menu

Monday, 15 October 2012

သာပေါင်း မြို့နယ်၌ ဆင်နင်း၍ လူတစ်ဦး သေဆုံး

ဧရာဝတီ တိုင်းဒေသကြီး သာပေါင်း မြို့နယ် ကျိန္တလီ သစ်တော ကြိုးဝိုင်း အတွင်းရှိ ဝါးခုတ် စခန်း၌ အောက်တိုဘာ ၁ဝ ရက် နံနက်ပိုင်းက တောဆင်ရိုင်း တစ်ကောင်သည် တဲအတွင်း၌ အိပ်နေသူ တစ်ဦး အား နင်းသတ် ခဲ့ခြင်းကြောင့် လူသေဆုံးမှု တစ်ခု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲက သာပေါင်းမြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ဂရက်ရှည် ကျေးရွာနေ ကိ
ုလတ်သည် တစ်ရွာတည်းနေ ဦးဖိုးစိန် ၅၉ နှစ် (ဘ) ဦးမောင်ညို၊ ဦးမြသိန်း၊ နေလင်းစိုး တို့နှင့်အတူ ခွေးကုတ် ကျေးရွာအုပ်စု ကျိန္တလီ သစ်တော ကြိုးဝိုင်း အတွင်းရှိ ဝါးခုတ်စခန်းသို့ ရောက်ရှိပြီး ညအိပ်စဉ် အောက်တိုဘာ ၁ဝ ရက် နံနက် ၁ နာရီခွဲက တောဆင်ရိုင်း တစ်ကောင် ရောက်လာပြီး ၎င်းတို့ အိပ်နေသည့် တဲကို ဖျက်ဆီး၍ ဦးဖိုးစိန် အား နင်းသတ်ခဲ့သည်။

http://www.myawady.com.mm/index.php/all-news/police/2012-10-14-04-41-38

  မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis