menu

Wednesday, 16 October 2013

ရွှေတိဂုံစေတီတွင် ဓားကိုင်ရမ်းကားမှု ဖြစ်ပွားခဲ့

ရွှေတိဂုံစေတီ မြောက်ဘက်မုခ် ဓာတ်လှေကားစစ်ဆေးရေးဂိတ်တွင် လူတစ်ဦးက ဓားကိုင်ရမ်းကားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းကို ရွှေတိဂုံစေတီတော် ရဲကင်းစခန်းမှ ဒု-ရဲအုပ် သန်းကျော်နှင့် အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ပြီး မည်သည့်အတွက်ကြောင့် ဓားကိုင်၍ ရမ်းကားခဲ့သည်ကိုမူ မသိရှိသေးပေ။

ဓားကိုင် သောင်းရမ်းကားခဲ့သူမှာ စစ်ကိုင်းတိုင်း မုံရွာမြို့နေ၊ အောင်ချမ်းသာရပ်ကွက်၊ အောင်သုခလမ်း အမှတ်(၆၁) တွင် နေထိုင်သည့် အောင်မင်းအောင်(ခ) မျိုးမြင့် အောင်(၆၃)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည် ပြုထားသည်။

၎င်းသည် အရိုးအသွား ရှစ်လက်မခွဲခန့်ရှိ ဓါးဦးချွန်တစ်ချောင်းအား ကိုင်ဆောင် ရမ်းကားခဲ့သည့်အပြင် ၎င်း၏ ခါးကြားအတွင်းမှ အရိုးအသွား ခြောက်လက်မခွဲခန့်ရှိ ဓားဦးချွန်တစ်ချောင်းကိုပါ ဓားအိမ်အတွင်း ထည့်လျက် ထပ်မံဖမ်းဆီးရမိသည်ဟု ရဲဌာနက ဆိုထားသည်။

ယင်းကြောင့် ဦးအောင်မင်းအောင်ကို ဒဂုံရဲစခန်းက (ပ)၂၂၄/၂၀၁၃ဖြင့် အမှုဖွင့် ပြီး လက်နက်ပုဒ်မ ၁၉ (င)ဖြင့် အရေးယူနိုင်ရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဆိုထားသည်။

လွန်ခဲ့သော လများအတွင်းတွင်လည်း ရွှေတိဂုံစေတီတော်ပေါ်သို့ ဓားသယ်ဆောင်ပြီး တက်ရန် ကြိုးပမ်းသူ သုံးဦးထက် မနည်းကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။

ဇော်ဇော်ထွေး
Mizzima - News in Burmese

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis