GSM/WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင် အသုံးပြုမှုကို ကျပ် ၁၀၀၀၀ ပေးသွင်းကာ ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးရုံးများ၊ သက်ဆိုင်ရာ ကုမ္ပဏီများမှ ဖွင့်လှစ်ထားသော ဆိုင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆက်သွယ်ရေး မန်နေဂျာရုံးများတွင် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် GSM/ WCDMA မိုဘိုင်းဖုန်းများအတွက် အင်တာနက်လိုင်း တပ်ဆင်မှုများကို ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၊ အလုံဆက်သွယ်ရေးရုံး၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံး၊ ရန်ကုန်စာတိုက်ကြီးနှင့် Elite ၊ ရတနာပုံတယ်လီပို့တို့မှ ဖွင့်လှစ်ထားသော ဆိုင်များတွင် ငွေကျပ် ၁၀၀၀၀ ပေးသွင်းကာ လျှောက်ထားနိုင်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး ဆက်သွယ်ရေး မန်နေဂျာရုံးများသို့ သွားရောက်ကာ ငွေကျပ် ၁၀၀၀၀ ပေးသွင်း၍ လျှောက်ထားနိုင်ပါသည်။