ကားမောင်းတဲ့ မိန်းကလေးဟာ ကားစတီယာခွေကို လက်ဖြင့်ပင်မကိုင်ဘဲ အသဲပုံစံလေး လုပ်ဆိုခဲ့ပြီးနောက် ကားတိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကားတိုက်မှုကြောင့် ဆေးရုံပေါ်ရောက်သွားတဲ့ ထိုနှစ်ဦးဟာ ထိုဗွီဒီယိုဖိုင်ကို Youtube ပေါ်တင်ပြီး လူကြည့်များခဲ့တဲ့နောက် ဆေးရုံခုတင်ပေါ်က သူတို့ရဲ့ ဒဏ်ရာရထားသော ရုပ်တွေကိုပါ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်ပေါ် တင်ခဲ့ကြောင်း သိရသည်။
သူတို့ကို စိုးရိမ်သူတွေ စိတ်အေးအောင် သူတို့ကျန်းကျန်းမာမာရှိကြောင်း စိတ်မပူကြဖို့ အခုလို တင်ပေးတာလို့လည်း သူတို့က ဆိုထားပါတယ်။
ဒါပေမယ့် လူတွေကတော့ သူတို့ဘယ်လိုသီချင်းဆိုပြီး ကားမောင်းလို့ ကားတိုက်မှုဖြစ်သွားတယ်ဆိုတာ စိတ်ဝင်တစား ကြည့်ကြတဲ့သူတွေနဲ့ တချို့လူငယ်တွေဆို သူတို့အဖြစ်ကို ဟာသလုပ်ပြီး ဗွီဒီယို လိုက်တုရိုက်ကူးကြတယ်လို့လည်း သိရပါတယ်။
သူတို့ဘယ်လို ကားမောင်းရင်း ကာရာအိုကေဆို ၊ ဗွီဒီယိုရိုက်လို့ ကားတိုက်မှုဖြစ်ခဲ့သလဲဆိုတာကို အောက်ကဗွီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ကြပါတယ်။
https://www.youtube.com/watch?v=fEGzqBv6WbU
Source : Dailymail
ပုံရိပ်(burmesehearts.com)
No comments:
Post a Comment