အမေရိကန် နိုင်ငံမှ ဘင်္ဂလာဒေခ်ျ့ကို ရေတပ် အတွက် ခေတ်မီ လက်နက်နှင့်
အဆင့်မြင့် နည်းပညာဆိုင်ရာ ကရိယာများ တပ်ဆင်ထားသော စစ်သင်္ဘော တစ်စီးကို ကူညီ
ပေးသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို ကိုးကားပြီး
သတင်းစာများတွင် ယနေ့ ရေးသားဖေါ်ပြသည်။
၎င်းစစ်သင်္ဘောမှာ အရှည်ပေ ၃၇၈ ရှိပြီး ယခုနှစ် နိုဝင်္ဘာလတွင် ရောက်ရှိမည် ဖြစ်ကြောင်း အမေရိကန် သံအမတ် Dan W Mozena က ပြောသည်။
အမေရိကန် သံရုံးနှင့် The Centre for East Asia Foundation တို့က
ပူပေါင်း ပြုလုပ်သော နှီးနှောဖလှယ်ပွဲတွင် ထိုသို့ အမေရိကန် သံအမတ်က
ထုတ်ဖေါ် ပြောကြားလိုက်ခြင်း ဖြစ်သည်။
သင်္ဘော၏ အမည်မှာ Samudra Joi ဖြစ်ပြီး မြန်မာလိုပြန်က ‘ ပင်လယ်ပြင်ကို အောင်နိုင်သူ’ ဟု အဓိပ္ပါယ်ရသည်။
စစ်သေင်္ဘာ တစ်စီးအား ဘင်္ဂလာဒေခ်ျ့ ရေတပ်သို့ ထောက်ပံ့ ကူညီရခြင်းမှာ
ဘင်္ဂလာဒေခ်ျ့ ရေတပ်အား အင်အား ခိုင်မာလာစေရန်နှင့် ပင်လယ်ပြင် လုံခြုံရေးကို
တိုးမြှင့်ကာကွယ်နိုင်ရန်အတွက် ဖြစ်ကြောင်း သံအမတ်က ထပ်လောင်း ပြောဆိုသည်။
ဘင်္ဂလာဒေခ်ျ့ ရေတပ်သားများအား စစ်သင်္ဘောပေါ်တွင် တာဝန် ထမ်းဆောင်နိုင်ရန်
ယခုအခါ သင်တန်း ပေးနေပြီး ပင်လယ်ပြင်လုံခြုံရေးနှင့် မှောင်ခိုဂိုဏ်းများ၊
လက်နက် မှောင်ခိုဂိုဏ်းများ၊ ပင်လယ် ဓါးပြများ၊ လူမှောင်ခို ဂိုဏ်းများအား
နှိမ်နှင်း ကာကွယ်သွားနိုင်မည်ဟု သံအမတ်က ဆိုသည်။
သတင်းထောက် တစ်ဦးက မည်သည့် အချိန်တွင် အမှတ် (၇) ပစိဖိတ် ရေတပ်
လက်အောက်ခံ အမေရိကန် ရေတပ် အခြေစိုက် စခန်းကို ဘင်္ဂလာဒေခ်ျ့တွင်
အခြေစိုက်ပါမည်နည်း ဟု မေးမြန်းရာ အမေရိကန် သံအမတ်က အဆိုပါ မေးခွန်းမှာ
ယုတ္တိ မရှိ၊ ရယ်စရာကောင်းသော ပျက်လုံး တစ်ခုသာ ဖြစ်ကြောင်း ပြန်လည်
ဖြေကြားသွားသည်။
http://www.narinjara.com
No comments:
Post a Comment