menu

Sunday, 21 October 2012

မြန်မာကျပ် သိန်း ၂၀၀ တန် ကမ္ဘာ့အကြီးဆုံး HD TV

Photo: မြန်မာကျပ် သိန်း ၂၀၀ တန် ကမ္ဘာ့အကြီးဆုံး HD TV

HD တီဗီတောင် မဟုတ်ပါဘူး။ သာမန် HD တီဗီထက် ၄ ဆ ပိုမို ကြည်လင် ပြတ်သားတဲ့ Ultra HD TV ဖြစ်ပါတယ်။ 

Ultra HD နည်းပညာကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ မော်နီတာတွေပဲ ထုတ်လုပ်ခဲ့ကြပါတယ်။ တီဗီမှာတော့ တောင်ကိုရီးယား LG ကုမ္မဏီက ၈၄ လက်မနဲ့ ကမ္ဘာ့အကြီးဆုံး စံချိန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၂ သောင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၁၈၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၂၀၀ ထိတော့ မကုန်ကျနိုင်ပါဘူး။

 မြန်မာပြည် မှာ LG ကုန်ပစ္စည်း တိုက်ရိုက်မှာယူပေးတဲ့ Distributer များစွာ ရှိပါတယ်။ တကယ် မှာယူလို့ရပါပြီ။ ပြီးခဲ့တဲ့ သြဂုတ်လကတည်းက ထွက်ရှိခဲ့ ခြင်း ဖြစ်ပါတယ်။ တီဗီ တစ်လုံး အတွက် သိန်း ၂၀၀ ရင်းနိုင်မယ်ဆိုရင် ၈၄ လက်မက မက်လောက်စရာပဲ ဖြစ်ပါတယ်။ ကင်မရာ resolution နဲ့ပြောရရင် ၈.၃ megapixel လို့ဆိုပါတယ်။ active ဖြစ်တဲ့ Pixel ပေါင်း သန်းနဲ့ချီ အလုပ်လုပ်ပြီး 3D ရုပ်ရှင်လည်း ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ 

LG TV-84LM9600 မှာ သာမန် HD တီဗီတွေမှာ ပါတဲ့ နည်းပညာအားလုံး ပါဝင်ပါတယ်။ အမေရိကန် ဒေါ်လာ ၂သောင်း ပေါက်ဈေးရှိတဲ့အတွက် လက်ရှိ ကမ္ဘာ့ ဈေးကွက်မှာတော့ သူဌေးကြိုက် TV  တစ်မျိုး ဖြစ်နေတယ်လို့ သိရပါတယ်။ 
---
Ref:LG
Aung Kham (TSJ team)
့https://techspacejournal.blogspot.com/2012/10/hd-tv.html
HD တီဗီတောင် မဟုတ်ပါဘူး။ သာမန် HD တီဗီထက် ၄ ဆ ပိုမို ကြည်လင် ပြတ်သားတဲ့ Ultra HD TV ဖြစ်ပါတယ်။

Ultra HD နည်းပညာကို ၂၀၀၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပေမယ့် ပရိုဂျက်တာ၊ ကွန်ပျူတာ မော်နီတာတွေပဲ ထုတ်လု
ပ်ခဲ့ကြပါတယ်။ တီဗီမှာတော့ တောင်ကိုရီးယား LG ကုမ္မဏီက ၈၄ လက်မနဲ့ ကမ္ဘာ့အကြီးဆုံး စံချိန်တင်လိုက်ခြင်း ဖြစ်ပါတယ်။ ဈေးကလည်း အမေရိကန်ဒေါ်လာ ၂ သောင်း ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်လိုက်ရင် သိန်း ၁၈၀ ဝန်းကျင် ဖြစ်ပါတယ်။ သိန်း ၂၀၀ ထိတော့ မကုန်ကျနိုင်ပါဘူး။

သမိုင်းထဲကဆရာဝန်များ ၊ (တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား)

တောတွင်းပြောက်ကျားသူပုန်ကြီး ချီဂွေဗားရား(၁၉၂၈-၁၉၆၇)
တော်လှန်ရေးသမား၊ပြောက်ကျားစစ်သား၊ဆရာဝန်(သို့မဟုတ်) ချီဂွေဗားရား
            မာခ့်ဝါဒကိုင်စွဲသူတော်လှန်ရေးသမား၊ဆရာဝန်၊စာရေးဆရာ၊ပညာရေးပါရဂူ၊ပြောက်ကျားစစ်ခေါင်းဆောင်၊သံ
တမန်ရေးရာ ကျွမ်းကျင်သူ၊စစ်ပညာရှင်၊ စီးပွားရေးပညာရှင်စသည့် ဘွဲ့ထူးဂုဏ်ထူးများစွာရှိသော မုတ်ဆိတ်ကျင်စွယ်
ဆံပင်ရှည်နှင့် ခေတ်အဆက်ဆက်လူငယ်များ၏ သူငယ်ကောင်းပြယုဂ်၊တောတွင်းသူပုန်ကြီး “ချီ”ကို ၁၉၂၈ခုနှစ်၊ဇွန်လ
၁၄ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ၊ စန်တာဖီမြို့၌ မွေးဖွားသည်။
            စပိန်နှင့် အိုင်းရှစ်သွေးများရောနှောနေသည့် အာဂျင်တိုင်းမိသားစုမှ မွေးဖွားလာသည့် “ချီ”သည် မွေးချင်း ၅
ယောက်အနက် အကြီးဆုံးဖြစ်သည်။ ချီ၏ဖခင်က သူ၏သားသည် အိုင်းရှစ်တော်လှန်ရေးသူပုန်ဘိုးဘေးများ၏ သွေးများ
ရောနှောလျက်ရှိသည်ဟု ခဏခဏပြောခဲ့သည်။

အမေရိကန်ရဲ့ စစ်ရေးနည်းပညာ အကူအညီ လိုချင်ဟု ဦးသိန်းစိန် ပြော

ပြည်တွင်းပြည်ပ သတင်းသမား တရာကျော် တက်ရောက်သော ၂ နာရီကျော်ကြာ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)
မြန်မာနိုင်ငံအနေဖြင့်  အမေရိကန်ပြည်ထောင်စုမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီများ ရယူသွားရန် စဉ်းစားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ဧရာဝတီသတင်းဌာန၏ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံအနေနှင့် အမေရိကန်ပြည်ထောင်စုထံမှ စစ်ရေး အကူအညီများ ရယူရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ သမ္မတဦးသိန်းစိန်က စစ်ရေး အကူအညီ ဆိုသည်ထက်  နည်းပညာ အကူအညီပိုင်းနှင့်ပတ်သက်ပြီး ရယူရန် စဉ်းစားလျက်ရှိကြောင်း ပြန်လည်ဖြေဆိုသည်။

ဘဏ္ဍာရေးနှစ်ဝက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါးရှိ ယခင်နှစ်ကထက် ၁ ဘီလျံနီးပါး နည်းပါးပြီး ပို့ကုန်၊ သွင်းကုန် ပမာဏနှစ်ရပ်စလုံး လျော့ကျခြင်းဖြစ်




833
မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး ဇုန်ကို တွေ့ရစဉ်
ယခုဘဏ္ဍာနှစ်၏ မြန်မာနိုင်ငံ ကုန်သွယ်မှုပမာဏမှာ နှစ်တစ်ဝက်ထိစာရင်းအရ အမေရိကန်ဒေါ်လာ ၉ ဘီလျံနီးပါး ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ပို့ကုန်သွင်းကုန်စာရင်းများအရ သိရသည်။
ယခင်ဘဏ္ဍာရေးနှစ်၏ နှစ်တစ်ဝက်ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ယခု နှစ်ဝက်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁ ဘီလျံနီးပါး လျော့နည်းနေပြီး ပို့ကုန်၊ သွင်းကုန်နှစ်ရပ်စလုံး တွင် လျော့ကျခြင်းဖြစ်သည်ဟု သိရ သည်။ ယခု ဘဏ္ဍာနှစ်၏ ဧပြီလမှ ယခုအထိ ၆ လအတွင်း ပြည်ပသို့ တင်ပို့သည့် ပမာဏမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၄ ဘီလျံကျော် ရှိပြီး သွင်းကုန်ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၃၂ ဘီလျံရှိကြောင်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ၈ ဒသမ ၉၆ ဘီလျံကျော် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ပြောကြား




835
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ီလျံဘန်းစ်တို့အား နေပြည်တော်၌ အောက်တိုဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်
မြန်မာနိုင်ငံ၌ ယနေ့ထိဖြစ်ပေါ်ခဲ့သော တိုးတက်မှုများအတွက် များစွာအားတက် အထင်ကြီးမိဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က နေပြည်တော်ခရီးစဉ် နှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် တိုင်းပြည်အတွက် ကြွယ်ဝချမ်းသာပြီး ပြည့်ဝသော ဒီမိုကရေစီ အနာဂတ်ဖြစ်ပေါ်ရေးအတွက် ဆက်လက်လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးကြောင်း သတိပြုမိပါသည်ဟုလည်း ၎င်းက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကျောက်ဖြူ OIC ကန့် ကွက် ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်

Photo: ကျောက်ဖြူ OIC ကန့် ကွက် ဆန္ဒဖေါ်ထုတ်ပွဲ လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော အိုအိုင်စီ ရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်သည့်  ဆန္ဒထုတ်ဖေါ်ပွဲတွင် လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်။

ဆန္ဒပြပွဲကို  ကျောက်ဖြူလူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်းတွင် စုရပ် အဖြစ်သတ်မှတ်ပြီး နေ့ လည် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ရဟန်းတော်များ၊ ကျေးလက်ဒေသမှ ပြည်သူများလည်း ပူးပေါင်း ပါဝင်ခဲ့ကြပြီး ဘုရားကြီး ကျောင်းကွင်းမှ မြို့လယ်ရှိ နာရီစင်ကွင်းထိ ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးသန္တာမောင်မောင်က ပြောသည်။

“ လူတွေက အားရစရာ ကောင်းပါတယ်။ ဘုရားကြီးကွင်းကနေ ဈေးလမ်းအတိုင်း ချီတက်ပြီး အဲဒီက တဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ချီတက်ပြီး နာရီစင်ကွင်းမှာ အဆုံးသတ်ပါတယ်။ တောင်းဆိုတာက အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကို အလိုမရှိ၊ ၁၉၈၂ မြန်မာနိုင်ငံသား အကောင်အထည်ဖေါ်ပေးပါ။ နိုင်ငံတော် သမ္မတက ကျေညာထားတဲ့ အချက် (၃) ချက်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးပါ ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်” ဟု ဆိုသည်။

ယနေ့ ဆန္ဒပြပွဲမှာ အားရစရာကောင်းကြောင်း၊ မိမိတို့၏ သဘောထားကို ငြိမ်းချမ်းစွာ ဖေါ်ထုတ်ခွင့် ရရှိသည့် အတွက် ၀မ်းသာကြောင်း ဦးသန္တာမောင်မောင်က ပြောဆိုသည်

ကျောက်ဖြူ ဆန္ဒပြပွဲသို့ ဇင်ချောင်း၊ ဂုံးရှိန်စသည့် နယ်ကျေးရွာများမှ ပြည်သူများလည်း ပူးပေါင်း ပါဝင် ခဲ့ကြသည်ဟု သိရသည်။

ဆန္ဒပြပွဲများကို မြန်မာ အစိုးရမှ အိုအိုင်စီရုံးကို လက်မခံတော့ကြောင်း ပြောကြားပြီး နောက်ပိုင်းမှ ပြုလုပ်ရခြင်းမှာ ယခင်ကတည်းက တင်ထားခဲ့သော ဆန္ဒပြခွင့် ပါမိတ်ကို  သက်ဆိုင်ရာ တာဝန်ရှိသူများမှ အောက်တိုဘာလ ၂၀ နေ့မှ ချပေး၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

ကျောက်ဖြူတွင် OIC ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ – နိရဉ္စရာ)

မူရင်းသတင်း---- နိရဉ္စရာ
Post By :  အေးချမ်းမွန်
ကျောက်ဖြူတွင် OIC ရုံးဖွင့်လှစ်မည်ကို ကန့်ကွက် ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ – နိရဉ္စရာ)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သော အိုအိုင်စီ ရုံး ဖွင့်လှစ်ရေးကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖေါ်ပွဲတွင် လူပေါင်း ၈၀၀၀ ကျော် ပူးပေါင်း
ပါဝင်ခဲ့သည်။

ဆန္ဒပြပွဲကို ကျောက်ဖြူလူငယ်ကွန်ယက်မှ ဦးဆောင် ပြုလုပ်ခြင်း ဖြစ်ပြီး ကျောက်ဖြူမြို့ စေတီတောင် ရပ်ကွက် ဘုရားကြီးကျောင်းကွင်းတွင် စုရပ် အဖြစ်သတ်မှတ်ပြီး နေ့ လည် ၁ နာရီ အချိန်တွင် စတင်ခဲ့သည်ဟု ဆိုသည်။

ဆန်(ခင်ခင်ထူး)

 ဆန်
ခင်ခင်ထူး
(၁)
"ခိုးကြပြန်ပြီလားဟေ့။ဝရမ်းပြေးနဲ့ သူခိုးမ စပ်ကျတဲ့ ဟာတွေရဲ့။ ဘယ့်နှယ်တော် အိုကြီးအိုမ မုဆိုးမ ဆန် တောင် မနေရတော့ လူ့ပြည်မကောင်းတော့ပါဘူး။ မြစ်နားကမ်းနား မျောလာသမျှ ထင်းမှတ်လို့ ဆယ်ပါ သယ် ... မပွေးချည်းပါလား ကရို့ရဲ့"
အမေပေါက်စ က လူကသာ ပဲချောင်းလောက်ရှိသာပါ အသံက မြစ်မကို ကျော်ပြီး တစ်ဖက်ကမ်း စစ်ကိုင်းတောင် ကို ရိုက်ပြီး ပြန်လာတာမျိုး။ အနီးအနားက တဲတွေထဲ အရက်သောက်နေသူတွေရော၊ နေ၀င် မိုးချုပ် ဖတ်သီဖတ်သီ ရင်တလျားလျား ပြေးလွှားနေကြတဲ့ မိန်းမတွေရော၊ မယ်ဒလင်တီးနေသူနဲ့ တစ်ယောက် တစ်ပေါက် ဆိုနေသူတွေရော၊ လင်မယားချင်း လုံးသတ်နေကြသူတွေရော  အားလုံးလိုလိုက ကြီးတော်ပေါက်စ ခုနစ်စင် ခုနစ်မောင်း အော်လိုက်သံကြောင့် တစ်ချက်တုံ့သွားကြလေရဲ့။ ခဏ ကလေး ပါ။ ချက်ချင်းလိုလို လုပ်လက်စတွေ ပြန်လုပ်နေကြတာပါပဲ။ တဲရှေ့ စီးနေတဲ့ ဧရာဝတီမြစ်ကြီးတောင် လန့်သွား ထင်ပါ့။

မှိတ်တုတ် မှိတ်တုတ်ဖြစ်လာသော ရိုးရာလက်မှု စက္ကူမီးပုံးရုပ်များ




thn-10-17-5
သီတင်းကျွတ်ရက်တွေလာတော့မည်။ ပွဲတော်ကာလတွင် ပျော်သူတွေ ပျော်ကြမည်။ ပွဲတော်ရက်နှင့်အတူ အချိန်အခါသင့် စီးပွားရှာရမည့် လုပ်ငန်းငယ်များကလည်း မိမိတို့ သက်ဆိုင်ရာလုပ်ငန်းအလိုက်ပြင်ကြပြီ။ ထိုအထဲတွင် ရိုးရာလက်မှုစက္ကူ မီးပုံးရုပ်လုပ်ငန်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သို့သော် ယခင်ကကဲ့သို့မဟုတ်တော့။ ဈေးကွက်ရှင်သန်မှုအတွက် ပိုမိုရုန်းကန်ရတော့မည်။ ဟိုးယခင်ကာလနှင့်မတူသည်က အိမ်နီးချင်းနိုင်ငံက ဈေးကွက်အတွင်း ထိုးဖောက်ဝင်ရောက်လာသည့် ခေတ်မီပစ္စည်းများက ရိုးရာစက္ကူမီးပုံးရုပ်လုပ်ငန်းအတွက်တော့ ရင်မောစရာ။

မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာနှင့် တွေ့ဆုံခြင်း




thn-10-21-3
 'မီဒီယာတွေ ပိုပြီးတော့ ခိုင်မာအားကောင်းလာတာနဲ့အမျှ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ပိုပြီးတော့ ကာကွယ်စောင့်ရှောက်လာနိုင်မှာပါ'
၁၉၈၉ ခုနှစ်အချိန်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်ပေါင်း ၂၈ နှစ်ကြာ မြန်မာနိုင်ငံသို့ပြည်ဝင်ခွင့် (Visa) ပိတ်ပင်ခံထားခဲ့သူ နာမည်ကျော်သတင်းစာဆရာ ဘာတေးလစ်တနာသည် အောက်တိုဘာ ၁၅ ရက်နေ့က အထူးဗီဇာဖြင့် မြန်မာနိုင်ငံသို့ (၇)ရက်ကြာ လာရောက်ခွင့်ရရှိခဲ့ပါသည်။ ဘာတေးလစ်တနာကို ၁၉၈၅ ခုနှစ်အချိန်မှစတင်ပြီး မြန်မာအစိုးရမှ ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး အမည်ပျက်စာရင်းသွင်းခဲ့ပါသည်။ ဘာတေးလစ်တနာသည် ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် ခရစ္စတိုဖာဂန်းနက်နှင့်အတူ နာမည်ကျော်ကြားခဲ့သော နိုင်ငံခြားသတင်းထောက်တစ်ဦးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်းအရာများကို နှစ်ပေါင်း(၃၀)ကျော် ရေးသားခဲ့သူဖြစ်သည်။ မြန်မာအစိုးရကို ပြင်းထန်စွာဝေဖန်ခဲ့သော သတင်းထောက်များအနက် တစ်ဦးအပါအ၀င်ဖြစ်ပြီး ကချင်အရေးကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာအစိုးရမှ ပယ်ဖျက်ပေးခဲ့သော အမည်ပျက်စာရင်းဝင် ပုဂ္ဂိုလ်များအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် ဘာတေးလစ်တနာကို ရန်ကုန်မြို့၌ မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

တောင်ကုတ်မြို့၌ သံဃာတော်အပါး၃၀၀ ခန့် နှင့်လူအင်အား ၅၀၀၀ကျော်တို့ OIC အားဒုတိယအကြိမ်ဆန္ဒထုတ်ဖေါ်

Photo: တောင်ကုတ်မြို့၌ သံဃာတော်အပါး၃၀၀ ခန့် နှင့်လူအင်အား ၅၀၀၀ကျော်တို့ OIC အားဒုတိယအကြိမ်ဆန္ဒထုတ်ဖေါ်

အောက်တိုဘာ (၂၁)နေ့လည်(၁)နာရီ တွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်၌ သံဃာတော် စုစုပေါင်း အပါး(၃၀၀)ခန့်နှင့်လူအင်အား (၅၀၀၀)ကျော်တို့ ပူးပေါင်းပါဝင်၍ ဒုတိယအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သတင်းရရှိသည်။

“အစ်မတို့အနေနဲ့ ဒီလိုဆန္ဒပြရတာဟာ အမျိုးဘာသာသာသနာအတွက်ပါ အစ်မတို့အနေနဲ့ အခုလိုဆန္ဒပြတာဟာနှစ်ခါရှိပါပြီ ဒီဆန္ဒပြပွဲမှာ သံဃာတော်အပါး (၁၅၀၀) လောက်ပါဝင်ပါတယ် ဆန္ဒပြတာကတော့ တောင်ကုတ်မြို့ကို တစ်ပါတ်ပါတ်ပြီးတော့ ပြတာပါ ဒီပွဲမှာအချက်သုံးချက်နဲ့တောင်းဆိုဆန္ဒပြတာပါ အဲ့တာတွေကတော့ (၁)OIC ကိုလက်မခံတဲ့ သမ္မတကို ထောက်ခံပါတယ် (၂)ဘင်္ဂါလီအလိုမရှိပါ (၃)၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ အညီ ဆောင်ရွက်ပေးရန်ဆိုတဲ့ အချက်သုံးချက်ပါပဲ  ဒီဆန္ဒထုတ်ဖေါ်ပွဲမလုပ်ခင် ၁၁ နာရီလောက်မှာ (၅)ပါးသီလခံယူပြီး (၁)နာရီလောက်မှာစထွက်ပါတယ်”ဟု ဒေါ်မို့မို့စန်း မှအသိပေး ပြောကြားခဲ့သည်။

 ညီညီအောင်

မူရင်းသတင်း----The Hot News
Post By :  အေးချမ်းမွန်
အောက်တိုဘာ (၂၁)နေ့လည်(၁)နာရီ တွင် ရခိုင်ပြည်နယ်တောင်ကုတ်မြို့နယ်၌ သံဃာတော် စုစုပေါင်း အပါး(၃၀၀)ခန့်နှင့်လူအင်အား (၅၀၀၀)ကျော်တို့ ပူးပေါင်းပါဝင်၍
ဒုတိယအကြိမ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သတင်းရရှိသည်။

“အစ်မတို့အနေနဲ့ ဒီလိုဆန္ဒပြရတာဟာ အမျိုးဘာသာသာသနာအတွက်ပါ အစ်မတို့အနေနဲ့ အခုလိုဆန္ဒပြတာဟာနှစ်ခါရှိပါပြီ ဒီဆန္ဒပြပွဲမှာ သံဃာတော်အပါး (၁၅၀၀) လောက်ပါဝင်ပါတယ် ဆန္ဒပြတာကတော့ တောင်ကုတ်မြို့ကို တစ်ပါတ်ပါတ်ပြီးတော့ ပြတာပါ

ကားတိုက်မှုမှာသေဆုံးတဲ့ မြန်မာကျောင်းသူအတွက် လျော်ကြေး

 
 ယနေ့မွန်းလွဲပိုင်းက ပြုလုပ်သည့် နန်းဖလောဟိလာ၏ဈာပန (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)

ယာဉ်တိုက်မှုကြောင့်
မြန်မာကျောင်းသူတဦး ပွဲခြင်းပြီး သေဆုံးသွားရာ ထိုင်းယာဉ်မောင်းသူက သင့်တင့်သည့် တာဝန်ယူမှု မရှိသည့်အတွက် ထိုင်းနိုင်ငံဥပဒေအရ အမှုရင်ဆိုင်သွားမည်ဟု သေဆုံးသူ တက်ရောက်ခဲ့သည့် ကျောင်း၏ ဒါရိုက်တာ ဦးမန်းဗလစိန်က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယခုလ ၁၆ ရက်နေ့ နံနက်က ခွဲကဘောင် မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်းမှ ၁၀ တန်းကျောင်းသူ နန်းဖလောဟိလာကို ထိုင်းယစ်မျိုးဝန်ထမ်းတဦး၏ ကားဖြင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ် လူစုလူဝေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

Photo: မောင်တောမြို့နယ် လူစုလူဝေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် ပစ်ပြီး လူစုခွဲ

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည်။

မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။
...
“ ရွာနားမှာ နွားစားကျက်ရှိပါတယ်။ အဲဒီ နွားစားကျက်ကို မနေ့က ဘင်္ဂလီတွေပိုင်တဲ့ ကျွဲ၊ နွားတွေ အုပ်စု လိုက်ရောက် လာ ပါတယ်။ အဲဒါကို နစက က ကျွဲ နွားတွေကိုဖမ်းပြီး သူ့တို့ ကျွဲ နွားတွေကို လာယူဖို့ပြောတဲ့အချိန်မှာ သူတို့က အုပ်စုလိုက် လူစုပြီး အဲဒီနေရာကို လာတဲ့ အတွက် သေနတ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်”ဟု ဆိုသည်။

ယခင်က အဆိုပါ နွားစားကွင်းတွင် ဘင်္ဂလီကျွဲနွားနှင့် ရခိုင်ကျွဲနွားများအား အတူတူ လွှတ်ထား ခဲ့သော်လည်း အဓိဂရုဏ်း ပြဿနာ ဖြစ်ပြီး နောက်ပိုင်းတွင် လုံခြုံရေး အရ မွတ်ဆလင်များ ပိုင်ဆိုင်သော ကျွဲနွားများကို အဆိုပါဗောဓိကုန်း ကျေးရွာအနီး စားကျက်သို့ မလာရန် ဟန့်တား ထားသည်ဟု သူက ဆက်ပြောသည်။

“ မနေ့က သူတို့ပိုင်တဲ့ ကျွဲ၊ နွားတွေ ရောက်တယ်။ တမင် လွှတ်တာလား၊ အလိုလိုရောက် လာတာ လားဆိုတာကို မသိရဘူး။ အဲဒီ ကျွဲနွားတွေကို ပိုင်ရှင်တွေ လာယူကြဖို့ နစက အရာရှိတွေက ပြောတော့ ဘင်္ဂလီ ၅၀ ခန့် စုဝေး လာကြတယ်။ ခွင့်ပြုချက်မရှိဘဲ အဲသလို လူစု လူဝေး လုပ်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခြောက်လှန့်ပြီး သေနတ်မိုးပေါ်ကို ထောင်ပစ်တယ်။ လူစုကွဲသွားတယ်။ သူတို့ပိုင်တဲ့ ကျွဲနွားတွေကိုလည်း ရွာဘက်ကို မောင်းထုတ် လိုက် ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြု ပြောကြားသည်။

အဆိုပါ ကိစ္စကို အမျိုးမျိုး ကောလဟလ ဖြစ်ပြီး လူများ ကြောက်ရွံ့ မည်ကို စိုးရိမ်သဖြင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးမှ မောင်တောမြို့မှ မြို့မိ မြို့ဘများကို မနေ့က အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူပြီး ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်တွင် ယခုအချိန်ထိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ခွင့်ပြုချက် မရှိဘဲ လူ (၅) ဦးထက် ပိုမစုရကြောင်း အမိန့်ထုတ်ထားကြောင်း သိရသည်။
နိရဉ္စရာ.

ခေတ်သတင်း မှကူးယူဖော်ပြပါသည်
Post By အေးချမ်းမွန်
ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် ယမန်နေ့က လူစုလူဝေးဖြစ်လာသည့် အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ် မိုးပေါ် ပစ်ဖောက်ပြီးလူစု ခွဲလိုက်ရကြောင်း သိရှိရသည
်။

မောင်းတောမြို့နယ် ဗောဓိကုန်းကျေးရွာ အနီးတွင် မွတ်ဆလင်များမှ လူစုရာမှ လူစုကွဲရန် စစ်တပ်မှ သေနတ် ၄ ချက် ပစ်ဖောက်ခဲ့ကြောင်း ကျေးရွာသား တဦးက ပြောသည်။
“ ရွာနားမှာ နွားစားကျက်ရှိပါတယ်။ အဲဒီ နွားစားကျက်ကို မနေ့က ဘင်္ဂလီတွေပိုင်တဲ့ ကျွဲ၊ နွားတွေ အုပ်စု လိုက်ရောက် လာ ပါတယ်။ အဲဒါကို နစက က ကျွဲ နွားတွေကိုဖမ်းပြီး သူ့တို့ ကျွဲ နွားတွေကို လာယူဖို့ပြောတဲ့အချိန်မှာ သူတို့က အုပ်စုလိုက် လူစုပြီး အဲဒီနေရာကို လာတဲ့ အတွက် သေနတ် ၄ ချက် ခြောက်လှန့်ပစ်ခတ်ပြီး လူစုခွဲလိုက်ပါတယ်”ဟု ဆိုသည်။

နိုင်ငံတော်သမ္မတကြီး သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်

Photo: နိုင်ငံတော်သမ္မတကြီး သတင်းစာရှင်းလင်းပွဲအနှစ်ချုပ်
Sunday, 21 October 2012

မိမိတို့ အစိုးရလက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချုပ်ငြိမ်းအောင် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တို
င်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အေ
ာင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချညမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။
ကေအိုင်အိုစစ်သားတစ်ယောက်ဆုံးရှုံးတာလဲ တိုင်းပြည်အတွက်ဆုံးရှုံးတာ။ မြန်မာစစ်သားဆုံးရှုံးတာလဲ တိုင်းပြည်ဆုံရှုံးတာပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးသည် ပြည်သူများက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော် ကိုယ်စားလှယ်များ ပေါ်တွင် မူတည်ကြောင်း၊ မိမိတစ်ဦးတည်း အနေဖြင့် မပြောနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ရေး မပြင်ရေးကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားဖြင့်သာ သွားရမည် ဖြစ်ကြောင်း၊ နောက်ပြန် မလှည့်ရန်အတွက် ပြည်သူများအပေါ်တွင် မူတည်ကြောင်း၊ ရှေ့ကို ဆက်၍ ချီတက်သွာံးရန် လိုကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က Eleven Media Group မှ မေးမြန်းခဲ့သော ယခု သမ္မတ သက်တမ်းအတွင်း ဖွဲ့စည်းပုံ ဥပဒေပြင်ရန် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဖြေကြားခဲ့ပါသည်။
အကျဉ်းခံနေရသော မြန်မာ နိုင်ငံသားများ အား မိမိတစ်ဦးတည်း၏ စိတ်ဆန္ဒဖြင့် လွှတ်ပေးခြင်းမဟုတ်ပဲ
UN ,နှင့် နိုင်ငံရေး ပါတီ အသီးသီးမှ စာရင်းများတောင်းယူပြီး အခြေနေအရပ်ရပ်ကို စိစစ်ကာ လွှတ်ပေးခြင်းဖြစ်ပြီး
ကျန်ရှိနေသေးသောအကျဉ်းသားများရှေ့ဆက် လွှတ်ပေးသွား၏မည် ဖြစ်ကြောင်း ပြောကြားသမ္မတကြီးက ထပ်လောင်း
ပြောကြားသည်။ထို့ပြင် လွှတ်ရက်နီးသော အကျဉ်းသားများကို လည်း
ဖြေလျော့ လွှတ်ပေးထားခဲ့ ဖူးကြောင်းသိရသည်။
၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်လား ဆိုသော မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့အနေဖြင့် ကျန်းမာရေး အခြေအနေအရ သက်တမ်းတစ်ခုသာ တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသော်လည်း တိုင်းပြည်၏ လိုအင်၊ ပြည်သူ၏ ဆန္ဒ ရှိပါက သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်မည်ဟု ပြောကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်အတွင်း နေရာ အများစု ရထားသော ပါတီ တစ်ခုဖြစ်ပြီး သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က ပါတီ ဥက္ကဋ္ဌ ဖြစ်သောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် မိမိပါတီဝင်များအား တိုက်တွန်းရန် ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ တစ်ဦး၏ လုပ်ပိုင်ခွင့်များကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြဌာန်းထားပြီး ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်တွင်း ရှိနေသော ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်များ အပါအ၀င် အခြားသော ပြည်သူ့လွှတ်တော် အမတ်များ၏ သဘောထား အပေါ်တွင်သာ မူတည်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
သမ္မတ ဦးသိန်းစိင်န်အစိုးရလက်ထက်တွင် ဆောင်ရွက်နေသော စီမံကိန်းများကို လွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်နေပြီး၊
နောင်တွင်ဆောင်ရွက်မည့်အစိုးရစီမံကိန်းများကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သွားမည်ဟု သမ္မတက ““ယခင်ဆောင်ရွက်ခဲ့သော အစိုးရစီမံကိန်းများ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက်
နောက်ဆက်တွဲပြဿနာများ မကြာခဏဖြစ်ပွားနေ၍ နောင်တွင်ဆောင်ရွက်မည့် စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိအောင် မည်သို့လုပ်ရန် ရှိပါသလဲ””ဟူသော မေးခွန်းကို
ပြန်လည်ဖြေကြားခဲ့သည်။
ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ လယ်ယာမြေ သိမ်းခံရသော ကိစ္စရပ်နှင့် ပတ်သက်သော မေးခွန်းကိုမူ အဖြေပြောဆိုသွားခဲ့ခြင်း မရှိပေ။
သမ္မတ ဦးသိန်းစိန်က ၎င်းခံစားခွင့်ရှိသော လစာငွေကျပ်သိန်းငါးဆယ်ကို မယူဘဲ ယခင်အစိုးရလက်ထက် နိုင်ငံအကြီးအကဲ၏ လစာနှုန်းဖြစ်သော ကျပ်ဆယ့်ငါးသိန်းကိုသာ ရယူခံစားနေကြောင်း
ပြောကြားသည်။ တိုင်းပြည်စီးပွားရေး မဖွံ့ဖြိုးသေး၍ ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေအရ ကျပ်သိန်းငါးဆယ်ခံစားခွင့်ရှိသော်လည်း ယခင်အစိုးရလက်ထက်ကနှုန်းအတိုင်းသာ ရယူခံစားခြင်းဖြစ်
ပြီး ထိုနှုန်းမှာ ကုမ္ပဏီကြီးများတွင် တာဝန်ထမ်းဆောင်နေသော အဆင့်မြင့်ဝန်ထမ်းတစ်ဦးလစာခန့်သာရှိကြောင်း သမ္မတက ပြောကြားသွားသည်။
ဖုန်းဈေးနှုန်းများကို လျော့ချပေးရုံသာမက အလကားပင် ပေးလိုသည့် ဆန္ဒ မိမိတွင် ရှိကြောင်း၊ လက်ရှိအခြေအနေများ အရ ထိုသို့ မဖြစ်နိုင်သေးဘဲ တဖြည်းဖြည်း လျော့ချပေးသွားမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ လယ်သမားတစ်ဦးပင် ဖုန်းကို ခါးချိတ်ထားနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း၊ ထို ကိစ္စရပ်သည်လည်း နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ လိုအပ်သော အခြေခံ အဆောက်အဦများ ပြီးသွားပြီး ထပ်ဆောက်ရန် မလိုတော့ပါက ဈေးနှုန်းများ လျော့ကျသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိ အစိုးရ၏ အချိန်တို ကာလအတွင်း လူတိုင်းလူတိုင်းတိုးတက်ပြောင်းလည်းရန် မဖြစ်နိုင်သေးကြောင်းတိုင်းပြည်၏ အကျိုးခံစားခွင့်ကို အစိုးရသာမက ပြည်သူကပါ ကူညီလုပ်ကိုင်ရန်လိုအပ်ကြောင်း၊ဆင်းရဲနွမ်းပါးမှု လျော့ချရေးကို စီမံချက် ၈ ခုဖြင့် ဆောင်ရွက်နေကြောင်း နေ့ချင်းညချင်း အကျိုးဖြစ်ထွန်းမည် မဟုတ်သော်လည်း တောင်သူလယ်သမားများ ဘ၀ တိုးတက်မှုရှိစေရန် ကြိုးစားနေကြောင်းနှင့် ချေးငွေများကို တဖြည်းဖြည်းချင်း ပိုမို ထုတ်ချေးနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်၊လက်ရှိတွင် ပြည်ထောင်စု သို့ပို့ထားသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေသည် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှု အတွက် ဆွဲဆောင်မှု ရှိရန် ပြင်ဆင်ပေးပို့ထားကြောင်းနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တွေ့ဆုံပွဲတွင် ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်သမ္မတကြီး၏ ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံမှုတွင် ပေါ်ပြူလာနယူးစ်ဂျာနယ်မှ သမ္မတကြီးအနေဖြင့် အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်တွင် မူတည်သည်ဟု ပြောကြားခဲ့ခြင်းကြောင့် လွှတ်တော် ထဲ၌ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကိုယ်စား လှယ်များ အများဆုံး ဖြစ်ခြင်းကြောင့် ဥက္ကဌ တစ်ယောက် အနေဖြင့် ပါတီဝင် အမတ်တို့ကို အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုက် တွန်းသွားရန် ရှိပါ
သလား ၊ သမ္မတ ကြီးရဲ့ တစ်ဦးတည်း ဆန္ဒ အနေဖြင့် အခြေ ခံ ဥပဒေ ပြင်ဆင်ရေး အပေါ် လိုလားမှု ရှိ မရှိ မေးမြန်းခဲ့ရာ သမ္မတ ကြီးက မိမိသည် ပါတီ ဥက္ကဌ ဖြစ်သော်လည်း ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိသောကြောင့် တိုက်တွန်းရန် မဖြစ်နိုင်ကြောင်း၊ဖြေကြားခဲ့သော်လည်း ၄င်း၏ တစ်ဦးတည်းဆ`န္ဒနှင့် ပတ်သတ်
၍ ဖြေကြားခဲ့ ခြင်း မရှိပေ။ သမ္မတကြီး၏ အပြောင်း အလဲများကို အောက်ခြေလူထု မခံစား ရသေးကြောင်း ပြောဆိုမှုအပေါ် မည်သို့ ထင်မြင်သနည်း မေးခွန်းကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြန်လည်ဖြေကြားရာ၌ အပြောင်းအလဲကို လူတိုင်း ကျေနပ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အချိန်ယူရမည် ဖြစ်ကြောင်းနှင့် လူတစ်ဦးချင်း၏ ၀င်ငွေ၊ အလုပ်အကိုင် အခွင့်အလန်း၊ စီးပွားရေး အခွင့်အလန်း ဖွံ့ဖြိုးလာသည်နှင့် အမျှ ပြည်သူများ အကျိုးခံစားခွင့် ရလာနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
OIC နှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊ လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ညနေ ၄နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ သတင်းထောက် (၁၃၀) ကျော် တက်ရောက် သတင်းရယူခဲ့ပါသည်။

Myanmar Online News မှကူးယူဖော်ပြပါသည်
Post By :  အေးချမ်းမွန်
Sunday, 21 October 2012

မိမိတို့ အစိုးရလက်ထက်တွင် တည်ဆောက်ရေး စီမံကိန်းများကို ပွင့်လင်း မြင်သာအောင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများနှင့် ပတ်သက်သော လက်နက်ကိုင် ပဋိပက္ခများကို ချု
ပ်ငြိမ်းအောင် အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်နေကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရာတွင် Peace Center တစ်ခုကို မကြာမီ ဖွင့်သွားမည် ဖြစ်ကြောင်း၊ တို
င်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရာ ဒေသ၌ အေးချမ်းဖွံ့ဖြိုးတိုးတက်အေ
ာင် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ပဋိပက္ခများက ဆုံးရှုံးမှု များကြောင်း၊ ဒေသတွင်း တိုင်းရင်းသားများ အိမ်ရာများကို စွန့်ခွာပြေးသွားခြင်းက စိတ်မကောင်းဖွယ် ဖြစ်ကြောင်း၊ ကချင်ဒေသကိငြိမ်းချမ်း စေလိုကြောင်း၊ ငြိမ်းချညမ်းရေးနှင့် ပတ်သက်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲများ၊ ယုံကြည်မှုတည်ဆောက်ခြင်းများ လုပ်ဆောင်နိုင်ပြီဆိုပါက မကြာမီတွင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်မည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောပါသည်။

နန်းခင်ဇေယျာ Miss Internet ဆု ရပြီ


  မြန်မာပြည်မှာ အင်တာနက် မြန်နှုန်းနိမ့်ပေမယ့် အိုကီနာဝါကျွန်း ၂၀၁၂ နိုင်ငံတကာမယ်ပြိုင်ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ၀င်ပြိုင်တဲ့ နန်းခင်ဇေယျာကတော့ Miss Internet ဆု ရရှိသွားပါပြီ။ သူ့ကို မဲပေးကြတဲ့ အနယ်နယ်က မြန်မာပြည်သားတို့ရဲ့ အားပေးမှုကြောင့် ဒီဆု ရရှိသွားတာဖြစ်ပါလိမ့်မယ်။

ဆုကြေညာပေးအပ်ပွဲ အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်နေရာမှာ သူ ဒီဆု ရရှိကြောင်း အခုလေးတင် တရားဝင် ကြေညာလိုက်တာ ဖြစ်ပါတယ်။  Miss International 2012 ကို ဘယ်သူ ရမယ် ဆိုတာ မိနစ်ပိုင်းအတွင်း သိရတော့မှာပါ။ 

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် စတင်ပြုလုပ်နေပြီ


Photo: နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်

နိုင်ငံတော် သမ္မတ ၏တွေ့ဆုံပွဲ ၂ နာရီတွင် ကို စတင်ပြုလုပ်နေပြီ ဖြစ်ပြီး နိုင်ငံတော် သမ္မတ မှ အဖွင့်မိန့်ခွန်းပြောကြားရာတွင်
ပြည်ပသတင်းမီဒီယာနှင့်တွေ့ဆုံထားပြီး ပြည်တွင်းမီဒီယာနှင့် တွေ့ဆုံ မှု မပြုပါက ၀ိုင်းဝန်း ပြောဆိုသည့် အသံများထွက်လာ
နိုင်
ခြင်း၊အစိုးရ၏ လုပ်ဆောင်ချက်များကို မီဒီယာ မှတဆင့်ပြည်သူအများကို သိစေလိုခြင်း၊အစိုးရအပိုင်းအနေနဲ့ မီဒီယာနဲ့ ပူးပေါင်းပြီး
ဆောင်ရွက်သွားရန်လိုအပ်ခြင်း စသည့် အချက်သုံးချက်ကို ခြုံငုံ ပြောကြားသွားသည်။
တွေ့ဆုံ ရှင်းလင်းပွဲကို ညနေ လေးနာရီတွင် ပြီးဆုံးမည်ဟု သတ်မှတ်ထားသည်။

မိခင် ဆူပူ ကြိမ်းမောင်း သဖြင့် စတုတ္ထတန်း ကျောင်းသူလေး ပိုးသတ်ဆေး သောက်သေဆုံး

ဇေယျဝတီ အောက်တိုဘာ ၁၈
ဖြူးမြို့နယ် ဇေယျဝတီမြို့ အမဲခေါင် ကျေးရွာအုပ်စု၊ စွန်သိုက် ကျေးရွာနေ စတုတ္ထတန်း ကျောင်းသူ မစူးရေးခါး ၁၃နှစ် (ဘ)ဦးဟာရီ ဆံတား၊ စွန်သိုက် ကျေးရွာ အခြေခံ ပညာ မူလတန်း ကျောင်း(ခွဲ)သည် မတ်ပဲပိုးသတ် ဆေးပြားသောက်၍ ဇေယျဝတီ ဆေးရုံ တွင် ရောက်ရှိ နေကြောင်း အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက သတင်း ရရှိသဖြင့် ဇေယျဝတီမြို့ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် ထွန်းသန်းနှင့် အဖွဲ့သည် သက်သေများ နှင့်အတူ သွားရောက် စစ်ဆေးရာ မစူးရေးခါး တွင်ပြင်ပ ဒဏ်ရာ မတွေ့ရှိဘဲ ပါးစပ်မှ ပိုး သတ်ဆေး အနံ့ ရကာ သတိ မေ့နေလျက် တွေ့ရှိရပြီး တောင်ငူ ဆေးရုံသို့ သယ်ဆောင်စဉ် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

တရုတ်ပြည်တွင် အာရှ၏ အကြီးမားဆုံး Apple စတိုးဖွင့်လှစ်

Photo: တရုတ်ပြည်တွင် အာရှ၏ အကြီးမားဆုံး Apple စတိုးဖွင့်လှစ်

အောက်တိုဘာ ၂၀။ ။ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လယ်ရှိ Wangfujing လမ်းတွင် Apple စတိုင်းဆိုင် အသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၄၇၅၀ စတုရန်းပေ ကျယ်သည့် သုံးထပ် အဆောက်အအုံ ဖြစ်ပြီး အာရှ၏ အကြီးဆုံး Apple စတိုးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် Apple ၏ အမေရိကန်ပြီးနောက် ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်တွင် Apple ကုန်ပစ္စည်းသည် ရေပန်းစားပြီး ဆိုင်ဖွင့်ပွဲနေ့တွင် လူပေါင်း ၁၀၀ ကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် လက်တလောကလည်း Apple စီအီးအို Tim Cook သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိပြီး Foxconn ကိုသွားရောက် စစ်ဆေးခဲ့သည်။ Apple ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေသော ထိုင်ဝမ် စက်ရုံဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်ပွားနေသော နေရာ ဖြစ်သည်။

အသက် ၁၄ နှစ်အရွယ် အလုပ်သမားများ တွေ့ရှိမှု၊ အလုပ်သမားများ အခွင့်အရေး ဆုံးရှုံးမှု၊ ပဋိပက္ခဖြစ်ပွားမှုကို အခြေခံကာ တရုတ်အစိုးရနှင့် Apple တို့ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းနေရသည်။ တရုတ်ပြည်ဈေးကွက် တွင် Apple ကုန်ပစ္စည်း ဆိုင်ပေါင်း ၆ ခုရှိလာပြီ ဖြစ်သော်လည်း မှောင်ခို ဈေး ကွက် တည်ရှိနေဆဲ ဖြစ်သည်။ မူရင်းဆိုင်မှ ၀ယ်ယူကာ ပြင်ပ တွင် ဈေးနှုန်း မြင့်တင်ရောင်းချခြင်းတို့ ပြုလုပ်မှုကြောင့် Apple တို့ စိုးရိမ် စရာ ဖြစ်ခဲ့သည်။ ကုန်ပစ္စည်း မူပိုင်ခွင့်နှင့် အတုပလုပ်ခြင်းဆိုင်ရာ ပြဿနာ များလည်း ဖြစ်ပွားလျက်ရှိရာ တရုတ်ပြည်ဈေးကွက်ကို Apple တို့ ဆက်လက် ခြေကုပ်မယူနိုင်မှာ ပူပင်လျက်ရှိသည်။

Samsung ကလည်း တရုတ်အစိုးရ၏ ခွင့်ပြုချက်ယူကာ စက်ရုံများတည် ဆောက်ခြင်း၊ ပို့ကုန် တိုးမြင့်ခြင်းတို့ ပြုလုပ်လာခြင်းကြောင့် ပြိုင်ဘက် Samsung မှ ကျော်တက်သွားနိုင်ချေရှိကြောင်း စီးပွားရေး ပညာရှင်များက ခန့်မှန်းထားသည်။
--
Ref:zurmart
Photo courtesy of zurmart . All Rights Reserved.
Aung Kham (TSJ team)

မူရင်းသတင်း----TechSpace Journal
Post By :  အေးချမ်းမွန်
အောက်တိုဘာ ၂၀။ ။ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ လယ်ရှိ Wangfujing လမ်းတွင် Apple စတိုင်းဆိုင် အသစ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

၂၄၇၅၀ စတုရန်းပေ ကျယ်သည့် သုံးထပ် အဆောက်အအုံ ဖြစ်ပြီး
အာရှ၏ အကြီးဆုံး Apple စတိုးဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် Apple ၏ အမေရိကန်ပြီးနောက် ဒုတိယအကြီးဆုံး ဈေးကွက် ဖြစ်ကြောင်း သိရသည်။ တရုတ်ပြည်တွင် Apple ကုန်ပစ္စည်းသည် ရေပန်းစားပြီး ဆိုင်ဖွင့်ပွဲနေ့တွင် လူပေါင်း ၁၀၀ ကျော် လာရောက် စောင့်ဆိုင်းခဲ့သည်။

ပြီးခဲ့သည့် လက်တလောကလည်း Apple စီအီးအို Tim Cook သည် တရုတ်ပြည်သို့ အလည်အပတ်ရောက်ရှိပြီး Foxconn ကိုသွားရောက် စစ်ဆေးခဲ့သည်။ Apple ကုန်ပစ္စည်းများ ထုတ်လုပ်ပေးနေသော ထိုင်ဝမ် စက်ရုံဖြစ်ပြီး မကြာခဏ ပြဿနာဖြစ်ပွားနေသော နေရာ ဖြစ်သည်။

ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား

Photo: ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား

ခိုင်သိန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။

“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်းဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်းရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်းထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။

သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ညဥ့် အချိန်တွင် ဖြစ်ပြီး  ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်သန်းတင်က ယမ်းထောင်း သေနတ်ဖြင့် သွားရောက် ပစ်ခတ်ခဲ့ပုံကို သူက ယခုလို ဆက် ပြောပြသည်။

“ အဲဒီနေ့ ညဥ့် ၁၀နာရီခန့်မှာ ရွာထဲက ဦးကောက်စံ အိမ်ရှေ့မှာ ယမ်းထောင်သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါတယ် ။ ပစ်လိုက်တဲ့ ကျည်က  ရင်ဝကို ထိတယ်။ ချက်ချင်းမသေဘူး။ မောင်တင်ထွန်းက သေနတ်နဲ့ ပစ်ခတ်တဲ့ ဦးအောင်တင်သန်းကို ဖက်ပြီးတော့ သေနတ်ကို လုခဲ့ပါသေးတယ်။ ဦး အောင်တင်သန်းက သေနတ်ကို ပစ်ပြီး အဲဒီနေရာကနေ ချက်ချင်း ထွက်ပြေးလွတ်မြောက် သွားပါတယ်” ဟု ပြောသည်။

ယခုအခါ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းအား သေမှုသေခင်း ဖြစ်မှုဥပဒေပုဒ်မ (၃၀၄)က/ဖြင့် ရသေ့ တောင် ရဲစခန်းတွင် မိသားစုဘက်မှ အမှုဖွင့်ထားသည်ဟု သိရသည်။

အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ရသေ့တောင် ရဲစခန်းသို့ မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး အသေးစိတ် ပြောကြားရန်မှာ အမူတွဲကို ကိုင်တွယ်နေသူ  ရဲတာဝန်ရှိ အပြင်ကို ရောာက်ရှိနေသဖြင့် သူ့အား မေးမြန်းရမည်ဟု တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

သေဆုံးသွားသော မောင်တင်ထွန်းမှာ ဇနီးမယားနှင့်အတူ သားသမီး ၃ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။

မူရင်းသတင်း---- နိရဉ္စရာ
Post By :  အေးချမ်းမွန်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကျေးရွာတွင် အောက်တိုဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူမှာ ဈေးကုန်းတန်းကျေးရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာလှ၏ သားဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။
“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်းဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့်မလုပ်လဲ အဲလို ဆူပူ ကြိမ်းမောင်းရာကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်းထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသ တွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွားခြင်း

အိန္ဒိယနှင့် ပါကစ္စတန် ကြည်းတပ် တို့သည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ထိန်းချုပ် ရေးမျဉ်း (Line of Control-LoC) တစ်လျှောက်တွင် အပစ် အခတ် ရပ်စဲရေး သဘော တူညီ ထားမှုအား ချိုးဖောက် ၍ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ပိုင်းတွင် အပြန် အလှန် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း အိန္ဒိယ တာဝန် ရှိသူများက အောက်တို ဘာလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။ အဆိုပါ ပစ်ခတ် မှုသည် အိန္ဒိယ ထိန်းချုပ် မှုအောက် ကက်ရှ်မီးယား ဒေသရှိ ဆရီနာ ဂါမြို့၏ အနောက် တောင်ဘက် ၁၈၅ ကီလို မီတာခန့် အကွာတွင် ရှိသော နယ်စပ်ဒေသ Poonch ခရိုင်၏ LoC တစ်လျှောက်တွင် အောက်တို ဘာလ ၁၇ ရက်နေ့က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အဆို ပါ နေ့နှောင်း ပိုင်း အထိ ဆက်လက် ပစ်ခတ်ခဲ့ ကြောင်း သိရှိရ ပါသည်။ ပါကစ္စတန် တပ်ဖွဲ့ဝင် များသည် အိန္ဒိယ စစ်စခန်းများကို လက်နက် ငယ်များဖြင့် အကြောင်းမဲ့ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျမူးဒေသအခြေစိုက် အိန္ဒိယ ကြည်းတပ် ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးR K Palta က ပြောကြားခဲ့ ပါသည်။

ရပ်စောက်-ပင်းတယကားလမ်းပေါ်မှ လူသတ်မှု

Photo: ရပ်စောက်-ပင်းတယကားလမ်းပေါ်မှ လူသတ်မှု

အောက်တိုဘာ(၂၀)

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းသစ္စာလမ်းနေ ဦးငွေတိုး(ကုန်သည်)သည် ရပ်စောက်-ပင်းတယ ကားလမ်းပေါ်တွင် အောက်တိုဘာ(၁၁)ရက်နေ့ မနက်ပိုင်းက  အသတ်ခံခဲ့ရကြောင်း သိရပါတယ်။

တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးငွေစိုးမှ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ၄င်း၏ညီဖြစ်သူ ငွေတိုးသည် ပင်းတယသို့ ကုန်အရောင်းအ၀ယ်လုပ်ရန် Toyota Vitz အမျိုးအစား ချောက လက် ရောင် တစ်စီး၊ zip star အနက်ရောင်ဆိုင်ကယ်တစ်စီး၊ GSM ဖုန်းတစ်လုံးနှင့် ငွေ (၁၅၀၀၀၀) ကျပ် တို့ နှင့်အတူထွက်သွားခဲ့ရာ ယနေ့အထိပြန်လည်မရောက်လာဘဲ ဖုန်းအဆက်အသွယ်ပါ ပြတ်တောက်နေ တဲ့အတွက် တောင်ကြီးမြို့ အမှတ်(၂)ရဲစခန်းသို့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် လာရောက် တိုင်ကြား ခဲ့ကြောင်း သိရပါ တယ်။


`` ကျွန်တော့ညီ ငွေတိုးဟာ ပင်းတယဘက်မှာရှိတဲ့ ရွာတွေမှာ အသီးအနှံ အရောင်းအ၀ယ်အလုပ် လုပ်ပါ တယ်။ အခု သီးနှံတွေ ပေါ်ချိန်ဆိုတော့ အခြေအနေသွားကြည့်တယ်။ အသွားတုန်းက ကျွန်တော့အိမ်ကိုဝင် သွားပါသေးတယ်။ (၂/၃)ရက်ကြာရင် ပြန်လာမယ်လို့ ပြောသွားပါတယ်။ အခု တစ်ပတ်ကျော်တောင် ကြာ သွားပြီး ဖုန်းဆက်တော့လည်း ဖုန်းက ပိတ်ထားတယ်။ ဒါကြောင့် စိုးရိမ်ပြီး ရဲစခန်းမှာ လာအမှုဖွင့် အကြောင်းကြားတာပါလို့ ´´ ဦးငွေစိုးမှ ပြောကြားသွားပါတယ်။

တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်းမှ အခြားမြို့များရှိ ရဲတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့တာကြောင့် သက်သေပစ္စည်းများနှင့်အတူ ကလောမြို့မှ တရားခံ(၂)ဦးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ၄င်းတို့ ၂ ဦးမှ ဦးငွေတိုး အားသတ်ဖြတ်ပြီး ရပ်စောက်-ပင်းတယကားလမ်းပေါ်ရှိ တံတားအမှတ်(၄၉)မြောင်းထဲသို့ ပစ်ချထား ခဲ့ ကြောင်းနှင့် ပစ္စည်းများအား ယူဆောင်ထားကြောင်း ထွက်ဆိုခဲ့ပါတယ်။

တောင်ကြီးမြို့၊ အမှတ်(၂)ရဲစခန်းမှ အဖွဲ့ဝင်များဟာ ဦးငွေတိုးအလောင်းအား သွားရောက် ရှာဖွေကာ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံသို့ သယ်လာခဲ့ပြီး တရားခံ ဇော်မျိုးစိုးနဲ့ ညီညီဝင်းတို့ နှစ်ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

 တရားခံဇော်မျိုးစိုး

မူရင်းသတင်း----ရုမ်းသတင်း
Post By :  အေးချမ်းမွန်
တရားခံဇော်မျိုးစိုး
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ပန်းသစ္စာလမ်းနေ ဦးငွေတိုး(ကုန်သည်)သည် ရပ်စောက်-ပင်းတယ ကားလမ်းပေါ်တွင် အောက်တိုဘာ(၁၁)ရက်နေ့ မနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း သိရပါတယ်။

တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးငွေစိုးမှ အောက်တိုဘာလ(၁၂)ရက်နေ့တွင် ၄င်း၏ညီဖြစ်သူ ငွေတိုးသည် ပင်းတယသို့ ကုန်အရောင်းအ၀ယ်လုပ်ရန် Toyota Vitz အမျိုးအစား ချောက လက် ရောင် တစ်စီး၊ zip star အနက်ရောင်ဆိုင်ကယ်တစ်စီး၊ GSM ဖုန်းတစ်လုံးနှင့် ငွေ (၁၅၀၀၀၀) ကျပ် တို့ နှင့်အတူထွက်သွားခဲ့ရာ ယနေ့အထိပြန်လည်မရောက်လာဘဲ ဖုန်းအဆက်အသွယ်ပါ ပြတ်တောက်နေ တဲ့အတွက် တောင်ကြီးမြို့ အမှတ်(၂)ရဲစခန်းသို့ အောက်တိုဘာလ (၁၉)ရက်နေ့တွင် လာရောက် တိုင်ကြား ခဲ့ကြောင်း သိရပါ တယ်။
Related Posts Plugin for WordPress, Blogger...

ShareThis