menu

Sunday, 18 May 2014

သံဃာများ မဲပေးခွင့်ရရန် တောင်းဆိုမည် မဟုတ်ဟု မဘသပြော

သံဃာများ မဲပေးခွင့်ရရှိ ရေးအတွက် အစိုးရထံ တောင်းဆို မည့်ဆုံးဖြတ်ချက်ကို ၎င်းတို့အနေ ဖြင့် မည်သည့်အခါကမျှ မချမှတ်ခဲ့ ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ- ဗဟို) က ငြင်းဆိုလိုက်သည်။
လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် သံဃာများမဲပေး ခွင့်ပြုရန် တောင်းဆိုမည်ဖြစ် ကြောင်း မဘသ(ဗဟို)မှ ဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက်ဆရာတော် အရှင်ပါမောက္ခက ပြောကြားခဲ့ကြောင်း မေလ ၁၅ ရက်ထုတ် The Voice Daily သတင်းစာတွင် ပါလာခဲ့ပြီးနောက် ထွက်ပေါ်လာသည့် ဝေဖန်မှုများအပေါ် မဘသ(ဗဟို)က ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
‘‘ဒါဟာ လုံးဝမဟုတ်ပါဘူး။ ဒီဆုံးဖြတ်ချက်မျိုးဘယ်တုန်းက မှ လည်း မချပါဘူး’’ဟု မဘသ (ဗဟို) ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဓမ္မစက္ကဦးမောင်မောင် က ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက်တွင် မေလ ၁၇ ရက်က ကျင်းပခဲ့သည့် မဘသ (ဗဟို)၏ အမျိုးစောင့် ဥပဒေဆိုင်ရာ သတင်းစာ ရှင်း လင်းပွဲ၌ သတင်းဌာနတစ်ခု၏ မေးမြန်းချက်ကို အထက်ပါအ တိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတင်းပါအချက် အလက်များသည် ပြောကြား သည့် ဆရာတော်တစ်ဦးတည်း၏ လွတ်လပ်စွာ ပြောဆိုခွင့်ဖြင့် ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
‘‘တစ်ယောက်ချင်းအမြင်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါတယ်။ ဒါဟာကျွန်တော် တို့ ဒီမိုကရေစီရဲ့ လမ်းစဉ်ပါပဲ’’ ဟု ဓမ္မစက္ကဦးမောင်မောင်က ဆို သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေတွင် သံဃာတော်များ မဲ ပေးခွင့်မရှိကြောင်း ပြဋ္ဌာန်ထား သည်။ ၁၉၄၇၊ ၁၉၇၄ အခြေခံဥပ ဒေများတွင်လည်း သံဃာတော် များ မဲပေးခွင့်မပြုခဲ့ပေ။

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis