စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ အပစ်အခတ်ရပ်စဲရေး/ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဦးခက်ထိန်နန်က တစ်နှစ်ကျော်ကြာလာပြီဖြစ်သော တပ်မတော်နှင့် KIAအကြား ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပစ်ခတ်တိုက်ခိုက်မှုများ မရပ်စဲနိုင်ခြင်းသည် ဘယ်လိုအခက်အခဲကြောင့် ဆိုသည်ကို သိရှိလိုကြောင်း၊ တပ်မတော်မှ ဖြစ်ပေါ်နေသော ပစ်ခတ်တိုက်ခတ်မှုများကို မည်သည့်အခြေအနေတွင်မှ ရပ်စဲနိုင်မည်ကို သိရှိလိုကြောင်း၊ နှစ်ဘက်တပ်များ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မည်ဟု ကြားသိရသော်လည်း နှစ်ဘက်တပ်များ မပြောင်းရွှေ့နိုင်သေးခြင်းမှာ မည်သို့သော အခက်အခဲများကြောင့် ဆိုသည်ကို သိရှိလိုပါကြောင်း စသည်ဖြင့် ထည့်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်သည်။ |
Friday, 7 September 2012
ကေအိုင်အေ အဖွဲ့အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲမည်ဆိုသည့် အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဖြစ်ပေါ်နေရခြင်း ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးပြောကြား
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ပြု
နုတ်ထွက်ခွင့်ပြုခဲ့သော ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ ဦးသိန်းစိုး -ဥက္ကဋ္ဌ၊ ဒေါက်တာတင်အောင်အေး -အဖွဲ့ဝင် (၁)၊ ဒေါ်ခင်လှမြင့် -အဖွဲ့ဝင်(၂)၊ ဦးထွန်းကြည်-အဖွဲ့ဝင် (၃)၊ ဦးစိုးသိန်း-အဖွဲ့ဝင် (၄)၊ ဦးခင်ထွန်း- အဖွဲ့ဝင် (၅)၊ ဦးဆန်းမြင့်-အဖွဲ့ဝင် (၆)၊ ဦးမြင့်ကြိုင်-အဖွဲ့ဝင် (၇)၊ ဒေါ်မိမိရီ-အဖွဲ့ဝင် (၈) တို့ဖြစ်ကြောင်း သိရသည်။ |
ကိုမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း(၃)
ဒီ Issiue ကို Awareness အဖြစ်ဆုံးက မီဒီယာ ရယ် ဒီမိုကရေစီ အင်အားစုတွေ
Confuse ဖြစ်နေတယ်။ ကင်တာနား Message ကို Confuse ဖြစ်နေတာ။ အင်္ဂလိပ်လို
နားမလည်တာလား မသိဘူး။ ပြိုဆင်းလာ ရင် တံတိုင်းခတ်ရမယ်။ လက
်ရှိတံတိုင်းက
သေးတယ်။ ထပ်ခတ်ရမယ်။ ကျွန်တော် သမ္မတဖြစ်ရင်လည်း တံတိုင်းခတ်မှာပဲ။
တရုတ်ပြည်ဘက်လည်း ခတ်ရမယ်။ ဒါက အမျိုးသားလုံခြုံရေး ဖြစ်နေတယ်။
အထဲရောက်ပြီး သား မျိုးဆက် သုံးလေးငါးဆက်ဆိုရင် နိုင်ငံသား ပေးရမယ်။ သူ
ဆိုလိုတာက အထဲရောက်ပြီးသား နိုင်ငံ သား သုံးလေးငါးဆက်ဆိုရင် မျိုးဆက်
ပေးကို ပေးရ မယ်။ အဲဒီလိုမှ မပေးရင် မြန်မာအစိုးရ ပြဿနာ တက်မယ်။
မြန်မာပြည်သူတွေလည်း ထပ် ပြဿနာ တက်မယ်။ ကျွန်တော် က ကမ္ဘာကို ပတ်ပြီး
ထွက်လာတဲ့ သူအနေနဲ့ အကြံပေး တာ။ ဒီကို အကြာကြီးပဲ ရောက်နေတဲ့ တရုတ်တွေရှိ
တယ်။ ကျွန်တော့်သူငယ်ချင်း ဦးတရုတ်ကြီးတစ်ဦးရဲ့ သမီးဟာ
ပြည်တွင်းစစ်ကြီးကြောင့် ကရင်သူပုန်တစ် ယောက်က တရုတ်ကြီးဆီ ပေးခဲ့တာ။
ကိုမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း(၂)
ကျွန်တော်ကလည်း ဗမာဗုဒ္ဓဘာသာတစ်ယောက် ပဲ။ ကိုယ့်ရဲ့DNA ကို
စစ်ကြည့်မယ်ဆိုရင်တော့ ရှမ်း လည်းပါမယ်၊ မွန်လည်း ပါမယ်၊ ဗမာလည်း ပါတယ်။
ကျွန်တော်တို့ ဗမာ တွေဟာ နတ်ကိုးကွယ်မှုက ရှိတယ်။ နတ်ကိုးကွယ်မှု ဆိုတာက ကွ
ျန်တော်တို့ရဲ့
ရိုးရာ DNA Test ပါ။ ကျွန်တော် မိဘတွေက နတ်ကန်တော့တဲ့ အချိန်ဆိုရင်
အဘိုးက ရှမ်းနတ်ကို ကန်တော့ရတယ်။ ရှမ်းခေါင်းပေါင်းတွေနဲ့ အဘိုးက
သုံးခွဘက်ကပါ။ ရှမ်းသွေးလည်း ပါမယ်။ အမေ့ဘက်ကကျတော့ ကညွတ်တို့
ငါးရံ့နားဖားထိုးလို့ ခေါ်တာပေါ့။ မွန်ပေါ့ကွာ။ အဖေဘက်ကျတော့
ဦးမင်းကျော်တို့ပေါ့။ မြင်းဖြူရှင်လည်း ကိုးကွယ်ရတယ်။ တိုင်းရင်းသားတွေနဲ့
ဘုတ်ပလက်ထဲမှာ ပါတယ်လို့ သဘောပေါ့။ ကိုယ် ကိုယ်တိုင်လည်း တိုင်းရင်းသား
ဖြစ်တယ်။ ဗမာလည်း ဖြစ်တယ်။ ကရင် မွန်လည်း ဖြစ်မယ်ပေါ့။ ရခိုင်ရဲ့
အဓိကပြဿနာကို ကော်မရှင်ဖွဲ့ထားတယ်။ ဒီကော်မရှင်ကို ကျွန်တော်
စိတ်ဝင်စားတယ်။ ဒီကော်မ ရှင်က မှန်မှန်ကန်ကန် သုံးသပ်မယ်၊ ဘက်မလိုက်ဘဲ
တရားဥပဒေအတိုင်း ဖြစ်မယ်လို့ ယုံကြည်တယ်။
ကိုမိုးသီးဇွန်နှင့် တွေ့ဆုံမေးမြန်းခြင်း(၁)
လက်ရှိခရီးစဉ်အနေနဲ့ ဘာတွေများ ဆောင်ရွက်ပြီးသွားပြီလဲ။
ဝန်ကြီးဦးစိုးသိန်းနဲ့ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကပိုပြီး မြန်မြန်ဆန်ဆန် ချောချော
ဝန်ကြီးဦးစိုးသိန်းနဲ့ ဝန်ကြီးဦးအောင်မင်းတို့နဲ့ တွေ့ဆုံဆွေးနွေးတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်း အလဲတွေကပိုပြီး မြန်မြန်ဆန်ဆန် ချောချော
မွေ့မွေ့ဖြစ်ဖို့ ဆွေးနွေးတယ်။ ဆွေးနွေးမှုတွေက အလွန် အဆင်ပြေတယ်၊ အားရဖို့ကောင်းပါတယ်။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် တစ်ပတ်လောက်ဆိုရင် တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ အခု ကြားထားတာက သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ အစ်ကို့အနေနဲ့တခြား ဝင်ရောက် ဆောင်ရွက်ပေးရမယ့် အရာတွေ ရှိတယ်လို့ သိရပါတယ်။
ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးချင်တာပါ။ ဘာလို့လဲဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲအပေါ်မှာ ကျွန်တော်တို့ မြင်တဲ့အမြင်ကို တစ်ကမ္ဘာလုံးကို တင်ပြပေးမယ်။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ပြောင်းလဲနေတယ်၊ သူ့ရဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့က အယုံအကြည်ရှိတယ်။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
သမ္မတကြီးနဲ့ တွေ့ဖို့ အစီအစဉ်ရှိပါတယ်။ နောက် တစ်ပတ်လောက်ဆိုရင် တွေ့ခွင့်ရမယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ အခု ကြားထားတာက သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ အစ်ကို့အနေနဲ့တခြား ဝင်ရောက် ဆောင်ရွက်ပေးရမယ့် အရာတွေ ရှိတယ်လို့ သိရပါတယ်။
ကျွန်တော်တို့က တတ်နိုင်သမျှ ဆောင်ရွက်ပေးချင်တာပါ။ ဘာလို့လဲဆိုရင် ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတဲ့ အပြောင်းအလဲအပေါ်မှာ ကျွန်တော်တို့ မြင်တဲ့အမြင်ကို တစ်ကမ္ဘာလုံးကို တင်ပြပေးမယ်။ အခု သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ပြောင်းလဲနေတယ်၊ သူ့ရဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့က အယုံအကြည်ရှိတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့ တာဝန်ဆက်လက် ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကြေညာ
ဦးသိန်းစိုးခေါင်းဆောင်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်မှု၊ လုပ်ငန်းတာဝန် မကျေပွန်မှုတွေကြောင့် လက်ရှိ ထမ်းဆောင်နေတဲ့ ရာထူးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ကြေညာခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၆ ရက်က နိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး အဖွဲ့ ရာထူးတာဝန် ဆက်လက်
ထမ်းဆောင်ရန် မသင့်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကြေညာနေစဉ်။
Subscribe to:
Posts (Atom)