menu

Thursday, 17 October 2013

ကော့သောင်း ထောင်မှူးနှင့် ၀န်ထမ်းများ လူ့အခွင့်အရေး ချိုးဖောက်ဟုဆို


ကော့သောင်းထောင်အတွင်း ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို လက်ကိုင်တုတ်နဲ့ ၀ိုင်းရိုက်ခဲ့တာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်း ကော့သောင်းထောင် ဆူပူမှုဖြစ်စဉ်ကို သွားရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကော့သောင်းထောင်ဆူခဲ့တဲ့ ဖြစ်စဉ်ကို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးစစ်မြိုင် ခေါင်းဆောင်တဲ့အဖွဲ့က သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပြီး စစ်ဆေးတွေ့ရှိချက်တွေအရ  လူ့အခွင့်အရေး ချိုးဖောက်တာလို့  ပြောလိုက်တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis