`ကမ္ဘောဇ`ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်းကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ ၄ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်းသိရသည်။
မကွေးမြို့ ဆုံရပ်(၁၃) လမ်းနေ အဘဦးဖိုးတာ၏သမီး မထက်ထက်ခိုင်(၂၅)နှစ်နှင့်သူငယ်
တို့(၂)ဦးသည်ငွေကျပ်(၁၅)သိန်းကို
ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမ ပေါ်ရှိ `ကမ္ဘောဇ`ဘဏ်မှထုတ်ယူပြီး
စူပါကပ်မော်တာဆိုင်ကယ် ရှေ့ခြင်း ထဲသို့ ထည့်၍ပြန်
လာခဲ့ရာပြည်တော်သာလမ်းနှင့်သစ္စာ လမ်းထောင့်အနီးတွင်ဆိုင်ကယ်စီးေ ယာကျားတစ်ဦးကညာဘက်ခြမ်းမှကပ်ပြီး`ရန်ကင်းဈေးဘယ်နားမှာလဲ`ဟုမေးယောင်ပြုကာ ဆိုင် ကယ်ရှေ့ခြင်း ထဲရှိ ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသောငွေ ထုတ်ကို နှိုက်ကာထွက်ပြေး သွားကြောင်း သိရ သည်။
ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင်းနောက်မှ လိုက်ကာအော်ဟစ်အ ကူညီတောင်းလိုက်သော်လည်း မမှီခဲ့ကြောင်း ဗိုလ်ချုပ်လမ်းမအရောက်တွင်ယာဉ်ထိမ်းရဲမှကျော်လွန်သွားသောဆိုင်က ယ်စီးသူ၏ဦးထုပ်အရောင်အားအမှတ် အသားပြု၍ ရှေ့ဂိတ်(အာရှဓါတ်ပုံ)ရှိ ယာဉ်ထိမ်းသို့စက်ဖြင့် အကြောင်းကြားပေးသော်လည်း လမ်းခုလပ်တွင် ဦးထုပ်အားလွှင့်ပစ်ထားခဲ့ခြင်း ၊အပေါ်အင်္ကျီချွတ်ထားခဲ့ခြင်း များပြု၍ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးများဘက်သို့ချိုးကွေ့လွ တ်
မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိ ရှိရသည်။
အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁ )ရဲစခန်းတွင် ပ/၂၄၀/ ၁၂ ပုဒ်မ(၃၈၂)ဖြင့်အမှုဖွင့် စုံးစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရှိရသည်။
Popular Myanmar News Journal
ထိုသို့ လုယူ သွားသည့်အတွက်ပြည်တော်လမ်းအတိုင
မြောက်သွားခဲ့သည်ဟု ယာဉ်ထိမ်းတစ်ဦး၏ပြောပြချက်အရသိ
အဆိုပါဖြစ်စဉ်အားမြို့မအမှတ်(၁
Popular Myanmar News Journal
No comments:
Post a Comment