menu

Friday 13 July 2012

Sony Xperia Ion



လှပတဲ့စမတ်ဖုန်းတစ်ခုအသွင် တည်ဆောက်ထားတဲ့ Sony Xperia Ion မှာ ၄.၅၅ လက်မအရွယ် (1,280 x 720-pixel resolution) LCD screen ကိုတပ်ဆင်အသုံးပြုထားပါတယ်။ ဒါပေမဲ့ အဆိုပါ display ဟာ pixel resolution တူညီတဲ့ HTC One X ကဲ့သို့ တောက်ပစွာဖော်ပြပေးနိုင်ခြင်းမရှိပါဘူး။ အချက်အလက်သိုလှောင်မှုကို တိုးမြှင့်အသုံးပြနိုင်ရန်အတွက် microSD card slot ကို အထောက်အပံ့ပေးထားပေမယ့် ဘက်ထရီကိုဖယ်ရှားကာ အသုံးပြုနိုင်ခြင်းမရှိပါဘူး။


ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ခြင်းနဲ့ ဗီဒီယို chat များပြုလုပ်နိုင်ရန်အတွက် screen ရဲ့ထိပ်ဘက်တွင် 1.3-megapixel ကင်မရာကို display ရဲ့အပေါ်ဘက်မှာ တပ်ဆင်ပေးထားပြီး၊ display ရဲ့အောက်ဘက်မှာတော့ Android ခလုတ်များဖြစ်တဲ့ Menu, Home, Back နဲ့ Search တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ အခြားခလုတ်များအနေနဲ့ ဖုန်းရဲ့ညာဘက်ဘေးမှာ အသေးစားပါဝါခလုတ်၊ volume bar နဲ့ကင်မရာခလုတ်ကို တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်ထိပ်ဘက်နားမှာတော့ အဖုံးအုပ်ထားတဲ့ Micro-USB port နဲ့ HDMI port တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ Sony Xperia Ion မှာ Android ရဲ့ နောက်ဆုံးပေါ်မိုဘိုင်း operating system ဖြစ်တဲ့ Ice Cream Sandwich ကိုအသုံးပြုရမယ့်အစား Android Gingerbread 2.3.7 ကိုသာအသုံးပြုထားပါတယ်။ Android ဖုန်းဖြစ်တဲ့အတွက် Google app များနဲ့ ၀န်ဆောင်မှုများဖြစ်တဲ့ Gmail, Maps, Navigation စတာတွေနဲ့အသုံးပြုနိုင်ပြီး စာအုပ်များ၊ သီချင်းများနဲ့ ရုပ်ရှင်များအတွက် Google Play digital entertainment စတိုး shortcut ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ အခြားအသုံးတည့်စေမယ့် third-party application များကိုလည်း ထောက်ပံ့ပေးထားပြီး Amazon Kindle နဲ့ MobiSystem Office-Suite တို့ကို ထည့်သွင်းပေးထားပါတယ်။ ကင်မရာအနေနဲ့ high resolution 12-megapixel ကင်မရာကို အသုံးပြုထားပြီး ကောင်းမွန်တဲ့ကင်မရာ setting တွေနဲ့ ရိုက်ကူးနိုင်ပေမယ့် ဓာတ်ပုံနဲ့ဗီဒီယိုတို့ရဲ့ အရည်အသွေးကတော့ ကောင်းမွန်ခြင်းမရှိပါဘူး။ GSM 850/900/1800/1900 နဲ့အသုံးပြုနိုင်မယ့် Sony Xperia Ion မှာ 1.5GHz dual-core Qualcomm Snapdragon S3 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ 1,900mAh Li-ion ဘက်ထရီကိုအသုံးပြုထားပြီး ဖုန်းပြောခြင်းအတွက် ၁၀ နာရီကြာအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် နာရီ ၄၀၀ အကြာ အသုံးပြုနိုင်ပါတယ်။

အားသာချက် - ဈေးနှုန်းသက်သာတဲ့ Sony Xperia Ion ဟာ ဖုန်းခေါ်ဆိုမှုအရည်အသွေးကောင်းမွန်ပြီး လျင်မြန်တဲ့ 4G LTE နဲ့အသုံးပြုနိုင်ကာ Sony ရဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးထားပါတယ်။

အားနည်းချက် - 12-megapixel ကင်မရာကို အသုံးပြုထားပေမယ့်လည်း ကင်မရာနဲ့ဗီဒီယိုတို့ရဲ့ အရည်အသွေးကတော့ ကောင်းမွန်ခြင်းမရှိသလို အသုံးပြုထားတဲ့ပရိုဆက်ဆာနဲ့ OS ကလည်း ခေတ်မီခြင်းမရှိပါဘူး။

ရေးသားသူ -နောင်နောင်
Ref: CNET
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis