menu

Friday 13 July 2012

3D Animation ဖြင့်ပြုလုပ်ထားသော ကျားသစ်ဇာတ်ကောင်များပါဝင်သည့် ဗီဒီယိုဇာတ်ကားဖန်တီး



3D Animation ဖြင့်ပြုလုပ်ထားသော ကျားသစ်ဇာတ်ကောင်များပါဝင်သည့် ဗီဒီယိုဇာတ်ကားအား ရိုက်ကူးထားကြောင်း အဆိုပါဇာတ်ကား၏ ဒါရိုက်တာယွန်းကပြောသည်။ Lucky Seven ဗီဒီယိုထုတ်လုပ်ရေးအတွက် ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါဇာတ်ကားတွင် 3D Effect များစွာပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 “သမားရိုးကျဇာတ်ကားတွေကနေ ခွဲထွက်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ အနုပညာနဲ့ နည်းပညာကိုပေါင်းစပ်ပြီး ပုံစံတစ်မျိုးဖြစ်သွားအောင် ဖန်တီးဖြစ်တာပါ။ မင်းသားအနေနဲ့လည်း ဒီလိုဇာတ်ကားမျိုး မရိုက်ဖူးသေးတာကြောင့် ရိုက်ဖြစ်သွားတာဖြစ်ပါတယ်” ဟု ဒါရိုက်တာယွန်းကပြောသည်။
မှော်ဝင်ကျားသစ်အမည်ရှိ အဆိုပါဗီဒီယိုဇာတ်ကားကို ဇာတ်ကားရိုက်ကူးပြီးနောက် 3D Animation ဇာတ်ကောင်များကို ထပ်မံထည့်သွင်းထားခြင်းဖြစ်သည်။ “လူကနေ ကျားသစ်ကို ဖျက်ခနဲပြောင်းတဲ့ပုံစံ၊ ပြေးရင်းပြေးရင်း ကျားသစ်ဖြစ်လိုက်၊ လူဖြစ်လိုက်ပုံစံတွေကို 3D Animation ဖြင့်ပြုလုပ်ရတာဖြစ်ပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေမှာ ဇာတ်ကောင်တွေက မျက်နှာဆေးချယ်ထားပေမယ့် တချို့ဇာတ်ဝင်ခန်းတွေကျတော့ 3D Effect ထည့်မှ ပိုကြွသွားမှာဖြစ်ပါတယ်။ Zebrash Software အခြေခံပြီးဆွဲတာပါ” ဟု အဆိုပါဗီဒီယိုဇာတ်ကားအတွက် 3D Animation ဖန်တီးသည့် Vertex သင်တန်းကျောင်းမှ ဦးသူရသိန်းတင်ကပြောသည်။ Vertex သင်တန်းကျောင်းမှာ အဆိုပါရုပ်ရှင် Animation နှင့် 3D Animation ဖန်တီးရေးဆွဲခြင်းများအား သင်ကြားပေးနေသော သင်တန်းကျောင်းဖြစ်သည်။ တစ်လခွဲ အချိန်ယူရေးဆွဲခဲ့သည့် ၎င်းဇာတ်ကားတွင် မိုးအောင်ရင်နှင့် သင်ဇာဝင့်ကျော်တို့ အဓိကသရုပ်ဆောင်ထားကြောင်း သိရသည်။

ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis