menu

Friday 13 July 2012

ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင်
ကျရောက်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။
အဆိုပါနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်မှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာမည်ဖြစ်ပြီး နှစ်စဉ်ပြုမြဲဖြစ်သော ၄င်း၏နေအိမ်တွင်ဘုန်းကြီးဆွမ်းက
ပ်ခြင်းအလှူကိုပြုမည်ဖြစ်ကာ
နေပြည်တော်သို့ ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လ ၁၉ ရက်တွင် နေပြည်တော်၌ လွှတ်တော်ကျင်းပမည်ဟု သတင်းများထွက်ပေါ်နေပြီးကျင်းပဖြစ်မည်ဆိုပါက
ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တွင် ခေတ္တသာ
နေထိုင်မည်ဖြစ်ပြီး မကျင်းပဖြစ်ဟု ဆိုလျှင် အေးအေးဆေးဆေးနေထိုင်မည်ဟု သိရသည်။

မည်သို့ ဆိုစေ ဒေါ်အောင်ဆန်းစုကြည်သည် ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်မည် မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အာဇာနည်နေ့ အခမ်းအနားတက်ရောက်ရေးကိုယ်စားလှယ် ၅ ဦးကသာ တက်ရောက်မည်ဖြစ်ကြောင်းသိရသည်။
အောင်ထက်
 Popular Myanmar News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis