menu

Saturday, 21 September 2013

ပြည်ထောင်စု ၀န်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော သတင်းမှန်ကန်ပါက အရေးယူခံမည်ဟုဆို

ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော သတင်းမှန်ကန်ပါက အရေးယူခံမည်ဟု ပြောကြားကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

"ဒီနေ့ပုဂ္ဂလိက ဂျာနယ်တစ်ခုမှာ တွေ့ပါတယ်။ ပြည်ထောင်စု ၀န်ကြီးတစ်ဦးက နိုင်ငံခြားမှာ ဘဏ်အကောင့်တစ်ခု ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒါနဲ့ ၀န်ကြီးကို ကျွန်တော်ဆက်သွယ်ပြီး မေးမြန်းပါတယ်။ ၀န်ကြီးကလည်း အဲဒီလို ရှိတယ်ဆိုရင် ပြောပါလို့ ပြန်ပြောပါတယ်။ သူ့နာမည်နဲ့ အတိအကျပြော။ မှန်ရင်အရေးယူ ခံမယ်လို့ ပြောပါတယ်။ မဟုတ်ရင်တော့ ရေးတဲ့သူဘက်မှာလည်း တာဝန်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်" ဟု ဦးရဲထွဋ်က ဆိုပါသည်။

စက်တင်ဘာ ၂၉ ရက်ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ-၂၊ အမှတ်-၂၈ ဂျာနယ် မျက်နှာဖုံးတွင် "၁၁ ဘီလျံ ငွေစာရင်းငါးခုတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ငွေစာရင်းပါဝင်ဟု သတင်းထွက်ပေါ်" ဆိုသည့် သတင်းတစ်ရပ်ကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ထိုသတင်းကို ရည်ညွှန်း၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သော မေးခွန်းကို ဦးရဲထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာရောက်ခဲ့သော်လည်း မေးခွန်းများ မေးမြန်းဖြေကြားခြင်း လုံးဝပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားကာ အစောဆုံး ပြန်လည်ထွက်ခွာ သွားခဲ့သည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis