နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
Monday, 16 July 2012
ဆက်သွယ်ရေးကဏ္ဍတွင်လည်း နိုင်ငံခြားကုမ္ပဏီများကို ခွင့်ပြုတော့မည်
နိုင်ငံတကာ ကုမ္ပဏီများကို အစိုးရနှင့် ဖက်စပ်လုပ်ကိုင်စေကာ မြန်မာပြည်တွင်း အခြေခံ အဆောင်အအုံများ တည်ဆောက်ပြီး ဝန်ဆောင်မှုများ ပေးစေရန်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဦးကျော်စိုးက စင်္ကာပူနိုင်ငံတွင် တနင်္လာနေ့က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကျောင်းပေါင်း ၂၀၀၀ ကျော် အရည်အသွေး မပြည့်မီကြောင်း ထိုင်းအစိုးရ ကြေညာ
ကျောင်း ၂၀၀၀ ကျော် အဆင့်မမီကြောင်း အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment မှ ဒါရိုက်တာက ပြောဆိုလိုက်သည်။
“ထိုင်းတနိုင်ငံလုံးမှာ ကျောင်းပေါင်း ၂၂၉၅ ကျောင်းဟာ အရည်အသွေး စစ်ဆေးတဲ့အခါ အဆင့် မမီတာကို တွေ့ရတယ်” ဟု ဒါရိုက်တာ Channarong Pornrugroj က ပြောဆိုခဲ့သည်။ အမျိုးသား ပညာရေးနှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့ (Office for National Education Standards and Quality Assessment အဖွဲ့သည် ထိုင်းနိုင်ငံ တ၀ှမ်းရှိ ကျောင်းပေါင်း ၃၄,၀၄၀ ကို စစ်ဆေးရန် ရှိပြီး ကျောင်းပေါင်း ၇,၉၈၅ ကျောင်းကို စစ်ဆေးပြီးဖြစ်သည်။
ကျောင်းပေါင်း ၃၃၃ ကျောင်းသည် အထူး ကောင်းမွန်သည့် အဆင့်တွင် ရှိပြီး၊ ၅၃၅၇ ကျောင်းသည် အသင့် ကောင်းမွန် သည့် အဆင့်တွင် ရှိကာ၊ ၂၂၉၅ ကျောင်းသည် အဆင့် မပြည့်မီသည်ကို တွေ့ရသည်။
သူ့စကားများက ညွှန်းဆိုနေသည့် ဆရာကြီး ဦးရာဇတ်အကြောင်း

-------------------------------------------------------------------
“We don’t regard ourselves as a minority.
We merge with the majority.…”
“ကျွန်တော်တို့ ကိုယ့်ကိုကိုယ် လူနည်းစုလို့သဘောမထား၊
လူများစုနှင့် ပေါင်းလိုက်တယ်။…”
(၁၉၄၇ ခုနှစ်၊ ဇွန်လ အိန္ဒိယနိုင်ငံ မဒရပ်မြို့တွင် သတင်းထောက်တစ်ဦးက ဆရာကြီးအား မြန်မာနိုင်ငံတွင် မွတ်စလင်င်မ်လူနည်းစုတို့၏ အနေအထားမည်သို့ရှိပါသနည်းဟု မေးမြန်းစဉ် ဆရာကြီး၏အဖြေ )
စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး နှင့် ပတ်သက်၍ NLD ကြေငြာချက် ထုတ်ပြန်မည်
မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း ရေး
ကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘောထားကို
သီးခြား ထုတ်ပြန် ပေးသွားမည်ဟု ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု
လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်တွင် သတင်းမီဒီယာများ၏ မေးမြန်းမှုကို
ဖြေကြားခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် အရေးကြီး အဆို အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ ဒေါ်နန်းဝါနုက စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းနိုင်ရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကို မဆို မည်သည့် နည်းလမ်းကို မဆို အသုံးပြု ၍ ဖြစ်စေ ညှိုနှိုင်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အကြား မိုက်(Microphone)လု၍ ဆွေးနွေး ခဲ့ရသည် အထိ အခြေအတင် ဖြစ်ပွားခဲ့ရသည်။

အရှေ့တီမော ရွေးကောက်ပွဲအပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရန် နီးစပ်နေ
လက်ရှိဝန်ကြီးချုပ်ရုပ်ပုံနှင့်အတူ ထောက်ခံသောကလေးတစ်ဦးကို တွေ့ရစဉ်
ဂုစ်မာအို၏ ဗဟိုလက်ဝဲယိမ်း National Congress for Timorese Reconstruction (CNRT) က ယခုလဆန်းပိုင်း ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀ အနိုင်ရခဲ့ပြီး အမတ်နေရာ ၆၅ နေရာရှိသော လွှတ်တော်တွင် အမတ်အများစု အရေအတွက် ဖြစ်ရန် ၃ နေရာသာ လိုခဲ့သည်။ CNRT က ဒီမိုကရက်တစ်ပါတီနှင့် Frente-Mudanca ပါတီတို့ကို ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း CNRT ပါတီ အတွင်းရေးမှူးချုပ် Dionisio Babo Soares က ပြောကြားခဲ့သည်။ |
ပညာရေး ၊ ကျန်းမာရေး ပြုပြင်ဖို့ လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် အဆိုတင်ပြနိုင်ဖွယ်ရှိ
ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ယခု ကျင်းပနေသော စတုတ္ထအကြိမ်လွှတ်တော် အစည်း အဝေးတွင်ပညာရေး၊ကျန်းမာရေး ဆိုင်ရာ အဆိုများကိုတင်ပြကောင်း တင်ပြနိုင်တယ်ဟုသူမရဲ့လွှတ်တော် ကိုယ်ရေးအရာရှိ ဦးဇေယျာသော် မှပြောပြသည်။
လေပြေတချို့၊ မြက်ရိုင်းတချို့နှင့် အိပ်မက်တချို့(လခြမ်းအိမ်)
(၁)
မနင်းဖြစ်တာကြာတဲ့ မြေကြီးပေါ် ခြေချလိုက်တာနဲ့ လမ်းဘေး မြက်ပင်ရိုင်းတချို့က ကျွန်တော့်ခြေထောက်တွေကြား တိုးဝှေ့နှုတ်ဆက်ကြတယ်။
လူတိုင်း….. ကိုယ့်မွေးရပ်ဇာတိနဲ့ ပထမဆုံး ချစ်ခဲ့သူကို ဘယ်တော့မှ မမေ့ကြသလိုမျိုး။
အမေနဲ့တွေ့ဖို့၊ ချစ်သူသတိရလို့၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့စသဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပြန်လာကြသူတွေထဲ ကျွန်တော် အခုလို ဘာကြောင့်ပြန်လာမိခဲ့ရတာလဲ။ အတွေးတွေလိုပဲ မျက်နှာပြင်ပေါ်ဖြတ်ပြီး တိုက်ခတ်လာတဲ့လေတွေကလည်း ဝေ့ဝေ့၀ဲဝဲ။ ကျွန်တော့်ဦးခေါင်းထက်က ဆံပင်တွေကလည်း ဝေ့ဝေ့၀ဲဝဲ။ ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး မြေနီလမ်းဟောင်းလေးပေါ်
ခြေဦးတည့်လိုက်ရင်းနဲ့ တောင်ပေါ်လေကို တ၀ ရှူရှိုက်လိုက်တယ်။

ရောဂါဆန်း တစ်မျိုးကြောင့် ကမ္ဘောဒီးယားတွင် ကလေး ၆၁ ဦး သေဆုံး
အဆိုပါစုံစမ်းစစ်ဆေးမှု၏ အဓိကရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားရ သည့်အကြောင်းရင်းနှင့် ဇာစ်မြစ်ကို ဖော် ထုတ်ပြီး သင့်လျော်သောကုသမှုနှင့်ထိန်း ချုပ်မှုတို့ကို ရှာဖွေရန်ဖြစ်သည်ဟု ကမ္ဘော ဒီးယားနှင့် WHO တို့ ဇူလိုင်လ ၄ ရက် နေ့တွင် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဂျပန်ရေကြီးမှုအတွင်း လူ ၃၀ နီးပါးသေဆုံးခဲ့ပြီး လူလေးသိန်းခန့်ကို ရွှေ့ပြောင်းရန် ညွှန်ကြား
ကျူရှူးကျွန်းရှိ ကူမာမိုတိုမြို့တွင် ရေလွှမ်းမှုကြောင့် ပျက်စီးနေမှုကို တွေ့ရစဉ်
နိုင်ငံတောင်ပိုင်းရှိ ကျူရှူးကျွန်းစုတွင် ဇူလိုင်လ ၁၄ ရက်၌ တစ်နာရီလျှင် မိုးရွာသွန်းမှု ၁၁ စင်တီမီတာ (၄ ဒသမ ၃လက်မ)အထိ စံချိန်တင် ရွာသွန်းခဲ့ပြီး မြေပြိုမှုများ၊ ရေကြီးမှုများ ထပ်မံဖြစ်ပွားနိုင်ကြောင်း ဂျပန်မိုးလေ၀သနှင့် ဇလဗေဒဌာနက သတိပေးခဲ့သည်။ |
၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသရန် ခွင့်ပြုခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ် ၂၁ ကားအနက် ပြသရန် ၁၇ ကားကျန်ရှိ
၂၀၁၁ ခုနှစ်အတွင်း ရုံတင်ပြသ ရန်ခွင့်ပြုခဲ့သည့် မြန်မာရုပ်ရှင် ဇာတ်ကားသစ် ၂၁ ကားအနက် ရုံတင်ပြသရန် ၁၇ ကားကျန်ရှိနေပြီး ယင်းဇာတ်ကားများကို ပုံမှန်တန်းစီဇယားအတိုင်း ရက်ချိတ် ပြသမည်ဆိုပါက ၂၀၁၃ ခုနှစ်နှစ် လယ်ပိုင်းမှသာ ဇာတ်ကားအားလုံး ပြသခြင်းပြီးဆုံးမည်ဟု သိရှိရသည်။ |
အာဇာနည်နေ့ နိုင်ငံတော် အခမ်းအနား NLD ပါတီ တက်ရောက်မည်
အစိုးရက ဒီနှစ်ကျင်းပမယ့် ဇူလိုင် (၁၉) ရက် ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်ဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
AFP
အာဇာနည်ဗိမာန်တွင် အလေးပြုနေသော တပ်မတော်သားများကို ၂၀၁၁ ခုနှစ် အာဇာနည်နေ့ အခန်းအနားတွင် တွေ့ရစဉ်။
ဒါဟာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ
နေအိမ်အကျယ်ချုပ်က လွှတ်ပေးလိုက်ပြီးတဲ့နောက် သက်ဆိုင်ရာ အာဏာပိုင်တွေက NLD
ပါတီကို အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ဖို့ ပထမဦးဆုံးအကြိမ်
တရားဝင်ဖိတ်ကြားတာ ဖြစ်တယ်လို့ ပါတီ နာယကအဖွဲ့ဝင် ဦးတင်ဦးက ပြောပါတယ်။
အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်
အခြေခံပညာဆရာ၊ ဆရာမများ၏ လစာများကို စိစစ်ရွေးချယ်မှုဖြင့် အဆင့်အလိုက် တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်
း ပညာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိက ပြောသည်။
လစာတိုးမြှင့်ပေးမှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
တိုးမြှင့်ပေးသွားမည့် အစီအစဉ်အရ အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေ ခံလစာမှာ
ကျပ်တစ်သိန်း၊ မူလတန်းကျောင်းအုပ်တစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းကိုးထောင်နှင့် မူလတန်းပြဆရာတစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းသုံးထောင် ခံစားရရှိမည်ဖြစ်ကြောင်းသိရသည်။
လစာတိုးမြှင့်ပေးမှုကို သြဂုတ်လနှင့် စက်တင်ဘာလများတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်
တိုးမြှင့်ပေးသွားမည့် အစီအစဉ်အရ အလယ်တန်းကျောင်းအုပ်တစ်ဦး၏အခြေ
ကျပ်တစ်သိန်း၊ မူလတန်းကျောင်းအုပ်တစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းကိုးထောင်နှင့် မူလတန်းပြဆရာတစ်ဦး၏ အခြေခံလစာမှာ ကျပ်ငါးသောင်းသုံးထောင် ခံစားရရှိမည်ဖြစ်ကြောင်းသိရသည်။
"အဆိုတော်ရန်ရန်ချန်း ဘာသာရေး တိုက်ခိုက်မှုမပြုလုပ်ခဲ့ဟုငြင်းဆို"
ဟစ်ဟော့ပ် အဆိုတော် ရန်ရန်ချန်းက လူမှုရေးကွန်ယက် ဖေ့(စ်) ဘွတ်များ၌
ဘာသာရေးတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုလိုက်သည်။
ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ လူမျိုးအရေးကိစ္စနှင့် စပ်လျဉ်း သည့်စာများကို ၄င်းပုံနှင့် တကွတွဲဖက်၍ အင်တာနက် စာမျက်နှာများ၌ ဇူလိုင် ၁၄ရက်နေ့ က စ၍ဖော်ပြခဲ့မှုနှင့်ပတ်သက်ပြီး ၄င်းက ငြင်းဆို လိုက် ခြင်းဖြစ်သည်။

ဘ၀ထဲမှပုဂံ (သို့မဟုတ်) ဆေးရေးပန်းချီ သမားများ(ကိုနော်(ပုဂံ))
အရာခပ်သိမ်းသော၊ သတ္တ၀ါအပေါင်းကို ငြိမ်းအေးစေသော မြတ်ဗုဒ္ဓအားရည်မှန်း၍ ရှေးခေတ်မင်း၊ သူကြွယ်အပေါင်းတည်ထားခဲ့သည့် ဘုရားအဆူဆူကြားတွင် နေပူမရှောင်၊ မိုးရွာမရှောင် ရှာဖွေလုပ်ကိုင်စားသောက်နေရသော သူတို့လေးတွေ၏ ဘ၀ကို ကျွန်တော် သိနေခြင်းပင် . . . |
''အဲ့ဒီမှာ မင်းမြင်တဲ့အရာဟာ မရှိပါဘူး။မင်းသိတဲ့အရာသာရှိတာပါ။'' ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆို၏ စကားကို အမှတ်မထင် သတိရမိလိုက်သောနေရာသည် ပုဂံမြို့ဟောင်း အတွင်းရှိ အညတရ ပန်းချီသမားလေးများ ၀န်းကျင်တစ်ဝိုက်တွင် ဖြစ်၏။ ထီးလိုမင်းလိုဘုရားတွင် ပိတ်ပန်းချီဆိုင် ဆယ့်လေးငါးဆိုင် အနည်းဆုံး ရှိမည်ထင်သည်။ ကျွန်တော်နှင့် ထိုင်စကားပြောနေသော ပန်းချီသမားနှစ်ယောက်မှ လွဲလျှင် ကျန်ပန်းချီသမားများသည် ဆိုင်အသီးသီးဝယ် စားပွဲခုံလေးများဖြင့် ပန်းချီရေးဆွဲနေကြ၏။ |
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတွင် မီးလောင်မှုဖြစ်ပွား
ဖြစ်စဉ်မှာ အိန္ဒိယသံရုံး၊ သုံးလွှာ၊ ဒုတိယထပ်ရှိ အင်ဗာတာ အပူလွန်ကဲရာမှ ညနေခြောက်နာရီ ငါးမိနစ်အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ |
ပေးဝေသည့် ထမင်းထုပ်များစားပြီး လူ ၉၀ ခန့် ဆေးရုံရောက်
ပေးဝေလှူဒါန်းသည့် ထမင်းထုပ်များ စားသောက်ပြီး မူးဝေအော့အန်ခြင်းများ
ဖြစ်ပွားခဲ့သဖြင့် လူ ၉၀ ခန့် လှိုင်သာယာမြို့နယ်ရှိ ဆေးရုံသို့
အရေးပေါ်တင်ပို့ ကုသခဲ့ရမှု ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည်။
လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ဒိုင်စုကျေးရွာမှ အဆိုပါ လူ ၉၀ ခန့်သည် ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီခန့်တွင် ထမင်းထုပ်များ စားသောက်အပြီး နာရီပိုင်းအတွင်း မူးဝေအော့အန်ခြင်း၊ လည်ချောင်းများ၌ ပူလောင်မှုကို ခံစားရခြင်း၊ လူများနုံးချည့်ခြင်း စသည့်ဝေဒနာများ ခံစားခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။

“ချောင်းကိုပစ်၍ မြစ်ကိုရှာ”(စိုးမင်း)
ရခိုင်ပြည်နယ်မှာ မြစ်ချောင်းအင်းအိုင်တွေ ပေါများတယ်ဆိုပေမယ့်လည်း
ရိုးမတောင်ကြောကြီးက ဘင်္ဂလားပင်လယ်အော်ကြီးနဲ့ကပ်လျက် အပြိုင်တည်နေတာဆိုတော့
မြောက်ဘက်ပိုင်းမှာသာ ကုလားတန်မြစ် (သူတို့ခေါ် ကစ္စပနဒီ)၊ လေးမြို့မြစ်၊
မေယုမြစ်၊ နတ်မြစ်ရယ်လို့ မြစ်တပ်ခေါ်စရာရှိပြီး ကျန်တာကတော့
ချောင်းငယ်မြောင်းငယ်ကလေးတွေ များပါတယ်။ ပြည်မကမြစ်ကြီးလေးသွယ်လို
မြန်မာပြည်တနံတလျား ဝေးလံခေါင်ဖျား စီးဆင်းနေစရာမလိုပဲ ရခိုင်ရိုးမက
စီးကျလာရင် ရွှတ်ကနဲ ပင်လယ်ဝ ရောက်သွားပါလေရော။ ဒါပေမယ့်လည်း
ကုန်းတွင်းပိုင်းကို ၀င်လေသမျှ မုတ်သုန်မိုးတွေက သူ့အပေါ်မှာ အရင်
ချစ်မိုးစွေခဲ့တာဆိုတော့ အင်မတန်စိမ်းလန်းတဲ့ ရေဝေရေလဲ
တောတောင်သျှိုမြောင်ကလေးတွေ ပေါပါတယ်။ ချောင်းဆိုပေမယ့်လည်း အညာဒေသက
ဒေါင်းသေတို့ ဆင်သေတို့လို နွေမှာ ရေစပ်စပ်ပဲကျန်တဲ့ သဲချောင်း၊
တောင်ကျချောင်းမျိုး မဟုတ်ပဲ ရေအားကောင်းကောင်း ချောင်းဝကျယ်ကျယ်နဲ့ပါ။
ရေစီးတန့်သွားလို့ သဲငွေသောင်ကျွန်း ထွန်းစရာတောင် သိပ်မရှိလှပါဘူး။
ဘင်္ဂလားဒေ့ရှ်မှလာသော စက်လှေတစ်စီးကို ရေတပ်မှပစ်ခတ်ဖမ်းဆီး
ယနေ့မနက် ၁၁ နာရီခန့်က ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အပိုင် ဆင်တပ်မော်ကျွန်းပေါ်ရှိ စစ်ကဲပြင်ရွာအနီးသို့ စက်လှေတစ်စီးချည်းကပ်လာရာ ရေတပ်သင်္ဘောမှ စစ်ဆေးရန် ရပ်တန့်ခိုင်းသည်ကို မနာခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။
စက်လှေပေါ်တွင် အမျိုးသားရှစ်ဦးပါရှိပြီး ပစ်ခတ်မှုကြောင့် အဒူဆလင်(၂၅နှစ်) ၏ခေါင်းကိုထိမှန်ခဲ့သည်။ ၎င်းကို စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ကျန်ရှိသူများကို စစ်ဆေးမေးမြန်းမှုများအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ခ်နပ်ဖ်မှလာသူများဖြစ်ကြောင်း သိရသည်ဟု စစ်တွေမြို့မှ မျက်မြင်သက်သေတစ်ဦးက YPI သို့ပြောသည်။
Subscribe to:
Posts (Atom)