menu

Tuesday, 11 February 2014

ရေအိုးအား လှံဖြင့်လက်တည့်စမ်းပစ်ရာ ကလေးငယ်ထိမှန်သေဆုံး

  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ည ၈ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာတွင် ကလေးတစ်ဦးလှံထိုးမိ၍ သေဆုံးနေကြောင်း သတင်းအရ လယ်ကိုင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာထောင်ကျေးရွာနေ သောင်းထွန်း(၂၉)နှစ်သည် လှံကိုင်၍ နေအိမ်မှ ထွက်လာခဲ့ပြီး တစ်ရွာတည်းနေ ကိုသန်းဇော်နေအိမ်ရှေ့အရောက်တွင် အိမ်ထရံ၌ကပ်၍တင်ထားသည့် ရေအိုးအား လှံဖြင့်လက်တည့်စမ်းပစ်ရာ ရေအိုးအားမထိဘဲ အိမ်ထရံအားဖေါက်၍ အိမ်ထဲရှိ ထရံအနီးတွင် အိပ်ပျော်နေသော မျိုးမင်းခိုင်(၆)နှစ်အားထိမှန်ကာ နောက်ကျောဝဲဘက်လက်ပြင်အောက်၌ စူးနစ်ဒဏ်ရာရရှိသေဆုံးသွားကြောင်းသိရှိရသဖြင့် လှံအားမဆင်မခြင်ပေါ့ဆစွာသုံးစွဲသူ သောင်းထွန်းအား လယ်ကိုင်းနယ်မြေရဲစခန်း(ပ)၁၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis