menu

Saturday, 26 October 2013

ယူကလစ် ရွက် များ အတွင်း ရွှေ တွေ့ရှိ


သစ်ပင်များ က ပိုက်ဆံ မထွက် သော်လည်း အချို့ သစ်ပင်များ ၏ သစ်ရွက်များ အတွင်း ရွှေတွေ့ရှိ ထားကြောင်း သိပ္ပံ ပညာရှင်များ က အတည်ပြု ပြောကြား သည်။ မြေအောက် တွင် အနည်ကျ ပို့ချ နေသော ယူကလစ် ပင်များ ၏ သစ်ရွက်များ တွင် ရွှေမှုန်လေး များ ပါရှိ နေသည် ကို တွေ့ရှိ ထားပြီ ဖြစ်ကြောင်း သြစတြေးလျ သုတေသီ များ က ပြောသည်။ နှစ်ပေါင်း များစွာ မြေအောက် တွင် နစ်မြုပ် နေသော သစ်ရွက်များ ရှိ ရွှေမှုန် ရွှေမွှား လေးများ ကို ရယူ နိုင်မည့် နည်းလမ်း များ ဆက်လက် ရှာဖွေ သွားမည် ဖြစ်ကြောင်း လည်း သုတေသီ များ က ပြောသည်။

ယင်း သုတေ သနပြု လေ့လာ တွေ့ရှိချက် ကို သဘာဝ ဂျာနယ် က ဖော်ပြ ထားသည်။ မိမိတို့ အနေဖြင့် ယူကလစ် သစ်ရွက်များ တွင် ရွှေမှုန်များ ကို နည်းပညာ အသုံးပြု ထုတ်ယူ ရန် ကြိုးစားနေပြီ ဖြစ်ကြောင်း၊ သြစတြေးလျ နိုင်ငံ အတွင်း သစ်ရွက်များ တွင် ရွှေအများ အပြား တွေ့ရှိ ရကြောင်း၊ ကမ္ဘာ တစ်ဝန်းတွင် လည်း ယင်း ကဲ့သို့ သစ်ရွက် များ ၌ ရွှေ တွေ့ရှိ နိုင်ကြောင်း သြစတြေးလျ ဓနသဟာယ သိပ္ပံ နှင့် စက်မှု သုတေသန အဖွဲ့မှ ဘူမိဗေဒ ပညာရှင် ဒေါက်တာ မယ်လင်တန်း က ပြောသည်။ မြစ် ကြမ်းပြင် တွင် နစ်မြုပ် နေသော သစ်ရွက်များ ကို ရှာဖွေ ပြီး ရွှေထုတ်ယူ နိုင်ရန် ကြိုးစားနေပြီ ဖြစ်ကြောင်း လည်း ၄င်းက ပြော သည်။


ယူကလစ်ပင် များ နစ်မြုပ် နေသည့် မြေများ တွင် ရွှေမှုန် ရွှေမွှားလေး များ တွေ့ရှိ ရကြောင်း၊ ယူကလစ်ပင် များ သည် ရွှေဒြပ်စင် ကို စုပ်ယူ နိုင်စွမ်း ရှိကြောင်း သိပ္ပံ ပညာရှင် များ က အတည်ပြု ပြောကြား သည်။ သြစတြေးလျ နိုင်ငံ တွင် သစ်ရွက်များ နှင့် သစ်ခေါက် များ အတွင်း ရွှေရှိ ခြင်း ကို သက်သေပြ နိုင်ရန် ကြီးမား သော အိတ်( စ် ) ရေး စက်ကြီး များ အသုံးပြု လုပ်ဆောင် နေသည် ဟု ဆိုသည်။

Credit to...BBC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis