menu

Thursday, 10 October 2013

ဦးရွှေမန်းက သမ္မတဖြစ်လိုကြောင်း ထုတ်ဖော်

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်သွားမယ်
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဖြစ်လိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အခိုင်အမာ ထုတ်ဖော် ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုတွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း နှစ်ယောက်စလုံးက တရား မျှမျှတတ ယှဉ်ပြိုင်သွားဖို့ သဘောတူ ထားကြတယ်လို့ ဦးရွှေမန်းက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းတွေကို ခရိုနီတွေက ဆက်လက် ထိန်းချုပ်နေတာတွေ ရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတွေက ထုတ်ဖော် ပြောလာတာတွေကို အစိုးရပိုင်းက တရားမျှတအောင် လုပ်ဆောင်သွားမယ်၊ လွှတ်တော်ပိုင်းကလည်း ဥပဒေတွေ ထုတ်ပြန်ဆောင်ရွက် သွားမယ်လို့ သူက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန် သမဂ်ဂအဖွဲ့ အိုင်ပီယူ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ ဘီဘီစီ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ သူက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis