menu

Wednesday, 30 October 2013

တရုတ်ရေငုပ် သင်္ဘောမှ JL-2 ဒုံးကျည်သည် အမေရိကန်မြို့များသို့ ပစ်ခတ်ရောက်ရှိနိုင်

တရုတ်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်တင် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသည် တိုက်ပွဲဝင် ကင်းလှည့်တာဝန်များကို ဒုတိယကျွန်း ဆက်တန်းအနီးတွင်

တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း တရုတ်စစ်ဘက်ရေးရာ ကျွမ်းကျင်သူ လီလီက တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

စစ်အေးကာလအတွင်း ဒီဇိုင်းရေး ဆွဲတည်ဆောက်ခဲ့သည့် အစောပိုင်း ကာလ တရုတ် ရေငုပ်သင်္ဘောများသည် အရွယ်အစား သေးငယ်၍ အသံကျယ်လောင်ပြီး အကွာအဝေး အနည်းငယ်သာ တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း လက်ရှိတရုတ်နိုင်ငံ၏ မျိုးဆက်သစ် Type-094 Jin အတန်းအစား ရေငုပ်သင်္ဘောများသည် ဒုတိယကျွန်း ဆက်တန်း အထိ မောင်းနှင် ရောက်ရှိနိုင်ကြောင်း၊ ၎င်းတို့တွင် JL-2 အမျိုးအစား ဒုံးကျည် ၁၆ စင်း တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၈ဝဝဝ (၄၉၇ဝ မိုင်) ထိ ပစ်ခတ်နိုင်ကြောင်း သိရသည်။

JL-2 ဒုံးကျည်ကို ပစိဖိတ် သမုဒ္ဒရာမြောက်ပိုင်း ကူရိုင်းကျွန်းစု၏ အရှေ့ဘက် ရေပြင်မှပစ်လွှတ်ပါက လော့စ်အိန်ဂျလိစ်မြို့ အထိ ရောက်ရှိနိုင်ကြောင်းနှင့် အရှေ့ တရုတ် ပင်လယ်မှ ပစ်လွှတ်ပါက ဂူအမ်၊ ဟာဝိုင်အီနှင့် အလက်စကာ ကျွန်းတို့အထိ ရောက်ရှိ နိုင်ကြောင်း သိရသည်။ ရေငုပ်သင်္ဘောမှ ပစ်လွှတ်ရသော JL-2 တိုက်ချင်းပစ် ဒုံးကျည်သည် နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် တည်ရှိနေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis