menu

Saturday 19 January 2013

ရေကြည်မြို့ NLDမြို့နယ်ညီလာခံကျင်းပမည့်နေ့တွင် ပါတီဝင်များ ဆန္ဒပြမည်

ရေကြည် ၊ ဇန်နဝါရီ ၁၉ ။

ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့၌်
NLD မြို့နယ်ညီလာခံကျင်းပမည်ပြီးအဆိုပါညီလာခံကို ပါတီဝင်
(၁၅ဝ)ဦးမှ ကန့်ကွတ်ဆန္ဒပြကြမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ရေကြည်မြို့နယ် ညီလာခံကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင် ဒေါ်ချိုတူးမာက ပြောကြားသည်။

"အဓိက ကတော့ တိုင်းကော်မရှင်ဥက္ကဌ ဦးအေးကြူ၊ အတွင်း
ရေးမှူး ဦးမျိုးညွှန့် နဲ့ ရေကြည်မြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးစော
အောင်တို့က ညီ လာခံကျင်းပတဲ့နေရာမှာ သူတို့တွေ နေရာ
ရှိရေးအတွက် မသမာတဲ့နည်းတွေနဲ့ ဆရာမွေး တပည့်မွေးတွေ လုပ်ခဲ့ကြတယ်၊ မသိနားမလည်တဲ့ ကျေးရွာတွေကို သူတို့လုပ်ချင်
သလိုတွေ လုပ်ခဲ့ကြလို့ မခံမရပ်နိုင်ဖြစ်ပြီး ခုလိုဆန္ဒပြရတာပါ"ဟု ၎င်းက ပြောကြားသည်။

ရေအောက်ကျောက်ဆောင်နှင့် တိုက်မိ၍ သင်္ဘောနစ်မြုပ်

နေပြည်တော်၊ ဇန်န၀ါရီ ၁၉

၁၇-၁-၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ ဖောင်းတောကျေးရွာအုပ်စု၊ မော်ကြီးကျေးရွာနှင့် ရေမိုင်(၁)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ SWIBER ကုမ္ပဏီ၏ တစ်ဆင့်ခံကုမ္ပဏီဖြစ်သော PTTEPI ကုမ္ပဏီမှ ပင်လင်ပြင်အတွင်း သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်နေသော PANRITH သင်္ဘောသည် ရေအောက် ကျောက်ဆောင်နှင့် တိုက်မိ၍ နစ်မြုပ်ခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသား(၄၂)ဦးတို့ပါရှိပြီး ၄င်းတို့ အနက်(၂)ဦးမှာ ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး ကျန်နိုင်ငံခြားသားများ ထိခိုက်မှုမရှိကြောင်းသိရှိရသည်။ သင်္ဘောနစ်မြုပ်ရာသို့ ကုမ္ပဏီမှ စက်လှေ(၂)စီးဖြင့် ဆယ်ယူ၍ အနီးရှိ CONQUESTသင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

  ရဲဇာနည်

သြစတြေးလျ နိုင်ငံမှ အပျော်တမ်း ရွှေတူးဖော်ရေး သမားတစ်ဦး အလေးချိန် ငါးကီလိုရှိ ရွှေတုံး တစ်တုံး တူးဖော်ရရှိ

Photo: သြစတြေးလျ နိုင်ငံမှ အပျော်တမ်း ရွှေတူးဖော်ရေး သမားတစ်ဦး အလေးချိန် ငါးကီလိုရှိ ရွှေတုံး တစ်တုံး တူးဖော်ရရှိ

သြစတြေးလျ နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှ ၁၁ဝ ကီလိုမီတာ အကွာ ဘောလ်လာရတ် မြို့ပြင်ရှိ မြေကွက်လပ် တစ်ခုမှ ၅ ကီလို (၁၇၇ အောင်စ) အလေးချိန် ရှိသည့် ရွှေတုံးတစ်တုံး ကို အမည် မဖော်လိုသူ အပျော်တမ်း ရွှေရှာဖွေသူ အမျိုးသား တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် တူးဖော် ရရှိခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင် ကောဒယ်လ်ကန့်တ်က ဇန်နဝါရီ ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ရွှေတုံးသည် Y ပုံသဏ္ဌာန် ရှိပြီး ၎င်းကို မြေအောက်အနက် ဆင်တီမီတာ ၆ဝ အကွာတွင် သတ္တု ရှာဖွေရေး ကိရိယာဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို Y သဏ္ဌာန် ရွှေတုံးသည် မြေပြင်တွင် ပြားကပ်လျက် တည်ရှိနေပြီး အထိအခိုက် မရှိစေရန် ဂရုတစိုက် တူးခဲ့ရကြောင်း ရွှေတုံးတူးဖော် ရရှိသူက ပြောကြားခဲ့သည်။

ဗစ်တိုးရီးယား ပြည်နယ်ရှိ ရွှေတွင်းများတွင် ယခင်က လူအများ အပြားက ရွှေတူး ဖော်သည့် လုပ်ငန်းကို လုပ်ကိုင် ခဲ့ကြသော်လည်း နောက်ပိုင်း၌ ရွှေထွက်ရှိခြင်း မရှိဟု လူအများ အပြားက ထင်မြင် ယူဆခဲ့ကြောင်း၊ သို့သော်လည်း အဆိုပါ အမည် မဖော်လိုသူ အမျိုးသားက ဆက်လက် တူးဖော်ခဲ့ကြောင်း၊ ယခုကဲ့သို့ ရွှေတုံးကို တူးဖော် ရရှိခဲ့ သဖြင့် ၎င်းအတွက် ရှာဖွေရကျိုး နပ်ခဲ့ကြောင်း ကန့်တ်က ပြောကြားခဲ့သည်။

http://www.myawady.net.mm/allnews/global/item/4786-2013-01-19-09-07-26#.UPpGJJ28B8E

အေးချမ်းမွန်မှ မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
သြစတြေးလျ နိုင်ငံတောင်ပိုင်း မဲလ်ဘုန်းမြို့မှ ၁၁ဝ ကီလိုမီတာ အကွာ ဘောလ်လာရတ် မြို့ပြင်ရှိ မြေကွက်လပ် တစ်ခုမှ ၅ ကီလို (၁၇၇ အောင်စ) အလေးချိန် ရှိသည့် ရွှေတုံးတစ်တုံး ကို အမည် မဖော်လိုသူ အပျော်တမ်း ရွှေရှာဖွေသူ အမျိုးသား တစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် တူးဖော် ရရှိခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင် ကောဒယ်လ်ကန့်တ်က ဇန်နဝါရီ ၁၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ရွှေတုံးသည် Y ပုံသဏ္ဌာန် ရှိပြီး ၎င်းကို မြေအောက်အနက် ဆင်တီမီတာ ၆ဝ အကွာတွင် သတ္တု ရှာဖွေရေး ကိရိယာဖြင့် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို Y သဏ္ဌာန် ရွှေတုံးသည် မြေပြင်တွင် ပြားကပ်လျက် တည်ရှိနေပြီး အထိအခိုက် မရှိစေရန် ဂရုတစိုက် တူးခဲ့ရကြောင်း ရွှေတုံးတူးဖော် ရရှိသူက ပြောကြားခဲ့သည်။

မြန်မာ့ပိုင်နက် အသုံးပြုပြီး အိန္ဒိယနယ်စပ် တိုက်ခိုက်သူများ အရေးယူ ဖော်ထုတ်ရန် ပန်ကြားမည်

နေမျိုး | စနေနေ့၊ ဇန်နဝါရီလ ၁၉ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၀၁ မိနစ်

မြန်မာပိုင်နက် အသုံးပြုပြီး အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့အား တိုက်ခိုက်သူများအား မြန်မာဘက်မှ အရေးယူဖော်ထုတ်ပေးရန် မဏိပူပြည်နယ် လွှတ်တော်အမတ် D Korungthang က ပြည်နယ်အစိုးရနှင့် အိန္ဒိယဗဟို အစိုးရ အား ပန်ကြားမည်ဖြစ်ကြောင်း သိရသည်။

မကြာမီက မိုးရေးမြို့ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပါတ်သက်သူများအား ဖမ်းဆီး အရေးယူဆောင်ရွက်ပေးပါရန်၊ မိုးရေးမြို့မှ ဒေသခံ အရပ်ဖက်အဖွဲ့အစည်း ၅ ဖွဲ့နှင့်၊ ပြည်နယ်အစိုးရ အရာရှိကြီးများ တွေ့ဆုံစဉ် ဗုဒဟူးနေ့က ထိုသို့ ပြောကြားလိုက်ကြောင်း ပြည်နယ်ထုတ် သတင်းစာက ဖော်ပြသည်။

မြန်မာနိုင်ငံက ပြဿနာတွေကို အမေရိကန် ပူးပေါင်းဖြေရှင်းမယ်လို့ ပြောကြား

ဇန်နဝါရီလ ၁၈ ရက် သောကြာနေ့ ညနေက ဝါရှင်တန် ဒီစီမြို့တော် မှာရှိတဲ့ မြန်မာနိုင်ငံသံရုံးမှာ ၆၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဧည့်ခံပွဲကို ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန အာရှနဲ့ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က မြန်မာနိုင်ငံမှာ လက်တွေ့ဖြေရှင်းရမယ့် စိန်ခေါ်မှု အခက်အခဲတွေရှိနေတာကတော့ အထင်အရှားရှိနေတဲ့အတွက် မိမိတို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အလေးအနက် ထောက်ခံအားပေးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မှာဖြစ်တဲ့အပြင် တိုင်းရင်းသားဒေသတွေက ဆူပူမငြိမ်မသက်မှုတွေ အပါအဝင် စိန်ခေါ်မှုတွေကို မိမိတို့ လက်တွဲဖြေရှင်းမယ်လို့ RFA ကိုပြောဆိုခဲ့ပါတယ်။

မအူပင်ခရိုင်မှ ငါးမွေးမြူရေးလုပ်ငန်းများ (၅)နှစ်ဆက်တိုက် အရှုံးပေါ်


Photo: မအူပင်ခရိုင်မှ ငါးမွေးမြူရေးလုပ်ငန်းများ (၅)နှစ်ဆက်တိုက် အရှုံးပေါ်

မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင် ၊ ဓနုဖြူ ၊ ပန်းတနော်နှင့် ညောင်တုန်း မြို့နယ်များမှ ငါးမွေးမြူရေးလုပ်ငန်းများမှာ (၅)နှစ်ဆက်တိုက်အရှုံးပေါ်နေကြောင်း မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ကျွန်တော်တို့ နှစ်စဉ် အရှုံးပေါ်နေတာ (၅)နှစ်တောင်ရှိပြီ ၊ တောက်လျှောက်
ရှုံးနေတော့ လုပ်ငန်း တွေမှာ ငွေကြေးအရင်းအနှီးက အများကြီး စိုက်ထုတ်ရတာ လူတွေလည်း မတတ်နိုင်တော့ဘူး “ မအူပင်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဖိလစ်ကင်းက ပြောသည်။

ထိုသို့အရှုံးပေါ်နေရခြင်းမှာ ပြည်တွင်းငါးစာဖြစ်သည့် ပဲဖတ်နှင့်နှမ်းဖတ်
များအား ပြည်ပသို့တင်ပို့ ရောင်းချခြင်း ၊ ငါးစာတောင့်ဈေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာခြင်း အစာတောင့်နှင့် အစာဈေးနှုန်းများ
မြင့်လာသော်လည်း ငါးဈေးနှုန်း ကျဆင်းနေခြင်းနှင့် ပြည်ပမှ ငါးဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းတည်ငြိမ်မှုမရှိခြင်းကြောင့်ဖြစ်သည်ဟု ငါးလုပ်ငန်း
ရှင်များထံက သိရှိရသည်။

(၅)နှစ်ဆက်တိုက်အရှုံးပေါ်နေခြင်းကြောင့် ငါးကုန်ထုတ်လုပ်ငန်းရှင်
များမှာ ငွေကြေးရင်းနှီးမြုပ်နှံမှု မလုပ်နိုင်ကြတော့သဖြင့် ငါးထုတ်လုပ်မှု
များလာခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များက ဆိုသည်။

“လုပ်ငန်းတွေမှာ ငွေကြေးအပြည့်အ၀မမြှုပ်နှံနိုင်တော့ ငါးကန်(၁)ဧက ပိဿာချိန် နှစ်ထောင်လောက် ထွက်မယ့် ကန်ဟာ ပိဿာငါးရာလောက် တစ်ထောင်လောက်ပဲ ထွက်တော့တယ် ။ ငွေကြေးအရင်းအနှီး မတတ်နိုင်တော့ လျှော့ပြီးလုပ်ရတဲ့သဘောပါ ဒါတွေကြောင့်လည်း
နိုင်ငံတော်အတွက် ထုတ်လုပ်မှု အပိုင်းမှာ အများကြီးနစ်နာပါတယ်” ဟု ပန်းတနော်မြို့မှ ငါးလုပ်ငန်းရှင် ဦးကျော်သိန်းက သုံးသပ်ပြောဆိုသည်။

ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်း အများဆုံး
လုပ်ကိုင်ပြီး မအူပင်ခရိုင်အတွင်းမှာ ငါးမွေးမြူရေးကန် ဧက (၁၅၉၈၈)ဧကရှိပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၄င်းခရိုင်မှ ငါးပိသာချိန် ပေါင်း (၁၇၈၈)သိန်း ထုတ်လုပ်နိုင်ကြောင်း မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရင်း များအရ သိရှိရသည်။

လက်ရှိအချိန်တွင် ပုစွန်မွေးမြူရေးလုပ်ငန်းများအနေဖြင့် ဂျပန်သို့ ပြည်ပ
ဈေးကွက်ရှိသော်လည်း၊ ပြည်ပမှ ပုစွန်စာတင်သွင်းရသည့်အတွက်
ကုန်ကျစားရိတ် ကြီးမြင့်မှုများ ဖြစ်ပေါ်နေကြောင်းနှင့် အစာပါ ပုစွန်စာများအတွက် ကုန်ကြမ်းအား မြန်မာနိုင်ငံမှ တင်ပို့ နေရခြင်းဖြစ်သည့် အတွက် နိုင်ငံအနေဖြင့် နည်းပညာလိုအပ်ချက်ကြောင့် မိအေးနှစ်ခါ နာသည့် အဖြစ်မျိုးကြုံတွေ့နေရကြောင်းကိုလည်း ပုစွန်ကန်တစ်ခု မှ လက်ထောက်
ပုစွန်မွေးမြူရေးပညာရှင်တစ်ဦးက သုံးသပ်သည်။


အေးချမ်းမွန်မှ Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းရှိ မအူပင် ၊ ဓနုဖြူ ၊ ပန်းတနော်နှင့် ညောင်တုန်း မြို့နယ်များမှ ငါးမွေးမြူရေးလုပ်ငန်းများမှာ (၅)နှစ်ဆက်တိုက်အရှုံးပေါ်နေကြောင်း မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။

“ကျွန်တော်တို့ နှစ်စဉ် အရှုံးပေါ်နေတာ (၅)နှစ်တောင်ရှိပြီ ၊ တောက်လျှောက်
ရှုံးနေတော့ လုပ်ငန်း တွေမှာ ငွေကြေးအရင်းအနှီးက အများကြီး စိုက်ထုတ်ရတာ လူတွေလည်း မတတ်နိုင်တော့ဘူး “ မအူပင်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူး ဦးဖိလစ်ကင်းက ပြောသည်။

ဘတ်စ်ကားမလုံလောက်မှု ပြဿနာနှင့် ယာဉ်ကြော ပိတ်ဆို့မှု ပြသနာအား ဖြေရှင်းနိုင်ရန် ဆယ်စုနှစ်ကျော်ကြာ ပိတ်ပင်ထားသည့် ဆိုင်ကယ်စီးနင်းမှုအား ပြန်လည်ခွင့်ပြုရန် စဉ်းစားနေ


နေ့စဉ်ဆိုးရွားစွာ ကြုံတွေနေရသည့် ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှု ပြသနာအား ပြန်လည်ဖြေရှင်းနိုင်ရန် ဆယ်စုနှစ်ကျော်ကြာ ပိတ်ပင်ထားခဲ့သည့် ရန်ကုန်မြို့တွင်း ဆိုင်ကယ်စီးနင်းမှုအား ပြန်လည်ခွင့်ပြုနိုင်ရန် စဉ်းစားမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

''ယာဉ်ကြောပိတ်ဆို့မှု ပြသနာကို ဖြေရှင်းနိုင်ဖို့ အစိုးရအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာ ဆိုင်ကယ်စီးနင်းမှု ပြန်လည်ခွင့်ပြုရေး ပြန်လည် သုံးသပ်စဉ်းစားနေပါတယ်'' ဟု ရထားပို့ ဆောင်ရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

လူဦးရေ ခုနှစ်သန်းခန့် နေထိုင်သည့် ရန်ကုန်မြို့တွင် ဘတ်စ်ကားရွေးချယ်စီးနင်းသူ ၈၅ရာခိုင်နှုန်းအထိ ရှိနေသော်လည်း ကိုယ်ပိုင်ကား စီးနင်းသူ ၆ ရာခိုင်နှုန်းနှင့် တက္ကစီ စီးနင်းသူ ၅ရာခိုင်နှုန်း ရှိနေပြီး မြို့ပတ်ရထားစီးနင်းသူနှင့် အခြားယာဉ်စီးနင်းသူ ၅ရာခိုင်နှုန်းအထိ ရှိနေကြောင်းလည်း သိရှိရပါသည်။

ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်

KIO ဌာနချုပ်အနီးရှိ လဂျားယန်ဒေသကို သိမ်းယူခဲ့ပြီးနောက် လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှ စတင်ရပ်ဆိုင်းမည်ဖြစ်ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့ပြီးနောက် ဖားကန့်ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ်အတွင်းရှိ ကာမိုင်းရဲစခန်းကို KIA တပ်ဖွဲ့များမှ လာရောက် တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ထို့အတွက်ကြောင့် ဖားကန့်မြို့နှင့် အနီးတ၀ိုက်တွင်လည်း တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေကြခြင်းဖြစ်သည်။

ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇မှာ ခရီးသည်တင်ကားများတိုက်ခိုက်ခံရ

ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဗန်းမော်- လွယ်ဂျယ်ကားလမ်း မိုင်တိုင် ၂၇မှာ ခရီးသည်တင်ကားများတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တိုက်ခိုက်ခံရ ယာဉ်များဟာ ဗင်ကားနှစ်စီး၊ ဟိုင်းလတ်ကားတစ်ီးဖြစ်ပါတယ်။

ကြီးကြပ်မိုင်း သုံးလုံးနဲ့တိုက်ခိုက်တာဖြစ်ပြီး အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူအားလုံးဟာ အရပ်သားခရီး သည်များသာဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူများကို ဗန်းမော်မြို့သို့ ပို့ဆောင်ခဲ့ ကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။

Ye Htut (ပြန်ကြားရေးဒုတိယ၀န်ကြီး)Facebook

ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွား

လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ရပ်နားမည်ဟု အစိုးရမှ သတင်းထုတ်ပြန်ခဲ့သော်လည်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများမှာ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရပါသည်။

"ခုနကတောင် လက်နက်ကြီးသံတွေ ကြားရသေးတယ်။ မနက် ၉ နာရီ ကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်နေတုန်းပဲ"ဟု KIO မှ ဗိုလ်ကြီး ဂျိုးဇက်က Eleven Media Group သို့ ပြောပါသည်။

ထို့အပြင် လဂျားယန်မဟုတ်သော အခြားဒေသများတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

ဇန်န၀ါရီလ ၁၉ ရက်နေ့ နံနက်က ကာမိုင်းမြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်မီးရှို့

  ဇန်န၀ါရီလ ၁၉ ရက်၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကာမိုင်း မြို့ပေါ်ရှိ ရဲစခန်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် စရဖရုံးတို့ကို KIA တပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့်က ၀င်ရောက်မီးရှို့သွားကြောင်းနှင့် လျှပ်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။

ကာမိုင်းမြို့ခံတစ်ဦးမှ ''မနက်ကတည်းက ပစ်ခတ်သံတွေ ကြားနေရတာ နံနက် ၇ နာရီ ၃၀ မိနစ်အထိပဲ။ ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ ဆိုင်တွေ ပိတ်ထားကြတယ်။ လမ်းပေါ်မှာ လူတောင်မရှိဘူး။ ရဲစခန်း ကိုဝင်ပစ်တာ စခန်းထဲက ရဲတပ်သားနှစ်ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်'' ဟု ပြောကြားပါသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ သတင်း ထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလား အလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုမှ သတင်းထုတ်ပြန်

Friday, 18 January 2013 21:54

ပြည်ထောင်စုအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှတစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ကေအိုင်အိုအဖွဲ့မှ န်န၀ါရီလ ၁၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်ကို တွေ့ရှိရပါကြောင်း၊ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စပြီး လဂျားယန်ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရှိရပါကြောင်း၊ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် စစ်ဆင်ရေး လှုပ်ရှားမှုကို လဂျားယန်ဒေသတွင်သာ ရပ်ဆိုင်းလိုက်ခြင်းမဟုတ်ဘဲ ကချင်ဒေသအနှံ့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် လှုပ်ရှားမှုများကို လျော့ချသင့်ကြောင်းနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်မှ တစ်ဆင့် ရှေ့အလားအလာကောင်းများ ဖော်ဆောင်သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိပါသည်။

ပထမအကြိမ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ အဖွင့်မိန့်ခွန်း

Photo: ပထမအကြိမ်မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ အဖွင့်မိန့်ခွန်း

ယနေ့ကျင်းပတဲ့ "နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်"သို့ ကြွရောက်လာကြတဲ့ ဒုတိယသမ္မတနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဥက္ကဋ္ဌများနဲ့ ကမ္ဘာတစ်ဝန်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ ခင်ဗျား မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအ၀င် အားလုံးစုံညီစွာ တက်ရောက်ပေးကြတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

အဆွေတော်တို့ အားလုံးသိရှိကြတဲ့အတိုင်း နိုင်ငံတော်အစိုးရရဲ့ ပထမအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာမှာ နိုင်ငံရေးစနစ်ပြောင်းလဲခြင်းနဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များကို သိသာထင်ရှားစွာ ဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်ရဲ့ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘ၀ တိုးတက်ရေးအတွက် အာရုံစိုက်ဆောင်ရွက်သွားဖို့ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို ၅ နှစ် စီမံကိန်းများဖြင့် ကာလရှည် ၂၀၁၁ မှ ၂၀၃၁ ခုနှစ်အထိ နှစ် ၂၀ လွှမ်းခြုံတဲ့ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (National Comprehensive Development Plan-NCDP)ကို ရေးဆွဲလျက်ရှိပါတယ်။ မိမိတို့ရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကိုလည်း အဆွေတော်တို့အား ချပြတိုင်ပင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲရေး အခြေခံမူဘောင် (Framework on Economic and Social Reform)အရ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှု (People Centered Development)နည်းလမ်းနဲ့ ချဉ်းကပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်စနစ်၊ ငွေကြေးကဏ္ဍ၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများအတွက် ဖြေလျှော့မှုများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေးနှင့် ပညာရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ အစိုးရစနစ်နှင့် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်ရန်များ၊ မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ် တိုးတက်ဖြစ်ပေါ်ရေး ဆောင်ရွက်ရန်များ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ထိရောက်၊ ထက်မြက်သည့် အစိုးရစနစ်ဖြစ်ပေါ်ရေး အစီအစဉ်များအဖြစ် ဦးစားပေးနယ်ပယ် (၁၀)ရပ် ပါဝင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား

ယခုအခါ နိုင်ငံတော်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး စနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘ၀ တိုးတက်ရေးအတွက် မိမိတို့ အစိုးရအနေနဲ့ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် (Good Governance)နှင့် သန့်ရှင်းသောအစိုးရ (Clean Government)ဖြစ်ပေါ်စေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကို ပြုပြင်တည်ဆောက်လာခဲ့တာ ၁ နှစ် ၉ လ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်မှုတွေကြောင့် ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်း ကမ္ဘာ့နိုင်ငံများရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒများဟာ ဘက်စုံအရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲတာကို တွေ့မြင်နိုင်ပါတယ်။ ဒီလိုတစ်ဆင့်ပြီးတစ်ဆင့် ပြုပြင်ပြောင်းလဲတိုးတက် ဆောင်ရွက်လာမှုတွေအပေါ်မှာ နိုင်ငံတကာက အကူအညီအထောက်အပံ့ ပေးလိုတဲ့အဖွဲ့အစည်းများက မိမိတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အစီအမံများကို ဦးစားပေးကဏ္ဍ(Priority Sector)နှင့် ဦးစားပေးနယ်မြေ (Priority Area)တို့ကို သိရှိလိုကြတဲ့အတွက် ယခုကဲ့သို့ ဖိုရမ်ကို ကျင်းပဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

မြန်မာအစိုးရ၏ စီးပွားရေးဆိုင်ရာမူဝါဒများအနေနဲ့ စိုက်ပျိုးရေးကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား အချိုးကျမျှတစွာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်သူလူထုတစ်ရပ်လုံး ရရှိခံစားနိုင်မည့် လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းအင်းကိန်းဂဏန်းများ မှန်ကန်ရေးနှင့် စာရင်းအင်းဆိုင်ရာ နည်းစနစ်များ ပြင်ဆင်ရေး စတဲ့စီးပွားရေးမူဝါဒတွေကို ချမှတ်ထားပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား

၂၀၀၅ ခုနှစ် ပဲရစ်ကြေညာစာတမ်းအရ အကူအညီ အထောက်အပံ့များ ထိရောက်အကျိုးရှိရေးအတွက် ချမှတ်ထားတဲ့ ပိုင်ဆိုင်မှု (Ownership)၊ ညီညွတ်မှု (Alignment)၊ လိုက်လျောညီထွေရှိမှု (Harmonisation)၊ရလဒ်အတွက် စီမံဆောင်ရွက်မှု (Managing For Result)၊ အပြန်အလှန်တာဝန်ယူမှု (Mutual Accountability)စတဲ့ အခြေခံမူ ၅ ရပ်နဲ့အညီ မိမိတို့နိုင်ငံအနေနဲ့ အကူအညီ အထောက်အပံ့ပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ဖွံ့ဖြိုးမှု အကူအညီတွေ ထိထိရောက်ရောက်ရှိဖို့ ကိစ္စဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အလွန်အရေးကြီးပါတယ်။

ပြည်သူလူထုတစ်ရပ်လုံး၏ လူနေမှုဘ၀ အရည်အသွေးကို တိုးတက်စေနိုင်မည့် လူမှုစီးပွားနယ်ပယ် အသီးသီးကို ပြည်တွင်းမှာရှိတဲ့ အစိုးရ (Government)၊ ပြည်သူ (Public) ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ (Private Business Entrepreneurs)၊ လူမှုအဖွဲ့အစည်းများ (Civil Society)၊ ဒေသတွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (LNGOs)စတဲ့ ပြည်တွင်းအားကိုသာမက အပြည်ပြည်ဆိုင်ရာမှ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ (International Donor Community and Organizations)၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs)စသည့် Stakeholders အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ မိမိတို့နိုင်ငံဖွံ့ဖြိုးမှုဟာ ပိုမိုမြန်ဆန်နိုင်မှာဖြစ်ပါတယ်။

အကူအညီအထောက်အပံ့၊ ချေးငွေများကို လက်ခံရယူတဲ့အခါ အိမ်ရှင်နိုင်ငံက အဓိကမောင်းနှင်သူ နေရာယူပြီး နိုင်ငံတကာမှာ ချမှတ်ထားတဲ့ ထောင်စုနှစ်ပန်းတိုင်များ (Millennium Development Goals-MDGs)ကဲ့သို့သော ပန်းတိုင်နှင့်ရည်မှန်းချက်များလည်း ပြည့်မီစေနိုင်သလို အကူအညီအထောက်အပံ့ပေးအပ်တဲ့ နိုင်ငံရဲ့စေတနာအရ ထိရောက်တဲ့ ဖွံ့ဖြိုးမှုအကူအညီများ ဖြစ်ပေါ်စေရေးအတွက် မိမိတို့နိုင်ငံမှာ အကျိုးရှိအောင် အသုံးပြုဖို့လိုပါတယ်။ ထိရောက်တဲ့ ဖွံ့ဖြိုးမှုအကူအညီဖြစ်ဖို့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားတစ်ရပ်ကို ထူထောင်ပြီး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ်ခြင်း (Monitoring and Evaluation-M&E)ကိုလည်း သေချာစွာ ဆောင်ရွက်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ဖွံ့ဖြိုးမှုမိတ်ဖက်များမှ မိမိတို့ဆောင်ရွက်နေတဲ့ စီမံချက်များနဲ့ စပ်လျဉ်းသည့် သတင်းအချက်အလက်တွေကို ပုံမှန်ပေးပို့ခြင်းဖြင့် အကူအညီများ ပိုမိုထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ရာတွင် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အသိပညာ ဗဟုသုတ၊ အတွေ့အကြုံနှင့် အရင်းအမြစ်များကို အသုံးပြုနိုင်ရန်အတွက် မိမိတို့အစိုးရအနေနဲ့ ပြည်သူများအတွက် ဖွံ့ဖြိုးမှုမိတ်ဖက်များနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ပိုမိုထိရောက်ရေးအတွက် ခိုင်မာသော လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားရန် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးတွင် ထိရောက်မှုရှိစေမည့် နေပြည်တော် သဘောတူညီချက်ကို အတည်ပြုထုတ်ပြန် ကြေညာသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ထိရောက်တဲ့ ဖွံ့ဖြိုးမှုအကူအညီဆိုရာမှာ အကူအညီ၊ အထောက်အပံ့များ၊ အတိုးမဲ့ချေးငွေ၊ အတိုးနှုန်းသက်သာတဲ့ ချေးငွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံငွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ကောင်းမွန်သောရလဒ်နဲ့ ပြယုဂ်ကြောင့် အကူအညီများ ပိုမိုစီးဝင်စေခြင်း၊ အလှူရှင်များ၏ စိတ်ဆန္ဒ စေတနာ ပိုရှိစေခြင်း၊ ထိရောက်တဲ့ အကောင်အထည်ဖော်မှုတွေနဲ့ မိမိတို့နိုင်ငံရဲ့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေခြင်း၊ လူနေမှုဘ၀ အရည်အသွေးတိုးတက်စေခြင်း၊ လူသားဖွံ့ဖြိုးမှု (Human Development) ဖြစ်ပေါ်စေတဲ့အတွက် မိမိတို့ နိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတစ်ခုသို့ ကူးပြောင်းမှု ဖြစ်စဉ်ကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ဧည့်သည်တော်များခင်ဗျား

မိမိတို့အစိုးရဟာ ပြည်သူရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူရဲ့ အကျိုးစီးပွား၊ ပြည်သူရဲ့ မျှော်မှန်းချက်နဲ့ ပြည်သူရဲ့ဆန္ဒတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ People centered government ဖြစ်ဖို့ လိုအပ်ပါတယ်။ လယ်ယာကုန်ထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်ဒေသ ကုန်ထုတ်လုပ်ငန်းနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစား ပုဂ္ဂလိကငွေစုငွေချေး (Micro Credit) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး။ ကျေးလက်သမ၀ါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစတာတွေ ဖြစ်ပါတယ်။ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် ၀င်ငွေတိုးတက်ရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ပြည်သူများ တိုက်ရိုက်ခံစားရရှိစေသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံစားနိုင်ရေး၊ ပညာရေးတိုးတက်မှုရှိရေး၊ လူမှုဘ၀ဖူလုံရေး၊ လျှပ်စစ်မီးသုံးစွဲနိုင်ရေး၊ ဆက်သွယ်မှုစနစ် ကောင်းမွန်ရေးများကိုလည်း တစ်ပါတည်း အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ လယ်ယာကဏ္ဍ သက်သက်တစ်ရပ်သာမကဘဲ စက်မှုလုပ်ငန်းများ ထူထောင်ပြီး နိုင်ငံတကာဈေးကွက်သို့ မိမိနိုင်ငံ၏ ပို့ကုန်များ တင်ပို့နိုင်ရေးကိုလည်း အထူးစီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိရာ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအကူအညီများ ရရှိပါက မိမိတို့၏ ရည်မှန်းချက်များ ပိုမိုပေါက်မြောက် အောင်မြင်နိုင်မှာဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး (Peace and Stability) နဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး (Socio-economic Development) ဟာ တစ်ခုနဲ့တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သလို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှလည်း တိုင်းပြည်တည်ငြိမ်အေးချမ်းမှာဖြစ်ပါတယ်။ Unity and diversity ဆိုတဲ့ သဘောတရားအတိုင်း သဘောထားတူညီတာတွေ ရှိသလို မတူညီတာတွေရှိတာကိုလည်း လက်ခံရမှာဖြစ်ပါတယ်။ တူညီတာတွေကို တိုင်းပြည်နဲ့လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်ပြီး မတူညီတာတွေကို စိတ်ရှည်သည်းခံပြီး တဖြည်းဖြည်း တူညီသည်အထိ ညှိနှိုင်းရယူသွားရမှာဖြစ်ပါတယ်။ ရင်ကြားစေ့တဲ့ အနေအထားမျိုးရောက်လာအောင် မိမိတို့ လက်တွေ့ကြိုးစားဆောင်ရွက်နေပါတယ်။

တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဒီလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းဟာ မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာလည်း တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရအောင်၊ သာမန်မခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအဆင့်မှ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးရအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင်ခဲ့ရသူတွေ၊ ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့တွေရဲ့ လူမှုစီးပွားအခြေအနေများ တိုးတက်ကောင်းမွန်စေရေး၊ အဆိုပါဒေသများမှာ စီးပွားရေးအခွင့်အလမ်းနဲ့ အလုပ်အကိုင်ဖန်တီးရေးတို့အတွက် အလွန်အရေးပါလျက်ရှိပါတယ်။ ရန်ကုန်မြို့မှာ ငြိမ်းချမ်းရေးဖွံ့ဖြိုးမှု ဗဟိုဌာန (Peace Development Centre) ထူထောင်ထားပြီးဖြစ်သလို ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှုရန်ပုံငွေ (Peace Development Fund) မှာ ပါဝင်လှူဒါန်းတဲ့ အလှူရှင်နိုင်ငံများအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

အလျဉ်းသင့်လို့ KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စကို ပြောပြလိုပါတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိသည်အထိ ကျွန်တော့်အနေနဲ့ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ KIO မှလွဲပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး Political Dialogue ကိစ္စရပ်များကို ယခု ၂၀၀၃ နှစ်ဦးပိုင်းမှာ စပြီး ဆောင်ရွက်ဖို့ ပြင်ဆင်ပြီး ဖြစ်ပါတယ်။ KIO ကိုလည်း ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆက်လက်ကမ်းလှမ်းထားပြီး ယခုလည်း ဒီနေရာကနေ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ်။ မကြာမီ ငြိမ်းချမ်းရေးကို လက်ကမ်းလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ တပ်မတော်က အကန့်အသတ်နဲ့ ဆောင်ရွက်နေတဲ့ စစ်ရေးကိစ္စဆောင်ရွက်မှုများ ရပ်ဆိုင်းဖို့ အမိန့်ပေးထားပြီးဖြစ်ပါတယ်။ တစ်ဖက်ကလည်း အလားတူ ရပ်ဆိုင်းပေးသွားဖို့ လိုအပ်ပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းကို ကောက်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ နှစ် ၃၀ ခန့်ကြာမှ သန်းခေါင်စာရင်းကို ထပ်မံကောက်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရာတွင် လိုအပ်မယ့် အကူအညီအထောက်အပံ့တွေကို နိုင်ငံတကာအဖွဲ့အစည်းများမှ ၀ိုင်းဝန်းကူညီပံ့ပိုးပေးဖို့အတွက် လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဒီဖိုရမ်ဟာ မိမိတို့နိုင်ငံအတွက် နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး ကျင်းပဆောင်ရွက်တဲ့ ဖိုရမ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ အပါအ၀င် ဧည့်သည်တော်များ အားလုံး မအားလပ်တဲ့ကြားက စုံညီစွာ တက်ရောက်ပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ယခု ဖိုရမ်မှာ မိမိတို့နိုင်ငံ ဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ချပြဆွေးနွေးမှာဖြစ်သလို ဖွံ့ဖြိုးမှုမိတ်ဖက်များ အနေဖြင့်လည်း တတ်စွမ်းသမျှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ဖို့ ဆွေးနွေးပေးပါရန်နဲ့ ဖွံ့ဖြိုးမှု အတွေ့အကြုံများကို ဝေမျှနိုင်ဖို့ သီးခြားဆွေးနွေးမယ့် Session တွေမှာလည်း ရလဒ်ကောင်းတွေ ပေါ်ထွက်နိုင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါသည်။

ဓာတ်ပုံ- ထူးသန့်

အေးချမ်းမွန်မှ  7Day News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယနေ့ကျင်းပတဲ့ "နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်"သို့ ကြွရောက်လာကြတဲ့ ဒုတိယသမ္မတနှင့်တကွ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသ ဥက္ကဋ္ဌများနဲ့ ကမ္ဘာတစ်ဝန်းမှ အလှူရှင်နိုင်ငံများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ ခင်ဗျား မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အပါအ၀င် အားလုံးစုံညီစွာ တက်ရောက်ပေးကြတဲ့အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

Photo: ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၉။

ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊
ကားဝပ်ရှော့များ စသော ပတ်သတ်သော ၀န်ဆောင်မှုများ အား
လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်
အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း
သိရသည်။

“ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာ
ဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါ
တယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသ
ထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာ
အခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့
ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့
ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ၊ ကားရေဆေးဆီ
ထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။
ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်
နေကြပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့
မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာတည်းမှာ ရရှိနိုင် တဲ့ ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကား
ဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာ အကုန်
လုပ်နိုင်မယ့် Automobile Shopping Centreကြီး တစ်ခု
ဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က ပြောကြားသည်။

အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့များ အပါအ၀င် စားသောက်ဆိုင် ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်
ဆိုင်များကို ဖွင့်လှစ်ရန်လည်းရှိကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန်၊ ဇန်န၀ါရီ ၁၉။

ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊
ကားဝပ်ရှော့များ စသော ပတ်သတ်သော ၀န်ဆောင်မှုများ အား
လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်
အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း
သိရသည်။

“ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာ
ဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါ
တယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသ
ထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာ
အခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့
ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

Barcamp Yangon 2013 လှိုင်တက္ကသိုလ်နယ်မြေတွင် ယနေ့နံနက် ၈ နာရီမှစတင်ကာ ကျင်းပ

သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ အကြောင်းအရာများအပြင် တက်ရောက်လာသူများက စိတ်ဝင်စားသည့် မည်သည့်ခေါင်းစဉ်နှင့်မဆို ဗဟုသုတများ အချင်းချင်းဆွေးနွေးဖလှယ်နိုင်သည့် ဘားကမ့်ကို ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေတွင် ယနေ့နံနက် ၈ နာရီမှစတင်ကာ ကျင်းပလျက်ရှိသည်။

ယခုလက်ရှိ ကျင်းပနေသည့် Barcamp Yangon 2013 တွင် လက်ရှိအချိန်အထိ တက်ရောက်လာသူပေါင်း ၃၀၀၀ ကျော်နေပြီဖြစ်ပြီး နိုင်ငံတကာမှ လာရောက်သည့် Barcamper ၂၀ ဦးခန့် ရှိနေပြီဖြစ်သည်။

ယခုလက်ရှိ ကျင်းပနေသည့် ဘားကမ့်တွင် နိုင်ငံတကာ၌ ခေတ်စားနေသည့် နောက်ဆုံးပေါ် နည်းပညာဆိုင်ရာများနှင့် သက်ဆိုင်သော အကြောင်းအရာများကို တက်ရောက်လာသည့် လူငယ်များက အပြိုင်အဆိုင် ဆွေးနွေးဖလှယ်မှုများကို ပြုလုပ်နေကြသည်။
7Day News Journal

ရန်သူ ရေငုပ်သင်္ဘော များကို ထောက်လှမ်းနိုင်သည့် စက်ရုပ်ရေယာဉ် အမေရိကန် ရေတပ် အသုံးပြုမည်

ရန်သူ၏ ရေငုပ်သင်္ဘော များကို ရှာဖွေ ထောက်လှမ်းနိုင်သည့် ''Star Wars" ဟု အမည် ပေးထားသော စက်ရုပ်ရေယာဉ် တစ်စင်းကို မကြာမီ နှစ်များ အတွင်း၌ အမေရိကန် စစ်တပ်က စတင် အသုံးပြုနိုင် တော့မည်ဟု သိရသည်။

မောင်းသူမဲ့ ရေငုပ်သင်္ဘော တိုက်ဖျက်ရေးယာဉ် (ACTUV) ဟု မှည့်ခေါ် ထားသော အဆိုပါ ယာဉ်သည် လေဆာ၊ ရေဒါနှင့် ဆိုနာ ထောက်လှမ်းရေး ကိရိယာ များကို အသုံးပြု၍ ရန်သူ၏ ရေငုပ်သင်္ဘော များကို ထောက်လှမ်း သွားမည် ဖြစ်သည်။ ၎င်းယာဉ်သည် အမေရိကန် ရေတပ်မှ လေယာဉ်တင် သင်္ဘောများနှင့် အခြား စစ်ရေယာဉ် ကြီးများအား ရေအောက်မှ တိုက်ခိုက် ခံရမည့် ဘေးအန္တရာယ် များမှ ကာကွယ် ပေးနိုင်မည် ဖြစ်ပြီး ၎င်းယာဉ်သည် အနာဂတ် စစ်ပွဲများ၌ ရန်သူ၏ လှုပ်ရှားမှု များကို စောင့်ကြည့်နိုင်သော စောင့်ကြည့် လေ့လာရေး ယာဉ်တစ်စင်း ဖြစ်လာမည် ဖြစ်သည်။

ဖားကန့်မြို့နယ်တွင် လူနေအိမ်ပေါ် လက်နက်ကြီးကျရောက်မှုကြောင့် ဝန်ထမ်းတစ်ဦး ဒဏ်ရာရ

ဖားကန့် ၊ ဇန်နဝါရီ ၁၉

ဖားကန့်မြို့နယ် ၊ဆိုင်တောင်းကျေးရွာ စမ်းသီတာရပ်ကွက်ရှိ အိမ်အမှတ် ၁/၁၄၄၅ကို ဇန်နဝါရီ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲ ဝန်းကျင်တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲခြင်းကြောင်း အသက် ၂၅ နှစ်အရွယ် လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်ဒိန်သည် လက်နှင့် ခြေထောက်တွင် ဒဏ်ရာရရှိပြီးဖားကန့်မြို့နယ် ဆေးရုံတွင် အရေးပေါ်လူနာအဖြစ် ရာက်ရှိနေကြောင်းဒဏ်ရာရရှိသူအား လိုက်ပါပို့ဆောင်ပေးနေသူ တို့က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ ၁၉ ရက်)နံနက် ၄ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ကေအိုင်အေ ရှေ့တန်းတပ်များက လာရောက် တိုက်ခိုက်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီကျော်ထိခုခံ တိုက်ခိုက်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ လူမှုကွန်ယက် အင်တာနက် စာမျက်နှာဖြစ်သော ရဲဇာနည် တွင် ဖော်ပြထားသည်။
 The Voice Weekly

အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဖေဖော်ဝါရ်ီအတွင်း ပြုလုပ်မည်





ha-19-1-1
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲ ကျင်းပသည့် ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသော တပ်မတော်သားတစ်ဦး
အစိုးရနှင့် နာဂလက်နက်ကိုင် အဖွဲ့အစည်းတို့၏ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့်ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း နာဂငြိမ်းချမ်းရေးအဖွဲ့ထံမှ သိရှိရသည်။
အစိုးရနှင့် နာရလက်နက် ကိုင်အဖွဲ့အစည်းတို့အကြား တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
''မြန်မာအစိုးရနဲ့ နာဂလက်နက်ကိုင် အဖွဲ့အစည်းကြားမှာ ဆက်ဆံရေးကောင်းမွန်စွာ ရှိပါတယ်။ အဲဒီအတွက် ပြည်သူလူထုလည်း ၀မ်းသာကြတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသားတွေကို ကြည့်မယ်ဆိုရင် မြန်မာပြည်ထဲက အခြားတိုင်းရင်းသားတွေနဲ့ မတူသေးဘူး။ နာဂလူမျိုးတွေမှာ ဖွံ့ဖြိုးမှု မရှိသေးဘူး။ ပညာရေးလည်း နိမ့်ကျသေးတယ်။

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ်




1.19.01
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။
သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ငါး အရည်အသွေး ရေရှည် ထိန်းသိမ်းနိုင်ရေး ပို့ကုန်လုပ်ငန်းရှင် အချို့၏ ငါးအလေးချိန် ပိုမိုရရှိအောင် ရေထိုးနေမှုများ ရပ်တန့်ရန် လိုအပ်ကြောင်း ငါးလုပ်ငန်းရှင်များ ပြောကြား

မြန်မာ့ငါး အရည်အသွေး ရေရှည် ထိန်းသိမ်းနိုင်ရေး ပို့ကုန်လုပ်ငန်းရှင် အချို့၏ ငါးအလေးချိန် ပိုမိုရရှိအောင် ရေထိုးနေမှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်များနှင့် ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များ အသင်းမှ အလုပ်အမှုဆောင် ဒေါက်တာမြင့်စိန်က “ငါးရဲ့ကျောကို ခွဲပြီး ရေထိုးရင် အလေးချိန် ပိုရတဲ့အတွက် ပို့ကုန် လုပ်ငန်းရှင် အချို့က ဒါကို လုပ်ဆောင်နေပါတယ်။ အရင်တုန်းက ငါးရဲ့ဗိုက်ကိုခွဲ ရေခဲထည့်ပြီး ငါးရဲ့အရည် အသွေးကို ထိန်းတာ ဖြစ်ပါတယ်။ အဲဒီလို ထည့်ရင်လည်း ငါးရဲ့အသားထဲကို ရေစိမ့်ဝင်တာ မျိုးမဖြစ်ဘူး။ ဒီလိုမျိုးလုပ်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ငါးတွေရဲ့ အရည်အသွေး ကျဆင်းပြီး ဈေးကွက် ပျက်သွားလိမ့်မယ်။ ငါးဦးစီးရယ် ငါးလုပ်ငန်း အဖွဲ့ချုပ်ရယ် ပို့ကုန်ုလုပ်ငန်းရှင် တွေရယ် ဆွေးနွေး အဖြေရှာပါလို့ ပြောချင်ပါတယ်။ ဘယ်သူရောင်းရောင်း မြန်မာနိုင်ငံက လာတာပဲ ဆိုတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ငါးထုတ်ကုန် တစ်ခုလုံးနဲ့ ဆိုင်တာပါ” ဟု ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယား နိုင်ငံ နျူကလီးယား အဏုမြူ ဓာတ်ပေါင်းဖိုတွင် ချွတ်ယွင်းချက် ရှာဖွေ တွေ့ရှိ၍ ပိတ်ခဲ့ရ

Photo: တောင်ကိုရီးယား နိုင်ငံ နျူကလီးယား အဏုမြူ ဓာတ်ပေါင်းဖိုတွင် ချွတ်ယွင်းချက် ရှာဖွေ တွေ့ရှိ၍ ပိတ်ခဲ့ရ

တောင်ကိုရီးယား နိုင်ငံတွင် နည်းပညာ ဆိုင်ရာ ချွတ်ယွင်းမှုကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတစ်ခုကို ဇန်နဝါရီ ၁၇ ရက်တွင် ပိတ်ခဲ့ရကြောင်း အင်တာနက် သတင်းအရ သိရသည်။

ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၃ဝ ကီလိုမီတာ အကွာရှိ The Uljin-1 နျူကလီးယား ဓာတ်ပေါင်းဖိုတွင် တိုင်းတာရေး ကိရိယာ ချွတ်ယွင်း ခဲ့သောကြောင့် ပိတ်ပစ် ခဲ့ရခြင်း ဖြစ်ကြောင်း Korea Hydro and Nuclear Power ကုမ္ပဏီ မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိ ကြွစေသည့် ဓာတ်ပစ္စည်းများ ယိုစိမ့်ခြင်း မရှိဘဲ ဓာတ်ပေါင်းဖိုမှာ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် အလိုအလျောက် ပိတ်သွား ခဲ့ရခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

၎င်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ တာဝန်ရှိသူ များက စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် နျူကလီးယား စွမ်းအင်သုံး ဓာတ်ပေါင်းဖို ၂၃ ခုရှိပြီး နိုင်ငံအတွက် လိုအပ်နေသော လျှပ်စစ် ဓာတ်အား၏ ၃၅ ရာခိုင်နှုန်း ကျော်ကို အဆိုပါ ဓာတ်ပေါင်းဖို များမှ ထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။ တောင်ကိုရီးယား အစိုးရသည် လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် နျူကလီးယား စွမ်းအင်သုံး ဓာတ်ပေါင်းဖို ၁၆ လုံးကို ထပ်မံ တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/4783-2013-01-19-08-44-41#.UPoZ_u72t8A

အေးချမ်းမွန်မှ မြ၀တီ  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တောင်ကိုရီးယား နိုင်ငံတွင် နည်းပညာ ဆိုင်ရာ ချွတ်ယွင်းမှုကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတစ်ခုကို ဇန်နဝါရီ ၁၇ ရက်တွင် ပိတ်ခဲ့ရကြောင်း အင်တာနက် သတင်းအရ သိရသည်။

ဆိုးလ်မြို့ အရှေ့တောင်ဘက် ၃၃ဝ ကီလိုမီတာ အကွာရှိ The Uljin-1 နျူကလီးယား ဓာတ်ပေါင်းဖိုတွင် တိုင်းတာရေး ကိရိယာ ချွတ်ယွင်း ခဲ့သောကြောင့် ပိတ်ပစ် ခဲ့ရခြင်း ဖြစ်ကြောင်း Korea Hydro and Nuclear Power ကုမ္ပဏီ မှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါ ဓာတ်ပေါင်းဖိုမှ ရေဒီယို သတ္တိ ကြွစေသည့် ဓာတ်ပစ္စည်းများ ယိုစိမ့်ခြင်း မရှိဘဲ ဓာတ်ပေါင်းဖိုမှာ ဘေးအန္တရာယ် ကင်းရှင်းစေရန် အတွက် အလိုအလျောက် ပိတ်သွား ခဲ့ရခြင်း ဖြစ်သည်ဟု ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက AFP သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အနှိပ်ခန်း နှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူများကို အမှုဖွင့် စစ်ဆေး

The Voice Weekly ဟင်္သာတ၊ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်း ဒေသကြီး ဓနုဖြူ မြို့နယ် တမြာ ကျေးရွာ အုပ်စုရှိ အမျိုးသမီးငယ် များကို ဝင်ငွေကောင်းသော အလုပ်ရမည်ဟု ပြောဆိုပြီး မိုင်းရှူး မြို့တွင် အနှိပ်ခန်းနှင့် လိင်လုပ်သား အဖြစ် စေခိုင်းသူ များကို ဓနုဖြူ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေး ထားကြောင်း ယင်း ရဲတပ်ဖွဲ့မှူး ရုံးထံ မှ စုံစမ်း သိရှိ ရသည်။

အဆိုပါ စေခိုင်း ခံရသူ အမျိုးသမီးများသည် ဓနုဖြူ မြို့နယ် တမြာ ကျေးရွာ အုပ်စုရှိ ကညင်ကောက် နှင့် သူဌေးကုန်း ကျေးရွာတို့မှ ဖြစ်ပြီး အသက် ၁၄ နှစ် မှ အသက် ၂၀ ကျော် အရွယ် အမျိုးသမီး ၁၂ ဦး ဖြစ်ကြောင်း၊ ကျောက်ရွေး လုပ်ငန်းတွင် လုပ်ကိုင် ရမည် ဟု ဆိုကာမိုင်းရှူး မြို့သို့ ခေါ်ဆောင်၍ ယင်းကဲ့သို့ ခိုင်းစေခြင်း ဖြစ်ကြောင်း အမျိုးသမီးငယ် တစ်ဦး၏ မိသားစုဝင် တစ်ဦးက ရှင်းပြသည်။ ယင်း အမျိုးသမီးများ ထဲ မှ ၁၁ ဦးကို အနှိပ်ခန်း လုပ်ငန်းနှင့် အသက်၂၀ အရွယ် အမျိုးသမီး တစ်ဦးကို နှစ်လခန့် လိင်လုပ်သား အဖြစ် စေခိုင်း ခဲ့ကြောင်း စေခိုင်း ခံရသူ၏ မိခင် ဒေါ်ချိုက ဆိုသည်။

ဖားကန့်မြို့နယ် ကာမိုင်းရဲစခန်းကို ကေအိုင်အေ တပ်ဖွဲ့ များက ဝိုင်းဝန်းတိုက်ခိုက် ရဲတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံး အဆောက်အဦများမီးလောင်

တပ်မတော်က ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ကစပြီး လဂျားယန်ဒေသမှာ ဆောင်ရွက်နေတဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများကို ရပ်ဆိုင်းခဲ့ပါပြီ။ ကေအိုင်အေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသအားလုံးမှာလည်း သမ္မတကြီးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်အတိုင်း မိမိကိုယ် မိမိ ခုခံ ကာကွယ်ရန်မှအပ ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် ဆိုသည့်အချက်ကို တိကျစွာ လိုက်နာသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံအတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီနေ့မနက်မှာလည်း နိုင်ငံတကာသံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အိုင်အန်ဂျီအိုများတက်ရောက်တဲ့ နိုင်ငံတကာဖိုရမ်မှာလည်း သမ္မတကြီး က ငြိမ်းချမ်းရေးဆွေးနွေးဖို့ထပ်ပြီးကမ်းလှမ်းခဲ့ပါတယ်။ တပ်မတော်ဘက် က စစ်ရေးဆောင်ရွက်ချက်များရပ်ဆိုင်းသလို ကေအိုင်အေဘက်ကလည်း အလားတူတုန့်ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်

Photo: ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက  ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

ရခိုင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေကို ရဲတွေက စော်ကား


ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရသေ့တောင် မြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင် တချို့က စော်ကားမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
Rathidaung
အဲသလို စော်ကား ခံခဲ့ရတဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေဟာ သူတို့ရဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ရပ်တန့်ပြီး စစ်တွေကို ပြန်သွားကြရတယ်လို့ ရသေ့တောင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းက ပြောဆိုပါတယ်။
စစ်တွေမြို့ရဲ့ မြောက်ဘက် မိုင် (၂၀) အကွာမှာ တည်ရှိတဲ့  ရသေ့တောင်မြို့မှာ အစိုးရရဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ မပြေမလည် ဖြစ်နေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိစ္စတွေကို စစ်ဆေးဖို့ လာရောက်စဉ်မှာ ရဲတွေက အားမနာမူတွေနဲ့ အတူ စော်ကားမူတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်း အီရန် ရေတပ် စစ်သင်္ဘောများ ကင်းလှည့် မည်

အီရန် နိုင်ငံသည် ၎င်းတို့၏ ရေတပ် စစ်သင်္ဘော များကို မြေထဲ ပင်လယ်နှင့် အခြား ပင်လယ်များ အတွင်းသို့ တပ်ဖြန့်မည် ဖြစ်ကြောင်း ရေတပ်ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီ က ပြောကြား ခဲ့သည်ဟု သိရသည်။
အီရန် နိုင်ငံ၏ အမှတ် (၂၄) ရေတပ်ဖွဲ့မှ စစ်သင်္ဘော များသည် အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း၊ အေဒင် ပင်လယ်ကွေ့၊ ဘတ်အယ်လ်မန်းဒက်ဘ် ရေလက်ကြား၊ ပင်လယ်နီ၊ စူးအက် တူးမြောင်းနှင့် မြေထဲပင်လယ် ဒေသများသို့ သုံးလကြာ ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ပြီး အရှေ့တောင် အာရှ နိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း ဆေယာရီ၏ ပြောကြားချက်ကို ကိုးကား၍ Press TV သတင်း ဌာနက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံမှာ Samsung စက်ရုံ တည်ထောင်မည် မဟုတ် ဟု DICA ငြင်းဆို


ကမ္ဘာကျော် အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung သည် ပြည်တွင်း ၌ စက်ရုံ တည်ထောင်၍ ထုတ်ကုန်များ ထုတ်လုပ် သွားမည် ဆိုသည်မှာ မဟုတ် မှန်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းတင်က The Voice Weekly သို့ ပြောကြားသည်။

"လက်ရှိ အချိန် အထိ ကျွန်တော်တို့ ဆီမှာ လာတင် ထားတာ မရှိသေး ပါဘူး။ ဆွေးနွေးတာ မျိုးလည်း မရှိသေး ပါဘူး" ဟု ၎င်းက ရှင်းပြသည်။

ပြည်တွင်း သတင်း စာစောင် တစ်ခုတွင် Samsung ကုမ္ပဏီသည် မကြာမီ လပိုင်း အတွင်း မှော်ဘီ မြို့နယ် အတွင်း စက်ရုံ တည်ဆောက် ပြီး ဝန်ထမ်း အင်အား ငါးသောင်းခန့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးသွား နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် မှ တာဝန် ရှိသူ တစ်ဦး၏ အဆိုကို ကိုးကား၍ ဖော်ပြ ထားသည်။

သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးရန် ကေအိုင်အေကို ဖိတ်ခေါ်၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့နှင့် နိုင်ငံရေးဆွေးနွေးမှု စတင်တော့မည်

သမ္မတဦးသိန်းစိန်က ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)နှင့် အစိုးရအကြား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ဆွေးနွေးလိုကြောင်း ယနေ့ တရားဝင်ဖိတ်ခေါ်ကမ်းလှမ်းလိုက်သည်။

နေပြည်တော်ရှိ MICC ခန်းမတွင် ယနေ့ မနက် ၉ နာရီက ကျင်းပသော ပထမအကြိမ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းပြောကြားစဉ် သမ္မတဦးသိန်းစိန်က ကချင်ကေအိုင်အေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ပါကြောင်း ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်က တပ်မတော်က ဆောင်ရွက်လျက်ရှိသော စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရန် ၎င်းအနေဖြင့် အမိန့်ပေးလိုက်ပြီဖြစ်ပြီး ကေအိုင်အေအနေနှင့်လည်း စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားရန် လိုအပ်ကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းရေးရရှိသည်အထိ ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။

နိုးထလာသော အာဖရိက၏ ဒဏ္ဍာရီပုံပြင်

အာဖရိကရဲ့ ကောလာဟလတွေကတော့ ပေါက်ကွဲ ဆူညံပွင့်အံလို့။ ချဲ့ကားပြောဆိုနေသလားတဲ့။ 

၂၀၁၃ ဇန်န၀ါရီ(၄)ရက်နေ့ထုတ် Foreign policy  Magazine မှာ Rick Rowden က   ရေးသားလိုက်တယ်။
မကြာမီအချိန်အတွင်းက အာဖရိကကို နိုင်ငံရပ်ခြား ငွေပင်ငွေရင်း စိုက်ထူမြုပ်နှံမှု တိုးပွားလာခြင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လောကကြီးထဲ ပြေးလမ်းတလျှောက် ပစ်ဝင်လာတဲ့ နေရာဒေသအဖြစ် ပေါ်လွင် ထင်ရှားစေတယ် လို့ Time မဂ္ဂဇင်းနဲ့  The Economist တို့က “အာဖရိက နိုးထလာခြင်း“ ဆိုပြီး မျက်နှာဖုံးဆောင်းပါးအဖြစ် အသားပေး ဖေါ်ပြလာကြတယ်။ တကယ်တော့ အာဖရိကရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ရင် အမျိုးသားစီးပွားရေး ဆိုတာ စိတ်မချရသေးတဲ့ အနေအထားမှာ ရှိနေသေးတာပါ။

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

တရားသောစစ်နဲ့ မတရားသောအဖြစ်(နီမင်းဆွေ)




16-1-16
တတိယကမ္ဘာစစ်ကို ဘယ်လို လက်နက်တွေနဲ့ တိုက်ကြမလဲဆိုတာကိုတော့ မသိနိုင်ဘူး၊ စတုတ္ထကမ္ဘာ စစ်ကိုတော့ ကျောက်တုံးတွေ ကျောက်ခဲတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်'လို့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင်ကြီး'အဲလ်ဘတ်အိုင်းစတိုင်း' ပြောသွားခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ လူရယ်လို့ ဖြစ်ပေါ်လာကတည်းက လူတွေဟာ တစ်ဦးအပေါ်တစ်ဦး တစ်ဖွဲ့အပေါ်တစ်ဖွဲ့ ငြိုးမာန်ဖွဲ့ပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ စပြီး အပြန်ပြန်အလှန်လှန် တိုက်ခိုက်လာခဲ့ကြတာပါ။ အဲဒီလို တိုက်ခိုက် ကြရင်းနဲ့ ပိုပြီးကောင်းတဲ့ လက်နက်ဆန်းတွေကို တီထွင်လာခဲ့ကြရာက အခုဆို တစ်ကမ္ဘာလုံး နာရီပိုင်းအတွင်းမှာ ပြုတ်ပြုတ်ပြုန်းသွားနိုင်မယ့် လက်နက်တွေတောင် ပေါ်လာနေကြပါပြီ။ ဒါ့ကြောင့်ကမ္ဘာစစ် ပြန်ဖြစ်ရင်တော့ အားလုံးကျောက်ခေတ်ကို ပြန်ရောက်သွားတော့မှာပဲလို့ အိုင်းစတိုင်းက ဆိုလိုချင်တာပါ။

သရုပ်ဆောင်မေဇွန်အား ရဲစခန်းမှ စစ်ဆေးမှုတွင် သက်သေအဖြစ် ဆောင်ရွက်သူနှစ်ဦးအား စစ်ဆေး



သရုပ်ဆောင်မေဇွန်အား ရဲစခန်းမှ စစ်ဆေးမှုတွင် သက်သေအဖြစ် ဆောင်ရွက်သူနှစ်ဦးအား အနောက်ပိုင်ခရိုင် တရားရုံးတွင် ၂၀၁၃  ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သက်သေအဖြစ် လိုက်ပါဆောင်ရွက်သူနှစ်ဦးမှာ သရုပ်ဆောင်မေဖွန်အား ကမာရွတ်ရဲစခန်းတွင် စခန်းမှူးမှ စစ်ဆေးမေးမြန်းစဉ် သက်သေအဖြစ် လိုက်ပါသူများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ အနောက်ပိုင်းခရိုင်တရားရုံးတွင်   သရုပ်ဆောင်မေဇွန်နှင့် ပတ်သတ်၍ တရားလိုသက်သေထွက်ဆိုမှုတွင်  ၇ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

"စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဒေသကြီးလွှတ်တော် ၀န်ကြီးများအိမ်ယာအနီး တွင် ယနေ့(18-1-2013)သောကြာနေ့ နေ့လည်(12)နာရီမိနစ်(30)အချိန်ခန့် ကဓားထိုးတစ်ခုဖြစ်ပွား"

မုံရွာမြို့မြို့သစ်ရပ်ကွက် တိုင်းဒေသကြီးလွှတ်တော် ၀န်ကြီးများအိမ်ယာအနီး မှာ ဦးကျော်ကျော်အောင် ဆိုသူက ၄င်း၏ မယားပါသမီး မ၀င်းခိုင် အသက်(27)နှစ်ခန့် ကလေး(၁)ယောက်၏အမေကို ဓားနဲ့(၂)ချက်တိတိထိုး ခဲ့တာပါ ။ မ၀င်းခိုင် ရဲ့ ရင်သားအောက်ဘက်မှာ(၁)ချက် ရင်သားရဲ့အပေါ်မှာ တစ်ချက် စုစုပေါင်း(၂)ချက်ထိုးခံရတာပါ။ဦးကျော်ကျော်အောင်က အသက်(၄၀)၀န်းကျင်ခန့်ရှိပါပြီ။ဓားထိုးမှုဖြစ်ပြီး မကြာခင်မှာဘဲ မုံရွာမြို့ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဦးကျော်ကျော်ညွန့် ဆိုတဲ့သူဦးဆောင်ပြီး ရဲတွေ တော်ောတ်များများရောက်လာခဲ့ပါတယ်။

ပညာရေးရန်ပုံငွေအတွက် လှူတာတွေကို လက်ခံနိုင်တယ်လို့ ဒေါ်စုပြော

Photo: ပညာရေးရန်ပုံငွေအတွက် လှူတာတွေကို လက်ခံနိုင်တယ်လို့ ဒေါ်စုပြော

ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရည်ရွယ်ချက်ကောင်းမွန်တဲ့ အစီအစဉ်တွေအတွက် လှူချင်ရင်လှူပါစေ၊ တရားမ၀င်ရရှိတဲ့ ငွေတွေမဟုတ်ဘဲ တရားဝင်ရထားတဲ့ငွေကို မွန်မြတ်ကောင်းမွန်တဲ့ စီမံချက်တွေအတွက် ပေးလှူမယ်ဆိုရင် လက်မခံနိုင်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြောသွားတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး NLD လွတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ကို ဆက်သွယ်မေးကြည့်ရာမှာ

"ဒီပညာရေးရန်ပုံငွေဆိုတာဟာ နည်းနည်းရှင်းရှင်းလင်းလင်း ပြောဖို့တော့လိုတယ်၊ အဲဒီ့ပညာရေးရန်ပုံဟာ NLD ထူထောင်ဖို့အတွက် မဟုတ်ဘူး၊ NLD ရဲ့လုပ်အားနဲ့ ဘာမှမဆိုင်ဘူး၊ ကျနော် ဥပမာပေးရရင် အလှူရှင်နဲ့ သွေးလှူတဲ့လူလိုပဲ ကလေးတွေပညာသင်ဖို့ဆိုတာ ဒီခရိုနီတွေကို ကျနော်တို့ ဆုံးဖြတ်ပေးနိုင်တဲ့အထိ ခဏနေအုန်းဆိုပြီး ကလေးတွေက အရွယ်အလိုက်ပညာသင်ခွင့်ရမှာ အသက်ကြီးမှ ပညာသင်တဲ့အရွယ်မဟုတ်တော့ဘူး၊ အရွယ်လွန်သွားရင် ဘယ်လိုမှစာသင်ပေးလို့ မရတော့ဘူး၊ ဘာကြောင့်စာသင်ခွင့်မရလဲဆိုတာကို ကျနော်တို့ကိုမမေးနဲ့၊ အဲဒါဟာခေတ်ကြောင့်ဖြစ်လာတဲ့ကိစ္စ၊ အဲတော့ကျနော်တို့က ဘယ်လိုလုပ်ရမလဲ၊ အဲလိုဝေဖန်နေတဲ့သူတွေကို ထပ်မေးပါရစေ၊ ဒီကလေးတွေဟာ ဒီအရွယ်မှာပညာသင်ရမှာ အဲဒီခရိုနီတွေဆီက ပိုက်ဆံမယူဘူးဆိုရင် ခင်ဗျားတို့က ပိုက်ဆံလာပေးမှာလား၊ ဒီကလေးတွေပညာမတတ်ရင် ဒီလိုပဲနေကြတော့ကွာဆိုပြီးထားရမလား၊ ကျနော်က အဲလိုပြန်မေးချင်တယ်လို့ မနက်က ကလေးတွေကို ပြောလိုက်တယ်" လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကပြုလုပ်တဲ့ NLDရဲ့ ပညာရေးရန်ပုံငွေရှာဖွေပွဲမှာ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် Air Bagan နဲ့ အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ် (AGD Bank)အဖွဲ့တို့က ကျပ်ငွေသန်း ၅၀၀ကျော်လှူဒါန်းခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း၊စက်သုံးဆီ တင်သွင်းတဲ့ လုပ်ငန်းတွေကို အဓိက လုပ်ကိုင်တဲ့ Sky Net ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင် ဦးကျော်ဝင်း မိသားစုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထိုးခဲ့တဲ့ဆွယ်တာကို ကျပ်ငွေ ၄၁၅သိန်းပေးပြီး လေလံဆွဲ ၀ယ်ယူသွားခဲ့ပါတယ်။

အေးချမ်းမွန်မှ  RFA Burmese တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ယခင် စစ်အစိုးရနဲ့ နီးစပ်ခင်မင်သူ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေက ပညာရေးရန်ပုံငွေအတွက် လှုဒါန်းတာတွေကို လက်ခံတာဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌနဲ့ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် က ဒီကနေ့ ကာကွယ်ပြော ဆိုလိုက်တယ်လို့ AFP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ရည်ရွယ်ချက်ကောင်းမွန်တဲ့ အစီအစဉ်တွေအတွက် လှူချင်ရင်လှူပါစေ၊ တရားမ၀င်ရရှိတဲ့ ငွေတွေမဟုတ်ဘဲ တရားဝင်ရထားတဲ့ငွေကို မွန်မြတ်ကောင်းမွန်တဲ့ စီမံချက်တွေအတွက် ပေးလှူမယ်ဆိုရင် လက်မခံနိုင်စရာမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာ ပြောသွားတယ်လို့ အဲဒီသတင်းက ဆိုပါတယ်။

ကေအိုင်အေတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ကာမိုင်းမြို့နယ်ခွဲရဲစခန်းသို့လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇန်န၀ါရီ ၁၉

၁၉-၁-၂၀၁၃ ရက်နေ့ ၀၄၅၅ အချိန် ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းသို့ ကေအိုင်အေ တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ၀၇၂၀ အချိန်ထိ မိမိရဲတပ်ဖွဲ့ဝင်များစုစည်း၍ ပြန်လည်ခုခံတိုက်ခိုက်လျက်ရှြိေ
ကာင်း သတင်းရရှိသည်။

နောက်ဆက်တွဲသတင်းများရရှိက ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါသည်။

ရဲဇာနည်
MYAWADDY NEWS

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် ၀၆၀၀ နာရီမှ စတင်ပြီး လဂျားယန် ဒေသရှိ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို ရပ်ဆိုင်းမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် ( ၃ / ၂၀၁၃ )

၁၃၇၄ ခုနှစ် ၊ ပြာသိုလဆန်း ၇ ရက်( ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလ ၁၈ ရက် )

၁။ ကချင်ပြည်နယ်၊ လဂျားယန်ဒေသတွင် KIO/KIA လက်နက်ကိုင် တပ်ဖွဲ့များက လဂျားယန် တပ်မတော်စခန်းအား ၂၀၁၂ ခုနှစ် မတ်လမှစတင်ပြီး ဝန်းရံ ပိတ်ဆို့ထားခြင်း၊ လဂျားယန် စခန်းသို့ ရိက္ခာပို့ဆောင်သည့် တပ်မတော် စစ်ကြောင်းများကို ချုံခို တိုက်ခိုက်ခြင်း၊ မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စု လမ်းမကြီးကို အများပြည်သူများ အသုံးမပြု နိုင်အောင် ပိတ်ဆို့ထားခြင်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်းများအား ပြုလုပ်ခဲ့သည့် အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှ စတင်၍ ပွိုင့် ၇၇၁ တောင်ကုန်း အပါအဝင် လဂျားယန်ဒေသရှိ KIO/KIA ခြေကုတ် စခန်းများအား တပ်မတော် စစ်ကြောင်းများမှ ရှင်းလင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။

Related Posts Plugin for WordPress, Blogger...

ShareThis