menu

Sunday, 13 May 2012

မြန်မာ ရိုက်ကူးရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် ထိုင်းနိုင်ငံမှ အများဆုံး ကမ်းလှမ်းထား




Dream Hotels ရုပ်သံစီးရီး ရိုက်ကွင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန်အတွက် ထိုင်းနိုင်ငံမှ ရုပ်သံရိုက်ကူးရေးအဖွဲ့များမှ အများဆုံး ကမ်းလှမ်းထားကြောင်း သိရသည်။ ထို့အပြင် တရုတ်၊ အိန္ဒိယနှင့် ကိုရီးယားနိုင်ငံတို့မှလည်း ကမ်းလှမ်းမှုအချို့ရှိသည်ဟု မြန်မာအနုပညာ အသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

''သရုပ်ဆောင်ပိုင်းကိုတော့ အသစ်ခေါ်ယူပြီးရိုက်ဖို့ စီစဉ်မှာမျိုးရှိသလို ဈေးကွက်ရှိပြီးသား အနုပညာရှင်ထဲကလည်း အချိန်ပေးနိုင်တဲ့သူကို ရွေးချယ်ရိုက်ကူးဖို့ စီစဉ်တာမျိုးရှိမှာပါ။ လောလောဆယ် ညှိနှိုင်းလာတာကတော့ တစ်လကို ဘယ်လောက်ရိုက်ပြီး ဘယ်နှနှစ်စာ ချုပ် ချုပ်မလဲဆိုတာမျိုး၊ ဇာတ်လမ်းတွဲတစ်ခုလုံးကို အချိန် ဘယ်လောက်ယူမယ်ဆိုတာမျိုးတွေ စပြီးညှိနှိုင်းနေပါပြီ''ဟု ၀ါရင့်ဇာတ်ညွှန်းရေးသားသူတစ်ဦးက ရှင်းပြပါသည်။


''နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ပြီး ပရိသတ်ကို တကယ်ဆွဲဆောင်နိုင်တဲ့ ရုပ်သံဇာတ်လမ်းတွဲတွေ ထွက်လာမယ်ဆိုရင်တော့ ဈေးကွက်သစ်တစ်ခု ဖြစ်လာနိုင်ပါတယ်'' ဟု ဒါရိုက်တာဝိုင်းက သုံးသပ်ခဲ့သည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူး ရန်ကမ်းလှမ်းထားသည့် ရုပ်သံလိုင်းမှာ ထိုင်းနိုင်ငံမှ Channel 7 ရုပ်သံလိုင်းဖြစ်ပြီး တရုတ်၊ အိန္ဒိယစသည့် နိုင်ငံများမှလည်း ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးရန် ကမ်းလှမ်းထားမှုများရှိသည်ဟု သိရှိရသည်။ မတ်လအတွင်းကလည်း ဂျာမနီနိုင်ငံ Dream Hotels ရုပ်သံစီးရီးမှ မြန်မာနိုင်ငံ အခြေပြု ရုပ်သံဇာတ်လမ်းတွဲတစ်ခုကို နှစ်လကြာ လာရောက်ရိုက်ကူးခဲ့သည်ဟု သိရှိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis