menu

Friday, 25 October 2013

စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့်အနုပညာရှင်များတက်ရောက်မည်


ပန်းမြတ်ဇော်

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် စင်ကာပူနိုင်ငံ Kreta Ayer Peoples' Theatre တွင် ပြသမည်ဖြစ်သည်။ ပြပွဲသို့ ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ စိုးမြတ်သူ ဇာ၊ အိန္ဒြာကျော်ဇင်နှင့် ဖွေးဖွေးတို့ တက်ရောက်မည်ဖြစ်သည်။

ဒါရိုက်တာဝိုင်းက “ဒီကနေ နိုဝင်ဘာ ၂ ရက်နေ့စသွားမယ်။ ၇ ရက်နေ့မဟုတ်ရင် ၈ရက်နေ့တော့ ပြန် ရောက်မယ်။ ပထမတစ်ခေါက်ပြတုန်းက ကျွန်တော်လိုက်မသွားဖြစ်ဘူး။ ဒီတစ်ခေါက်ပွဲမှာတော့ပရိသတ် တွေဆီက စကားသံနားထောင်ချင်တယ်။ ဘာတွေလိုအပ်လဲ၊ ဘာတွေထည့်ဖြည့်စရာလိုလဲဆိုတာ နား ထောင်မယ်။ နောက်တစ်ခါ ဒီလိုထပ်သွားပြမယ်ဆိုရင် ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲဆိုတာကို အဓိကနားထောင်မယ်” ဟု ပြောပြသည်။


၎င်းပြပွဲတွင် အထူးအစီအစဉ်အဖြစ် ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ ဖွေးဖွေးတို့နှင့် ညစာအတူသုံးဆောင်ရန် ပွဲချိန်တစ်ချိန်လျှင် သုံးဦးစီကံစမ်းမဲဖောက်ပေးရန် စီစဉ်ကြောင်းထုတ်ပြန်ကြေညာထားသည်။ လက်မှတ် နှုန်းထားမှာ အမေရိကန် ၁၂ ဒေါ်လာ၊ ၁၄ ဒေါ် လာ၊ ၁၆ ဒေါ်လာစသည်ဖြင့် သတ်မှတ်ထားပြီး အမေရိ ကန် ၁၄ ဒေါ်လာလက်မှတ်များမှာ ယခုအခါတွင် ရောင်းချပြီးသွားပြီ ဖြစ်သည်။

“လက်ပံ” ရုပ်ရှင်ဇာတ်ကားသည် မြားစစ်သည်၏ ကျိန်စာသင့်လက်ပံဝတ္ထုကိုဇာတ်ညွှန်း သီဟစိုး ရေးသားပြီး ဒါရိုက်တာဝိုင်းရိုက်ကူးထားခြင်းဖြစ်သည်။ ဇနီးတစ်ယောက်၏ ခင်ပွန်းသည်အပေါ် အငြိုးကို သားသမီးအထိပါ ကူးစက်စေခဲ့သည့် မိသားစုဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး ယခုနှစ်အကယ်ဒမီ ရွေး ချယ်သည့် ဆန်ခါတင်ဇာတ်ကားထဲတွင် ရေပန်းစားသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

Mizzima  News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis