menu

Wednesday, 23 October 2013

လူနာတင်ယာဉ်စောင့်နေရသည့် ယာဉ်တိုက်မှုကြောင့် လူတစ်ယောက် အသက်ဆုံးရှုံး

ကည့်မြင်တိုင်မြို့နယ်၊ ကမ်း နားလမ်း၊ စာတိုက်မှတ်တိုက်အနီး တွင် အောက်တိုဘာလ (၇) ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့် က အရှေ့မှအနောက်သို့ မောင်း နှင်လာသော  Super Custom  အိမ်စီးကားတစ်စီးသည် လမ်းဖြတ် ကူးသူကို တိုက်မိသည့်ဖြစ်ရပ်တစ် ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်တွင်  Super Custom ကိုယ်ပိုင်ယာဉ်ကိုမောင်း နှင်လာသူမှာ Duty  ထွက်လာ သည့်ဆရာဝန်တစ်ဦးဖြစ်ကြောင်း၊ လမ်းဖြတ်ကူးသူမှာ အမှတ်မထင် ကူး၍ တိုက်မိခြင်းဖြစ်ကြောင်း၊ သိရသည်။

မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကားမောင်း သူမှာလမ်းကြောင်းမှန်သော်လည်း လမ်းဖြတ်ကူးသူမှာ မှောင်ရိပ်ကျ သောနေရာမှ ကူးခြင်းကြောင့်ဖြစ် ကြောင်း၊ ယာဉ်မောင်းဆရာဝန်မှ  ကားတိုက်ခံရသူနှင့် ပတ်သက်ပြီး မိမိမှာတာဝန်ရှိ၍ လူနာအသက် ရှင်ရေးအတွက် ဆေးရုံသို့ အမြန် သယ်သွားလိုကြောင်း၊ လူနာကို ဆေးရုံပို့ပြီးမှဆက်လက်အရေးယူ ဆောင်ရွက်ပါရန် သက်ဆိုင်ရာ နယ်မြေရဲကိုပြောရာ နယ်မြေရဲမှ   လူနာတင်ယာဉ်ခေါ်ထား၍ လာ မှတင်မည်ဟုပြောသဖြင့် ဘေးမှ ရပ်ကြည့်သူများမှ သွေးလွန်ပြီး အသက်အန္တရာယ်စိုးရိမ်ရ၍အမြန် သယ်ရန်ဝိုင်းပြောကြကြောင်း၊ လူနာတင်ယာဉ်မှာ နံနက် ၆ နာရီ မှ ရောက်လာကြောင်း၊ လူနာမှာ ဆေးရုံရောက်ပြီး နံနက် ၈ နာရီ ၃၀မိနစ်တွင်ကွန်လွန်သွားကြောင်း သိရသည်။           

သီတလူ

Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis