အောက်တိုဘာ ၂၀။ ။ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လယ်ရှိ Wangfujing လမ်းတွင်
Apple စတိုင်းဆိုင် အသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
၂၄၇၅၀ စတုရန်းပေ ကျယ်သည့် သုံးထပ် အဆောက်အအုံ ဖြစ်ပြီး

အာရှ၏ အကြီးဆုံး Apple စတိုးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် Apple ၏
အမေရိကန်ပြီးနောက် ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်တွင် Apple ကုန်ပစ္စည်းသည် ရေပန်းစားပြီး ဆိုင်ဖွင့်ပွဲနေ့တွင်
လူပေါင်း ၁၀၀ ကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။
ပြီးခဲ့သည့် လက်တလောကလည်း Apple စီအီးအို Tim Cook သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိပြီး Foxconn ကိုသွားရောက် စစ်ဆေးခဲ့သည်။ Apple ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေသော ထိုင်ဝမ် စက်ရုံဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်ပွားနေသော နေရာ ဖြစ်သည်။
အသက် ၁၄ နှစ်အရွယ် အလုပ်သမားများ တွေ့ရှိမှု၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးမှု၊ ပဋိပက္ခဖြစ်ပွားမှုကို အခြေခံကာ တရုတ်အစိုးရနှင့် Apple တို့ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းနေရသည်။ တရုတ်ပြည်ဈေးကွက် တွင် Apple ကုန်ပစ္စည်း ဆိုင်ပေါင်း ၆ ခုရှိလာပြီ ဖြစ်သော်လည်း မှောင်ခို ဈေး ကွက် တည်ရှိနေဆဲ ဖြစ်သည်။ မူရင်းဆိုင်မှ ၀ယ်ယူကာ ပြင်ပ တွင် ဈေးနှုန်း မြင့်တင်ရောင်းချခြင်းတို့ ပြုလုပ်မှုကြောင့် Apple တို့ စိုးရိမ် စရာ ဖြစ်ခဲ့သည်။ ကုန်ပစ္စည်း မူပိုင်ခွင့်နှင့် အတုပလုပ်ခြင်းဆိုင်ရာ ပြဿနာ များလည်း ဖြစ်ပွားလျက်ရှိရာ တရုတ်ပြည်ဈေးကွက်ကို Apple တို့ ဆက်လက် ခြေကုပ်မယူနိုင်မှာ ပူပင်လျက်ရှိသည်။
Samsung ကလည်း တရုတ်အစိုးရ၏ ခွင့်ပြုချက်ယူကာ စက်ရုံများတည် ဆောက်ခြင်း၊ ပို့ကုန် တိုးမြင့်ခြင်းတို့ ပြုလုပ်လာခြင်းကြောင့် ပြိုင်ဘက် Samsung မှ ကျော်တက်သွားနိုင်ချေရှိကြောင်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။
--
Ref:zurmart
Photo courtesy of zurmart . All Rights Reserved.
Aung Kham (TSJ team)
TechSpace Journal

No comments:
Post a Comment