menu

Thursday, 22 August 2013

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart

ဖုန်းမလိုသော စမတ်နာရီ စစ်စစ် Omate TrueSmart

Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ 

တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။ 

Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံးပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။ 

ဖုန်းပြောဖို့၊ စာပို့ဖို့၊ အသံနဲ့ ပြောတဲ့ စကားကို စာအဖြစ် ပြောင်းလဲ ပေးမယ့် နည်းပညာ အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက်လည်း အသုံးပြု လို့ ရပါမယ်။ Facebook, Twitter, Instagram တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ Android ကိုအခြေခံတဲ့ App အတော်များများကို စမတ်ဖုန်းမှာ အသုံးပြုသလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရေစုံခံ၊ အကြမ်းခံတဲ့ နာရီ ဖြစ်ပါတယ်။

ဒီတော့ ယခုလို Function စုံတဲ့ နာရီတစ်လုံးရဲ့  ဈေးဟာလည်း မနည်းပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၉ သတ်မှတ်ထားပြီး ၂၀၁၃ နိုဝင်ဘာလမှာ စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
http://youtu.be/YzPI3NIw-vI

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/08/omate-truesmart.html

.


Omate TrueSmart အမည်နဲ့ အမေရိကန် ပြည်ထောင်စု၊ နယူးယောက် ပြည်နယ် အခြေဆိုက် နည်းပညာ ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ Omate မှတ် ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

တကယ့် စမတ်နာရီ ဖြစ်ပြီး စမတ်ဖုန်း အသုံးပြုရန် လုံးဝ မလိုတော့ ကြောင်း ကြော်ငြာစာသားမှာထည့်သွင်း ပြောကြားထားပါတယ်။ နာရီ မျက်နှာပြင်က ၁.၅၄ လက်မ ရှိပြီး တောင်ကိုရီးယား LG က ထုတ်တဲ့ TFT Display ကို အသုံးပြု ပါတယ်။


Android 4.2 OS ကို ပါဝင်ပြီး ကင်မရာက 5 megapixel အရည်အသွေး ရှိပါတယ်။ ဖုန်းပြောလို့ရပါမယ်။ GSM, CDMA နှစ်မျိုးစလုံး အတွက် ထောက်ပံ့ပြီး ဆင်းမ်ကဒ် ထည့်သုံးလို့ ရမှာ ဖြစ်ပါတယ်။ Bluetooth 4.0, Wi Wi, GPS တို့လည်းပါရှိပါတယ်။ micro SIM ကို အသုံးပြု ရမှာပါ။ ဘက်ထရီက နာရီ ၁၀၀ အတွက် Standby ဖြစ်မယ့် 600mAh အား ဖြည့်တင်း ထားပါတယ်။ 2GM memory ပါရှိပြီး ကဒ် ထပ်ဆိုက် လို့ ရပါသေးတယ်။

အကြမ်းဖက်သမားများ မ၀င်လာရေး နိုင်ငံတ၀န်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့်ပြီဟုဆို

ရန်ကုန်မြို့လယ် တနေရာတွင် လုံခြုံရေး ယူနေသည့် ရဲများကို ဧပြီလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ ကျင်းပရန် နီးကပ်လာချိန်တွင် အကြမ်းဖက် သမားများ၏ အန္တရာယ်မှ ကာကွယ်ရေးနှင့် အကြမ်းဖက်သမားများ နိုင်ငံတွင်း ၀င်မလာနိုင်ရေး အတွက် နိုင်ငံတ၀န်း လုံခြုံရေး အမြင့်ဆုံး တိုးမြှင့် တပ်လှန့် သတိပေးလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် ၀င်းခေါင်က ပြည်တွင်း၌ အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် အကြမ်းဖက်သမားများ ပြည်တွင်းသို့ ၀င်မလာနိုင်စေရန် လေဆိပ်၊ နယ်စပ်ဒေသများ၊ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သော နေရာများနှင့် ကမ္ဘာလှည့် ခရီးသည်များ အများဆုံး ရှိရာဒေသများတွင် လုံခြုံရေးအဆင့်ကို သိသိသာသာ တိုးမြှင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“တချို့နေရာတွေက လုံခြုံရေး တိုးမြှင့်တာ၊ တချို့နေရာတွေက လုံခြုံမှု အဆင့်ကို မြှင့်တင်ပြီးတော့ Alert လုပ်ထားတာပေါ့။ Security Alert လုပ်တယ်ဆိုတာ ရဲတပ်ဖွဲ့တခုလုံးကို Alert လုပ်ထားတာ။ အိန္ဒိယမှာ ဗုံးခွဲခံရတဲ့ ပြဿနာတွေ ဖြစ်ခဲ့တယ်။ ပြင်ပဘက်မှာ ဒီလိုလှုပ်ရှားမှုတွေ ရှိနေတော့ ဒီလိုလူတွေကြောင့် ပြည်တွင်းမှာ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ မဖြစ်အောင် ပြင်ဆင်ထားတယ်” ဟု ရဲမှူးချုပ် ၀င်းခေါင်က ဆိုသည်။

ငါးပိဈေးကွက်၏ ၈၀ ရာခိုင်နှုန်း ဓာတ်မြေဩဇာပါနေ

မြန်မာနိုင်ငံရဲ့ ဒေသထွက်လည်း မိရိုးဖလာ အစားအစာလည်းဖြစ်တဲ့ ငါးပိတွေကို ယူရီးယားဓာတ်မြေဩဇာနဲ့ ပြုလုပ်နေတယ်လို့ စာသုံးသူကာကွယ်ရေးအသင်းက ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။

ဈေးကွက်ထဲက ငါးပိတွေကို စစ်ဆေးရာမှာ ငါးပုံလေးပုံဟာ စာသုံးသူတွေအတွက် အလွန်အန္တရာယ်များတယ်လို့ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောပါတယ်။

“အကုန်လုံး နီးပါးလောက်က ဓာတ်မြေဩဇာနဲ့ ငါးပိတွေကို သိပ်ကြတယ်။ ယူရီးယားဓာတ်မြေဩဇာတွေ သုံးတယ်လို့ သတင်းရတယ်။ ဘယ်လိုမှ ရှာဝယ်လို့မရဘူး။ အိမ်စားဖို့ ကိုယ့်ဘာသာကိုယ် သိပ်ထားတဲ့ လေး၊ ငါး၊ ဆယ်ပိဿာပဲ ရတယ်။ အခုသူတို့က ဘယ်လိုလဲဆိုတော့ ဖြတ်လမ်းကနေပြီး ဒီအရိုးတွေ၊ ငါးပိတွေ နူးညံ့ပျော့အိသွားအောင် ကုန်ကျစရိတ်လည်း သက်သာတယ်၊ တလ နှစ်လအတွင်းနဲ့ ဈေးကွက်တွေကို ရောက်တယ်။ ဒါပေမယ့် စားသုံးတဲ့သူတွေမှာကျတော့ ကလီစာတွေ ထိတယ်။ ဈေးကွက်ရဲ့ ၈၀ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက်က ဓာတ်မြေဩဇာနဲ့ သိပ်တာ ဖြစ်နေတယ်။”

ဒေါ်စုမဟုတ်သော သမ္မတနှင့် ဒေါ်စုဦးစီးမည့် လွှတ်တော် ( ဒေါက်တာရန်မျိုးသိမ်း )

D-22-8
ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ်၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့သည် ၂၀၁၅ ခုနှစ် အလွန်တွင် နိုင်ငံရေး ထုံကူးမည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်ရေးကို အခြေပြုမည့် နိုင်ငံရေး ရှေ့ခရီးကို ဦးဆောင်ရာတွင် မျက်လုံးကျယ်ကျယ်ဖွင့်၊ နားကျယ်ကျယ် စွင့်ထားရမည်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်သော အင်န်အယ်လ်ဒီ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် လွှတ်တော်တို့သည် ဆင်းရဲမွဲတေမှုနွံထဲ နစ်မြုပ်နေသည့် ပြည်သူလူထု၏ ၀န်ထုပ်ဝန်ပိုးကို အတန်အသင့် ဖြေလျှော့ပေးနိုင်ရေးတွင် ယခုကာလ ဗျူဟာမြောက် ပြင်ဆင်မှုများသည် အလွန်အရေးကြီးသည်ဟု ကောက်ချက်ပြုနိုင်သည်။
မြန်မာပြည်သူလူထု အများစုကြီး၊ အထူးသဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်ကာလတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် မြင်တွေ့လိုကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် မြန်မာ့နိုင်ငံရေး အချိုးအကွေ့ကြီး တစ်ခုကို သူနိုင်ကိုယ်နိုင် အနေအထားနှင့် ကျော်ဖြတ်နိုင်ရန် အာရုံများနေသော မြန်မာပြည်သူ လူထုကြီးသည် ရွေးကောက်ပွဲအလွန် နိုင်ငံရေး အခင်းအကျင်းတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်မည်ကိုလည်း စိုးရိမ်ကြောင့်ကြလျက် ရှိသည်။

မနက်ခင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မုန်းတဲ့သူ (ဂျူး)


ကျွန်မ ဘာလုပ်ရတော့မှာလဲ။
အဲဒီအချိန်ကစပြီး ကြယ်တွေကလည်း ညတိုင်းကို ကြွေနေတော့တာ။
ကြယ်ကြွေတာကို မမြင်ချင်လို့ ကောင်းကင်ကို မကြည့်ပါဘူးဆိုမှ ကြည့်မိတဲ့ မြေပြင်မှာလည်း ဒဏ်ရာတွေချည်းပါလား။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။
သူပြောပြမှ သိမယ့်အကြောင်းအရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ရက်လုပ်လာခဲ့တာ
အခုမှပဲ မြစ်တစ်စင်းနီးပါး ရှည်လျားနေတာ တွေ့ရတော့တယ်။
မဖြစ်ဘူး။ ကျွန်မပြောမှ သူသိမယ့် အကြောင်းအရာတွေအတွက် ဘဝကို ပြင်ဆင်ရတော့မယ်။

ကျွန်မ ဘာလုပ်ရတော့မှာလဲ။
ဘဝကို ပါးပါးလှီးပြီး မြည်းစမ်းကြည့်ချင်တဲ့ သူငယ်ချင်းတစ်ယောက်က “ခါးလိုက်တာ” လို့ ပြောနေမှတော့။
ကျွန်မ ဘာလုပ်ရတော့မှာလဲ။
အရိပ်ပေးနိုင်ပုံရတဲ့အရာ နှစ်ခုသုံးခုကို စမ်းသပ်နားခိုကြည့်ခဲ့မိပြီးတဲ့နောက် ပူပြင်းနေတဲ့အခါ
တွေ့ကြုံသမျှကို သံသယနဲ့ ကျွန်မ ကြည့်တတ်လာခဲ့ပြီ။
နောက်ဆုံးတော့ အရိပ်ဆိုတာ ကိုယ်ကိုယ်တိုင်ပါပဲ။

မြိတ်မြို့သို့ ၀င်ရောက် လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက ထုတ်ပြန်


မြိတ်မြို့သို့ ၀င်ရောက်လာနိုင်သော ဖောက်ခွဲရေးသမား သုံးဦး၏ပုံကို သက်ဆိုင်ရာက
ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖောက်ခွဲရေးသမားများ သတင်းကြောင့်
မြို့အ၀င်အထွက် လမ်းကြောင်းများ အပါအ၀င်ပင်လယ်ပိုင်းရှိကျွန်းများနှင့်ကျေးရွာများ
အထိ စနစ်တကျစောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုလလယ်ပိုင်းမှ စတင်ပြီး မြိတ်မြို့သို့ ဖောက်ခွဲရေးသမားသုံးဦး ဖောက်ခွဲရေး ပစ္စည်း
များနှင့်အတူ ၀င်ရောက်လာနိုင်ကြောင်း သတင်းများ ရရှိခဲ့ရာ လုံခြုံရေး တိုးမြင့်
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဖောက်ခွဲရေးသမားသုံးဦး ရောက်ရှိနေသည့်သတင်းမှာ
ဓာတ်ပုံများနှင့်အတူ အာဏာပိုင်များထံသို့ ရောက်ရှိ နေပြီး ရပ်ကွက်အလိုက်၊ ကျေးရွာများ
အလိုက် လုံခြုံရေး တိုးမြှင့်ခဲ့သလို လူဝင်လူထွက်များ သိရှိနိုင်ရန်ဧည့်စာရင်းများစစ်ခြင်း၊
မြို့အ၀င်ထွက်များတွင် စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"ဖောက်ခွဲရေးသမား သုံးဦးကတော့ အခုထိ မမိသေးပါဘူး။ သတင်းတွေ အမျိုးမျိုး
ထွက်နေပေမယ့် လုံခြုံရေးကိုတော့ စနစ်တကျ လုပ်ဆောင်နေပါတယ်

ပြန်ခါနီးတွင် ငိုယိုပြီး ပြောဆိုသွားသော ကင်တားနား၏ပြောကြားချက်အား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြန်လည်ဖြေရှင်း


ဆန္ဒပြမှုများကို အစိုးရဘက်မှ အကာအကွယ်မပေးခဲ့ ကြောင်းကင်တားနား၏
ပြောကြားချက်မှာအဖြစ်မှန်နှင့်ကွဲလွဲနေကြောင်းနိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြောဆိုလိုက်ပါတယ်။

မစ္စတာ ကင်တားနားက “မိတ္တီလာမြို့ က ဖြစ်ရပ်ဟာ ကျနော့် အတွက် အနီးအနားမှာ
ရဲတွေ ရှိပေမယ့် အကာအကွယ်မဲ့နေပီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေး
မိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ တဲ့မိတ္ထီလာပဋိပက္ခမှာ လူ၄၃ဦးအသတ်ခံနေရ
တုန်းက ရဲတွေဟာဒီလိုပဲကာကွယ်မှုမပေးဘဲရပ်ကြည့်နေမယ်ဆိုတာကိုတွေးမိပါတယ်”
လို့ ပြောပါတယ်။
ဒီပြောကြားချက်အပေါ်ဦးရဲထွဋ်က “မစ္စတာ ကင်တားနားရဲ့ပြောကြားချက်ဟာ
တကယ်ဖြစ်တဲ့အဖြစ်မှန်နဲ့ကွဲလွဲမှုတွေရှိနေတယ်။တကယ်တော့အဲဒီနေ့က
ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျေန်ာတို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေ
ကိုလည်း ချထားခဲ့တယ်။

ခွေးရူးရောဂါ(သို့မဟုတ်)သေမိန့်(ရေးသားသူ- ရဲနောင်၊နန်းအောင်)

  1. Photo: ခွေးရူးရောဂါ(သို့မဟုတ်)သေမိန့်
---------------------------
ရေးသားသူ- ရဲနောင်၊နန်းအောင်

သြဂုတ်လလယ် နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်ဆေးရုံကြီးအတွင်း ပေနှစ်ဆယ်ပတ်လည်ခန့်ရှိသော သီးသန့်လူနာများထားရာ အခန်းရှေ့၌ တာဝန်ကျသူနာပြုဆရာမလေးက “မနေ့က သုံးနှစ်အရွယ်ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် ထပ်ရောက်နေပြန်ပြီ”ဟု ကရုဏသက်သောလေသံဖြင့် ခပ်တိုးတိုးလေးပြောသည်။

အဆိုပါအခန်းငယ်လေးသည် ရောက်ရှိလာသော လူနာများ၏ ကျန်းမာရေးသတင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၊ မိတ်ဆွေများအား စိတ်မချမ်းမြေ့ဖွယ်ရာများကိုသာ ပေးလေ့ရှိသည့် ခွေးရူးပြန်ရောဂါကူးစက်ခံသူများကိုသာ သီးသန့်ထားသောအခန်းပင်ဖြစ်သည်။

ရောဂါကူးစက်လျှင် ရာနှုန်းပြည့်သေဆုံးသည်ဟု မကောင်းသည့်ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည့် ခွေးရူးပြန်ရောဂါကြောင့် ဆေးရုံများ၏ သီးသန့်လူနာခန်းများနှင့် ဆေးရုံသို့မရောက်ဘဲ မိမိတို့၏နေအိမ်များ၌ ဘ၀၏နောက်ဆုံးအချိန်ကို ဖြတ်သန်းရသူ ကိန်းဂဏန်းများသည်လည်း မြန်မာနိုင်ငံ၌ မြင့်မားလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၏ စာရင်းအရ လူဦးရေတစ်သန်းလျှင် ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှု ၂၂ ယောက်နှုန်းအထိရှိနေသော မြန်မာနိုင်ငံသည် အဆိုပါရောဂါ အဖြစ်များဆုံးနိုင်ငံများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေခြောက်သိန်းခန့်မှာ ခွေးကိုက်ခံနေရသည်ဟု ဖော်ပြထား၏။

ခွေးရူးပြန်ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ရန်၊ လျှော့ချပစ်နိုင်ရန် နိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိဌာနများနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးသည် အထူးလိုအပ်လျက်ရှိသည်ဟု အဆိုပါရောဂါနှင့်စပ်လျဉ်း၍ ကျွမ်းကျင်သောပညာရှင်များကပြောသည်။

“အခုလက်ရှိတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပကအဖွဲ့အစည်းတွေ၊ ပြီးတော့ အစိုးရပိုင်းနှင့် ပညာရှင်တွေအားလုံး ပူးပေါင်းဖို့လိုနေပါပြီ”ဟု ခွေးရူးပြန်ရောဂါ ဖြစ်ပွားမှုထိန်းချုပ်ရေးအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့(မန္တလေး)မှ ဒေါက်တာကျော်ထင်ကပြောသည်။

ခွေးများအတွက် မှတ်ပုံတင်ပြုလုပ်၍ စာရင်းအတိအကျပြုစုခြင်း၊ ကာကွယ်ဆေးထိုးခြင်းနှင့် ခွေးကောင်ရေ ထိန်းချုပ်စီမံရေးတို့သည် နိုင်ငံတော်မူဝါဒတစ်ခုအောက်တွင် တညီတညွတ်တည်းဖြင့် တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခွေးရူးပြန်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များတွင် ဖော်ပြနေ၏။ 

မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနက ခွေးလေခွေးလွင့်ထိန်းချုပ်ရေးအတွက် အသားလုံးပစ်၍ ရှင်းလင်းခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ခွေးရူးပြန်ရောဂါကာကွယ်ဆေးထုတ်ပေးခြင်း၊ ပြည်တွင်းအဖွဲ့အစည်းအချို့က တတ်နိုင်သမျှဖြင့် ခွေးလေခွေးလွင့်များအား ကာကွယ်ဆေးထိုးပေးနေခြင်း၊ လူပုဂ္ဂိုလ်အချို့က ပိုင်ရှင်မဲ့ခွေးများအတွက် ထိန်းသိမ်းရေးဂေဟာများ ပြုလုပ်ဆောင်ရွက်နေခြင်းစသည့်တို့ကို ပြုလုပ်နေကြသော်လည်း အားလုံးပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောရန်မှာ အလွန်ခက်ခဲသောအခြေအနေတစ်ခုဖြစ်ပါသည်။

အိမ်နီးချင်းထိုင်းနိုင်ငံ၌ တစ်နှစ်လျှင်လူဦးရေ လေးသိန်းခန့် ခွေးကိုက်ခံနေရသော်လည်း ပျမ်းမျှလူတစ်သန်းတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားသူမှာ တစ်ယောက်ပင်မပြည့်ဘဲ အဆိုပါရောဂါကြောင့်  သေဆုံးသူအရေအတွက်မှာ တစ်နှစ်လျှင် ၂၅ ယောက်အောက်ရှိနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စက်တင်ဘာ ၂၈ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့(World Rabies Day) ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာတာဝန်ရှိဌာနများ၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကောင်းတစ်ခုဖြစ်၏။

“ခွေးလေခွေးလွင့်ပြဿနာကို စည်ပင်သားသတ်ဌာနကပဲ ကိုင်တွယ်ဖြေရှင်းနေရတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ပူးပေါင်းမှုအားနည်းတယ်။ ခွေးတွေမှတ်ပုံတင်တာ၊ ကာကွယ်ဆေးထိုးတာ စတာတွေအားလုံးက အကုန်လုံးပေါင်းပြီးလုပ်မှရမယ်”ဟု မွေးမြူရေးနှင့်ကုသရေးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးကပြောသည်။

မက္ကဆီကိုနိုင်ငံတွင် ငါးနှစ်စီမံကိန်းဖြင့် နိုင်ငံအတွင်းရှိ ခွေးလေခွေးလွင့်မကျန် ကာကွယ်ဆေးထိုးခြင်းကို ပြုလုပ်ခဲ့ရာ ဖြစ်ပွားမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ တစ်နှစ်လျှင် သေဆုံးမှု ၆၀ ကျော်မှ ၂၀ ကျော်အောက်သို့ ရောက်သွားခဲ့ခြင်းသည် ဥပမာကောင်းတစ်ခုဖြစ်သည်။

ခွေးတစ်ကောင်အား ကာကွယ်ဆေးထိုးလျှင် ကျပ်ငွေသုံးထောင်မှ ငါးထောင်ခန့်သာ ကုန်ကျပြီး လူတစ်ဦးလျှင် အဆိုပါရောဂါကာကွယ်ဆေးမှာ ခြောက်သောင်းခန့် ကျသင့်မည်ဖြစ်သည်။ တစ်နှစ်လျှင် ခွေးကိုက်ခံရသူ ခြောက်သိန်းခန့်ရှိသော မြန်မာနိုင်ငံတွင် အကိုက်ခံရသူများအားလုံးကို ကာကွယ်ဆေးထိုးပါက အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ကုန်ကျမည်ဖြစ်သည်။

“တစ်နိုင်ငံလုံးအနေနဲ့က ခွေးကောင်ရေအတိအကျ ကောက်ထားတာမရှိပါဘူး။ ဒါပေမယ့် ဘယ်အရာကို အဓိကထားရမလဲဆိုတာ ပေါ်လွင်နေပါတယ်။ ဆေးထိုးရင်နောက်က Registration  (မှတ်ပုံတင်)တာတို့၊ ခွေးကောင်ရေထိန်းချုပ်တာတို့ပါ တစ်ဆက်တည်းလုပ်ဖို့လိုတယ်”ဟု အင်းစိန်မြို့နယ် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးက ရှင်းပြသည်။

မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ်က ခွေးလေခွေးလွင့် ၂၁၄၆ ကောင်အား ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီး ယခုနှစ်တွင် အကောင်ရေ ၅၀၀ ထိုးပြီးဖြစ်သည်ဟု တိရစ္ဆာန်ဆေးကုသဆရာဝန်များအဖွဲ့(မန္တလေး)ထံမှ သိရသည်။ သို့သော် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင် သီးသန့်ပြုလုပ်နေသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက ရာနှုန်းပြည့်နည်းပါးနေသည်ဟု တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာခင်မောင်ထွေးကပြောသည်။

ထို့အပြင် ခွေးကောင်ရေထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ နိုင်ငံအများစုတွင် အကန့်အသတ်များရှိနေပြီး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်မှုတွင်  အားနည်းနေသည်ဟု ကမ္ဘာလုံးဆိုင်ရာ ခွေးရူးပြန်ရောဂါ ထိန်းချုပ်ရေးအဖွဲ့(Global Alliance For Rabies Control)၏ အစီရင်ခံစာက ဖော်ပြနေ၏။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနအနေဖြင့် အမဲသားကို အဆိပ်ခတ်၍ တစ်လလျှင် ခွေးလေခွေးလွင့် ၂၅၀၀ ခန့် ရှင်းလင်းပေးနေရသည်ဟုဆိုသည်။ သို့သော် နှစ်ပေါင်းများစွာကျင့်သုံးခဲ့သော အဆိုပါနည်းလမ်းဟောင်းသည် အခြားသော ပူးပေါင်းဆောင်ရွက်မှုများ မရှိခြင်းက တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးရူးပြန်ရောဂါထိန်းချုပ်ရေးတွင် အောင်မြင်မှုအားနည်းစေခြင်းဖြစ်သည်။

“စည်ပင်က အမဲသားပစ်ပြီးရှင်းရင် ခွေးတွေကိုသနားတယ်။ ဒါပေမဲ့ ဈေးထဲမှာက ပိုင်ရှင်မရှိတဲ့ခွေးတွေက အကောင် ၂၀ လောက်ရှိတယ်။ သနားပေမယ့် ခွေးကိုက်ခံရမှာတော့ တော်တော်ကြောက်တယ်”ဟု လှိုင်မြို့နယ် ရပ်ကွက်ဈေးတစ်ခုရှိ အသက် ၅၀ ကျော်အရွယ် ပန်းရောင်းသူအမျိုးသမီးကြီးတစ်ဦးကပြောသည်။

နိုင်ငံသားအများစုကိုးကွယ်သော ဗုဒ္ဓဘာသာအဆုံးအမအချို့ကြောင့် ခွေးလေခွေးလွင့်ထိန်းချုပ်၊ ရှင်းလင်းရေးမှာ ဝေဖန်ခံရမှုရှိနေသော်လည်း ၎င်းတို့မှာတစ်ဆင့် ဖြစ်လာမည့် ခွေးရူးပြန်ရောဂါ၏ ဆိုးရွာမှုကို မည်သူမျှအတိအကျမသိရှိကြပေ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံရှိ ခွေးကောင်ရေ၏ ၇၅ ရာခိုင်နှုန်းမှာ ခွေးရူးရောဂါပိုးရှိနေသည်။ အဆိုပါရောဂါကြောင့် မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်၌ ၂၀၅ ဦး သေဆုံးပြီး ၂၀၁၂ ခုနှစ်တွင် ၂၄၀ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ သို့သော် ဆေးရုံဆေးခန်းသို့မရောက်ရှိဘဲ သေဆုံးခဲ့သော အရေအတွက်မှာ အဆိုပါကိန်းဂဏန်းများထက် အနည်းဆုံးနှစ်ဆကျော်များနေမည်ဟု ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းကြသည်။ ပြီးခဲ့သည့်ဧပြီလအတွင်းက မန္တလေးတိုင်း၌ ခွေးရူးပြန်ရောဂါ ကူးစက်ခံထားရသော အိမ်မွေးခွေးအကိုက်ခံရမှုကြောင့် တစ်နေ့တည်းမှာပင် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရသည်။

“အစ်မယောက်ျားဆုံးတော့ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်နေခဲ့တယ်။ မသေခင်တစ်ချက်တစ်ချက် လူစိတ်ဝင်လာတဲ့အခါကျရင် သူ့သားသမီးတွေကို ခွေးတွေနဲ့ ဝေးဝေးနေဆိုတာကိုပဲမှာတယ်”ဟု အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက လွန်ခဲ့သောငါးနှစ်ခန့်က ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခဲ့သော ခင်ပွန်း၏ နောက်ဆုံးခရီးစဉ်အကြောင်းကို ပြောပြသည်။

ခွေးရူးပြန်ရောဂါသည် အာရုံကြောဆဲလ်များကို ဖျက်ဆီးသည့် Rabies ဗိုင်းရပ်စ်ကြာင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးရှိသော လူ၊ ခွေး၊ ကြောင်၊ အိမ်မွေးတိရစ္ဆာန်များအကိုက်ခံရခြင်း၊ ခွေးနှင့် ကြောင်၏သွားရည်မှတစ်ဆင့် လူ့အရေပြားပေါ်ရှိ ထိခိုက်ရှနာ၊ ဒဏ်ရာတို့မှတစ်ဆင့် ကူးစက်ခံရနိုင်ပြီး ရောဂါကူးစက်ခံရသူတွင် အဖျားငုပ်နေတတ်ပြီး ခွေးကိုက်ခံရသည့်နေရာ ယားယံနာကျင်ခြင်း၊ ရေကြောက်ခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်းနှင့် ခွေးကဲ့သို့ကိုက်ခြင်းလက္ခဏာများပြ၍ တစ်ပတ်အတွင်း သေဆုံးနိုင်ကြောင်း၊ ကာကွယ်ဆေးရှိသော်လည်း ရောဂါဖြစ်ပါက သေဆုံးရန်ရာခိုင်နှုန်းအပြည့်ရှိကြောင်း ခွေးရူးရောဂါကာကွယ်ရေး လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။

ဆင်းရဲသောမိသားစုများ ဆေးရုံ၊ ဆေးခန်းနှင့် အလှမ်းဝေးသော ဝေးလံခေါင်သီသော ဒေသများ၌ နေထိုင်သူများနှင့် အသက် ၁၅ နှစ်အောက် ကလေးငယ်များသည် ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်သည့် အခြေအနေပိုများသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက စစ်တမ်းပြုစုထားသည်။ 

အမေရိကန်နိုင်ငံ ၀ါရှင်တန်ကျန်းမာရေးတက္ကသိုလ်မှ ပြုလုပ်ထားသောစာရင်းများအရ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များသေဆုံးမှုတွင် ခွေးရူးပြန်ရောဂါကြောင့် ဖြစ်ပွားခြင်းသည် အဆင့် ၁၇ နေ ရာတွင် ရှိနေသည်။

တစ်ရက်လျှင် ပျမ်းမျှဝင်ငွေ နှစ်ထောင်ကျော်သာရှိနေသော မြန်မာနိုင်ငံအတွင်းရှိ မိသားစုများအနေဖြင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတစ်ခါထိုးခြင်းသည် မိမိတို့၏ တစ်လလုပ်အားခ ကုန်ဆုံးသွားမည်ဖြစ်သည်။ ထို့ကြောင့် အများစုက ဆေးရုံ၊ ဆေးခန်းများထက် မြန်မာနည်း၊ မြန်မာဟန် ဆေးမန်းသည့်နေရာများဆီသို့သာ အားကိုးတကြီးသွားနေကြမြဲဖြစ်သည်။

“ခွေးရူးတကယ်ကိုက်တယ်ဆိုရင် ဘယ်လိုမန်းမန်းမရဘူးလို့ ပြောလိုက်ပါရစေ။ ကာကွယ်ဆေးထိုးမှရမယ်”ဟု အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာနေ၀င်းကပြောသည်။

ကမ္ဘာပေါ်တွင် အဆိုပါရောဂါကြောင့် တစ်ရက်လျှင် လူ ၁၅၀ ခန့် သေဆုံးနေမှုများကြားတွင် မြန်မာနိုင်ငံအနေဖြင့် ခွေးအကိုက်ခံရမှ ကာကွယ်ဆေးထိုးကြမည်လား၊ သို့မဟုတ် ကြိုတင်ကာကွယ်ရေးအနေဖြင့် ခွေးလေခွေးလွင့်ထိန်းချုပ်ရေး၊ မှတ်ပုံတင်စာရင်းပြုစုခြင်း၊ ခွေးများအား ကာကွယ်ဆေးထိုးခြင်းများကို အားလုံးပူးပေါင်းဆောင်ရွက်ကြမည်လားဆိုသည်မှာ မေးခွန်းတစ်ခုအဖြစ်ရှိနေပါပြီ။

ဓာတ်ပုံ- နစ်ကီ

    သြဂုတ်လလယ် နေ့လယ်ခင်းတစ်ခုတွင် ရန်ကုန်ဆေးရုံကြီးအတွင်း ပေနှစ်ဆယ်ပတ်လည်ခန့်ရှိသော သီးသန့်လူနာများထားရာ အခန်းရှေ့၌ တာဝန်ကျသူနာပြုဆရာမလေးက “မနေ့က သုံးနှစ်အရွယ်ကောင်လေးတစ်ယောက် ဆုံးသွားတယ်။ ဒီနေ့ခုနစ်နှစ်အရွယ် ကလေးတစ်ယောက် ထပ်ရောက်နေပြန်ပြီ”ဟု ကရုဏသက်သောလေသံဖြင့် ခပ်တိုးတိုးလေးပြောသည်။

    အဆိုပါအခန်းငယ်လေးသည် ရောက်ရှိလာသော လူနာများ၏ ကျန်းမာရေးသတင်းနှင့်ပတ်သက်၍ မိသားစုဝင်များ၊ မိတ်ဆွေများအား စိတ်မချမ်းမြေ့ဖွယ်ရာများကိုသာ ပေးလေ့ရှိသည့် ခွေးရူးပြန်ရောဂါကူးစက်ခံသူများကိုသာ သီးသန့်ထားသောအခန်းပင်ဖြစ်သည်။

    ရောဂါကူးစက်လျှင် ရာနှုန်းပြည့်သေဆုံးသည်ဟု မကောင်းသည့်ဂုဏ်ပုဒ်ဖြင့် ထင်ရှားသည့် ခွေးရူးပြန်ရောဂါကြောင့် ဆေးရုံများ၏ သီးသန့်လူနာခန်းများနှင့် ဆေးရုံသို့မရောက်ဘဲ မိမိတို့၏နေအိမ်များ၌ ဘ၀၏နောက်ဆုံးအချိန်ကို ဖြတ်သန်းရသူ ကိန်းဂဏန်းများသည်လည်း မြန်မာနိုင်ငံ၌ မြင့်မားလျက်ရှိသည်။

ဆီးရီးယား ဓာတုအဆိပ်ငွေ့ တိုက်ခိုက်မှုကြောင့် ၂၀၀ ကျော် သေဆုံး

Photo: ဆီးရီးယား ဓာတုအဆိပ်ငွေ့ တိုက်ခိုက်မှုကြောင့် ၂၀၀ ကျော် သေဆုံး

ဒမတ်စကတ်၊ သြဂုတ် ၂၁

ဓာတုလက်နက်များ အသုံးပြုလျက် ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသော  ဆီးရီးယား ပြည်တွင်းစစ်တွင် မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း၌ ဆီးရီးယား အစိုးရ၏ ဓာတုလက်နက်သုံး တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက်အခံများ က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိပ်ဓာတ်ငွေ့ ဓာတုပစ္စည်းများပါသော ဒုံးကျည်များ ဗုဒ္ဓဟူးနေ့ အစောပိုင်းက  ဒမတ်စကတ် မြို့တော် ဆင်ခြေဖုံး ဧရိယာများ ဖြစ်သော Ain Tarma, Zamalka and Jobar သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း ဆီးရီးယား အတိုက်အခံများက ပြောကြားသည်။

ဆေးကုသရေး စင်တာများမှ ရရှိသော သတင်း အချက်အလက်များအရ အဆိုပါ ဓာတုအဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၂၁၃ ဦး Douma Emergency Collection facility မှ သူနာပြုတစ်ဦးက ပြောကြားသည်။

ရိုက်တာ သတင်းဌာနအတွက် အလုပ် လုပ်နေသော ဓာတ်ပုံသမားများ၏ ဓာတ်ပုံများအရ ဆေးကုသရေး စင်တာများတွင် မျက်မြင်ဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ကြမ်းပြင်ပေါ်တွင် သေဆုံးနေသူများ၏ ပုံများကို တွေ့ရှိရသည်။

“ဒီကို ရောက်လာကြတဲ့ လူနာ အများစုက အမျိုးသမီးနဲ့ ကလေးတွေပါ။ သူတို့ရဲ့ သူငယ်အိမ်တွေ ကျယ်နေတာ၊ ပါးစပ်မှာ အမြှုပ်တွေ ထွက်နေတာ၊ ခြေလက်အင်္ဂါတွေ အေးစက်နေတာတွေ့ရပါတယ်။ ဆရာဝန်တွေ ပြောတာကတော့ အာရုံကြော အဆိပ်သင့်တဲ့ လက္ခဏာတဲ့” ဟု Douma Emergency Collection facility မှ သူနာပြု တစ်ဦးက ပြောကြားသည်။

ဆီးရီးယား ပြည်တွင်းစစ်တွင် ဓာတုလက်နက်များ အသုံးပြုလျက်ရှိကြောင်း စွပ်စွဲချက်များကို စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့များ ဆီးရီးယားသို့ တနင်္ဂနွေနေ့တွင် ရောက်ရှိနေသည်။

၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သော ဆီးရီးယား အစိုးရနှင့် အတိုက်အခံ သူပုန်များအကြား ဖြစ်ပွားသော ပြည်တွင်းစစ်တွင် လူပေါင်း ၉၂,၉၀၁ ကျော် သေဆုံးခဲ့ရသည်ဟု ကုလသမဂ္ဂ၏ ဇွန်လ ၁၃ ရက်နေ့ တရားဝင် သတင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် သတင်းရရှိရန် ခက်ခဲသည့် ဒေသများ ရှိနေခြင်းကြောင့် အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ တစ်သိန်းကျော်အထိ ရှိနိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီးက ဆိုသည်။

ဒမတ်စကတ်၊ သြဂုတ် ၂၁

ဓာတုလက်နက်များ အသုံးပြုလျက် ရှိသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသော ဆီးရီးယား ပြည်တွင်းစစ်တွင် မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း၌ ဆီးရီးယား အစိုးရ၏ ဓာတုလက်နက်သုံး တိုက်ခိုက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆီးရီးယား အတိုက်အခံများ က ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အဆိပ်ဓာတ်ငွေ့ ဓာတုပစ္စည်းများပါသော ဒုံးကျည်များ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဒမတ်စကတ် မြို့တော် ဆင်ခြေဖုံး ဧရိယာများ ဖြစ်သော Ain Tarma, Zamalka and Jobar သို့ ကျရောက်ပေါက် ကွဲခဲ့ကြောင်း ဆီးရီးယား အတိုက်အခံများက ပြောကြားသည်။

ဆေးကုသရေး စင်တာများမှ ရရှိသော သတင်း အချက်အလက်များအရ အဆိုပါ ဓာတုအဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှုကြောင့် လူ ၂၁၃ ဦး Douma Emergency Collection facility မှ သူနာပြုတစ်ဦးက ပြောကြားသည်။

အဆောင်နေ တက္ကသိုလ်ကျောင်းသူနှစ်ဦးကို တပ်မတော်သား ဓားထိုးလုယက်


ပုသိမ်၊ သြဂုတ် ၂၁

ပုသိမ်မြို့ အမှတ် (၁၃) ရပ်ကွက် ဘဝရှေ့ဆောင် ဘော်ဒါဆောင် တွင် နေထိုင်သည့် တက္ကသိုလ်ကျောင်းသူနှစ်ဦး၏ အခန်းတွင်းသို့ အမှတ် (၄၂၄) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းမှ တပ်မတော်သားတစ်ဦး ဝင်ရောက်၍ ဓားထိုးလုယက်ခဲ့ကြောင်း ဓားဒဏ်ရာများ ရရှိခဲ့သည့် ကျောင်းသူ မသင်းသင်းဝေက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၃၀ ခန့်က ပုသိမ်တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မသင်းသင်းဝေနှင့် ပထမနှစ်ကျောင်းသူ မစုစုနိုင်တို့ နေထိုင်ရာအခန်းသို့ အဆိုပါ စွပ်စွဲခံရသည့် တပ်မတော်သားက ဖွင့်ထားသည့် ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်ကာ အိပ်ပျော်နေသည့် မစုစုနိုင် လက်မှ လက်စွပ်ချွတ်ယူစဉ် လန့်နိုး၍ အော်ဟစ် အကူအညီ တောင်းရာမှ ဓားဖြင့်အထိုးခံရကာ မသင်းသင်းဝေ၏ ဝဲဘက် ရင်အုံ၊ ဝမ်းဗိုက်နှင့် ယာခြေသလုံးတို့တွင် ပြတ်ရှဒဏ်ရာများနှင့် မစုစုနိုင်၏ လက်မနှင့် လက်ညှိုးကြား ပြတ်ရှဒဏ်ရာများ ရရှိကြောင်း မသင်းသင်းဝေက ပြောဆိုသည်။

ပြန်ပေါင်းရန် ခေါ်မရ၍ဇနီးကို ဓားဖြင့်ထိုးသတ်

မင်းဘူး၊ သြဂုတ် ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရွှေငါးလက်ဖက်ရည်ဆိုင်တွင် သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၈နာရီ ၄၅မိနစ်ခန့်က တစ်နှစ်ကျော်ခန့် ခွဲနေသည့်ဇနီးကို ပြန်ခေါ်မရ၍ ဓားဖြင့်ထိုးသတ်ခဲ့မှု ဖြစ်ပွား ခဲ့ကြောင်း ယင်းဒေသခံများနှင့် မြို့နယ်ရဲစခန်းထံမှ သိရသည်။

သေဆုံးသူမှာ မကွေးမြို့နယ် တည်ပင်ကန်ပေါက်ကျေးရွာတွင် နေထိုင်သော နီနီဝင်း ၂၁ နှစ်ဖြစ်ပြီး ၎င်းမသေဆုံးမီ သြဂုတ်လ ပထမပတ်ခန့်က တစ်နှစ်ခန့် ခွဲကွာနေသော မကွေးမြို့နယ် ကမ်းရင် ကျေးရွာတွင် နေထိုင်သည့် ခင်ပွန်းဖြစ်သူ စံချော ၃၂ နှစ်က ပြန်လည် ပေါင်းသင်းရန် လာရောက်ခေါ်ယူခဲ့ရာ သေဆုံးသူက မလိုက်လို၍ ငြင်းဆန်ခဲ့ကြောင်း မင်းဘူးမြို့နယ် ရဲစခန်း၏ တာဝန်ကျ တပ်ကြပ်ကြီးတစ်ဦးက ပြောကြားသည်။

ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုးသတ်


မုံရွာ၊ သြဂုတ် ၂၁

မုံရွာမြို့အရှေ့ဘက် ကန်ပြားလေးရွာ သုသာန်ဟောင်း အနီးရှိ ရေမရှိသော ရေကန်ဟောင်းကြီးအတွင်း၌ ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး၍ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်က ကန်ပြားလေးရွာ ရေကန်ဟောင်းကြီးအတွင်း၌ လူတစ်ဦး ဝဲဘက်ရင်အုံညှပ်ရိုးအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်တင်ပါးတွင် တစ်ချက်၊ ဝဲလက်မောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သွားရောက် စစ်ဆေးခဲ့သည့် အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
Related Posts Plugin for WordPress, Blogger...

ShareThis