menu

Monday, 15 October 2012

ကြေးနီတောင်စီမံကိန်းဒေသက မူလတန်းကျောင်းသူ ကျောင်းသားတွေ ဆန္ဒပြ

2012-10-14

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်းကျောင်းသား (၁၀၀) ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဝက်မှေးရွာ၊ ဆည်တဲရွာ၊ တုန်အလယ်ရွာ၊ တုန်ရွာသစ
်၊ တုန်ရွာမ၊ ဇီးတော စတဲ့ကျေးရွာတွေက မူလတန်းကျောင်းသားတွေဟာ စာသင်ကျောင်းတွေ ပြန်ဖွင့်ပေးဖို့ကို အခုလို ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။
" ဖိုးဖိုး ဦးသိန်းစိန် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည် ကယ်ပါ။ ကယ်ပါ။ ကယ်ပါ။ သားတို့ကျောင်း အမြန်ဆုံး ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ ဖွင့်ပေးပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး။ တို့ အရေး။ တို့ အရေး။ တို့ အရေး။ "
မူလတန်းကျောင်းတချို့ကို ပြီးခဲ့တဲ့နှစ်အတွင်းက စာသင်ခွင့် မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပြီး စာသင်ခွင့် ပြန်ရဖို့ အခုလို ဆန္ဒပြတောင်းဆိုတာလို့ ၀က်မှေးရွာမှ စတုတ္ထတန်း ကျောင်းသူ တစ်ဦးက RFAကို ပြောပါတယ်။
" သမီးတို့ ကျောင်းကို ပိတ်ထားတဲ့အတွက် အမြန်ဆုံး ဖွင့်လှစ်ပေးရန် ဆန္ဒပြတာပါ။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ပိတ်ထားတာပါ။ ဖိုးဖိုး ဦးသိန်းစိန်နဲ့ ဖွားဖွား ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျောင်းဖွင့်ပေးစေရန် အဓိကထားပြီးပြောထားပါ။ "
စာသင်ကျောင်း ပြန်ဖွင့်ဖို့ ဆန္ဒပြတောင်းဆိုပွဲဟာ ဒီဒေသမှာ ပထမဦးဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.

RFA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis