menu

Wednesday, 16 October 2013

ဗုံးအယောင်ဆောင် ခြောက်လှန့်ခြင်းအချို့လည်းဖြစ်ပေါ်နေ

ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ဖြူး၊ စစ်ကိုင်းမြို့များတွင်ဗုံးပေါက် ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများဆက် တိုက်ဖြစ်ပွားခဲ့သည့်အတွက် ဗုံး ကောလာဟလများ ပျံ့နှံ့ပြည်သူ လူထုမှစိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်၊ ညနေ (၄) နာရီတွင် ဘုန်းကြီး လမ်း၊ စံပြမှတ်တိုင်အနီးတွင် Taxi တစ်စီးပေါ်၌ ဗုံးတွေ့ရှိကြောင်း ကောလာဟလထွက်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးဝင်းကြည်က ““ဒီလုပ်ရပ်တွေ ဟာ ပြည်သူကို စိတ်ဓာတ်ရေးရာ ပျက်ပြားအောင် လုပ်တယ်လို့ပဲ သုံးသပ်တယ်။ ဒီလိုမလုပ်သင့် ဘူး။ ကျွန်တော်တို့လုံခြုံရေးကို နေ့၊ည ပုံမှန်ထက်တိုးမြှင့်ဆောင် ရွက်နေပါတယ်။ ပြည်သူတွေကို အသိပညာပေးချင်တာကတော့ နာရီကြိုးစ၊ ဓာတ်ခဲကိုတွေ့ရင် မကိုင်ပါနဲ့ သက်ဆိုင်ရာတာဝန်ရှိ သူတွေကို အကြောင်းကြားပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေက လာရောက်ပြီး ရှင်းလင်းပါလိမ့် မယ်။ လုံခြုံရေးနဲ့ ပတ်သက်ပြီး တော့ နေ့စဉ်သတင်းစာတွေမှာ ထုတ်လွှင့်ပေးနေပါတယ်”” ဟု ပြောသည်။

လမ်းမတော်ရဲစခန်းမှ ဒုတပ် ကြပ်မင်းမင်းထွန်းက ““ထိုင်ခုံရဲ့ နောက်ဖုံးခန်းမှာ ရေသန့်ဘူးရယ် အင်္ကျီတစ်ထည်၊ ပလတ်စတစ် ကော်ပတ်ရုပ်ရယ် တွေ့ပါတယ်။ နားလည်းတတ်ကျွမ်းတဲ့လူတွေနဲ့ စစ်ဆေးတဲ့အခါ ပေါက်ကွဲစေ တတ်တဲ့ပစ္စည်းတွေမပါဘူးလို့ သိ ရတယ်။ ဒါပေမဲ့ ပြည်သူကို အထိတ်တလန့်ဖြစ်အောင် လုပ် တဲ့ပုံစံပဲ။ ပြည်သူကို အထိတ်တ လန့်ဖြစ်အောင် ပြုလုပ်နေတယ်။ ပြည်သူတွေ ဘာမှအမရေးမကြီး ပါဘူးလို့ အမှတ်တမဲ့ ဒီအထုပ်ကို ဖွင့်လိုက်ရက် ပေါက်ကွဲပြီး ဒဏ် ရာရနိုင်ပါတယ်။ အဲဒီလိုရည်ရွယ် ပြီးလုပ်တာဖြစ်နိုင်တယ်။မသင်္ကာ တဲ့အထုပ်ကိုမြင်ရင် မိမိပစ္စည်း မဟုတ်ရင် ဖွင့်မကြည့်ဘဲ အနီးဆုံး ရဲတပ်ဖွဲ့ကို အကြောင်းကြားတာ အကောင်းဆုံးပါပဲ။ အခုလိုဖြစ် နေတဲ့ကိစ္စတွေကို ကြောက်စရာ မလိုပါဘူး။ ပြည်သူနဲ့ ရဲဝန်ထမ်း တွေပူးပေါင်းပြီးဆောင်ရွက်မယ် ဆိုရင်အောင်မြင်သွားနိုင်ပါတယ်။ ပြည်သူကလည်းရဲတပ်ဖွဲ့ကိုကူညီ မယ်။ ရဲတပ်ဖွဲ့ကလည်း ပြည်သူ ကို ကူညီမယ်ဆိုရင်အပြန်အလှန် ၀ိုင်းဝန်းကူညီမှုနဲ့ အခုလိုဖြစ်နေ တဲ့ ဖြစ်စဉ်တွေကို ဖော်ထုတ်နိုင် အောင် ကြိုးစားရမှာဖြစ်ပါတယ်”” ဟု ပြောကြားသည်။

မျိုးကျော်

Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis