menu

Saturday, 21 September 2013

ကော့သောင်းထောင်အတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ် စုံခုံဖွဲ့စစ်ဆေးမှု ရက်ပိုင်းအတွင်း ပြီးဆုံးမည်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ထောင်အတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ် စုံခုံဖွဲ့စစ်ဆေးမှု ရက်ပိုင်းအတွင်း ပြီးဆုံး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက စက်တင် ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားခဲ့ပါ သည်။

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်း သားအချို့ကို စက်တင်ဘာ ၁၈ ရက်တွင် အခြားထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
"ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံခုံစစ်ဆေး ရေးရာ နောက်နှစ်ရက်လောက်ဆိုရင် ပြီးပါ ပြီ။ ဘာတွေ ဆက်လက်လုပ်ဆောင်ရမယ်ဆို တာကတော့ မသိသေးပါဘူး"ဟု တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးကြည် လင်းက စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းထိန်းသိမ်း မှုအပိုင်းများကို ဆောင်ရွက်နေကြောင်း သိရ သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကော့ သောင်းခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်စွာထွန်း က ““ အခုကော့သောင်းအကျဉ်းထောင်ထဲမှာ တာဝန်ကျနေတဲ့ ၀န်ထမ်းတွေရော၊ အကျဉ်း သားတွေရော စည်းကမ်းပိုင်းအားနည်းချက် တွေရှိတဲ့အတွက် စည်းကမ်းထိန်းသိမ်းမှုအ ပိုင်းကို လုပ်ဆောင်နေပါတယ်””ဟု စက်တင် ဘာ ၁၉ ရက်ညနေပိုင်းက ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis