menu

Sunday, 21 October 2012

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် စတင်ပြုလုပ်နေပြီ


Photo: နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်
ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။


အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် များ၏ ဆန္ဒ အတိုင်းသာလုပ်ကိုင် ဆောင်ရွက် ရန် ရည်ရွယ်ပြီး မိမိအနေဖြင့် ပြင်ဆင်ခြင်းကိစ္စအားပြော၍ မရသလို မပြင်ဆင်ရန်တားဆီးရန် မဖြစ်ကြောင်းသမ္မတကြီးကထပ်လောင်းပြောကြားသွားသည်။
 Popular Myanmar News Journal
အကြောင်းကြောင်းသော အခြေအနေများကြောင့် ပညာရေးစနစ် နောက်ကျခဲ့ရသည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတအိမ်တော်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သို့သော်ပညာရေးစနစ်ကို ပြန်လည်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းနှင့် ဆင်းရဲနွမ်းပါးမှု၊ နည်းပညာအခက်အခဲ၊ လူ့စွမ်းအား အရင်းအမြစ် အစရှိသည်တို့က အခက်အခဲဖြစ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
 ၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဆိုသော မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့် ကျန်းမာရေး အခြေအနေအရ သက်တမ်းတစ်ခုသာ တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသော်လည်း တိုင်းပြည်၏ လိုအင်၊ ပြည်သူ၏ ဆန္ဒ ရှိပါက သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့သည်။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis