မုဒုံ ဇန်န၀ါရီ (၁၈)
မိခင်များနေ့ဖြစ်သော ပြာသိုလပြည့်နေ့
(၁၅-၁-၂၀၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ရင်သွေးငယ်အား စွန့်ပစ်ခဲ့သည့်
မိခင်ဖြစ်သူအား ယနေ့ နံနက် (၁၀) နာရီခန့်အချိန်တွင် မုဒုံရဲစခန်းမှ
ဖော်ထုတ် ဖမ်းဆီးလိုက်ပြီဖြစ်သည်။
အမှုဖြစ်ပွားပုံမှာ
အခင်းဖြစ်ပွားသည့်နေ့ နံနက်ပိုင်းတွင် မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်နေ
မိခင်ဖြစ်သူ (ဒေါ် ) သည် ရင်သွေးငယ်အား မုဒုံအဇင်းဆည်အနီး
လူနေအိမ်ခြေနည်းပါးသည့် နေရာတွင် ချက်ကြိုးတန်းလန်းဖြင့်
မြေတစ်ဝက်ဖုံးအုပ်ကာမြုပ်နှံခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။
အဆိုပါမြေမြုပ်ခြင်းခံရသည့်
ကလေးငယ်၏ ကျယ်လောင်သော ငိုသံကြောင့် အနီးရှိ ခြံစောင့်တဲမှ လူတစ်ဦးမှ
ရှာဖွေကယ်ဆယ်ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားကာ မုဒုံဆေးရုံသို့
ယူဆောင်ဆေးကုသပေးခဲ့သည်။
ကလေးငယ်မှာ ယခုအခါ
စိတ်ချ၇သောကျန်းမာရေးအခြေအနေ ရရှိနေပြီးဖြစ်ကြောင်းသိရှိရပြီး
မိခင်စိတ်ကင်းမဲ့စွာ စွန့်ပစ်ခဲ့သော အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူ (ဒေါ် )
အား မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိသည်။
Mudon Media
No comments:
Post a Comment