menu

Sunday, 18 May 2014

ဖလားလက်မဲ့ဘ၀ကို ၀င်ဘလေမှာ အဆုံးသတ်တဲ့ အာဆင်နယ်

YoYarLay's photo.
YoYarLay's photo.

အက်ဖ်အေဖလား ကြမ္မာဆိုးကို အက်ဖ်အေဖလားနဲ့ အာဆင်နယ် ပြန်အဆုံးသတ်ခဲ့ပြီလို့ တင်စားဖို့ စောနေသေးပေမယ့် (၈)နှစ်တာ ကင်းကွာခဲ့တဲ့ အောင်ပွဲအနံ့အသက်ကိုတော့ အာဆင်နယ် ပြန်ရှုရှိုက်နိုင်ခဲ့ပါပြီ။ (၂၀၀၅)ခုနှစ်မှာ မန်ယူကို ပင်နယ်တီ (၅-၄)ဂိုးနဲ့ နိုင်ပြီး ဝေးလ်နိုင်ငံ၊ ကာဒစ်ဖ်မြို့က မီလန်နီယမ်ကွင်းမှာ အာဆင်နယ် အောင်ပွဲခံခဲ့ခြင်းက လန်ဒန်မြို့မြောက်ပိုင်း ဟော်လိုဝေးဒေသ အခြေစိုက် အသင်းတစ်သင်းအတွက် လေမုန်တိုင်း မလာခင် လေညှင်းတိုက်ခတ်မှုပါပဲ။

ဒီပွဲမှာ (၉)မိနစ် (၂)ဂိုးနဲ့ အာဆင်နယ် အဖြစ်ဆိုးပြန်ပြီလို့ ထင်ခဲ့ကြရတဲ့ စိုးရိမ်ပူပန်မှုတွေကို အာဆင်နယ် ပရိသတ်တွေ လွှင့်ပစ်နိုင်ခဲ့တာက ကာဇိုလာ၊ ကိုစီယယ်နီ၊ ရမ်ဆေးတို့ရဲ့ သွင်းဂိုးတွေနဲ့ပါ။ အာဆင်နယ်အတွက်တော့ ဒီနှစ် အက်ဖ်အေဖလားဟာ(၁၁)ကြိမ်မြောက်ဖြစ်ပြီး မန်ယူရဲ့စံချိန်ကို အမှီလိုက်နိုင်ခဲ့သလို (၉)နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့
မျှော်လင့်ချက်တွေ ပြည့်မြောက်သွားခဲ့ခြင်းပါပဲ။

@z (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis