menu

Friday 13 July 2012

ပြည်သူ့လွှတ်တော်အတွင်း၌ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်ရန် အရေးပေါ်အဆိုတင်သွင်း

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အမေရိကန်လွှတ်တော်တွင် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု သုံးနှစ်ထပ်တိုးရန် အဆိုတင်သွင်းမှုအပေါ်တွင် မြန်မာနိုင်ငံအတွင်းရှိ လွှတ်တော်တွင်းမှဖြစ်စေ၊ပြင်ပမြှ
ဖစ်စေ မည်သည့်ပုဂ္ဂိုလ်မဆို အမေရိကန်လွှတ်တော်သို့ ကန့်ကွက်ပေးနိုင်ရန်အဆိုအား အရေးတကြီးအဆိုအဖြစ် တင်သွင်းခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် အမေရိကန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသော်လည်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက်မူ အမေရိကန်တွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ရန်အတွက်မူ ခွင့်မပြုသေးကြောင်းသိရသည်။

ဒေါ်နန်းဝါနု၏ အဆိုနှင့်ပတ်သက်၍ မြိတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်နှင့် ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦးအနက် တစ်ဦးက ယင်းအဆိုသည် ထောင်ခံဖွယ်ဖြစ်သော်လည်း ပြန်လည်ဆွေးနွေးရမည့် အဆိုဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အခြားတစ်ဦးက အမေရိကန်မှ စီးပွားရေးပိတ်ဆို့မှုဖွင့်လိုက်ပါက အစိုးရနှင့် ခရိုနီများသာ ပိုမိုချမ်းသာသွားနိုင်ဖွယ်ရှိသဖြင့် အစိုးရက တာဝန်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအဆိုများအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည်မှတ်ချက်ပေးရာတွင် ယင်းကိစ္စများသည် အမျိုးသားရေးနှင့်ဆိုင်သည့်ကိစ္စများဖြစ်ကြောင်းနှင့် အမေရိကန်မှ သုံးနှစ် ထပ်မံပိတ်ဆို့ပါက သုံးနှစ်ထပ်မံဒုက္ခရောက်ဖွယ်သာရှိကြောင်း၊ထို့ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုကို ရယူ၍ ကန့်ကွက်နိုင်ပါက ကန့်ကွက်စေလိုကြောင်း ပြေကြားသွားသည်ဟုသိရသည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis