
အသက် (၁၈) နှစ်
အရမ်းပျော်ရွှင်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်ခဲ့တာပါ။ ရွေး ချယ်ခံရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ်က အနုပညာအလုပ်လုပ်မယ်ဆိုရင် အကယ်ဒမီဗန်းလဲကိုင် ချင်တာကြောင့် ၀င်ရောက်လျှောက်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေက အခုဆိုပိုသိလာတဲ့အတွက် အနုပညာ အလုပ်ကို ပရိသတ်အားပေးတဲ့အထိ အစွမ်းကုန်လုပ်သွားမှာပါ။

လမင်းအိနြေ္ဒ (ခ) ရွှေယမင်းအေး
အသက် (၁၉)နှစ်
ငယ်ငယ်ကတည်းက အကယ်ဒမီ ဗန်းကိုင် ဖြစ်ချင်ခဲ့တာ။ အမြဲတမ်း တီဗီမှာ ကြည့်တယ်။ ဗန်းကိုင်ခွင့်ရချင်တယ်လို့ အမြဲတမ်းစိတ်ကူးမိပါတယ်။ ဗန်းကိုင် ဖြစ်ဖို့အတွက် စလျှောက်တာ နှစ်နှစ်ရှိပါပြီ။ ဒီ ၂ဝ၁၃ မှာလဲ အားမလျှောဘဲ့ရဖို့အတွက်ြကိုးစားခဲ့တာပါ။ ၂ဝ၁ဝ- ၂ဝ၁၁ စပြီး သရုပ်ဆောင်ဘက်ကို ကူးတယ။် ဒါရိုက်တာဗန်းကြီးနဲ့ ဗီဒီယိုဇာတ်ကားစရိုက်တယ်။ အခု မလေးရှား ဒါရိုက်တာ ရိုက်ထားတဲ့ 'မဟာဆန်တဲ့ မဟာမျက်နှာဖုံး' ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အရင်က လမင်းအိနြေ္ဒကို သိချင်မှသိမယ်။ ဒါပေမ့ဲအခုဆို ၂၀၁၂ ခုနှစ်အတွက် ဗန်းကိုင်မှာ လမင်းအိနြေ္ဒ ပါသွားပြီ ဖြစ်တဲ့အတွက် အနုပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ။