမကြက်ကြီးကျေးရွာနေသူမှ
အရက်သေစာများသောက်စားထားပြီး နေအိမ်အောက်
ထပ်မှ နေအိမ်အပေါ်ထပ်သို့တက်လာပြီး ထမီလှန်၍ သားမယားအဖြစ်ပြု
ကျင့်သည့်အပြင် ဘယ်ဘက်ရင်သားအားလည်းဖျစ်ညစ်ကိုင်တွယ်သဖြင့်
မသူသူအောင်မှ နာကျင်၍အော်ရာ အိမ်နီးချင်းများဖြစ်ကြသော
ဒေါ်ကြည်သန်း(၄၀)နှစ်၊(ဘ)ဦးပေတီး၊ဗမာ/ဗုဒ္ဓ၊မှီခိုနှင့်ဒေါ်ခင်ဝင်း(၅၃)နှစ်၊
(ဘ)ဦးကျော်လှိုင်၊ဗမာ/ဗုဒ္ဓ၊မှီခိုတို့မှ နေအိမ်ရှေ့မှအော်သံကြားရာသို့ ဓါတ်မီး
ဖြင့်ထိုးကြည့်စဉ် ဦးကြွက်ဖြူမှာ ပုဆိုးချွတ်ဖြင့်နေအိမ်ပေါ်မှ ဆင်းပြေးသွား
သဖြင့် မသူသူအောင်မှ၎င်းအားအလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်
သော အဘိုးရင်းဖြစ်သူဦးကြွက်ဖြူအား အရေးယူပေးပါရန်တိုင်ကြား
သဖြင့် က၀မြို့မရဲစခန်းမှ(ပ)၄/၂၀၁၄၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆
အရအမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။
ကိုသန့် ဇင်
ကုမုဒြာကြာပန်းအ၀ိုင်း၌ ယာဉ်နှစ်စီးတိုက်မိ လွှတ်တော် ကိုယ်စား လှယ်တစ်ဦး ဒဏ်ရာရရှိ
ဇန်န၀ါရီ ၁၃ ရက် ၂၀၁၄
ဇန်န၀ါရီ ၁၁ရက် နံနက် ၉နာရီ ၄၅မိနစ်က နေပြည်တော် ရာဇဌာနီလမ်း အတိုင်း နှင်းဆီအ၀ိုင်းဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်းဘက်သို့ ဦးသန်းမြင့်ဦး
(၄၄)နှစ် လွိုင်ကော်မြို့နေသူ မောင်းနှင်လာသည့် ၃စ/ ----KIA-Mohave အဖြူရောင်ယာဉ်သည် ကုမုဒြာကြာပန်းအ၀ိုင်းအားအ၀ိုင်းပတ် မောင်းနှင် လာစဉ် ရာဇသင်္ဂဟလမ်းအတိုင်း ဗဟိုဘဏ်ဘက်မှ ကုမုဒြာကြာပန်းအ၀ိုင်း ဘက်သို့ ဦးညွန့်ဌေး အသက် (၆၀) မ/၃၅၉/၃၉(ခ) ၃၈ လမ်း ၈၃× ၈၄ လမ်းကြား ရွှေတံခါးဝင်း ရတနာဘုမ္မိရပ်ကွက် မဟာအောင်မြေမြို့နယ် မန္တလေး မြို့နေသူ မောင်းနှင်လာသော 6D/1795 ယာဉ်မှဝင်ရောက် တိုက်မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်နှစ်စီးလုံး ရှေ့ခေါင်းပိုင်းကြေမွပျက်စီး သွားခဲ့ပြီး ယာဉ်ပေါ်ပါ ဦးကျော်ဒင် (၈၃)နှစ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် လွိုင်ကော်မြို့နေသူ ခါးနာကျင်၊ ၀ဲလက်မနာကျင်ဒဏ်ရာ၊
ဒေါ်သန်းကြည် (၈၄)နှစ် လွိုင်ကော်မြို့ နဖူးပေါက်ပြဲ၊ ၀ဲလက်နာကျင်ဒဏ်ရာ၊ ဦးသန်းမြင့်ဦး (၄၄)နှစ်တွင် ရင်ဘတ်အောင့်၊ ၀ဲလက်နာကျင်ဒဏ်ရာ ဦးသန်းနိုင်ဌေး (၃၄)နှစ် လွိုင်ကော်မြို့နေသူနှင့် ကိုရဲနောင် (၃၃)နှစ် ဇ၀နသိဒ္ဓိရပ်ကွက် ဥတ္တရသီရိမြို့နေသူတို့တွင် ၀ဲချိုစောင်း ဖူးရောင် (မစိုး ရိမ်ရ)ဒဏ်ရာများအသီးသီး ရရှိခဲ့၍ နေပြည်တော်ခုတင် (၁၀၀၀) ဆံ့ ဆေးရုံသို့တင်ပို့ ကုသထားရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အ၀ိုင်းပတ်ယာဉ်အား ဦးစားမပေးဘဲ မောင်းနှင် သူ ဦးညွန့်ဌေးအား အရေးယူပေးရန်တိုင်သဖြင့် ဥတ္တရသီရိ မြို့နယ် ဘုရားကုန်းမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/ ၃၃၈ အရ ရေးဖွင့်ပြီး ရဲအုပ်ဇော်ဇော်စိုးက စစ်ဆေးလျက်ရှိသည်။
The Mirror Daily
ချင်းမိုင်တွင် မြန်မာအလုပ်သမား ၃ ဦး တိုက်ပေါ်က ပြုတ်ကျ၊ ၁ ဦး သေဆုံး
By နန်းမြနဒီ
13 January 2014
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား ၃ ဦး ဆောက်လက်စ ၇ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး ၁ ဦး သေဆုံးသွားခဲ့ပါတယ်။
ချင်းမုိင်တွင် အလုပ်သမားအချုိ့ လုပ်ငန်းခွင်သွားေရာက်ရန် ေစာင့်ေနြကစဉ်
ချင်းမိုင်တွင် လုပ်ငန်းခွင်သွားရောက်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမား အချို့
အဲဒီ အလုပ်သမားတွေဟာ ချင်းမိုင်မြို့ နောင်ပါခန့်ရပ်ကွက် ဘိက်စီးကုန်တိုက် အနောက်က ဆောက်လက်စ ၇ ထပ်တိုက်ပေါ်မှာ ပန်းရန်လုပ်နေတာ ဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်နေ့ နေခင်း ၁ နာရီ လောက်မှာ ပြုတ်ကျ ခဲ့တာ ဖြစ်ပါတယ်။
လုပ်ဖော်ကိုင်ဖက် အလုပ်သမားတဦးရဲ့ ပြောပြချက်အရ သူတို့တွေဟာ သံတိုသံစတွေကို ပုံးနဲ့ ကောက်ထည့်နေစဉ် ပုံးထဲက သံစတွေရဲ့ အလေးချိန်ကြောင့် သံငြမ်း ကျိုးကျပြီး အလုပ်သမား ၃ ယောက် ၇ ထပ် တိုက်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။
Subscribe to:
Posts (Atom)