ထို့အပြင် မြန်မာ့တပ်မ တော်၏စစ်ကြောင်းများသည် ဇူလိုင်လ ၄ ရက်နေ့က တနင်္သာ ရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ် ခမောက်ကြီးမြို့နယ်ခွဲ အတွင်းသို့ ကျူးကျော်ကာ ရော် ဘာခြံစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် ထိုင်း နိုင်ငံသားများအား လက်နက် ခဲယမ်းများ၊ ယာဉ်ယန္တရားများ နှင့်အတူ ဖမ်းဆီးရမိခဲ့သော ထိုင်း နိုင်ငံသားများကိုလည်း နိုင်ငံ တော်သမ္မတကြီးဦးသိန်းစိန်၏ တရားဝင် ထိုင်းနိုင်ငံခရီးစဉ် မတိုင်မီ လွှတ်ပေးမည်ဟု မျှော် လင့်ရကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ရောက် ရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ် Yutthasak Sasiprapa က ပြောကြောင်း ဇူလိုင်လ ၁၀ ရက် ဗန်ကောက် ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံသို့ ကျူးကျော် ၀င်ရောက်သဖြင့် မြန်မာ့တပ်မ တော်စစ်ကြောင်းများက ထိန်း သိမ်းထားသည့် ထိုင်းနိုင်ငံသား များ ပြန်လည်လွှတ်ပေးရေး အတွက် ထိုင်းနိုင်ငံအမှတ်(၄) တပ်တော်မှူး (4th Army Commander) ဗိုလ်ချုပ်ကြီးယွတ်သာ ဆတ် (Gen. Yutthasak)အား ဇူလိုင်လ ၁၃ ရက်နေ့တွင် မြန်မာ နိုင်ငံသို့ စေလွှတ်ပြီး မြန်မာအာ ဏာပိုင်များနှင့် ညှိနှိုင်းဆွေးနွေး ရန်ရှိသည်ဟု ထိုင်းဒုတိယ၀န်ကြီး ချုပ်က ပြောကြောင်းဖြင့် အဆိုပါ သတင်း၌ ဖော်ပြထားရှိသည်။
Hot News Journal
မောင်ကျော်
ကိုးကား- ဗန်ကောက်ပို့စ်
ယူပီအိုင်စ်
ကိုးကား- ဗန်ကောက်ပို့စ်
ယူပီအိုင်စ်
No comments:
Post a Comment