Eleven Media Group Facebook Page
Sunday, 26 August 2012
လက်ပံတောင်းတောင် ဒေသခံ ဦးရေ ၁၀၀၀ ခန့် မောင်းများတီး၍ ဆန္ဒဖော်ထုတ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွာခံ ၂၆ ရွာမှ လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၈၀၀
ကျော်အတွက် ဒေသခံများက သြဂုတ်လ ၂၄ ရက်နေ့က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာတွင်
အဆိုပါစီမံကိန်းမှ လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များက
ဒိုင်းများကို ရာဘာတုတ်ဖြင့် ရိုက်ပြီး အသံဖြင့် လူခွဲစေခဲ့သည့်အပေါ်
ဒေသခံများမှ မကျေမနပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းကဲသို့ မကျေနပ်မှုကြောင့်
သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာအတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော်ထုတ်မှုတပ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment